loading

22.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 22.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆန်း(၁၃)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၃)လုံးအနေဖြင့် အောင်မြင်ခြင်းကို သယ်ဆောင်လာသော တီထိနေ့ဖြစ်၍ စာပေ၊ အနုပညာ လုပ်ငန်းများ၊ အိမ်ထောင်ပြုခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားခြင်း၊ အသင်းအဖွဲ့များ ဝင်ရောက်ခြင်း၊ အဝတ်အစားနှင့် ပတ်သက်၍ လုပ်ဆောင်ခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ကောင်းသောနေ့ ဖြစ်နေပါသည်။ သို့သော် တပည့်သစ် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်းများကိုမူ ရှောင်ရှားသင့်ပါသည်။ ဇေယျာ တီထိမျိုးဖြစ်၍ လက်နက် ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများ ပြုလုပ်ခြင်း၊ စစ်သားစုဆောင်းခြင်းများ၊ တစ်နည်းအားဖြင့်ဆိုသော် မိမိနှင့်  မိမိအဖွဲ့အစည်း အင်းအားတောင့်တင်း ထက်မြက်၊ ကြီးမားစေရန် လုပ်ကိုင်သည့် မည်သည့်ကိစ္စကိုမဆို လုပ် ဆောင်နိုင်ပါသည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ၊ အလံ၊ အလံနှင့်ပတ်သက် သော အသင်းအဖွဲ့လုပ်ငန်းများ ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်နေပါသည်။ ဒါကြောင့်ဒီနေ့မှာ အခက်အခဲတွေကောင်းစွာ ကျော်လွှားနိုင် ပါတယ်။ ဘာလုပ်လုပ်ရဲရဲရင် ဆိုင်ပြီးတော့ ရဲရဲရှေ့တိုးလုပ်ကိုင်မှအဆင် ပြေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက် ပြီးတော့လဲ သမားတော်ကောင်း တွေနဲ့ တွေ့ရကြုံရတတ်ပါတယ်။

အသင်းအဖွဲ့တွေမှာဝင်ရောက်တာမျိုးတွေအထူးကောင်းပါတယ်။ စာပေနှင့်စာနယ်ဇင်းလုပ်ငန်းများကိုလဲ ဦးစားပေး ဆောင် ရွက်သင့်ပါတယ်။ အောင်မြင်ခြင်းကိုပေးစွမ်းတဲ့တီထိဖြစ်တာကြောင့် အရာရာနောက်တွန့်နေတာမျိုးမလုပ် ဘဲရဲရဲရှေးတိုး ဆောင်ရွက်ပါ။

အရောင်းအဝယ်အလုပ်များ၊ကုန်သွယ်မှုလုပ်ငန်းများ အထူးကောင်းပါတယ်။ အထိုင်မဟုတ်ဘဲ လှုပ်ရှားနေရတဲ့ အငြိမ် မနေ ရတဲ့အလုပ်တွေပိုမိုတိုးတတ်မဲ့နေ့ရက်ပါပဲ။ ကုမ္ပဏီများ မိမိဝန်ထမ်းတွေကို စွမ်းရည်မြင့်အောင် သင်တန်းတွေ ပေးသင့်တဲ့ နေ့ရက်ပါပဲ။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက်နိုင်ပါ လိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ သောဘဂျယုဂ် ကျရောက်နေပြီး ကံကောင်းခြင်းဟု အဓိပ္ပါယ်ဆောင်သောကြောင့် ကောင်းသောကိစ္စများ အားလုံး အတွက် အထူးကောင်းမွန်ပါသည်။ တေထိလကရိုဏ် ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့် ပတ်သက် သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ အတွက် အထူးကောင်းမွန် ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၁၈)နာရီမှ မွန်းလွဲ(၁၂း၁၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဖုသျှ နက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ပေါ့ပါးပြီး လျင်မြန်သော နက္ခတ် ဖြစ်ပြီး အားကစား ဇိမ်ခံပစ္စည်းများ၊စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှုများ၊ အလှဆင်ခြင်း၊ အနုပညာလက်ရာများ လေ့ကျင့်ခန်းနှင့်ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦး / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့်တင်ခြင်း၊ နန်းထက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်းများ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေများစွာမကြုံရဘဲ ဘဝကိုသက်သောင့်သက်သာဖြတ်သန်းရသူတွေဖြစ်ပါ တယ်။ ကိုယ်တိုင်က အစွမ်းအစ မရှိသူဖြစ်ရင်တောင် မိဘအထောက်အပံ့ရတတ်သလို၊အိမ်ထောင်ပြုရင်လဲ အိမ်ထောင် ဘက် ရဲ့ ကြိုးစားမှုကြောင့် တင့်တောင်းတင့်တယ်နေရတတ်သူပါပဲ။ ပညာကံအားကောင်းသူတွေဖြစ်ကြပြီး တော့ အားနည်းချက်က အမြဲတမ်းသံသယစိတ်၊တွေဝေဒွိဟစိတ်တွေများပြားနေတတ်တာကိုတွေ့ရပါတယ်။ အသက် ၁၉နှစ်နောက်ပိုင်းကာလတွေကစလို့ ဘဝရဲ့အောင်မြင်မှုကို ငယ်ရွယ်စဉ်ကတည်းက ထိတွေ့ခွင့်ရတာကိုတွေ့ရပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များသည် အလွန်သိမ်မွေ့ပြီး မိမိကိုယ်ကျိုးထက် အခြားသူများ၏ ကောင်းကျိုးချမ်းသာကို အထူးအလေးထားဆောင်ရွက်တက်သူ ဖြစ်ပါတယ်။ အမြဲလိုလို သူတစ်ပါးနှင့်မတူ တစ်မူထူးခြားသော အကြောင်း အရာ များနှင့်သာ ဘဝရပ်တည်ရင် အကောင်းဆုံး အောင်မြင်မှုများကို ရယူနိုင်သူ ဖြစ်ပါသည်။ သင့်စိတ်ကူးများသည် ထူးခြားပြီး တီထွင်ဖန်တီးနိုင်သောကြောင့် သူတစ်ပါးအားလည်း ကူညီစောင့်ရှောက်ရင်း အောင်မြင်မှုပန်းတိုင်ကို အတူတကွရယူရန် အမြဲပင်ကြိုးစားနေတက်ပါသည်။ သင်သည် အလွန်ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖွယ်ကောင်း နိုင် သည်။ ဘဝမှာ သင်ရွေးချယ်တဲ့ အရာတော်တော်များများဟာ သင်နှင့် သင့်ပတ်ဝန်းကျင်အတွက် အထူးအကျိုး ပြုပေး နိုင်သူများ ဖြစ်ပါလိမ့်မည်။ ဝါသနာကို အလုပ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၇) နာရီမှ ညနေ(၃း၁၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန် အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သရက်ချဉ်သုပ်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *