ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၁၀)လုံးအနေဖြင့် ဒီလိုနေ့ရက်တွေမှာ အလုပ်နဲ့ပတ်သက်ပြီးလဲ အထိုင်အလုပ်ပဲဖြစ်ဖြစ်၊ လှုပ်ရှားသွားလာလုပ်ကိုင် ရတဲ့ အလုပ်ပဲ ဖြစ်ဖြစ်အလုပ်နဲ့ပက်သက် ရင်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့မှာ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ မွေးရပ် မြေကိုပြန်တဲ့ ခရီးပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက် သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေစတင်လို့အလွန်ပဲ ကောင်းတာကို တွေ့ရပါတယ်။
ဘာသာရေးနဲ့ပတ်သက်သော ဘုရားဆင်းတုတော်ထုလုပ်ကိုးကွယ်ခြင်း၊ဘုရားတည်ခြင်း၊မုခ်ဦးတည်ဆောက်ခြင်း၊ ရှင် ပြုခြင်း၊ နားသခြင်း၊ရဟန်းခံခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ပညာရပ်အသစ်များစတင်သင် ကြား ခြင်း၊ ပညာရေးနဲ့ပက်သက်ပြီးတော့ သင်တန်းဖွင့်ခြင်းတွေလဲအထူးကောင်းပါ တယ်။ ပညာရေးဝန်ဆောင်မှု လုပ်ငန်း များလဲအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်းများ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများတိုးတတ်ပါတယ်။
ပြဿနာဟောင်းများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။ အရောင်းထိုင်းပစ္စည်းများ မူလလက်ဟောင်းပစ္စည်းများ အရောင်းအဝယ် ဈေးကွက်ကောင်း သောနေ့ ဖြစ်ပါသည်။ နံနက်(၇း၃၀)နာရီမှ (၉း၀၀)နာရီအတွင်း တစ်ပါးသူပေး သောကတိကို လုံးဝမယုံစားပါနှင့်။ ကိုယ်တိုင်လည်း ကတိမပေးရပါ။
ဒီနေ့ဟာ အလုပ်ရှာ၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်မည်။ စီးပွားမြှုပ်နှံမှု အသစ်များ စတင်ရန် မသင့်ပါ။ လုပ်လက်စ လုပ်ငန်းများကို ချဲ့ထွင်ရန် ရက်ကောင်းဖြစ်နေပါတယ်။ အပြောင်းအရွှေ့ကိစ္စများ ဆောင်ရွက် ရန် အထူးကောင်းသည်။ အလှူဒါနပြုသည့်အပေါ် အနှောက်အယှက်ပြုသူများနှင့် တွေ့ရတတ်သည်။ ပစ္စည်းလှောင် ခြင်းမပြုရ။ ဆုံးရှုံးရတတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၃၈)နာရီမှ နံနက်(၈း၃၀)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မနက် ၈း၅၆မိနစ်ကစလို့မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း နံနက် (၈း၅၆)နာရီ လွန်လျှင် သိဟ်ရာသီသို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် ဘဝအပြောင်းအလဲမျိုးစုံနှင့် ဆက်စပ်နေပြီး ရလဒ်အနေဖြင့် မိမိသည် ဆွဲဆောင်မှုရှိရှိ၊ အသိပညာရှိပြီး နားလည်နိုင်စွမ်းရှိသူဖြစ်သည်။ မိမိဟာ ပြောဆိုဆက်ဆံတတ်သူ၊ ဟာသဉာဏ် ရှိသူဖြစ်ပြီး လူအများ နှင့် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံတတ်သူဖြစ်ပေမဲ့ ထူးခြားသော ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင် လမ်းကြောင်းတစ်ခုခု ရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံတွင် ပတ်ဝန်းကျင်မှသူများ ရုပ်ချည်း အံ့ဩထိတ်လန့်သွား စေနိုင်လောက်သည် စွမ်းဆောင်မှုမျိုးကိုလည်း လုပ်ဆောင်ပြတတ်ပါသည်။ မူရင်းတစ်ခုခုကို ဖန်တီးတဲ့အခါ မိမိဟာ ထူးထူးခြားခြားတီထွင်ဖန်တီးနိုင်စွမ်းရှိပြီး မိမိကိုယ်မိမိ ပျော်ရွှင်ဂုဏ်ယူနေတက်ပါတယ်။ လုပ်ရိုးလုပ်စဉ် အလုပ်အကိုင် ရာထူးများကို ရှောင်ရှားသင့်သည်။ဒီနေ့မွေးရင်သွေးဟာ မိန်းကလေးဖြစ်မယ်ဆိုရင် တော့ တတ်နိုင်သ၍ နာမည်ပေး မှန်ကန်အောင်ပေးဖို့လိုပါတယ်။ အိမ်ထောင်ရေးကံအလွန်အားနည်းတတ်လို့ပါပဲ။ ထူးခြားစွာဖြင့် သက်လတ်ပိုင်းမှာ အောင်မြင်မှုကို အကြီးအကျယ်ရတတ်ပါတယ်။ အသက် ၃၂နှစ်ထိ အိမ်ထောင်မကျ သေးပါက အိမ်ထောင်မပြုသင့် တော့ဘဲ တစ်ကိုယ်တည်းဘဝဖြင့်နေထိုင်သွားတာမျိုး အထူးဆောင်ရွက်သင့်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၃၉) နာရီမှ ညနေ(၃း၁၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီ အရှေ့အရပ်သို့ မျက်နှာမူ၍ “သံဃံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း