loading

31.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 31.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆုတ်(၉)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ် ပါတယ်။ တီထိ(၉)လုံးအနေဖြင့် ဒီလိုနေ့မျိုးမှာတော့ နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများအထူးကောင်းပါတယ်။ နိုင်ငံ ခြားဖို့ အင်တာဗျူးဝင်ဖြေခြင်း တွေ၊ လိုက်ပါဆောင်ရွက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသားပိုင် ကုမ္ပဏီ တွေမှာလုပ်ကိုင်ကြသူ များအထူးပဲအဆင်ပြေမှုတွေရရှိတတ်ပါတယ်။ဖြိုဖျက်ခြင်းတွေကိုဦးစားပေးတဲ့ နေ့ရက် ဖြစ်တာကြောင့် အိမ်ဟောင်း ဖျက်တာ၊ ဆောင်ဟောင်းဖျက်တာ၊ အိမ်တွင်း မလွတ်တဲ့သစ်ပင်တွေခုတ်လှဲတာ၊ ခြံစည်း ရိုးအသစ်ပြန်လည် ကာတာ မျိုးတွေဆောင်ရွက်နိုင်ပါတယ်။

အများရဲ့ဝန်ကိုထမ်းရတဲ့နေ့ဖြစ်တာကြောင့်ပရဟိတအလုပ်တွေ၊လူမှုကယ်ဆယ်ရေးအလုပ်တွေ၊အထူးဆောင်ရွက် ဖြစ် ပါလိမ့်မယ်။ အနာရောဂါတွေကို ခွဲစိပ်ကုသခြင်းများလဲ  ဆောင်ရွက်လို့သင့်တဲ့နေ့ပါပဲ။ ပစ္စည်းလှောင်က ဆုံးရှုံး မည်။ ဝယ်ယူသော ပစ္စည်းမှန်သမျှ သတိနှင့် ဆောင်ရွက်ပါ။ ပစ္စည်းအပျက် အစီးများ အဆွေးများ ကြားညှပ်ပါ လာ တတ် ပါသည်။

ရောင်းမကုန်တဲ့ပစ္စည်းများ၊လှောင်ကုန်များရောင်းထွက်ပါလိမ့်မယ်။ ရပ်ဝေးမှာချဲ့ထွင်ထားတဲ့အလုပ်တွေကနေ အကျိုး အမြတ်တွေရရှိပါလိမ့်မယ်။ ငွေကြေးရင်းနှီးမြုပ်ထားသောအလုပ်တွေကနေ အကျိုးအမြတ်များစွာရရှိပါ လိမ့်မယ်။ စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းတွေ အထူးဆောင်ရွက်လို့ကောင်း တဲ့နေ့ ရက်ပါပဲ။ 

ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်းအလုပ်များ၊ မြေရောင်းမြေဝယ်ကိစ္စများ အထူးဆောင်ရွက်လို့အဆင်ပြေတဲ့ နေ့ ပါပဲ။ ဒီနေ့မှာ ငွေကြေးကိစ္စများ ငွေချေးခြင်း၊အကြွေးတောင်းခြင်း၊ငွေပေးငွေယူခြင်းများ အထူးဆောင်ရွက်နိုင် ပါတယ်။ နီးစပ်ရာဘဏ်မှာငွေစုစာအုပ်လုပ်ပြီးတော့ ငွေစတင်စုခြင်းများလဲ အထူးကောင်းပါတယ်။

            ခြံ၊မြေ၊ အခန်းတို့ကို ပေါင်နှံခြင်းများ၊ လက်ခံခြင်းများ လုံးဝမပြုရပါ။ အမှုပြဿနာများ ဖြစ်တတ် သည်။ ပစ္စည်း အတုအယောင်နှင့် စာရွက်စာတမ်းအတုအယောင်များနှင့် ပတ်သက်သော ပြဿနာများ ဖြစ်ပေါ်တတ် သည်။ အလုံး စုံသတိ ရှိရမည်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက် ဖြစ်တာကြောင့်အိမ်၊ ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊ အလုပ် ခန်း များ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက် လိုက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၄း၄၉)နာရီမှ နံနက်(၅း၄၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ ပြိဿ ရာသီဖွားဖြစ်ပါ သည်။ ယနေ့မွေးဖွားသူများသည် မိမိရဲ့ လိမ္မာပါးနပ်တဲ့စိတ်နဲ့ စာရိတ္တခွန်အားတွေဟာ တခြားသူတွေ ပထမဆုံး သတိ ပြုမိလေ့ရှိတဲ့ စရိုက်လက္ခဏာတွေဖြစ်ပြီး သူတို့က မိမိကို လေးစားအားကျမှုရရှိစေပါတယ်။ မိမိသည် ဆွဲဆောင်မှု ရှိသော စကားပြောဆိုတတ်သူတစ်ဦးဖြစ်ပြီး စားပွဲပေါ်ထိုင်ပြီးပြောရတဲ့ မည်သည့်အကြောင်းအရာကိုမဆို ထူးခြား သော အမြင်ကို ပေးဆောင်သည်။ မိမိဟာ အလွန်အရည်အချင်းရှိသူ၊ စိတ်ဓာတ်ခိုင်မာသူဖြစ်ပါတယ်။ မိမိကိုယ် ရည်ကိုယ်သွေးနဲ့ မတူတဲ့ သူတွေကိုလဲ နားလည်အောင်ပေါင်းသင်းနိုင်တဲ့သူဖြစ်ပါတယ်။ အားသာချက်က သံလိုက်ဓာတ်ရှိကြသူတွေဖြစ်ပြီး လူအများရဲ့ ချစ်ခင်ခြင်းကိုခံရသူဖြစ်ပါတယ်။ ချွေးနံမနံအောင်၊ခံတွင်းနံမနံအောင် နေသင့်တဲ့သူဖြစ်ပါတယ်။ရေမွှေးကောင်းကောင်းသုံးပြီး နေထိုင်တာကလဲ ပိုပြီးစန်းအားကောင်းစေတဲ့ဇာတာပါ။

ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ ကလေးထမင်းခွန့်ခြင်း၊ မင်္ဂလာပြုရသည်။ (ပြုဗ္ဗာဘဒြပိုဒ်နက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

            ယနေ့သည် အဆိပ်အိုးကို ကိုယ်စားပြုသော ဝီသကုမ္ဘယုဂ် ကျရောက်နေသော်ကြောင့် ကံမကောင်းသော ယောဂဟု သတ်မှတ်သဖြင့် ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် သင့်လျော်မှုမရှိပါ။ ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေးနှင့် အလှဆင်ရန်၊ ချစ်ကြည် ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာ တည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေပြုလုပ် ထားသည့် အရာများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၅) နာရီမှ မွန်းလွဲ(၁၂း၀၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဂွေးသီးမဆလာ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *