loading

18.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 18.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၆)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၇)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၃)နာရီမှာ နေဝင်ပါတယ်။   

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင် အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်(၁၀း၄၂)နာရီအထိ မိတ္တူမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့  ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်း၊ သမားညို၊ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၀း၄၂)နာရီအထိ လဆန်းတီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်  နေပြီး လွန်လျှင် လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါ တယ်။မြင့်တတ်ခြင်း၊ပျော်ရွှင်ခြင်း တွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့ရက် မှာတော့ အလုပ်အကိုင်ကိစ္စများ ပြောဆို အဆင်ပြေတတ်ပါတယ်။ မိမိတင်ပြချင်တာတွေကို တင်ပြတောင်းဆိုလို့ အလွန် ကောင်းပါတယ်။ စိတ်ထဲလိုချင်တာ တွေကိုလဲ လက်တွေ့ကြိုးစားရယူနိုင်ပါလိမ့်မယ်။ ပြဿနာများအခက်အခဲ များ ဖြေရှင်း ရန် ရက်ကောင်းပဲဖြစ်ပါ တယ်။

ဒီလိုနေ့မျိုးမှာ အဆင့်မြင့်နည်းပညာတွေကိုလေ့လာတာမျိုးတွေ၊ ကုန်ပစ္စည်းအသစ်တစ်ခုခုကို မိတ်ဆက်ပွဲလုပ်တဲ့ ကိစ္စမျိုးတွေအထူးပဲအောင်မြင်နိုင်ပါတယ်။ ထီကံမြင့်မားနေတဲ့အတွက် ၇ရက်သားသမီးများထီကံစမ်းလို့အလွန်ပဲ ကောင်းပါတယ်။ ဘဏ်လုပ်ငန်းနှင့်ဆက်စပ်သမျှအဆင်ပြေတတ်ပါတယ်။

အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်ကိစ္စများအဆင်ပြေတတ်သလို၊စေတီပုထိုးပြုပြင်ထိန်းသိမ်းခြင်းများကိုလဲ ဒီနေ့ မှာအရေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိသားစုများ၊သူငယ်ချင်းများနဲ့ အပျော်ခရီးများ အပန်းဖြေခရီးများ သွားလို့ အထူးပဲသင့်လျော်ပါတယ်။အနုပညာအလုပ်များ၊ပန်းချီ၊ပန်းပု၊ဂီတ၊သီချင်းစတာတွေနဲ့ပတ်သက်ဆက်နွယ်သောအလုပ် များအထူး အကျိုးပေးအောင်မြင်တတ်ပါတယ်။ ကျောက်မျက်ရတနာများ ဖြတ်ခြင်း၊သွေးခြင်း၊ ရောင်းချခြင်း အလုပ် များလဲ အထူးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကြွေးဟောင်းများ လက်လွန်နေတဲ့ ငွေကြေးများလဲ ပြန်လည် တောင်းခံ နိုင် ပါလိမ့်မယ်။ယနေ့မနက် ၉နာရီခွဲကနေ ၁၁နာရီအတွင်း အရေးကြီးလွန်းသောကိစ္စမှန်သမျှရှောင်ပါ။

ဒီနေ့မှာ ငွေပေး၊ငွေယူကိစ္စတွေကိုအလွယ်မလုပ်ပါနဲ့။ ဖြစ်နိုင်ရင်တော့ စာရွက်စာတမ်းနဲ့လက်မှတ်ထိုးပြီး ပေးပါ။ နောင်အငြင်းပွားစရာဖြစ်လိမ့်မယ်။ဒီနေ့ရက်အတွင်း ခိုက်ရန်ဒေါသဖြစ်တာကနေ ပြင်းထန်တဲ့သွေးထွက်သံယိုတွေ ဖြစ် တတ်ပါတယ်။ ရန်စလာရင် ရန်ရှောင်ကြပါ။

            ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ပြုက အကြီးအကဲဖြစ်မည်။ မင်္ဂလာအခါမပေးရ။ စာရွက်စာတမ်း လက်ပြောင်း လက်လွှဲကိစ္စများ  သတိရှိပါ။ ငွေကြေးအပေးအယူ အငြင်းပွားစရာများ ဖြစ်တတ်သည်။ ပစ္စည်းလှောင်ခြင်း၊  ဈေးကစား ခြင်း မပြုရပါ။  ငွေကြေးနှင့်ပတ်သက်၍  ချေးငှားခြင်းပြုက လက်လွန်ဆုံးရှုံးနိုင်ပါသည်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်း မြား ခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လား ထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆို တာ မျိုးလဲဖြစ်နေရတတ်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်း မြား ခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လား ထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆို တာ မျိုးလဲဖြစ်နေရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၃၅)နာရီမှ ည(၁၈:၂၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဥတ္တရာသဠ်နက္ခတ်ဖြစ်ပြီးတော့ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာ လုပ်ငန်း၊ ဆိုင်း ဘုတ် တင်ခြင်း၊ ပန်းချီ ပန်းပု လုပ်ငန်းလုပ်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွား လာခြင်း၊ နတ်ကွန်းတည် ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင် ထူခြင်း ကောင်း၏။ယနေ့တွင် အိမ်၊ ခြံမြေများ အရောင်း အဝယ် မပြုအပ်ပါ။ အလုပ်အကြံအစည်များ စတင် ဆောင် ရွက် ရန်မသင့်ပါ။ အိုးအိမ်တည်ဆောက်ခြင်း၊ စတင် ခြင်းများ မပြုအပ်။ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဥတ္တရာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ဓနုစန်း နံနက်(၉)နာရီ (၂)မိနစ်လွန် စန်း မကာရရာသီခွင့်သို့ ပြောင်းသည်။  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာအခက်အခဲတွေဘယ်လိုပဲရှိ ပါစေ.. ကျော်  လွှားနိုင်ပါလိမ့်မယ်။ လူချစ် လူခင် ပေါ များ တယ်။ လုပ်ငန်းရှင်၊ သူဌေးကြီးတွေရဲ့ အားအကိုးရဆုံးလူယုံ တွေ ဖြစ် တတ်ပါတယ်။ကျန်းမာရေး အား ကောင်းကြသူတွေဖြစ်တတ်ပြီးတော့ အိမ်ထောင်ရေးကတော့ ကမောက်ကမ ဖြစ်လွယ်ကြသူတွေဖြစ်ပါတယ်။ ငွေ ကြေး ကံအား ကောင်းတဲ့သူမျိုးတွေဖြစ်ကြ ပါတယ်။ ခရီးသွားလုပ်ငန်း၊ပညာရေး လုပ်ငန်း၊ ဂိုက်လုပ်ငန်းများနဲ့ အကျိုး ပေးအောင်မြင် တတ်ကြတဲ့သူတွေဖြစ်ကြပါ တယ်။ အရွယ်လွန်တတိယအရွယ် ရောက်တဲ့အခါ ဘာသာရေးဘက် ကိုနွယ်သွားပြီးတော့ တရားရှာ၊တရားရတတ်တဲ့ သူမျိုးတွေအဖြစ်လဲ ဒီလိုဇာတာမျိုး ကိုတွေ့ရလေ့ရှိကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၉:၀၁) နာရီမှ မနက်(၁၀:၂၆)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေး၊တနင်္ဂနွေသားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မိုးပြာရောင်၊အနက်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈/၁/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းယိုဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *