ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လကွယ်နေ့ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။တီထိ(၁၄)လုံးအနေဖြင့် ရန်လိုတက်သော တီထိဟု သက်မှတ်ပြီး၊ မကောင်းသော လုပ်ရပ်များဖြစ်သည့် ရန်သူအား တိုက်ခိုက်ခြင်း၊ အမဲလိုက်ခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသက်ဆေး အသုံးပြုခြင်း၊ စစ်တိုက်ခြင်း၊ စစ်လက် နက်များ တပ်ဆင်ခြင်း၊ စစ်လက်နက်များ ပြုလုပ်ခြင်း၊ ရန်သူအား ဖမ်းဆီးခြင်း၊ ရက်စက်သော လုပ်ငန်းများကို လုပ်ဆောင်ရန် သင့်တော်သော တီထိဖြစ်နေပါသည်။ ဖျက်ဆီးခြင်းစွမ်းအား ကြီးမားသော သျှီဝနတ်မင်း စောင့်ရှောက်သည့် တီထိဖြစ်ပြီး ဖြိုဖျက်ခြင်းလုပ်ငန်းများ၊ သေဆုံးခြင်းဆိုင်ရာ လုပ်ငန်းများ၊ အခက်အခဲ ကျော်ဖြတ် ခြင်း၊ သံသရာမှ လွတ်မြောက်ခြင်းဆိုင်ရာ ကိစ္စများ လုပ်ဆောင်နိုင်သော တီထိဖြစ်ပါသည်။ ဗလာနတ္ထိ ဖြစ်ခြင်းကို ဖေါ်ဆောင်သည့် ရိတ္တာ တီထိဖြစ်ပြီး စနေ အုပ်စိုးသော တီထိဖြစ်သဖြင့် ဖမ်းဆီးခြင်း၊ အဆိပ်ခတ်၊ ပိုးသက်ဆေး ဖြန်းခြင်း၊ လက်နက်သုံးစွဲခြင်း၊ မီးဖောက်ခွဲခြင်း၊ စသည့် အနိဌ လုပ်ငန်းများကို လုပ်ကိုင်နိုင်သည်သာမက ခွဲစိတ်ကုသ ခြင်း များကို လုပ်ဆောင်နိုင်သော်လည်း မည်သည့်အရပ်ဒေသကိုမှ ခရီးသွားလာရန် မသင့်တော်သော တီထိ ဖြစ်နေပါသည်။
ယနေ့ ဘုရားအနေကဇာတင်ခြင်း၊ ထီးတင်ခြင်း၊ ဘုရားပင့်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ ထီထိုး၊ မြေသန့်ပင်္ဂလာ၊ ရတနာသွေးခြင်းများ၊ စူးစမ်းရှာဖွေခြင်း၊ ဧည့်ခံပွဲတက်ခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ အသစ် ဖွဲ့စည်းခြင်း၊ ကျန်းမာရေးကုသမှု ခံယူခြင်း၊ ပရဆေးဖေါ်၊ မျိုးစေ့ချ၊ ရေကြောင်း၊ လေကြောင်း ခရီးသွားလာခြင်းများ အထူးကောင်းပါတယ်။
ဒီနေ့ဟာ ဓူဝယုဂ် ကျရောက်နေသောနေ့ ဖြစ်သောကြောင့် တည်မြဲခြင်းဟု အဓိပ္ပါယ်ဆောင်ပါသည်။ ဗိဌိကရိုဏ် ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသော အဖျက်လုပ်ငန်းများအားလုံးအတွက် ၎င်းတို့အား အထူးသင့်လျော် စေပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄း၀၇)နာရီမှ ညနေ(၁၄း၅၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ ကလေးထမင်းခွန့်ခြင်း၊ ပန်းချီ ၊ပန်းပု၊ ကျောက်ဆစ်လုပ်ငန်း ကောင်သည်။ (မူလနက္ခတ် စန်းယှဉ်သော အခါတွင်ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ သင်ဟာ အလုပ်ကြိုးစားသူ၊ စနစ်တကျ၊ ဉာဏ်ရည်ထက်မြက်ပြီး အစွမ်းထက်တယ်။ အချို့က သင့်အား သူတစ်ပါးက အလွန်ကြွားဝါတက်သူ တစ်ဦးအဖြစ် သက်မှတ်တတ်ပြီး တစ်ခါတစ်ရံ ထိုအကြောင်းအရာများသည် မိမိ၏ စိတ်ဆန္ဒ လိုအင်များ ဆုံးရှုံးမည်စိုးခြင်းနှင့် ဆက်စပ်နေတက်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ထားကောင်းကြပါတယ်။ ဒီနေ့မွေးရင်သွေးများဟာ ဘဝအောင်မြင်မှုအားကြီးကြသူတွေဖြစ်ပါ တယ်။ ကိုယ်ပိုင်စီးပွားနဲ့အောင်မြင်လွယ်ပါတယ်။ ဝန်ထမ်းအလုပ်ကိုတော့ အထူးရှောင်သင့်ပါတယ်။ဘ၀မှာ ခေါင်း ဆောင်၊ အကြီးအကဲ ဖြစ်ဖို့ကံ သည် အထူးအား ကောင်းနေတာက သူ့ရဲ့ထူးခြားတဲ့ကံပါပဲ။ ငွေကြေးနဲ့ ပညာ အတွက် လည်း ….အင်အားကောင်းမွန်သော ဇာတာရှင် ပါ။သို့သော် ပညာသင်ကြားရေးပိုင်းမှာတော့ နဲနဲ …ဂရုစိုက်ပေးရပါမယ်။ ပညာရေးတွင် လိုင်းရွေးခြယ်မှု မှားယွင်းခြင်း၊ နေရာပေးမခံရသဖြင့် စသည်ဖြင့်ကံလေးတွေကိုတော့ မုချ ရင်ဆိုင်ရ ပါလိမ့်မယ်။ဘ၀ရဲ့ဒုတိယအရွယ်ဖြစ်တဲ့ အသက် ၂၈ ကစလို့ ဘဝက တဟုန်းထိုးအောင်မြင်သွားတတ်ပါတယ်။ သင်သည် ရေတိုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် ရန် စိတ်ဝင်စားမှု သိပ်မရှိတတ်ပဲ ရေရှည်အားထုတ်ခြင်းသည် စိတ်ကျေနပ်မှုအရှိဆုံးဆုလာဘ်များ ယူဆောင်လာ ကြောင်း အလိုလိုသိနေပါသည်။ သင်ဟာ ဖော်ရွေတဲ့သူတစ်ယောက်ဖြစ်ပြီး သင့်ကိုယ်သင် မယုံနိုင်လောက်အောင်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှုများကြောင် တခြားသူတွေက သင့်ကို အလွယ်တကူ လေးစားလာစေပါတယ်။ လူတွေ က ယေဘူယျအားဖြင့် မင်းရဲ့ဘဝအတွက် ရိုးရှင်းတဲ့ချဉ်းကပ်မှုအပြင် မင်းရဲ့လက်တွေ့ကျပြီး ခိုင်မာတဲ့စိတ်ကိုလည်း တန်ဖိုးထားကြပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၃) နာရီမှ မွန်းလွဲ(၁း၃၇)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာ ထချိန်တွင် အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အနုတ္တရော ပုရိသ ဓမ္မသာရတိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695