ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆုတ်(၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် နှင့် တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေ့ရက်မှာ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းစတဲ့ အလှူနဲ့ပတ် သက်သောကိစ္စ တွေ အထူးဆောင်ရွက်နိုင်ပါတယ်။
ဆံသခြင်း၊ဆံဖြတ်ခြင်း၊ခေါင်းဆေးခြင်းတွေလဲ ဆောင်ရွက်ခြင်းဖြင့်ကံတွေမြင့်လာတတ်ပါတယ်။လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း များ၊ ဆေးဝါးဖော်စပ်ခြင်းအလုပ်များ၊အထူးတိုးတတ်နေပါလိမ့်မယ်။ သောကြာဂြိုဟ်စိုးမိုးတဲ့နေ့ ရက်လဲဖြစ် တာကြောင့် ခန်းဝင်ပစ္စည်းများ၊ပရိဘောဂများဝယ်ယူတာမျိုးတွေ ၊ အိမ်တွင်းအလှအဆင်တာမျိုးတွေလဲ အထူးဆောင် ရွက် လို့သင့်ပါတယ်။ မိသားစုအပျော်ခရီးသွားခြင်းများ၊ မိတ်ဆွေတွေနဲ့ဖျော်ဖြေရေးပွဲများကျင်းပခြင်း တွေအထူး ကောင်း ပါတယ်။
အနုပညာလုပ်ငန်းများ၊ရုပ်ရှင်နှင့်သရုပ်ဆောင်လုပ်ငန်းများအထူးတိုးတတ်ပါတယ်။ အဝတ်အထည်ကောင်း များ ဝယ်ယူခြင်းတွေဒီနေ့မှာကောင်းပါတယ်။ အဝတ်ဒီဇိုင်းများချုပ်လုပ်ခြင်းတွေစတင်ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ ပဲ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံထားတဲ့ပစ္စည်းတွေဈေးကောင်းရရှိမဲ့နေ့ရက်ပါပဲ။ မြုပ်နှံထားသောပစ္စည်းများ ဈေးကောင်း ရပါလိမ့်မယ်။ စတင်ဆောင်ရွက်သောကိစ္စမှန်သမျှအနှောက်အယှက်ကြုံပြီးမှ အဆင်ပြေတတ်ပါ တယ်။
အခက်အခဲပြဿနာတွေရှိရင်တော့ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ရပိုင်ခွင့်တွေကိုတောင်းဆိုလို့ ကောင်းတဲ့နေ့ ရက်ပါပဲ။အကြီးအကဲတွေနဲ့တွေ့ဆုံပြီး တင်ပြစရာကိစ္စတွေကိုတင်ပြတောင်းခံသင့်တဲ့နေ့ရက်ပါပဲ။
ကျောက်မျက်ရတနာများ၊ရေနံနှင့် ဓာတ်သတ္တုတူးဖော်ခြင်းများ စတင်လို့ကောင်းတဲ့နေ့ရက်မျိုးပါပဲ။ ရွှေလုပ် ငန်းများ တိုးတတ်မှုတွေကြုံရပါလိမ့်မယ်။မြေသန့်ခြင်းကိစ္စများကိုလဲ ဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ အချစ်ရေး မေတ္တာ ရေး ကံကောင်းပါတယ်။ ချစ်စကားများ ပြောဆိုခြင်းများပြုလုပ်သင့်တဲ့နေ့မျိုးပါပဲ။
ဒီနေ့ဟာ ဓိတိယုဂ် ကျရောက်နေပြီး တည်ငြိမ်ခြင်းဟု အဓိပ္ပါယ်ဆောင်သောကြောင့် ကောင်းသောကိစ္စရပ်များအတွက် အထူးကောင်းမွန်ပါသည်။ တေထိလကရိုဏ်းကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ် ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့်၊ အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်း မွန်ပါသည်။
ဒီနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၀၂)နာရီမှ နေ့လယ်(၁၁း၅၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ် ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း နတ်စင်တည် ဆောက် ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေ ကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း ၌ဝတ်ဆင်ရသောရတနာများဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက် သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်း နှင့်အထက်သို့ လွှင့်တင် ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ၊ ကောင်းသည်။ (ဥတ္တရဖလဂုဏီ နက္ခတ်စန်း ယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဥတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကုမ်ရာသီဖွားဖြစ် ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ငွေကြေးကံကောင်းကြပါတယ်။ ကိုယ်တိုင်မရှာနိုင်ရင်တောင်မှ ငွေကြေး ထောက်ပံ့ နိုင်သူတွေအများအပြားရှိနေတတ်ပါတယ်။ ကျန်းမာရေးကတော့ ခြူခြာတတ်တာကိုသတိထားရမယ်။ အသက် ၂၄ကနေ အသက်၄၀အတွင်းကာလတွေမှာတော့ အအောင်မြင်ဆုံးဘဝကိုဖန်တီးနိုင်ပါလိမ့်မယ်။ နာမည်ကို တနင်္လာ အစ အင်္ဂါအဆုံးပေးလိုက်မယ်ဆိုရင်တော့ ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ တွန်းအားဖြစ်စေပါတယ်။ တစ်စုံတစ်ဦးကို လျင်မြန်စွာ၊ မျှမျှတတ၊ တိကျစွာ တိုင်းတာသည့်အခါတွင် သင်၏ပင်ကိုယ်ဉာဏ်သည် တိကျစွာ အထောက်အကူပေးနိုင်ပါသည်။ နေရာထိုင်ခင်း ဘယ်သောအခါမှမမြဲပဲ ပြောင်းလည်းနေထိုင် ရကံပါရှိ တတ် ကြပြီး ..တစ်ချို့တွေကတော့ စကားအပြောအဆို နဲ့ ဘာသာစကားပညာရပ်တွေမှာ သဒ္ဒါပိုင်းမှာအထူးကျွမ်းကျင် လိမ္မာတတ် ကြပြန်ပါတယ်။စိတ်ကူးယဉ်သမားတစ်ဦး ဖြစ်သောကြောင့် အရာရာတွင် စိတ်ကူးနှင့် လက်တွေ့ ထပ်တူမကျခြင်းများ ကြုံတွေ့နေရတတ်ပါသည်။ ရည်မှန်းချက်များအောင်မြင်ရန် ကြိုးစားအားထုတ်မှုကို ယုံကြည်သော စိတ်ကူးအိပ်မက် ကို အကောင်အထည်ဖေါ်နေသူတစ်ဦးလည်းဖြစ်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၄) နာရီမှ နံနက်(၉း၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် နှင့် အပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန် မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695