ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ ရသေ့ကျော်၊ အမြိတ္တစုတ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါ တယ်။ ဒီလိုနေ့ရက် တွေမှာတော့ မိမိသိချင်တာတွေကိုကောင်းစွာသိခွင့်ရလိမ့်မယ်။ လိုချင်တဲ့သတင်း အချက်အလက် တွေကိုရဖို့ လွယ်ကူ တတ်ပါတယ်။ဒီနေ့ညနေ ၄း၃၀ကနေ ညနေ၆း၀၀အထိက အသောက်အစား အပျော်အပါး တွေ ကိုအထူးရှောင် လိုက် ပါ။ ရန်များ၊ခိုက်ရန်များတတ်လို့ပါပဲ။ ထိုအချိန်အတွင်းမှာပဲ အထူးသတိထား ပြီး ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း တွေ ကိုလိုက်နာပါ။ စက်ကားကိုအရှိန်လျှော့မောင်းပါ။
အမှုမဲ့မနေတတ်ဘဲ အရာရာကို စူးစပ်လုပ်ကိုင်တတ်သူတွေအတွက်အခွင့်အရေးကောင်းတွေရလာတတ်ပါတယ်။ ဒီနေ့ မှာ တတ်နိုင်သမျှအသားကြီးငါးကြီးစားတာမျိုးတွေရှောင်ခြင်းဖြင့် ကံပိုမိုမြင့်လာတတ်ပါတယ်။
အနုပညာနှင့်ပတ်သက်သောအလုပ်များ၊ မည့်သည့်စက်ပစ္စည်းမဆို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ တိုးတတ်မှု တွေ အထင်အရှားကြုံရတတ်ပါတယ်။ ခရီးသွားခြင်းကိစ္စများဆောင်ရွက်နိုင်ပါတယ်။ သွားနေကြခရီးမျိုးတွေဆို ပိုမို အဆင် ပြေနိုင်ပါတယ်။
ဆောက်လုပ်ရေးနဲ့ပတ်သက်သော သဲ၊ကျောက်၊ဘိလပ်မြေ ရောင်းဝယ်ဖောက်ကားခြင်းများလဲ အဆင်ပြေမှုတွေ ရှိ လာ တတ်ပါတယ်။ အစိုးရနှင့်ပက်သက်သောကိစ္စများ၊ ဌာနဆိုင်ရာနှင့်ပတ်သက်သောကိစ္စများ လိုက်ပါဆောင် ရွက် လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ဒီနေ့ဟာ ပဋိပက္ခများဖြေရှင်းရန် ရက်ကောင်းဖြစ်ပါတယ်။ထည်ဝါတောက် ပြောင် သော အဝတ်အစားများဝတ်ဆင်ခြင်း မသင့်တဲ့နေ့ရက်ပါပဲ။
ယနေ့ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်နေပါသည်။ ရပိုင်ခွင့်ဟောင်းများ ပြန်လည် ရ ရှိမည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် အခါသင့်သည်။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ ထူးခြားသော အကျိုး ကောင်း များ ရရှိမည်။ အမှုပြဿနာများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီကြား၊ ညနေ(၃း၃၆)နာရီမှ (၆း၀၀)နာရီအတွင်း ပေါ်ပေါက်လာသော အခွင့်အရေးမှန််သမျှကို လက်တွေ့အသုံးချ၍ အကျိုး ကောင်းများ ရရှိမည်။
ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင် ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း ၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၃၃)နာရီမှ ညနေ(၁၆:၂၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေ ရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ပြဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ ဓနုရာသီဖွားဖြစ်ပါ သည်။ ဒီနေ့ မွေးသူများဟာ အတွေးအခေါ်အားကောင်းကြသူတွေ၊ တစ်ခုခုကို သိလွယ်မြင်လွယ်တက်မြောက် လွယ်ကြ သူတွေ ဖြစ်ပါတယ်။တစ်ခုသတိထားရမှာကဘဝမှာ ရင်းနှီးမြုပ်နှံမှုမှားယွင်းခြင်းဆိုတဲ့ ကံကိုပေးတာမို့ စတင် ပြီး ငွေကြေးရင်းနှီး တော့မယ်ဆို အဘက်ဘက်မှာလေ့လာပြီးမှဆောင်ရွက်သင့်ပါတယ်။ မိန်းကလေးရင်သွေးငယ် ဖြစ် မယ်ဆိုရင်တော့ နာမည်ပေးလုံးဝမှားလို့မရပါဘူး။ အနာဂတ်ကာလမှာ ….အိုင်တီနယ်ပယ်။ စက်မှုနယ်ပယ်၊ လက်နက် ကိုင်အဖွဲ့အစည်း နယ်ပယ်၊ စာရင်းကိုင်နယ်ပယ်၊ ဘာသာစကားနယ်ပယ် တွေနဲ့ မုချ အောင်မြင်မယ့် ဖွားဇာတာအမျိုး အစား ဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂:၄၉) နာရီမှ ညနေ(၄:၁၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ကြာသပတေး၊စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအပြာနုရောင်၊မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈/၄/၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထန်းလျက်ခဲစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထိုးမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695