ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၇)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၈း၄၃)နာရီအထိ ကိတ်မြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၈း၄၃)နာရီအထိ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၈း၄၃)နာရီကျော်လွန်ပါက ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန် အနှောက် အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသော ကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ ရက်ရာဇာ၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၈း၄၃)နာရီအထိ လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ လက်မှုပညာနဲ့ပတ်သက်သောအလုပ်များ လဲ အထူးကောင်းပါတယ်။လမ်းဖောက်လုပ်ခြင်း၊ တံတားစတင် ဆောက်လုပ်ခြင်းများအထူးကောင်းပါတယ်။
ကျောက်မျက်ရတနာများကို ဝတ်စားဆင်ယင်ခြင်း၊အဝတ်အစားအသစ်များဆင်မြန်းဝတ်ဆင်ခြင်းအထူးကောင်း ပါ တယ်။ ယာဉ်ကားနဲ့ပတ်သက်သောအလုပ်များ၊ လိုင်းဆွဲခြင်း၊ကုန်စည်ပို့ဆောင်ခြင်းအလုပ်များ၊ဘုရားဖူးအလုပ် များ အလွန် ကောင်းပါတယ်။
ဝီရိယအကျိုးကိုခံစားရမဲ့နေ့ရက်ဖြစ်တာကြောင့် လုံ့လဝီရိယကိုတိုးပြီးလုပ်ကိုင်ပါ။ ကျောက်မျက်ရတနာများ ရေနံ့နှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းများဒီနေ့မှာစတင်ဆောင်ရွက်နိုင်ပါတယ်။ မျိုးစေ့ကြဲခြင်း၊သစ်ပင်စိုက်ခြင်း၊ ဥယျာဉ်ခြံ လုပ် ငန်းများအထူးကောင်းပါတယ်။
ဒီနေ့မှာ ကုန်သွယ်ခြင်းတွေ၊ပစ္စည်းလှောင်ခြင်းတွေကိုအထူးရှောင်သင့်ပါတယ်။အမှုပြဿနာတွေအဖြစ်မခံပါနဲ့။ ဖြစ်ပါ ကဖြေရှင်းရန်ခက်ခဲသွားတတ်ပါတယ်။အဆောက်အဦးပြင်ဆင်ခြင်း၊တိုးချဲ့ခြင်းပြုမိပါကရန်ပြဿနာတွေကိုဖြစ်ပွားစေပါလိမ့်မယ်။
ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာအခါမပေးသင့်ပါ။ ပြဿနာဟောင်းများ ဖြေရှင်းရန် ရက်ကောင်းဖြစ်နေပါသည်။ ပဋိပက္ခများ ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်သည်။ ယနေ့ ဆောင်ရွက်သော ကိစ္စမှန်သမျှ လူသိထင်ရှားဖြစ်တတ်သည်။ လျှို့ဝှက်၍မရပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၃၁)နာရီမှ ည(၁၈:၂၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
သရဝဏ် နက္ခတ်ဖြစ်တာမို့ ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွား ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက်အဆင်ပြေသည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ် စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဖွား၊သရဝဏ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါ သည်။ ဒီနေ့ မွေး သူများဟာ အများအားဖြင့် အားနည်းချက်အားသာချက်ရောထွေးနေတတ်ကြသူတွေဖြစ်ပါတယ်။ အားနည်း ချက် က ရန်သူ ပေါများခြင်း၊အများနဲ့တစ်ယောက် ရန်ရှာခံရခြင်း၊ကျန်းမာရေးမှာ ကိုယ်တွင်းကလိစာတစ်ခုခုအားနည်း ချက်ပါရှိ လာ ခြင်းမျိုးရှိတတ်ပြီးတော့ အားသာချက်ကတော့ ပညာရေးမှာအလွန်ထူးချွန်ခြင်း၊ဥစ္စာဓန ကံအားကောင်း ခြင်း၊ ငွေကြေး စည်းစိမ်းနဲ့နေရခြင်း၊ ရပ်ဝေးနယ်ခြား၊နိုင်ငံခြားအကျိုးပေးခြင်းစသောကံတွေ အားသာချက်ရှိပါတယ်။ နာမည် မှည့်ခေါ် ရာတွင် နာမည်ရဲ့ အဆုံးသတ်ကို သောကြာနံနဲ့ အဆုံးသတ်ပေးခြင်း၊စနေနံနဲ့ အဆုံးသတ်ပေးခြင်း ကိုအထူး ရှောင်နိုင် ပါက ဘဝမှာ အဆင်ပြေမှုပိုမိုများပြားနိုင်တာကိုတွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၀၅) နာရီမှ ညနေ(၀၅:၃၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင်၊အညိုရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၅/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့သခွားမွှေး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695