ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ အမြိတ္တစုတ်၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် အေးချမ်းသော တီထိဟုသတ်မှတ်ပြီး အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ကခုန်၊ တီးမှုတ်၊သီဆိုခြင်း၊ခရီးသွားလာခြင်း၊ အိမ်သစ်တက်ခြင်း၊ စစ်ထွက်ခြင်း၊ ဆင်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ကျောက် မျက်ရတနာတို့နှင့် ဝတ်စားဆင်ယင်မှု လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အလှတန်ဆာဆင်ခြင်းများ ပြုလုပ်ရန် ရက် ကောင်း ဖြစ်သည်။ ကံကောင်းခြင်းကို ဖေါ်ဆောင်သော ဘဒြာတီထိ အမျိုးအစားဖြစ်သဖြင့် အလှအပ အဆင် တန် ဆာများ၊ အဝတ်တန်ဆာများ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ ယာဉ်ရထား စီးနင်း၍ ခရီးသွားခြင်း၊ ယာဉ်ရထားနှင့် ပတ်သက် သော လုပ်ဆောင်ခြင်းများ၊ လမ်းဖေါက်ခြင်းနှင့် ဆီလိမ်းကျံ နှိပ်နယ်ပေးခြင်းများနှင့် သင့်တော်သည်။ ကောင်းမှုကု သိုလ်များ ပြုလုပ်ရန် အလွန်မင်္ဂလာရှိ၍ ကုသိုလ်ကောင်းမှုများ ပြုရန် အထူးသင့်တော်ပါသည်။ တီထိ(၇)လုံးတွင် အိမ်ထောင်ပြုခြင်း၊ ပညာသင်ခြင်း၊ ဉပုဒ်ထွက်ခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း၊ ခရီးသွားခြင်းနှင့် သစ်ပင်စိုက်ခြင်းများ ရှောင်ကြဉ်သင့်သည်။ ယနေ့သည် အလုပ်သစ်တစ်ခုကို စတင်လုပ်ဆောင်ရန် အထူးကောင်းမွန် သော ဘဒြာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော လှုပ်ရှားမှုများ၊ သယ်ယူ ပို့ဆောင်ရေး၊ မင်္ဂလာဆောင်၊ တေးဂီတ၊ အက၊ စကားရည်လုပွဲ၊ အလှဆင်ခြင်းနှင့် အဆင်တန်ဆာများ ဝယ်ယူခြင်း၊ ခရီးတစ်ခု၏အစ၊ စစ်ပွဲတစ်ခု စတင်ခြင်းနှင့် ကာယလေ့ကျင့်ခန်းများ စသည်တို့ကို စတင်လုပ်ဆောင်သင့်သည်၊။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၅၆)နာရီမှ နံနက်(၆း၄၇)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်း ဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ နတ်ကွန်း /နတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ကျောက် သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ ဘုံပြဿဒ်များ၊ အလှူမင်္ဂလာ မဏ္ဍပ်ဆောက်ခြင်း၊ းလေယဉ်ပျံသန်းခြင်း၊ အိမ်အမိုးများပြင်ခြင်းနှင့် အထက်သို့လွှင့်တင်ရမည့်လုပ်ငန်းများ၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်(ဖုသျှ နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် တီထွင်ဖန်တီးနိုင်စွမ်းလွန်ကဲသူ၊ အလွန်ထက်မြက်ပြီး ခိုင်မာတဲ့လုပ်ငန်းကို တတ် ကျွမ်း သူလည်း ဖြစ်ပါတယ်။ မိမိရဲ့ အကြံဥာဏ်၊ အယူအဆ တော်တော်များများက အရမ်းတန်ဖိုးကြီးမား လောက် အောင် အသုံးဝင်တိကျတတ်ပါတယ်။ သူတစ်ပါးနှင့်မတူသော ရှုထောင့်မှ အမြဲကြည့်မြင်သုံးသပ်တတ်သူ ဖြစ်၍ သမားရိုးကျ တွေးခေါ်ပုံအရတော့ မိမိဟာ ပုံမှန်လမ်းရိုးလမ်းစဉ် တွေးခေါ်မှုကို မြန်မြန်ငြီးငွေ့လာစေပါတယ်။ သို့သော် ပုံမှန်အားဖြင့် အများအနှင့်မတူ လမ်းရိုးလမ်းစဉ်မှ ခွဲထွက်၍ သီးခြား အောင်မြင်တိုးတက်နိုင်သူ ဖြစ်ပါတယ်။ မိမိဟာ အရာရာကို တစ်ဇွတ်ထိုး လုပ်ကိုင်ဆောင်ရွက်တတ်သော အလွန်ခေါင်းမာတတ်သူ တစ်ဦးဖြစ်သောကြောင့် မိမိစိတ်ကို ပြန်လည်ထိန်းချုပ်ပြုပြင်ရန် အနည်းငယ် ခက်ခဲနိုင်ပါသည်။မွေးစကနေ အသက် ၈နှစ်အတွင်း နာမည်ပေးမှားပါက ကျန်းမာရေးညံ့တတ်ပါတယ်။ အသက်၈နှစ်အတွင်း တော့ ပင်ပန်းရတတ်ပါတယ်။ ကံကောင်းတစ်ခုက အမွေအနှစ်ကံ အားကောင်းပြီးတော့ မိဘအမွေကို အပြည့်အဝရရှိတတ်ပါတယ်။လူချစ်လူခင်များပြီးတော့ ကူညီမဲ့ပေါများတတ်ပါ တယ်။ စာရေးဆရာ ၊ပန်းချီဆရာ၊သရုပ်ဆောင် စသောအနုပညာနယ်ပယ်တွေမှာအောင်မြင်တတ်ပါတယ်။
ယနေ့သည် အန္တရာယ်ကို ကိုယ်စားပြုသော ကာလယုဂ် ကျရောက်နေတာ ဖြစ်သောကြောင့် ကုသိုလ်ကံ မကောင်းခြင်းကို ဖြစ်စေတက်ပါသည်။ ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချ ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေး အလုပ်များနှင့် အိမ်များ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း စသည်ဖြင့် အထူးသင့်လျော်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၆) နာရီမှ ညနေ(၄း၅၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သရက်ယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း