loading

28.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 28.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆုတ်(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် နှင့် တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများ ခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။ သို့သော်ရက်ယုတ်မာဖြစ်တာမို့ ရှောင်လိုက်တာပိုကောင်းပါတယ်။

ဒီနေ့ဟာ ရက်ယုတ်မာ၊ သမားညို၊ မဟာရက်ကြမ်း ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ရန်ဓာတ်သဘောဆောင်တဲ့တီထိ၊ ဗလာ နတ္ထီသဘောဆောင်တဲ့ ရိတ္တာတီထိကျရောက်တဲ့နေ့ရက်ပါ။ ဒါကြောင့်လဲ စနေဂြိုဟ်တွေစိုးမိုးနေတဲ့နေ့ရက်ပါ

အနုစိပ်အသေးစိပ်လုပ်ကိုင်ရသော အလုပ်စီးပွားများ အောင်မြင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ မိမိတို့ ရစရာရှိတဲ့ ငွေ ကြေး တွေ ၊လက်လွန်ထားတဲ့ငွေကြေးတွေရှိရင် ဒီနေ့မှာ ပြန်လည်တောင်းခံလို့ကောင်းတဲ့နေ့ရက် ပါပဲ။ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်ကိုင်ရသော စီးပွားရေးများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများလဲအဆင်ပြေတတ်ပါ တယ်။

အနိဌသဘောဆောင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဓားလှံလက်နက်များထုတ်လုပ်တဲ့အလုပ်များ၊ ခဲယမ်းမီး ကျောက်နဲ့ ပတ် သက်သောအလုပ်များ၊ ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ ရန်သူအား ဖမ်းဆီး ခြင်း၊ လက်နက်သုံးစွဲခြင်းများပြုလုပ်နိုင်တဲ့နေ့တစ်နေ့ပါပဲ။အိမ်ဆောက်ပစ္စည်းများရောင်းဝယ်ခြင်း၊ အထူးကောင်းပါတယ်။ ကုန် ပစ္စည်းများဝယ်လှောင်ခြင်း၊ ရင်းနှီးမြုပ်နှံခြင်း များလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

 ဂီတနှင့်ပတ်သက်ပြီး သံစဉ် အသစ်များရှာခြင်း၊ သီချင်းရေးခြင်းများလဲ ဆောင်ရွက်လို့ ပေါက်မြောက်ပါလိမ့်မယ်။ ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ Instrumentပစ္စည်းများစတင်ဝယ်ယူလို့အလွန်ပဲကောင်းပါတယ်။  တွင်းထွက် ပစ္စည်း များ၊ရတနာတူးဖော်ခြင်းများ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ 

ပျိုးကြဲခြင်း၊ မျိုးစေ့ချခြင်းများလဲဆောင်ရွက်လို့ကောင်းပါတယ်။ ပြည်တွင်းပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ အတွက်စတင်ပြီး အင်တာဗျူးတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ အလှူမင်္ဂလာကိစ္စတွေဖြစ်တဲ့ရှင်ပြုခြင်း၊နားသ ခြင်း၊ ပဉ္ဖင်းခံခြင်းများလဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

ဒီနေ့ဟာ ကဠယုဂ် ကျရောက်နေပြီး အန္တရာယ်ဟု အဓိပ္ပါယ်ဆောင်သောကြောင့် ကုသိုလ်ကံမကောင်းခြင်းကို သက်ရောက် နေပါသည်။ ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်း ဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုပါသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှု ဆိုင်ရာ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၁၀း၅၅)နာရီမှ နေ့လည်(၁၁း၅၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

စိတြနက္ခတ်ဖြစ်တာကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ငွေကြေးကံအားကောင်းကြသူတွေဖြစ်ပါတယ်။ စီးပွားကိုတစ်မျိုးမကဘဲ ကျယ်ပြန့် စွာရှာနိုင်သူတွေဖြစ်ပါတယ်။ အလုပ်နှစ်မျိုးသုံးမျိုးလုပ်ရခြင်း၊အလုပ်တစ်ခုထဲကိုပဲဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်လုပ်ကိုင် ရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ စီးပွားရေး ငွေကြေးကံ ပညာရေး အထူးကောင်းတဲ့ ဇာတာရှင်ပါပဲ။  အဲ……အား နဲချက် ကတော့ မေတ္တာရေးပါပဲ။ ဘယ်လိုနည်းနဲ့ပဲတွက်တွက် ….မေတ္တာရေးကံအားနဲချက်ကတော့ အနဲနဲ့အများ ရင် ဆိုင် ကြရမယ့်ကလေးငယ်ပါ။ အချစ်ရေးကံခေတတ်ခြင်း ၊ ချစ်သူကသစ္စာမဲ့ခြင်းမျိုးတွေကြုံရပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မွေးရင်သွေးများဟာ မိန်းကလေးဖြစ်မယ်ဆိုရင်နာမည်ပေးမမှားအောင် သေချာမှည့်ပေးဖို့လိုပါတယ်။ နာမည်ကို ဗုဒ္ဓဟူးအစ တနင်္လာအဆုံးနာမည်တွေကိုအထူးရှောင်ပြီးမှည့်စေချင်ပါတယ်။ဒီနေ့မွေး ရင်သွေးငယ်များသည် အသိပညာအတွက် အလွန်တောင့်တနေပြီး သင့်ဉာဏ်ရည်ကို အသားပေးပြီး အရေးကြီးသော ပရောဂျက်များတွင် အသုံးချသင့်ပါတယ်။။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၄၈) နာရီမှ မွန်းလွဲ(၁း၄၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန် အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အနုတ္တရော ပုရိဿ ဓမ္မသာရတိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထောပတ်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *