ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး မနက်(၉း၅၀)နာရီလွန်လျှင် ဗုဒ္ဓဟူးမြေခံအဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက်(၉း၅၀)နာရီ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ စိတ်ရဲ့အေးချမ်းမှုတွေ၊ တည်ကြည်ရှင်းသန့်မှုတွေကိုပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ဒီနေ့ဟာ အထူးမွန်မြတ်သောနေ့ရက်ပဲဖြစ်ပါတယ်။ အလုံးစုံသောမင်္ဂလာကိစ္စများ လဲဆောင်ရွက်လို့ကောင်းပါ တယ်။ အဆင့်မြင့် အတတ်ပညာများလေ့လာရန်အခွင့်အရေးကြုံရတတ်ပါတယ်။ ကုန် သွယ်စီးပွားရေးရာ ကိစ္စများ ဆောင်ရွက် နိုင်ပါ တယ်။ ရွှေငွေလက်ဝတ်ရတနာများဝယ်ယူမယ်ဆိုဒီနေ့ကအလွန် ကောင်းပါတယ်။
ဂါထာမန္တန်သိဒ္ဓိတင်ခြင်းတွေ၊အဓိဋ္ဌာန်ဝင်ခြင်းတွေ၊အိမ်ပြောင်းရွှေ့ခြင်းတွေ၊ အိမ်တတ်လုပ်ခြင်းတွေအတွက် အထူး ရက်ကောင်းတဲ့နေ့လဲဖြစ်ပါတယ်။ကုမ္ပဏီကိုစတင်ဖွင့်လှစ်ခြင်းတွေ၊ စက်ပစ္စည်းဝယ်ခြင်း၊ ထီထိုးခြင်း၊ငွေကြေးချေး ငှား ခြင်းတွေကိုလဲ ဆောင်ရွက်လို့သင့်ပါတယ်။ အလုပ်တစ်ခုခုမှာ ရှယ်ယာစတင်ဝင်ရောက်ခြင်းများဒီနေ့မှာစတင် နိုင်ပါ လိမ့် မယ်။
စိတ်ထဲလိုချင်နေတဲ့ငွေကြေးအကူအညီတွေ့လက်တွေ့ရလွယ်တဲ့နေ့ရက်လဲဖြစ်ပါတယ်။စိတ်နှလုံးအေးချမ်းအောင် ဆောင်ရွက်တဲ့ကိစ္စမှန်သမျှအဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းသစ်များစတင်ခြင်းတွေ၊ အလုပ်သစ်စတင်လျှောက်ခြင်း တွေအထူးကောင်းပါတယ်။ အသက်မွေးဝမ်း ကြောင်းပညာပဲဖြစ်ဖြစ်၊ ကျောင်းပညာရေးပဲဖြစ်ဖြစ် ပညာရပ်နှင့် ပတ် သက် သောအလုပ်စီးပွားများအထူးကောင်း ပါတယ်။
ဒီနေ့ဟာ ဝိသကုမ္ဘယုဂ် ကျရောက်နေပြီး အဆိပ်အိုးဟု အဓိပ္ပါယ်သတ်မှတ်ထားသောကြောင့် မကောင်းသော ယောဂ ဖြစ်နေ ပါသည်။ ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ရန် လုံးဝမသင့်လျော်ပါ။ ဂရဇံကရိုဏ်း ကျရောက်နေသော ကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းမွန်နေပါတယ်။ တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများနှင့် အိမ်များ၊ အဆောက်အဦးများ၊ ဆောက်လုပ်ခြင်း စသည်ဖြင့် သင့်လျော်မှုအရှိဆုံး ဖြစ်နေ ပါ သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၃၀)နာရီမှ မွန်းလွဲ(၁၂း၂၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မိဂသီ နက္ခတ်သည် ခရီးများ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ ဖောင်ဒေရှင်း များအတွက် သင့်တော်ပါသည်။ ဤနက္ခတ်သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်၊ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့်လည်မှု၊ ပွဲတော်များ၊ လယ်ယာ လုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက်ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်းကျားကုလားအုတ်၊ နွားစ သည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ရေ မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်း နှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များပြု လုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့်မိမိတို့ဆွေမျိုး သား ချင်း တွေ ပြန်ဝင်စားတဲ့ လူဝင်စားလေးတွေဖြစ် လေ့ရှိကြပါတယ်။ အတိတ်ကံအကျိုးပေးကောင်းပြီးတော့ ကောင်း သောကုသိုလ်တရားတွေ ရှိကြသူတွေဖြစ်ပါတယ်။ ဘာသာရေးလိုက်စားပါက တရားထူးတရားမြတ်ကိုရရှိနိုင်တာကို တွေ့ရပါတယ်။ငွေကြေးကံသင့်တင့်ကောင်းမွန်ကြပြီး မိမိတို့ ငွေကြေးလိုအပ်ရင်တော့ ပေးမဲ့ကမ်းမဲ့ ချေးမဲ့ငှားမဲ့သူတွေ ပေါများတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။ စစ်လက်နက်နဲ့ ဓာတ်မတည့်တာမို့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ဝင် ရောက်လုပ်ကိုင်ခြင်းမျိုးအထူးရှောင်သင့်ပါတယ်။ ဒီနေ့မွေး ရင်သွေးငယ်များတွင် ကြီးမားသောကိုယ်ရည်ကိုယ်သွေးများကို ပိုင်ဆိုင်ထားပြီး အလွန်စိတ်ရှည်သည်းခံတတ်သူဖြစ် ပါသည်။ အရာရာကို ချက်ချင်းဆုံးဖြတ်လုပ် ကိုင်မှုများကြောင့် အောင်မြင်မှုများ ရရှိပါသည်။ သင်သည် မိမိထက် သူတစ်ပါး၏ အရေးကိစ္စများကိုသာ အမြဲ အလေးပေး ဆောင်ရွက်သူ တစ်ဦးဖြစ်ပါသည်။ သင်၏ ချစ်မြတ်နိုးသူအတွက် အမြဲပျော်ရွှင်တက်ကြွစေတတ်သူ တစ်ဦး ဖြစ် ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားပြီး အရာရာကို ပိုမိုကောင်းမွန် အောင် သင်၏အရည် အချင်း များဖြင့် ဖန်တီးတည်ဆောက် နိုင်ပါသည်၊ အမြဲလိုလို တစ်ခုထက်မကသော လုပ်ငန်း များ ကို အာရုံစိုက်နေ နိုင်သူမျိုးတွေဖြစ်ပါသည်။ ပုံမှန်လုပ်နေကျ လမ်းရိုးလမ်းဟောင်းကို ဖယ်၍ ဆန်းသစ်မှုများဖြင့် ဘဝ ကို တည်ဆောက်နိုင်ပါလိမ့်မည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၇) နာရီမှ နံနက်(၉း၂၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ စိမ်းပြာရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန် မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချော မွေ့ပါ လိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်မုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695