ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၉)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၈)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင် ရွက်လို့ ရပါ တယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၉)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါ တယ်။ ရက်စက်ကြမ်းကြုတ်ခြင်း သဘောကိုဆောင်တဲ့ ရိတ္တာ တီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့မျိုးမှာ စိတ်ဓာတ် ကြံ့ ခိုင်ဖို့လိုပါတယ်။ သူများစကားမှာလမ်းဆုံးနေမဲ့သူတွေအတွက် ကျဆုံးရတတ် ပါတယ်။ တိုက်ခိုက်မဲ့သူတွေ၊အပုပ် ချမဲ့ သူ တွေရဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့လိုပါတယ်။ မိမိသာအတန် အသင့်နာမည်ရနေ သူတွေဆို ပိုမိုတိုက်ခိုက်တာခံရ တတ် ပါတယ်။ အနိဌအလုပ်တွေဖြစ်တဲ့ ပိုးသတ်ဆေးဖြန်းတာ၊ အမဲလိုက်တာ၊ရန်သူကို ဖမ်းဆီး တာမျိုးတွေဆောက်ရွက် နိုင်ပါတယ်။ ဒါအပြင်အနာရောဂါကိုခွဲစိပ်ခြင်း၊လက်နက် အသုံးပြုခြင်းများအထူးပဲဆောင် ရွက်နိုင်ပါတယ်။ အဖျော် ယာမကနှင့်ပတ်သက်သောအလုပ်များ ရန်သဘောကိုဒီထက် တိုးမလာအောင်လို့ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်း များ အထူးပဲဆောင်ရွက်နိုင်ပါတယ်။
အလုပ်တွင်ဖြစ်စေ၊အဖွဲ့အစည်းတွင်ဖြစ်စေမိမိရသင့်ရထိုက်သောရပိုင်ခွင့်တွေကိုရအောင်တောင်းဆိုလို့ အထူး ကောင်းတဲ့နေ့ရက်ပါပဲ။ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ရသောအလုပ်များ စတင်ဆောင်ရွက်ရန် အချိန်အခါ ကောင်းတဲ့နေ့ရက်ပါပဲ။
ဒီနေ့ဟာလုပ်ငန်းသစ်များစတင်အကောင်အထည်ဖော်လို့ရပါတယ်။လှောင်ကုန်များအရောင်းအဝယ်ပြန်လုပ်လို့ ကောင်း တဲ့နေ့ရက်ဖြစ်ပါတယ်။လက်မှုပစ္စည်းများရှေ့ဟောင်းပစ္စည်းများ အရောင်းအဝယ်ပြုလို့ ကောင်းပါတယ်။ ငွေချေးခြင်း၊တာဝန်ယူခြင်း၊တာဝန်ခံခြင်းများအထူးရှောင်ပါ။ည(၇◌း၃၀) မှ ည(၉း၀၀)အတွင်းအသွားအလာအထူး ဆင်ခြင်ပါ။
ယနေ့ ဆေးစား၊ ဆေးကု ပြုရန် ရက်ကောင်းဖြစ်သည်။ သမားပြခြင်း၊ ဆေးစစ်ခြင်းများလည်း ပြုနိုင်သည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ နံနက်(၁၀း၄၈)နာရီမှ မွန်းလွဲ(၁း၁၂)နာရီအတွင်း အရေးကြီး သောကိစ္စများ ဆောင်ရွက်အောင်မြင် နိုင်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၂၃)နာရီမှ ည(၁၈:၁၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
သတ္တဘိသျှနက္ခတ်ဖြစ်ပြီး အထက် မျှော် နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာ လုပ်ငန်း၊ ဆိုင်း ဘုတ်တင်ခြင်း၊ ပန်းချီပန်းပု လုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာ လုပ်ခြင်း၊ အသီးဆွတ် ခူးခြင်း၊ လေကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာ ခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန် တိုင် ထူးခြင်း ကောင်း၏။ဆေးဝါးကုသခြင်းများ စတင်ဆောင်ရွက်ရန် ရက်ကောင်းဖြစ် သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့် အားရစရာကောင်း တဲ့ဇာတာတွေဖြစ်ပါတယ်။ စီးပွား ရေးမှာ ကျွမ်းကျင်လိမ္မာ တဲ့ဗီဇပါလာသူတွေဖြစ်ပါတယ်။ စီးပွားရေးသင်တန်းတွေ မတက်ထားဘဲ စီးပွားရေးကိုလာဘ် မြင်ကြ သူတွေဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိခြင်း၊မဟုတ်မခံစိတ် ရှိကြသူတွေဖြစ် တာမို့၊ လာရောက်ရန်စရင် အရင်လက် ဦးအောင် ချတတ်သူတွေမို့ မိဘတွေလိုက်ရှင်းရတတ်တဲ့ဇာတာမျိုးဖြစ်ပါလိမ့် မယ်။ဇမသေးတဲ့သူမျိုး၊သူများအနိုင် ကျင့်မခံတဲ့ သူမျိုးတွေဖြစ်ပါတယ် အသက် ၂၅ကစလို့ အောင်မြင်မှုတွေကိုစတင် ထိတွေ့ခွင့်ရတတ်တဲ့ ဇာတာတွေပဲ ဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၂:၄၁) နာရီမှ ညနေ(၀၄:၀၅)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊၊ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင်၊ရွှေအိုရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈/၅/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းနို့ခေါက်ဆွဲစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဩဇာသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695