loading

16.November.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 16.November.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၄)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၆)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၄)နာရီမှာ နေဝင်ပါတယ်။  

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ အမြိတ္တစုတ်၊ သမားဖြူရက် ကျရောက်နေတာ ဖြစ််ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ကျရောက်နေတာ ဖြစ်ပါတယ်။ အဝတ်အစားနှင့်ပတ်သက်သောကိစ္စများ၊စာပေအနုပညာနှင့်ပတ်သက်သောအလုပ်များ၊အသင်းအဖွဲ့ဝင် ရောက်ခြင်းကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ ခရီးကိစ္စများလဲဆောင်ရွက်လို့သင့်ပါတယ်။ ကုန်သွယ်စီးပွား များလဲ အထူးတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဆိုင်းဘုတ်လုပ်ငန်းများ၊ တံဆိပ်ရိုက်လုပ်ငန်းများ၊ ကြော်ငြာနှင့်ပက်သက်ပြီးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းများအဆင်ပြေနိုင်တဲ့နေ့ရက်ပါပဲ။

 ကိုယ်ကလုပ်ငန်းရှင်ဆိုပါက ဝန်ထမ်းတွေနဲ့Meeting ထိုင်ပြီးတော့လုပ်ငန်းအတွက်လိုအပ်ချက်များကို ဆွေးနွေးခြင်း များ၊လုပ်ငန်းမကျွမ်းကျင်တဲ့သူတွေကိုဆိုင်ရာသင်တန်းတွေပေးခြင်းများပြုလုပ်နိုင်ပါတယ်။ ပရဟိတ အလုပ်များ၊ ဥယျဉ် ခြံအလုပ်များအထူးအကျိုးပေးတာမျိုးလဲတွေ့ရပါတယ်။ ဒီလိုနေ့ရက်ဟာ ဓားလှံလက် နက်ထုတ် လုပ်တဲ့ လုပ်ငန်းတွေ၊ခဲယမ်းမီးကျောက်နှင့် ဗျောက်အိုးထုတ်လုပ်တဲ့ အလုပ်တွေ၊အရက်နှင့်အဖျော် ယာမကာအလုပ် တွေ ပိုမို အဆင်ပြေတတ်ပါတယ်။

လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များအဆင်ပြေကောင်းမွန်တာအထူးတွေ့ရပါတယ်။အတိတ်ကံရဲ့ကောင်းကျိုးတွေကို ပြန်လည်ခံစား ရတဲ့နေ့ရက်ဖြစ်တာကြောင့် ထီကံစမ်းခြင်း၊ကုသိုလ်တွေနဲ့ မိမိကံကိုပိုမိုမြှင့်တင်ခြင်းများ အထူး ဆောင်ရွက် နိုင်ပါတယ်။

            ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ပြုရန် ရက်ကောင်းဖြစ်သည်။ ယနေ့ ခေါင်းဆေးက အကြီးအကဲဖြစ်မည်။ ဆေးဝါးများကုသရန် ရက်ကောင်းဖြစ်သည်။ သမားပြသခြင်း၊ ဆေးစစ်ခြင်းများ ပြုနိုင်သည်။ နံနက်(၁၀း၄၈)နာရီမှ မွန်းလွဲ (၁း၁၂)နာရီအတွင်း အခက်အခဲများဖြေရှင်းအဆင်ပြေမည်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၄၃)နာရီမှ ည(၁၈:၃၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မူလနက္ခတ်မို့ ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတနှင့်အနုပညာဆိုင်ရာများ၊ အဆိုအက သရုပ်ဆောင် ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်း တူးဖော် ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊  မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ဓနုစန်း၊ တူ ရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာ ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။  ပညာရေးကံအား ကောင်းကြ ပါတယ်။ ဘဝမှာ အားနည်းချက်က နောက်တရစရာ တစ်မျိုးမျိုးကိုခံစားရလေ့ရှိပါတယ်။ ငယ်ရွယ်စဉ်မှားမဲ့ မိုက်ခဲ့တာ တွေ အတွက် တစ်သက်လုံးနောင်တရနေတတ်သူ ဖြစ်တာမို့ လူတိုင်းက အမှားမကင်းပေမဲ့ ကြီးမား တဲ့ အမှား အယွင်းတွေ မဖြစ်အောင်ထိန်းသိမ်းဖို့အထူးလိုအပ်ပါ တယ်။ငွေကြေးကံအားကောင်းတယ်။ အောင်မြင်မှုကံအား ကောင်း တယ်။ တစ်ခုပဲ ..အရက်မူးယစ်ဆေးဝါး လုံးဝအစ မလုပ်မိပါစေနဲ့။ စွဲလမ်းသွားရင် ဖြတ်ရအလွန်ခက်တဲ့ ဇာ တာ မျိုးဖြစ်ပါတယ်။ စိတ်မြန်သည်၊ အရေးပေါ်ကိစ္စများ အတွက် အမြဲတန်းအသင့် ဖြစ် နေတတ်သည်။ဆန္ဒနှင့် ရည် ရွယ် ချက်ကြီးမားသူ ဖြစ်ပြီး အခက်အခဲကြီး များကို ကျော်ဖြတ်ရုန်းကန်ပြီးမှ အောင်မြင်လာပါလိမ့်မည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁:၁၅) နာရီမှ ညနေ(၀၂:၄၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊သောကြာ၊တနင်္လာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊အင်္ဂါ၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင်၊ဖက်ဖူးရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၉/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကကိတ်မုန့်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးယိုဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *