ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၈)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အလုပ်တွေကိုတော့ တွန်းတွန်းတိုက်တိုက်လုပ်လေ အောင်မြင်လေလို့ဆိုရပါလိမ့်မယ်။အလုပ်ပိုတွေကို ကောင်းစွာ လျှော့ချသွားနိုင်ပါလိမ့်မယ်။ လုပ်လိုက်တဲ့ကိစ္စ မှန်သမျှအနှောက်အယှက်တွေရှေ့ကဆီးကြိုနေပေမဲ့ ကောင်းစွာ ကျော်လွားနိုင်ပါလိမ့်မယ်။စာပေရေးသားခြင်းများ၊ စိတ်ကူးသစ်နဲ့ဖန်တီးခြင်းကိစ္စမှန်သမျှအဆင်ပြေ အောင်မြင်မှု တွေ ကို ပေးပါလိမ့်မယ်။
ခရီးသွားခြင်းကိစ္စမှန်သမျှစတင်လို့အလွန်ကောင်းပါတယ်။ နိုင်ငံခြားခရီးဖြစ်ပါစေ၊ပြည်တွင်းခရီးဖြစ်ပါစေ အလွန် မှအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ပွဲလမ်းသဘင်များကျင်းပခြင်းတွေ၊ ဖျော်ဖြေရေးပွဲများကျင်းပခြင်းတွေအထူး ပဲ ဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ကားဝယ်ခြင်း၊ကားရောင်းခြင်း၊ အလဲအထပ်လုပ်ခြင်းများအထူးဆောင်ရွက်လို့ ကောင်း တဲ့နေ့ပါပဲ။
ရောင်းထွက်လိုသောပစ္စည်းများကို ဓာတ်ရိုက်ဓာတ်ဆင်လုပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါ တယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဖင်းခံခြင်းများလဲဒီနေ့မှာ ဆောင်ရွက်လို့အဆင်ပြေတဲ့နေ့ရက်ပါပဲ။နည်းပညာနှင့် ပတ်သက် သောအလုပ်များ၊ စိတ်ကူးထားတဲ့အလုပ်များ၊ ဇွဲကြီးကြီးစိတ်ရှည်ရှည်နဲ့လုပ်ရမဲ့အလုပ်များကိုတော့ ဦးစား ပေးလုပ်လို့ အလွန်ကောင်းပါတယ်။
ယနေ့ သစ်ပင် မစိုက်ရ။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်နေပါသည်။ သမားတော်များနှင့် ပြသရန် ကောင်းသောနေ့ ဖြစ်နေပါသည်။ နံနက်(၁၀း၄၈)နာရီမှ (၁း၁၂)နာရီကြား ဆောင်ရွက်သောကိစ္စများမှ ထူးခြားသော အကျိုးကောင်းများ ရရှိမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၂၉)နာရီမှ ညနေ(၁၆:၂၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတ္တရာဘဒြနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီး ဆွတ်ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံ ကာခြင်း၊ တံခွန်တိုင် ထူးခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ဥတ္တရာဘဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာအခက်အခဲတွေကိုကောင်းစွာ ကျော်ဖြတ်နိုင်ကြသူတွေဖြစ်ပါတယ်။ ဇွဲကြီးတယ်။ ခေါင်းဆောင် လို စိတ်ပြင်းထန်တယ်။ စီးပွားရေးကို လူမှုရေး အင်အားနဲ့ရအောင် ချဉ်းကပ်နိုင်ကြသူ တွေဖြစ်ပါတယ်။ ကြိုးစားမှုရဲ့အသီး အပွင့်တွေကို အသက် ၂၇နောက်ပိုင်း စတင်ခံစားရပါလိမ့်မယ်။ အားနည်းချက်က အိမ်ထောင်ရေး ၊အိမ်တွင်းရေး အား နည်းချက်များတဲ့သူတွေဖြစ်ပါတယ်။ ဒီနေ့မွေးတဲ့ သမီးငယ်တွေကိုနာမည်ပေးမှား လို့မရပါဘူး။ နာမည်မှားရင်အိမ် ထောင်ဆက်များတတ်ပါတယ်။ ဘဝ အောင်မြင် ရေးအတွက်ကတော့ စိတ်ပူစရာ လုံးဝမလိုတဲ့ ဇာတာတွေပဲဖြစ်တာကို ထူးထူးခြားခြားတွေ့ရပါတယ်။ ကျန်းမာရေးလဲအားကောင်းကြတဲ့ရင်သွေးမျိုး တွေဖြစ်ပါ တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၃) နာရီမှ မွန်းလွဲ(၁:၂၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာကြည်ပြာရောင်၊အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉/၅/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖရဲသီးစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695