loading

23.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 23.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလဆန်း(၁၃)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၃)လုံးအနေဖြင့် အောင်မြင်ခြင်းကို သယ်ဆောင်လာသော တီထိနေ့ဖြစ်၍ စာပေ၊ အနုပညာ လုပ်ငန်းများ၊ အိမ်ထောင်ပြုခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားခြင်း၊ အသင်းအဖွဲ့များ ဝင်ရောက်ခြင်း၊ အဝတ်အစားနှင့် ပတ်သက်၍ လုပ်ဆောင်ခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ကောင်းသောနေ့ ဖြစ်နေပါသည်။ သို့သော် တပည့်သစ် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်းများကိုမူ ရှောင်ရှားသင့်ပါသည်။ ဇေယျာ တီထိမျိုးဖြစ်၍ လက်နက် ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများ ပြုလုပ်ခြင်း၊ စစ်သားစုဆောင်းခြင်းများ၊ တစ်နည်းအားဖြင့်ဆိုသော် မိမိနှင့်  မိမိအဖွဲ့အစည်း အင်းအားတောင့်တင်း ထက်မြက်၊ ကြီးမားစေရန် လုပ်ကိုင်သည့် မည်သည့်ကိစ္စကိုမဆို လုပ် ဆောင်နိုင်ပါသည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ၊ အလံ၊ အလံနှင့်ပတ်သက်သော အသင်းအဖွဲ့လုပ်ငန်းများ ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်နေပါသည်။

ယနေ့ နံနက်(၇း၂၆)နာရီအတွင်း ရေတွင်း၊ ရေကန်တူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ရှင်ပြု၊ သိက္ခာထပ်၊ စေ့စပ်၊ လက်ထပ်၊ ပန္နက်ရိုက်၊ တိုင်ထူ။ တိုက်ခန်းဝယ်၊  ကုမ္ပဏီထူထောင်၊  ခွဲစိတ်ကုသမှုခံယူခြင်း၊ နာမည်မှည့်၊ ကင်ပွန်းတပ်၊ တွေ့ဆုံဆွေးနွေးခြင်းများ၊ အစုရှယ်ယာဝင်ခြင်း၊ ထီထိုး၊ ဘဏ်စာရင်းဖွင့်၊ သစ်ပင်စိုက်၊  မျိုးစေ့ချ၊ ရေကြောင်းခရီးသွားလာခြင်းများ အထူးကောင်းပါတယ်။

ဒီနေ့ဟာ ဣန္ဒယုဂ် ကျရောက်နေသောကြောင့် သိကြားမင်း (အကြီးအကဲ)ဟု အဓိပ္ပါယ် သက်ရောက်နေပါသည်။ ကုသိုလ် ကောင်းမှုအားလုံးအတွက် အထူးကောင်းမွန်နေပါသည်။ ကောလဝါကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာ တည်မြဲနေမည့်အရာများကဲ့သို့သော ပုံသေလုပ်ထားသည့် အရာများအားလုံးအတွက် အထူးကောင်းမွန် နေပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၁၆)နာရီမှ မွန်းလွဲ(၁၄း၀၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာ အဒြနက္ခတ်ဖြစ်တာမို့ ဘုရားစေတီ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ တံခွန်တိုင်တည်ခြင်း၊ အလံ ထူ ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းတည်ဆောက်ခြင်း၊ နတ်ကွန်းနတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်း ဆောက် ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မုခ်ဦး ပြဿာဒ်တည်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော် ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသော ရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုးအသစ်ထိုးခြင်း၊ အာကာသသို့ လွှတ် တင်ရသော လုပ်ငန်းများ၊ လေယာဉ်ပျံသန်းခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများ ဆွတ်ခူး ခြင်း ဆောင် ရွက် လို့ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူသည် လက်တွေ့ကျသော စိတ်ကူးယဉ်ဆန်သူဖြစ်သည်။ သင့်တွင် ခက်ခဲကြမ်းတမ်းမှုများနှင့် ကြုံတွေ့နေ ရသော် လည်း အဆုံးသတ်မှာချောမွေ့အောင်မြင်မှုကိုရရှိနိုင်တဲ့သူပါ။ သတိထားရမှာကလွယ်ကူစွာ စိတ်တိုဒေါသဖြစ် ခြင်းများ မကြာခဏ ဖြစ်ပေါ်နေတတ်သည်။ သင်သည် စည်းရုံးရေးတွင် ထူးချွန်သော်လည်း အခြားသူများက သင့်စနစ်ကို နားလည်ရန် အကူအညီ လိုအပ်ပေမည်။ သင်၏ အားသာချက်မှာ ငွေကိုစီမံခန့်ခွဲခြင်းကိစ္စများတွင် အထူးကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ အလွန်ပင် ဉာဏ်ရည်ထက်မြက်ပြီး စွယ်စုံရရှိသူဖြစ်ပြီး၊ သင်သည် ခိုင်မာသော စီးပွားရေးသမားတစ်ဦးဖြစ်သည်။ ဘာတွေပဲဖြစ်ဖြစ် အာရုံစိုက်ခြင်းက သင့်အား အောင်မြင်မှု ပိုမိုရရှိစေကြောင်း နောက်ဆုံးတွင် သင်သိရှိလာနိုင်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် စိတ်ခက်ထန်ကြသူတွေဖြစ်တယ်။

 မဟုတ်တာလာလုပ်ပါက ငုံ့ခံနေကြမည်မဟုတ် ပေ။ ဒီလိုနေ့မွေးသူတွေဟာ လက်ဝှေ့သမားများ၊အားကစားသမားများ၊ စစ်လက်နက်ကို ကိုင်တွယ်အသုံးပြုရသူများ၊ အဆောက်အဦးတည်ဆောက်သူများနှင့် စက်ပိုင်ဆိုင်ရာအင်ဂျင်နီယာ များအဖြစ် လက်တွေ့ဘဝမှာအများအပြားမြင်ရ လေ့ရှိပါတယ်။စူးစမ်းတတ်တဲ့အကျင့်လေး ပါတာမို့အရာရာသိလွယ် တတ် လွယ်ကြပါတယ်။ အတုခိုးလွယ်သူဖြစ်တာမို့ မိဘတွေကသာ ကလေးရှေ့မှာ စရိုက်ကြမ်းကြမ်းတွေထုတ်ပြရင် ကလေးစရိုက်ကြမ်းသွားနိုင်ပါတယ်။ ဒါလေးတော့ အထူးသတိထားပါ။တော်မယ်၊ ထက်မယ်၊ သွက်မယ်၊ ခေါင်း ဆောင်စိတ်ရှိမယ်။ လက်မြန် ခြေမြန် စိတ်မြန် ဇာတာအမျိုးအစားပါ။ အကျိုးစီးပွားရှာဖွေရာမှာ ထက်မြက်တဲ့ ဖွားဇာ တာ အမျိုးအစား မုချဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၀၇) နာရီမှ ညနေ(၄း၂၇)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာထချိန် “ဓမ္မံ ပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြက်မောက်သီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *