loading

27.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 27.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆုတ်(၅)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၁)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။ သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ အချိန်အခါရွေးပြီးဆောင်ရွက်ပါ။

ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၄)လုံးအနေဖြင့် ရက်စက်ကြမ်းကြုတ်သော တီထိဟု သက်မှတ်ပြီး လူသက်၊ လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ ဗြောက်အိုး စသည့်လုပ်ငန်းများ ရန်သူအား သုတ်သင်ခြင်း သေဒဏ်ချခြင်း၊ အနိဌလုပ်ငန်းများ ရန်သူစခန်း သိမ်းပိုက်ဖမ်းဆီးခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသတ်ဆေး စသည်ဖြင့် သုံးစွဲခြင်း၊ မီးပေါက်ခြင်း၊ လျှပ်စစ်နှင့် ပတ်သက်သော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ကောင်းမွန်ပါသည်။ ဆင်းရဲခြင်း၊ ဗလာနတ္ထိဖြစ်ခြင်းကို ခေါင်းဆောင်သည့် ရိတ္တာ တီထိဖြစ်ပြီး စနေအုပ်စိုးသော တီထိဖြစ်သဖြင့် လုပ်ငန်းတို့ကို လုပ်ဆောင်နိုင်သော်လည်း မည်သည့်အရပ်မျက်နှာကိုမှ ခရီးသွားလာခြင်းမျိုး အကြံမပြုပါ။

            ယနေ့သည် ရိတ္တာတီထိ ကျရောက်နေသောကြောင့် ကောင်းမှုကုသိုလ်ပြုလုပ်ဆောင်ရွက်ရန် သင့်လျော်မှု မရှိပေ။ ရန်သူများကို ဖျက်ဆီးခြင်း၊ အတားအဆီးများကို ဖယ်ရှားခြင်း၊ တိုက်ခိုက်ခြင်း၊ အိမ်သန့်ရှင်းရေး၊ ပွတ်တိုက်ခြင်း၊ ငြင်းခုံခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်း၊ လက်နက်များ အသုံးပြုခြင်းများအတွက် အထူးကောင်းမွန် ပါသည်။ အရေးကြီးသော လုပ်ငန်းများ စတင်ရန် ကံမကောင်းသောနေ့ ဖြစ်နေပါသည်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၀၅)နာရီမှ နံနက်(၅း၅၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ် ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်စင်တည် ဆောက် ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသောရတနာများဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်းနှင့် အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်။ (ဥတ္တရာသဋ္ဌ်နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဉတ္တရာသဌ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အရာရာအပေါ် အလွန်စူးစမ်းချင်စိတ်၊ စူးစမ်းလိုစိတ်ရှိပြီး မိမိ၏အတွေ့အကြုံများမှ သင်ယူရန် အမြဲအားစိုက် နေတတ်သောကြောင့် ဘဝသည် မိမိအတွက် အမြဲတမ်းစွန့်စားမှုတစ်ခုဖြစ်နေတတ်ပါသည်။ မိမိသည် အရမ်းဖော်ရွေတယ်၊ ပေးကမ်းတယ်၊ သဘာဝအတိုင်း အရမ်း ချစ်စရာကောင်းတယ်။ အပြောင်းအလဲသည် ဘဝနှင့် သင်ယူမှု၏ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အလိုလိုသိနေသူဖြစ်သည်။အရာရာကိုလဲ အပြုသဘော ဆောင်ရန် ကြိုးစားသည်။ ပရောဂျက်များနှင့် အလုပ်များကို စိတ်ပါဝင်စားနေရန် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများစွာ လိုအပ်ပါသည်။ မိမိသည် လွန်စွာမှ စွယ်စုံရရှိသူလဲဖြစ်ပါတယ်။လိုက်လျောညီထွေရှိပြီး တစ်ခါတစ်ရံ တစ်ခုခုလုပ်ဖို့ကို ဖင်လေးနေပြီး လွယ်ကူတဲ့ကိစ္စကို အချိန်ဆွဲမိတာကြောင့် ခက်ခဲစေသည်။ အလုပ်တစ်ခုခုလုပ်ရာမှာလဲ လွယ်တာကို ကျော်ပြီးခက်ခဲတာကို ပင်ပန်းခံပြီးလုပ်ကြသူများလဲဖြစ်ပါတယ်။ အမိအဘ ဒါမှမဟုတ် အကြီးအကဲတွေထံကနေ သေချာပေါက် အထောက်အပံ့ရခြင်း၊အမွေရခြင်းတွေကြုံရတတ်သူလဲဖြစ်ပါတယ်။

            ယနေ့သည် မင်္ဂလာရှိခြင်းကို ကိုယ်စားပြုသော သုဘယုဂ်ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ် များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။ ဗဗကရိုဏ်းကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၀) နာရီမှ နံနက်(၈း၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သံဃံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တို့ဟူးကြော် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *