loading

17.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 17.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၅)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထီ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။  ပြည့်စုံခြင်း၊မြင့်မြတ်ခြင်းတွေကိုပေးတဲ့ပုဏ္ဏတီထိကျ ရောက် တဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုနေ့ရက် တွေမှာ အလုပ်နဲ့ပတ်သက်ပြီးလဲ အထိုင်အလုပ်ပဲဖြစ်ဖြစ်၊ လှုပ် ရှားသွားလာလုပ်ကိုင်ရတဲ့အလုပ်ပဲ ဖြစ်ဖြစ်အလုပ်နဲ့ ပတ်သက် ရင်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့မှာ အပျော်ခရီး တွေ ပဲဖြစ်ဖြစ်၊ မွေးရပ်မြေကိုပြန်တဲ့ ခရီးပဲဖြစ်ဖြစ်၊ အလုပ်နဲ့ ပတ်သက် သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့ အလွန်ပဲ ကောင်းတာကိုတွေ့ရပါတယ်။

ပညာရပ်အသစ်များစတင်သင်ကြားခြင်း၊ပညာရေးနဲ့ပတ်သက်ပြီးတော့သင်တန်းဖွင့်ခြင်းတွေလဲအထူးကောင်းပါ တယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများလဲအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်းများ ငွေလွှဲဝန်ဆောင် မှု လုပ်ငန်း များတိုးတတ်ပါတယ်။

ဆိုင်လုပ်ငန်းများရိုးသားကြိုးစားလို့အောင်မြင်တဲ့သူတွေဆိုရင်တော့သတိထားပါဗျာ၊မနာလိုသူတွေရှိနေတတ်ပါ တယ်။ ချောက်ချနိုင်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်းများ၊ အချိုရည်၊ အအေး၊ရေ သန့် လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။ယနေ့ တနင်္ဂနွေဂြိုဟ်ပြောင်းရက် ဖြစ်နေ၍ မင်္ဂလာ အခါ မပေးရပါ။ ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက အသက်ရှည်ခြင်း၊  ကျန်းမာခြင်းနှင့် ပြည့်စုံမည်။ ဓနသိဒ္ဓိနက္ခတ် စွမ်းအားကို အပြည့်အဝရရှိထားသောနေ့ တစ်နေ့ ဖြစ်နေပါသည်။

ဒီနေ့ဟာ ရက်ကန်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၄၁)နာရီမှ ညနေ(၁၆:၃၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဓနသိဒ္ဓိနက္ခတ်နဲ့တိုက်ဆိုင်နေတာမို့ ထီးတင်ခြင်း၊ အလံထူခြင်း၊ နတ်ကွန်းတည်ခြင်း၊ ရှင်ပြုနားသမင်္ဂလာပြုခြင်း ကောင်း ၏။ ပညာစ၍သင်ခြင်း ကောင်း၏။ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်း စတင် လုပ် ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီ ပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာ ခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်းကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ဓနသိဒ္ဓိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း ညနေ(၄)နာရီ (၄၄)မိနစ်လွန် စန်းကုမ်ရာသီသို့ ပြောင်းသည်။ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ နာမည်ပေးက တော်တော်အဓိက ကျတယ်ဗျ။ နာမည်ပေးမှန် သွား ရင် တော်တော်လေး စိတ် ဓာတ်ပိုင်း အားကောင်းသွားပြီးတော့ နာမည်ပေးမှားရင် ရိုင်းသွားတတ်ပါတယ်။ မိဘအသိုင်း အဝိုင်းကောင်း ရင်တော့ ပညာတက် ကြီးဖြစ်သွားနိုင်တဲ့ဇာတာရှင် တွေပဲဖြစ်ပါ တယ်။ ငွေကြေးအင်အားတောင့်တင်း ကြပြီး မိသားစုရဲ့ အထောက်အပံ့ကို အပြည့်အဝရရှိတာကိုလဲ အထူးတွေ့ရပါ တယ်။ ကျန်းမာရေးအနည်း ငယ်အားနည်း ချက်ရှိနေ ပြီးတော့ အရွယ်သုံးပါးမှာ တစ်ချိန်တခါတော့ ကျန်းမာရေးအထူး ညံ့ လိမ့်မယ်။ ကိုယ်တွင်းကလိစာ တစ်ခုခု အစား ထိုးရတာ မျိုးကြုံရတတ်တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၁၂) နာရီမှ ညနေ(၅:၃၅)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအပြာနုရောင်၊ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၂/၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သင်္ဘောသီးမှည့်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးဖျော်ရည် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *