ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆန်း(၅)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သက်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော်သော တီထိဖြစ်ပါသည်။ ပညာသင်၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အာဟာရ စတင်ကျွေခြင်း၊ အပင်များအား ဓါတ်မြေဩဇာကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ တည်ငြိမ်သော အလုပ်၊ လှုပ်ရှားရသော အလုပ်အကိုင်များအားလုံး အလုပ်မျိုးစုံ လုပ်ကိုင်နိုင်ပါသည်။ သို့သော် ဤရက်တွင် ငွေချေးခြင်းများ မပြုလုပ်ရပါ။ လျှို့ဝှက် အဆင့်မြင့်ပညာရယူခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ အဆိပ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ ရေနှင့် ပတ်သက်သည်များ လုပ်ဆောင်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက် ဘိသိတ်ခံခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်နိုင်သည့် အခါဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိဖြစ်ပြီး နန်းတတ်ခြင်း၊ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်းများ လုပ်ဆောင်နိုင်ပါသည်။
ယနေ့သည် မည်သည့်အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေနိုင်သော ပုဏ္ဏာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ အဆိပ်များကို ဖယ်ရှားခြင်းနှင့် ခွဲစိတ်ကုသခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ အရေးကြီးသော စီးပွားရေး လုပ်ငန်းများ၊ မင်္ဂလာပွဲများနှင့် ကုသခြင်းများ စတင်ရန် အထူးကောင်းသောနေ့ ဖြစ်နေပါသည်။
ယနေ့သည် သတ်ခြင်းဟု အဓိပ္ပါယ်ဆောင်သော ဗျာဃာတယုဂ်ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် သင့်လျော်မှုမရှိသောနေ့ ဖြစ်နေပါသည်။ ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြု သည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၄း၀၆)နာရီမှ နံနက်(၄း၅၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ ကလေးထမင်းခွန့်ခြင်း၊ မင်္ဂလာပြုရသည်။ (အဿလိကနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၂၂) နာရီမှ ညနေ(၅း၀၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင် အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နှမ်းယို ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း