ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁း၃၀)နာရီအထိ မိတ္တုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီး သား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက် တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရနေ့လယ် ၁နာရီခွဲနောက်ပိုင်း ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၃၀)နာရီအထိ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁)လုံး ပျော်ရွှင််ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ လပြည့်တီထိအနေဖြင့် တည်ငြိမ်၊ အေးချမ်း၊ ပျော်ရွှင်မှုကို ပေးစွမ်းသော တီထိဟု သက်မှတ်ပြီး မင်္ဂလာမျိုးစုံ ပြုလုပ်ရန် သင့်တော်သော တီထိဖြစ်ပါသည်။ အာဟာရစတင်ကျွေးခြင်း၊ အပင်များ ဓါတ်မြေဩဇာကျွေးခြင်း၊ ဘုရားကျောင်းသွားခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ပန်းချီ၊ ပန်းပု ထုလုပ်ခြင်း၊ အိမ်၊ စစ်ရေးနှင့်ပတ်သက် သော လုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး လိင်နှင့်ပတ်သက်သော လုပ်ငန်းများဖြစ်သော ဆီလိမ်းကျံ နှိပ်နယ်ခြင်း၊ ပညာသင် တပည့်သစ် လက်ခံခြင်းများများကို မလုပ်ဆောင်သင့်ပါ။ သေဆုံးပြီးခဲ့သော မိဘ၊ ဘိုးဘွားများအား ပူဇော်၊ ကန်တော့ ရန် သင့်တော်သောနေ့ ဖြစ်နေပါတယ်။ ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိ ဖြစ်ပြီး ကြာသပတေး စိုးမိုးခြင်းအားဖြင့် အိမ်ထောင်ပြုခြင်း၊ တပည့်လက်ခံခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက်ခြင်း၊ အစိုးရသစ်များ ကျမ်း သစ္စာကျိန်ဆိုခြင်း စသောလုပ်ငန်းများကို ဆောင်ရွက်ရန် သင့်တော်သော တီထိ ဖြစ်ပါသည်။ မွန်းလွဲ ၁နာရီခွဲ ကျော်ရင်တီထိ(၁)လုံးသည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ အိမ်ဆောက်၊ အိမ်ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာ ပြုခြင်း၊ ရဟန်းခံရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ လယ်ယာ စိုက်ပျိုးရေး၊ မေ့ဆေးပေးခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆီးလိမ်းကျံခြင်း၊ အိပ်ယာ၊ ကုတင်၊ ဧည့်ခန်း၊ ဆိုဖာ၊ ကုလားထိုင်များ ဝယ်ယူအသစ်လဲခြင်း၊ ပန်းပုထုခြင်း၊ သစ်ပင်ခုတ်ဖြတ်ခြင်း၊ အမွှေးနံ့သာ၊ ပန်းမာလာများ စီခြယ်သော Decoration များ ပြုလုပ်နိုင်ပါသည်။
ယနေ့သည် မည်သည့်အလုပ််ကိုမဆို ပြီးမြောက်အောင်မြင်စေနိုင်သော ပုဏ္ဏာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန်၊ ဆောက််လုပ်ရေးလုပ်ငန်း၊ ရာထူးလက်ခံခြင်း၊ အလုပ်စတင်ခြင်း၊ ဝိဉာဉ်ရေးဆိုင်ရာ အခမ်းအနားများ၊ အိမ်မှုကိစ္စများနှင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို စတင်ရန် အထူးကောင်းမွန်ပါသည်။
ယနေ့သည် ကြီးပွားခြင်းကို ကိုယ်စားပြုသော ဝုဒ္ဓိယုဂ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကောင်းသောကိစ္စရပ် များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်နေပါသည်။ ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဉတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးဖွားသူများသည် အပျော်သဘော၊ စိတ်အားထက်သန်ပြီး အခြားသူများနှင့်မတူ အလွန်ထူးခြားနေတက် ပါတယ်။ မိမိဟာ “တစ်သန်းမှာ တစ်ဦး” ထူးခြားလွန်းသူဟုပင် ဆိုစမှတ်ပြုကြပေလိမ့်မည်။ မိတ်ဆွေများက မိမိကို ပြန်ချောက်တွန်းတက်သဖြင့် အထူးသတိထားရပေမည်။ အခြားသူများနှင့်မတူ အလွန်ထူးခြားသိမ်မွေ့သော စိတ် နှလုံးသားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မိမိတွင် အရည်ချင်းကောင်းများစွာရှိ၍ ထူးခြားသော တွေးခေါ်မြော်မြင်တတ် မှုနှင့် လည်း ပြည့်စုံပါသည်။ မိမိသည် ကောင်းသော စကားစစ်ထိုးခြင်းကို နှစ်သက်ပြီး မိမိ၏ ထက်မြက်သော စိတ်ဖြင့် ယေဘုယျအားဖြင့် အခြားသူများနှင့် ယှဉ်ပြိုင်အနိုင်ယူနိုင်ပါလိမ့်မည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေဘယ်လို များများ ရင်ဆိုင်နိုင်ကြသူတွေရှိပါတယ်။ ကူညီကြသူတွေဖြစ်ပါတယ်။ မိမိအဆင်မပြေရင်လဲ ကူညီမဲ့သူတွေပေါများ တတ်ပါ တယ်။ ငွေကြေးကံကောင်းပြီးတော့ ထီဆုကြီးတွေပေါက်တတ်ပါ တယ်။ အမွေအနှစ်ရတတ်ပါတယ်။ ကျန်းမာ ရေး အား ကောင်းပေမဲ့ ငယ်ရွယ်စဉ်တွေမှာ ခြူခြာတတ်ပါတယ်။အလုပ် တွေ ကောင်းပေမဲ့ ဘဝတိုးတတ်ဖို့အတွက် အား ထည့် လုပ်ကိုင်ရတတ်ပါတယ်။အသက် ၂၄ကနေ အသက် ၄၀အတွင်း အလုပ်ကံ၊ငွေကံအထူးကောင်းကြတာ မျိုးကြုံရတတ် ပါတယ်။
ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း နတ်စင်တည် ဆောက် ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကား ထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ ဝတ်ဆင်ရသောရတနာများဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက် သွေး လောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်း နှင့်အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ၊ ကောင်းသည်။ (ဥတ္တရဖလဂုဏီ နက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ်ပြီး မြောက်အရပ်သို့ မျက်နှာမူပြီး “သံဃံ ပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မြေပဲယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
တစ်နေ့တာ အချစ်ရေး ကံတရားများ…..
တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
.တစ်နေ့တာ အကျိုးပေးအရောင်များ
တစ်နေ့တာ အကျိုးပေးဂဏန်းများ
အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း