loading

5.January.2024 တစ်နေ့တာလမ်းညွှန်ချက်နှင့်ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 5.January.2024 တစ်နေ့တာလမ်းညွှန်ချက်နှင့်ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၉)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ် ပါတယ်။ တီထိ(၉)လုံးအနေဖြင့် ရန်များသော တီထိဟု သက်မှတ်ထားပြီး အမဲလိုက်ခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသတ် ဆေး ဖြန်းခြင်းများ၊ လက်နက်ပြုလုပ်ခြင်း၊ လောင်းကစားခြင်း၊  အရက်သောက်ခြင်း၊ အရက်ချက်ခြင်း၊ ရန်ဖြစ်ခြင်း၊  အတိုက်အခံပြုခြင်းများ ပြုနိုင်သော တီထိဖြစ်ပါတယ်။ယနေ့ ဘုရားတည်၊ ထီးတင်၊ ပဉ္ဇင်းခံ၊ စေ့စပ်၊ လက်ထပ်၊ ကလေးထမင်းခွံ့၊ နာမည်ပေးခြင်း၊ ကုမ္ပဏီဖွင့် လှစ် ခြင်း၊ မိတ််ဆွေသစ်ဖွဲ့ခြင်း၊ ထီထိုးခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်း၊ အင်တာ ဗျူး တွေ့ဆုံဆွေးနွေးခြင်း၊ ငွေကြေး ချေးငှား ခြင်း၊ပျိုးကြဲ၊မျိုးစေ့ချ၊ ရတနာ စူးစမ်းရှာဖွေခြင်း၊ စာတမ်းဖတ် ခြင်းနှင့် အချစ်ရေး စကားပြောဆိုခြင်းများ အထူး ကောင်း ပါတယ်။ မည်သည့်လုပ်ဆောင်မှုတိုင်းတွင်မဆို နတ်နဂါး များ အား အရိုအသေပေးသင့်ပါသည်။ သို့သော် အချည်းအနှီးဖြစ်သော ရိတ္တာတီထိဖြစ်၍ ရန်သူကိုဖမ်းဆီးခြင်း၊ အဆိပ် ခက်ခြင်း၊  ပိုးသက်ဆေးဖြန်းခြင်း၊  လက်နက်သုံးစွဲခြင်း၊ ခွဲစိတ်ခြင်း၊ မီးဖေါက်ခွဲခြင်း စသည့် အနိဌလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် နိုင်သော်လည်း မည်သည့် အရပ်ဒေသကိုမှ ခရီးသွားလာခြင်းများ မပြုသင့်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ အတိဂယုဂ် ကျရောက်နေ‌သောနေ့ ဖြစ်သောကြောင့် အတားအဆီးနှင့် အန္တရာယ်များစွာ၏ အဓိပ္ပါယ်ကို ဆောင် ပါသည်။ တေထီလကရိုဏ် ကျရောက်နေသောနေ့ဖြစ်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ၊ လုပ်ငန်းဆောင်တာ များ အတွက် အထူးကောင်း မွန်နေပါသည်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄း၂၇)နာရီမှ ညနေ(၁၅း၁၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

စိတြနက္ခတ် စန်းယှဉ်သော အခါကျရောက်တဲ့နေ့ဖြစ်တာမို့ ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူ ခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်း အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်/စာပေ၊ စာပုံနိုတ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီးသွား လာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း၊ မေတ္တရေး စကားပြောဆိုခြင်း၊ အလှပြုပြင်ခြင်း၊ လက်ဝတ်ရတနာ ဆင်ခြင်း၊ ပန္နပ်ရိုက်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံ ပါတီပွဲ၊ စာပေ လုပ်ငန်း၊ စာပေဖြန့်ချီရေးကောင်းသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ စိတြာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများ ဟာ အခက်အခဲတွေကို ကျော်လွှားနိုင်စွမ်းမြင့်မားကြတယ်..။ အားနည်းချက်က မိဝေးဖဝေးနေရတတ် ပါတယ်။ငယ်ရွယ်စဉ်မှာမိဘတွေထဲက တစ်ဦးဦးကအဝေးမှာအလုပ်လုပ်နေတာမျိုးအထူးကြုံရလွယ်ပါတယ်။ ကျန်းမာ ရေးဒေါင်ဒေါင်မြည်ကောင်းကြသူတွေဖြစ်တယ်။ ငွေရှာရလွယ်ကူတတ်ပါတယ်။ လူချစ််လူခင်ပေါများတယ်။ အနေနီး သွားတဲ့ သူမှန်သမျှကို မိမိကို အမြဲအမှတ်တရရှိနေတတ်ပါတယ်။ သမီးမိန်းကလေးဆိုရင် အထူးကောင်းပါတယ်။ အား သာချက်က အဘက်ဘက်က သာလွန်တဲ့ အိမ်ထောင်ဘက်ခင်ပွန်းကိုရရှိတတ်ပါတယ်။ အသက် ၂၂မှ အသက်၂၇ အတွင်း ကံအခွင့်အလမ်းများခြင်း၊အလုပ်မှာနေရာကောင်းရခြင်း၊စိတ်ချမ်းသာခြင်းစတဲ့အကျိုးကျေးဇူးကိုအထူးရရှိ နိုင် ပါ တယ်။ ဒီနေ့မွေးသူသည် အလွန့်အလွန် စွယ်စုံရ၊ ဘက်စုံထူးချွန်သူ၊ လိမ္မာပါးနပ်ပြီး စိတ်ကူးယဉ်တတ်သူဖြစ် သည်။ အလွန်သနား ကြင်နာတတ်ပြီး ထိလွယ်ရှလွယ်ဖြစ်တတ်သည်၊ တစ်ခါတစ်ရံ စိတ်ပျက်အားငယ်ရသည့်အထိ၊ ဤစရိုက် ကို အထိရောက်ဆုံး နည်းလမ်းများဖြင့် စီမံခန့်ခွဲနိုင်ရန် အမြဲတစေ သတိထား ပြင်ဆင်နေရတတ်သည်။ စိတ်အားထက် သန်မှုသည် သင့်တစ်သက် တာတွင် ရုန်းကန်ရဖွယ်ရှိသည့် အရာတစ်ခုဖြစ်သည်။ အာရုံစူးစိုက်မှု အားကောင်းလာ သောအခါတွင် သင်သည် ခိုင်မာသော ခေါင်းဆောင်မှုစွမ်းရည်နှင့် ပြင်းပြသောဆန္ဒလည်း ရှိသည်။ သင်သည် လွတ် လပ်ပြီး ထူးခြားသည်၊ အလွန်နားလည်သဘော ပေါက်ပြီး အလွန်သင်ပြရလွယ်တဲ့သူလဲဖြစ်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၄၇) နာရီမှ မွန်းလွဲ(၁၂း၁၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာ ထချိန်တွင် အရှေ့တောင်ဘက် အရပ်သို့ မျက်နှာမူ၍ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဂျယ်လီဘုရားကပ်လှူပြီး လိုရာဆု တောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *