loading

11.November.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 11.November.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၆)နာရီမှာ နေဝင် ပါ တယ်။   

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင် ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၁၃လုံး  အောင်မြင်မှုနှင့်ခံနိုင်ရည်စွမ်းအားတွေကိုပေးတဲ့ ဇယတီ ထိကျ ရောက် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာတော့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးစစ်ခြင်းကိစ္စ အ၀၀ ဆောင်ရွက် လို့ အဆင်ပြေ တတ်ပါတယ်။ ဆေးဝါးကုသခြင်းများလဲစတင်နိုင်ပါတယ်။ သစ်ပင်စတင်စိုက်ပျိုး ခြင်း၊ မြေတူးဆွခြင်း မျိုးတွေတော့ရှောင်အပ်ပါတယ်။

ဒီလိုနေ့မျိုးဟာစက်မှုလက်မှုပညာများစတင်သင်ကြားခြင်းတွေ၊ယာဉ်စက်ကားရောင်းဝယ်ခြင်းတွေ၊ မြေ့သန့်မင်္ဂလာ ဆောင်ရွက်ခြင်း၊နေကဇာတင်ခြင်း၊ဆိုင်ခန်းသစ်ဖွင့်ခြင်းတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။ ပြည်တွင်းပြည် ပအလုပ်အကိုင်အခွင့်အလမ်းများ စတင်ခြင်းတွေ၊အနုပညာအလုပ်များစတင်ဆောင်ရွက်ခြင်းတွေကောင်းပါတယ်။ ဇာတ်ကားသစ်စတင်မိတ်ဆက်ခြင်း၊တေးစီးရီသစ်စတင်မိတ်ဆက်ခြင်း၊စတုဒီယိုအခန်းများစတင်ဖွင့်လှစ်ခြင်းတွေ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။

         ခန္ဓာကိုယ်ကြံခိုင်ရေးအတွက်အားကစားလုပ်ခြင်းတွေ၊အဆီကျလိုသူများစတင်အဆီချလုပ်ဆောင် ခြင်းတွေ ဆောင်ရွက်သင့်တဲ့နေ့ပါပဲ။ မိမိကုန်ပစ္စည်းများ  မိမိလုပ်ငန်းများကို စတင်ကြော်ငြာခြင်းများအထူးကောင်း  ပါ တယ်။ပြည်တွင်းကဖြစ်စေ၊ပြည်ပကဖြစ်စေဈေးကွက်အတွက်လိုအပ်သောကုန်စည်များ ဝယ်ယူသိုလှောင်ခြင်း များ  အထူးဆောင်ရွက်လို့ကောင်းပါတယ်။ မူလဗီဇယုတ်ညံ့သူများ ဒီလိုနေ့မျိုးမှာ ယုတ်ညံ့တဲ့အပြုအမူတွေကိုလဲ ပြု လုပ် တတ် ပါတယ်။

ဒီလိုနေ့မျိုးမှာတော့ဘာလုပ်လုပ်သတိကပ်ပြီးလုပ်သင့်ပါတယ်။ ဆေးဝါးကုသခြင်းများ၊ဆေးဖော်ခြင်းများဆောင် ရွက်လို့ကောင်းပါတယ်။တစ်ဦးတစ်ယောက်ကို ယုံကြည်လွှဲအပ်ပြီးခိုင်းသောကိစ္စများ အမှားအယွင်းများတတ်ပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၈:၀၃)နာရီမှ ည(၁၈:၅၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

စိတြနက္ခတ် ဖြစ်တာ ကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေ ဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ကန်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေး သူများ ဟာအခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ငွေကြေးနဲ့ပတ် သက် သော အကူ အညီ တွေရလွယ်ကြတယ်။ လူချစ်လူခင်များတယ်။ မြင်တာနဲ့ တစ်ဖက်သားက အားကိုးချင်တဲ့ရုပ် လက္ခဏာ မျိုးကိုပိုင် ဆိုင်ကြသူတွေဖြစ်ပါတယ်။ နိုင်ငံခြားဘာသာတွေကို တစ်မျိုးထက်မက တက်မြောက်လွယ် ကြ သူတွေ ဖြစ် ပြီးတော့ နိုင် ငံခြားနဲ့ဆက်စပ်လုပ်ငန်းများ၊ဂိုက်လုပ်ပေးသူများ၊စကားပြန်များ၊ international ကျောင်း တွေမှာ ပြန် သင်ပြ ပေးနိုင်ကြ သူများ၊ခရီးသွားလုပ်ငန်းလုပ်ကိုင်ကြသူများအဖြစ်တွေ့ရပါတယ်။ အရွယ်သုံးပါးမှာ ဒုတိယအရွယ် တစ်ဝက် လောက် ကနေ ဘဝနေဝင်ချိန်ထိကံကောင်းခြင်းတွေကိုခံစားရသူများဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၈:၅၉) နာရီမှ မနက်(၁၀:၂၄)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ရာဟု၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မရမ်းစေ့ရောင်၊အဖြူရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၄/၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာတလွတ်ဥပြုတ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးတော်ဖီဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *