ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၀)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် အေးချမ်းသော တီထိဟုသက်မှတ်ပြီး အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ကခုန်၊ တီးမှုတ်၊ သီဆိုခြင်း၊ ခရီးသွားလာခြင်း၊ အိမ်သစ်တက်ခြင်း၊ စစ်ထွက်ခြင်း၊ ဆင်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ကျောက်မျက်ရတနာတို့နှင့် ဝတ်စားဆင်ယင်မှု လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အလှတန်ဆာဆင်ခြင်းများ ပြုလုပ်ရန် ရက်ကောင်းဖြစ်သည်။ အိုးအိမ်နေရာထိုင် ခင်းနှင့်ပတ်သက်သောကိစ္စများ၊ မင်းအစိုးရဌာနဆိုင်ရာနှင့်ပတ်သက်သောအလုပ်များ အထူးပဲကောာင်းပါတယ်။ ဘဏ္ဍာရေးနဲ့ပက်သက်သောကိစ္စများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။
အလှပြင်ခြင်းများ၊ အဝတ်အထည်သစ်ဝတ်ဆင်ခြင်းများစတင်လို့အထူးကောင်းပါတယ်။ ကျက်သရေမင်္ဂလာနှင့် ဆိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် လက်ထက်ထိမ်းမြားခြင်၊ စေ့စပ်ခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်းများ အထူးဆောင် ရွက်နိုင်ပါလိမ့်မယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကုန်းလမ်းခရီးများ သွားလို့အဆင်ပြေတဲ့ နေ့ရက်ပါပဲ။ လမ်းသစ်ဖောက်ခြင်းများဆောင်ရွက်နိုင်ပါတယ် ။ခွဲစိပ်ခြင်း၊ကုသခြင်းများလဲ ဒီနေ့မှာအထူး ဆောင်ရွက် နိုင်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ် အသစ်တစ်ခုလုပ်ကြည့်တာ ၊လမ်းသစ်ထွင်ကြည့် တာ မျိုးတွေ စမ်းသပ်လုပ်သင့်တဲ့နေ့ရက်ပါပဲ။
ဒီနေ့ဟာ အမြိတ္တစုတ်၊ ရသေ့ကျော် ကျရောက်နေတာ ဖြစ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၅၁)နာရီမှ နံနက်(၇း၄၂)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဥတြာသာဠ်နက္ခတ် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လိုလားတောင့်တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက်သင့်လျော် သည်။ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသောရတနာများ ဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်းနှင့် အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများကောင်းသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဉတ္တရာသဌ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် သာမန်အသိတရားနဲ့ လက်တွေ့ဆန်တဲ့သဘောတွေ အများကြီး ပိုင်ဆိုင်ထား ပါတယ်။ မိမိ တွင် ရိုးရှင်းသော ပုံစံနှင့် အေးအေးဆေးဆေး နေထိုင်တက်သည့် သဘာဝရှိသော်လည်း စိတ်ကူးဉာဏ် အလွန် ကောင်း သည်။ မိမိသည် မိမိကိုယ်ကိုမိမိ အားကိုပြီး အရာရာကို တစ်ဦးတတည်း ဆုံးဖြတ် လုပ်ကိုင်ဆောင် ရွက်တတ် ခြင်းကြောင့် အခြားသူများက အလွန်ခေါင်းမာသူတစ်ဦးအဖြစ် သက်မှတ်နိုင်ပါသည်။ မည်သည့်ကိစ္စကိုမဆို လေးနက် စွာ စဉ်းစားတွေးခေါ်တတ်ပြီး အခြားသူများကိုလည်း စာနာနားလည်ပေးတတ်သူ ဖြစ်ပါသည်။ ကြောင်းကျိုး ဆီလျော်စွာ စဉ်းစားတွေးခေါ်၍ မိမိမိသားစုနှင့်အတူ ပတ်ဝန်းကျင်ကိုပါ အကျိုးပြုသူ ဖြစ်ပါသည်။ တိရစ္ဆာန်လေးတွေ ကိုချစ်တတ် သူ၊သနား တတ်သူဖြစ်ပါတယ်။ လူအထင်သေးခံရမှာကိုတအားကြောက်ရွံသူလဲဖြစ်သည်။ ကျန်းမာရေး အားနည်း လွယ် တဲ့ ဇာတာမို့ ကူးစက်ရောဂါပေါသော နေရာတွေကို သတိနဲ့သွားပါ။ အစားအသောက်ဇီဇာကြောင်ခြင်း ကြောင့် ကျန်းမာရေးကို ထိခိုက်တတ်ပါတယ်။ မိမိကို မြေတောင်မြှောက်ပေးမဲ့ အမေ၊အမ၊ကြီးဒေါ် စသော အမျိုးသမီး အကြီးအကဲတွေရှိနေတတ်ပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလဲ ရေရှည်တက်လမ်းရှိတာကိုရွေးလုပ်ပါ။ အလုပ်မရွေး တတ်ရင် အသက်တော်တော်ကြီးတဲ့အထိ ဝေလေလေဖြစ်သွားတတ်သူပါပဲ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၄) နာရီမှ ညနေ(၄း၄၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဖက်ဖူးရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူကာ “ဓမ္မံပူဇေမိ” (၉)ခေါက်ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဂွေးသီးမဆလာ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြ ပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း