ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၅၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အလုပ်သစ်တစ်ခုစလုပ်ရန် ကောင်းသော ဘဒြာတိထီ ဖြစ်၏။ သာသနာ့ အခမ်းအနား ၊ ဓမ္မမီး ထွန်းညှိ ပေးခြင်း နှင့် တာဝန် ထမ်းဆောင်ခြင်း ကတိများ ပြည့်စုံခြင်း၊ အခြားသော ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း တို့အတွက် ကောင်း မွန်သည်။ အရေးမကြီးပါကခရီးထွက်ခြင်းများကို ရှောင်ကြဉ်ပါ။
ယနေ့ ကာမမကြူးရ။ အခက်အခဲများ ဖြေရှင်းအောင်မြင်နိုင်မည်။ မင်္ဂလာကိစ္စအလုံးစုံ ဆောင်ရွက်နိုင်သည်။ အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်ရောင်း၊ အိမ်ဝယ်ကိစ္စများ ဆောင်ရွက်နိုင်မည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းခံနိုင်မည်။ အရပ်ဝေးခရီး သွားခြင်းကိစ္စများ ဆောင်ရွက်ရန် သင့်ပါသည်။ လှောင်ကုန်ပစ္စည်းများ ရောင်းချရန် သင့်ပါသည်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၁၂)နာရီမှ ညနေ(၁၈:၀၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ် ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။
ရေဝတီ နက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမ ဂုဏ်အပျော်အပါး၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့် လည်ပွဲများ၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွား စသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း ညနေ(၄)နာရီ (၅၄)မိနစ်လွန် စန်းမိဿ ရာသီသို့ ပြောင်းသည်။ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့်အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းသွား နိုင်မဲ့သူတွေ ဖြစ်ပါတယ်။ ဉာဏ် ရည် မြင့် တယ်၊လုပ်ရဲကိုင်ရဲတဲ့သတ္တိရှိတယ်။ ဖခင်နဲ့ အနေ မနီးတာ၊ဖခင်အကျိုးကို မခံစားရတာမျိုးတွေ ကြုံရတတ်ပါ တယ်။ စွန့်စားပြီးလုပ်ကိုင်ခြင်းဖြင့် အောင်မြင် တတ်ပါတယ်။ မိဘလက်ငုတ်အလုပ်တွေကို သွေဖယ်ပြီး ခေတ်ရှေ့ပြေး တဲ့ အလုပ်မျိုးတွေကိုသာ စိတ်ဝင်စားတဲ့ သူတွေဖြစ်ပါတယ်။ ငွေကြေးချေးငှားရလွယ်ခြင်း၊ အရင်းအနှီးရလွယ်ခြင်း၊ လုပ်ရဲတဲ့သတ္တိရှိခြင်းတွေကြောင့် ဘဝမှာ ထူးထူးခြားခြားအသက် မွေးမှုလုပ်ငန်းအသစ်မျိုးတွေရဲ့ အောင်မြင်တတ်ကြ ပါတယ်။ မိန်းကလေးရင်သွေး ဖြစ် မယ်ဆိုရင်လဲ မိမိထက်အဘက် ဘက်ကသာတဲ့အိမ်ထောင်ဘက်မျိုး တွေကိုရရှိ တတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀:၂၈) နာရီမှ မနက်(၁၁:၅၂)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအနီရောင်၊အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၂၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ ရွက်လှညွှန့်တစ်ညွှန့် ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ပေါင်မုန့်နို့ဆမ်း ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695