နေအိမ်တိုင်း အလုပ်ဌာနတိုင်း၊ ရုံးခန်းတိုင်း၌ မလွဲမသွေ ရှိနေတတ်သည့်အရာမှာ ပြက္ခဒိန်ပဲ ဖြစ်၏။ တန် ဖိုးကြီး သည် ဖြစ်စေနည်းသည်ဖြစ်စေ ပြက္ခဒိန်ကတော့ လူသားအပေါင်း အတွက် အကောင်းအဆိုးကို ပြညွှန်းနေစမြဲ ဖြစ်သည်။
ဤ၌ ကျွန်ုပ်တို့သည် ပြက္ခဒိန်၏မျက်နှာစာကို ကြည့်မိလေ တိုင်း ““ပြဿဒါး”ဆိုတာကြီးကို တွေ့လျှင် အတုန်လှုပ်ကြီး မဟုတ်တောင်မှ စိတ်ထဲမှာတော့ ကသိကအောက် ဖြစ်သွားတတ် ကြပါသည်အကြောင်းမူ မင်္ဂလာယူပြီး လုပ်ဆောင် ကြ ရသော ကိစ္စအဝဝ၌ ကြီးစွာသော အနှောင့်အယှက်ကို ပေးတတ်သည် မဟုတ်ပါကလား။ ပြက္ခဒိန်၏ စာမျက်နှာကို သေချာစွာ လေ့လာ ကြည့်ရှုလိုက်သောအခါ တစ်ပတ်တွင် ပြဿဒါးကျရောက်သော ရက်သည် နှစ်ရက်တိတိ ရှိလေ၏။

ပြဿဒါးကို ရှေးလူကြီးသူမ များက ရက်ဆိုးဟု သတ်မှတ်ကြသည်။ ပြဿဒါးဟုဆိုရာ၌ အမျိုးအစား (၃) မျိုး ရှိနေသည်ကို တွေ့ရပါချေသည်။ ၄င်းတို့ကား
(၁) နတ်ပြည် ပြဿဒါး(သကြားပြည် ပြဿဒါး ဟုလဲ ခေါ်ကြသည်)
(၂) နဂါးပြည် ပြဿဒါး
(၃) လူ့ပြည် ပြဿဒါး တို့ဖြစ်ကြ၏
ပြဿဒါးအမျိုးအစား (၃)ခုကား စိတ်ဝင်စားဖွယ် ကောင်း လှပါဘိ။ ပြဿဒါးတစ်ခုချင်း၌ ဘာတွေရှိနေပါသနည်း။ သည့် အတွက် ဗေဒင်ဆိုင်ရာ စာအုပ်စာတမ်းများကို မွှေနှောက် ဖတ်ရှု လေ့လာလိုက်သောအခါ အောက်ပါအချက်အလက် များ ကို တွေ့ လာရပါသည်။ လေ့လာတွေ့ရှိသမျှ ပြဿဒါးနှင့် ပတ်သက်၍ ဝိဝါဒဖြစ်နေကြ ကုန်သော စာရှုသူတို့အတွက် သရုပ်ခွဲကြည့်နိုင် ရန်၊ စိုးရိမ်ထိတ်လန့်စိတ်တို့ကို ဖြေဖျောက်နိုင်စေရန် အောက်ပါ အတိုင်း ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
၁။ နတ်ပြည်ပြဿဒါး(သကြားပြည်ပြဿဒါး)
အဆိုပါ ပြဿဒါးသည် တနင်္ဂနွေနေ့၊ အင်္ဂါနေ့နှင့် ကြာသပ တေးနေ့များတွင် ကျရောက်သောရက်များ ဖြစ်လေ၏။ နတ်ပြည် ပြဿဒါးနေ့များ၌ ရှင်ပြုခြင်းရဟန်းခံခြင်း၊ ဘာသာရေးကိစ္စ` အလှူအတန်းကိစ္စ၊ ထီးတင်ခြင်း၊ ကျောင်း သိမ် စသည်တို့ ဆောက်လုပ်ခြင်းများအတွက် အခါမပေးရန် သတ်မှတ်ထားခြင်းပဲ ဖြစ်၏။ အခါပေးမိပါက၊ ဆောင်ရွက်မိပါက မအောင် မမြင်ဖြစ် တတ်သည်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်း တွေရှိတတ်ပါ တယ်။ ဒီနေ့မှာဘယ်သူပဲဖြစ်ဖြစ် ကျန်းမာရေးအညံ့စတင်ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။ သို့ဖြစ်၍ နတ်ပြည် ပြဿဒါးရက်သို့ ကျရောက်ပါက အခြား သော လောကီမင်္ဂလာကိစ္စများအတွက်မူ ရှောင်ကြဉ်စရာ မလိုပါ။
၂။ နဂါးပြည်ပြဿဒါး
အဆိုပါ ပြဿဒါးသည် သောကြာနေ့၊ စနေနေ့များနှင့် ပြဿဒါးရက်တို့ တိုက်ဆိုင်ကျရောက်သောရက်များ ဖြစ်လေ သည်။ နဂါးပြည် ပြဿဒါးနေ့တွင် အိမ်၊ ခြံ၊ မြေ၊ တိုက်တာ၊ လူနေခန်း၊ ဆိုင်အခန်း၊ အဆောက်အအုံတို့ကို အရောင်းအဝယ် ပြုခြင်း စသည့်တို့ကို ရှောင်ရမည်။ အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင် ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။ မြေတူးခြင်း၊ မြေဆွခြင်းတို့ မပြုလုပ်ရ။ ခြံ၊ မြေ၊ အိမ်ဆောက် လုပ်ခြင်းများကို အချိန်အခါရွေးပြီးမှသာဆောင်ရွက်ရမည်။အခြားသော ရေးရာ ကိစ္စ များကို ရှောင်ရန်မလိုပါ။
၃။ လူ့ပြည်ပြဿဒါး
အဆိုပါ ပြဿဒါးသည် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ပြဿ ဒါးရက်တို့ တိုက်ဆိုင်ကျရောက်သောနေ့ရက်များ ဖြစ်ကြသည်။ လုပ်ငန်းစတင်ခြင်းစီးပွားရေးစာချုပ်စာတန်းများ ချုပ်ဆိုခြင်း၊ ခရီးသွားခြင်းမှအစ အလုံးစုံသော လောကီရေးရာ မင်္ဂလာ တို့ကို အခါပေးခြင်း မပြုလုပ်ရပါ။ သည့်အတွက် ထိုရက်များသည် မကောင်းသောရက်များဘဲ ဖြစ်သည်။ လုပ်ဆောင်သော ကိစ္စ ရပ်များ အဆင်မပြေမှု ရှိမည်။ ကျိန်းသေတွက်ထားသည်များ လွဲချော်နေတတ်သည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်မှုဖြစ်ရပ် များ တွေ့ကြုံရလိမ့်မည်။ မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ် ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
သည့်အတွက်ကြောင့်လည်း ပြဿဒါးရက်ကို လူတွေရှောင် ကြဉ်ကြခြင်း ဖြစ်ချိမ့်မည်။ သို့ရာတွင် ပြဿဒါးရက်တိုင်း
မကောင်းချည်း မဟုတ်။ သူ့ကိစ္စနှင့်သူ ဆင်ခြင်ရှောင်တိမ်းပါက အစစအရာရာ အဆင်ပြေလိမ့်မည်ဖြစ်ပါကြောင်း လေ့လာထား သမျှကို တင်ပြလိုက်ရပါသည်။
၂၀၂၄ တစ်နှစ်လုံး လူ့ပြည်ပြဿဒါး ကျရောက်သောနေ့ရက်များ
၂၀၂၄၊ဇန်နဝါရီလ
17-Jan-2024, 24-Jan-2024, 31-Jan-2024,
၂၀၂၄ ဖေဖော်ဝါရီလ
7-Feb-2024, 12-Feb-2024, 19-Feb-2024, 26-Feb-2024
၂၀၂၄ မတ်လ
4-Mar-2024, 13-Mar-2024 (Evening), 20-Mar-2024 (Evening), 27-Mar-2024 (Evening)
၂၀၂၄ ဧပရယ်လ
3-April-2024 (Evening)
၂၀၂၄ မေလ
8-May-2024, 15-May-2024, 22-May-2024, 29-May-2024
၂၀၂၄ ဇွန်လ
5-Jun-2024, 10-Jun-2024, 17-Jun-2024, 24-Jun-2024
၂၀၂၄ ဇူလိုင်လ
1-July-2024, 10-July-2024 (Evening), 17-July-2024 (Evening), 24-July-2024 (Evening), 31-July-2024 (Evening)
၂၀၂၄ စက်တင်ဘာလ
4-Sep-2024, 11-Sep-2024, 18-Sep-2024, 25-Sep-2024
၂၀၂၄ အောက်တိုဘာလ
2-Oct-2024, 7-Oct-2024, 14-Oct-2024, 21-Oct-2024, 28-Oct-2024
၂၀၂၄ နိုဝင်ဘာလ
6-Nov-2024 (Evening), 13-Nov-2024 (Evening), 20-Nov-2024 (Evening), 27-Nov-2024 (Evening),
၂၀၂၄ တစ်နှစ်လုံး သိကြားပြည်ပြဿဒါး ကျရောက်သောနေ့ရက်များ
၂၀၂၄ ဇန်နဝါရီလ
4-Jan-2024
၂၀၂၄ ဖေဖော်ဝါရီလ
11-Feb-2024, 18-Feb-2024, 25-Feb-2024
၂၀၂၄ မတ်လ
3-Mar-2024, 12-Mar-2024, 19-Mar-2024, 26-Mar-2024
၂၀၂၄ ဧပရယ်လ
11-April-2024, 18-April-2024, 25-April-2024
၂၀၂၄ မေလ
2-May-2024
၂၀၂၄ ဇွန်လ
9-Jun-2024, 16-Jun-2024, 23-Jun-2024, 30-Jun-2024
၂၀၂၄ ဇူလိုင်လ
9-July-2024, 16-July-2024, 23-July-2024, 30-July-2024
၂၀၂၄ ဩဂုတ်လ
8-Aug-2024, 15-Aug-2024, 22-Aug-2024, 29-Aug-2024
၂၀၂၄ အောက်တိုဘာလ
6-Oct-2024, 13-Oct-2024, 20-Oct-2024, 27-Oct-2024
၂၀၂၄ နိုဝင်ဘာလ
5-Nov-2024, 12-Nov-2024, 19-Nov-2024, 26-Nov-2024
၂၀၂၄ ဒီဇင်ဘာလ
5-Dec-2024, 12-Dec-2024, 19-Dec-2024, 26-Dec-2024
၂၀၂၄ တစ်နှစ်လုံး နဂါးပြည်ပြဿဒါး ကျရောက်သောနေ့ရက်များ
၂၀၂၄ ဇန်နဝါရီလ
6-Jan-2024, 12-Jan-2024, 19-Jan-2024, 26-Jan-2024
၂၀၂၄ ဖေဖော်ဝါရီလ
2-Feb-2024, 9-Feb-2024
၂၀၂၄ ဧပရယ်လ
13-April-2024, 20-April-2024, 27-April-2024
၂၀၂၄ မေလ
4-May-2024, 10-May-2024, 17-May-2024, 24-May-2024, 31-May-2024
၂၀၂၄ ဩဂုတ်လ
10-Aug-2024, 17-Aug-2024, 24-Aug-2024, 31-Aug-2024
၂၀၂၄ စက်တင်ဘာလ
6-Sep-2024, 13-Sep-2024, 20-Sep-2024, 27-Sep-2024
၂၀၂၄ နိုဝင်ဘာလ
7-Dec-2024, 14-Dec-2024, 21-Dec-2024, 28-Dec-2024
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
၀၉၇၇၅၅၅၅၆၉၅