loading

13.June .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 13.June .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ မင်္ဂလာကျက်သရေကိုပေးတဲ့ ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိ ကျရောက်တဲ့နေ့ရက်လဲ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီလိုနေ့မျိုးမှာတော့ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောကိစ္စတွေ ကို အရေးပေး ဆောင်ရွက်လို  က် ပါ။ ဒါမှလဲတစ်နေ့သာကံကောင်းမှုတွေကိုရရှိပါလိမ့်မယ်။

ဘုရားဆောင်နှင့်ပတ်သက်ပြီး သန့်ရှင်းရေးလုပ်ခြင်း၊ရောင်တော်ဖွင့်ခြင်း ၊ဘုရားဆင်းတုတော်၊ ပုံတော်၊ပန်းချီကား များ စတင်ချိတ်ဆွဲပူဇော်ခြင်းများ ဆောင်ရွက်သင့်တဲ့နေ့ပါပဲ။ ဒီနေ့မှာ အားနာတတ်သူ၊ရိုးသားသူ၊လောဘကြီးသူ တွေ ကတော့ လူလိမ်ခံရနိုင်ပါတယ်။ ဒါကြောင့် အရာရာသတိနဲ့ထားဆောင်ရွက်လိုက်ပါ။

ဖြေရှင်းစရာကိစ္စများ ၊ပြဿနာများကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခြင်းမပြုဘဲကြားလူကနေတဆင့်ဖြေရှင်းသင့်တဲ့ နေ့ရက်ပါပဲ။ ခရီးသွားလုပ်ငန်းများ၊ ယာဉ်ကားအငှားလုပ်ငန်းများအဆင်ပြေမှုတွေကြုံရတတ်တဲ့နေ့ရက်ပါပဲ။

ကုန်ပစ္စည်းသိုလှောင်ခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်သလို ထီဝါသနာပါသူများလဲ ထီထိုးလို့သင့်တော်တဲ့ နေ့ရက် ပါပဲ။ဒီနေ့မှာ အသစ်ဖန်တီခြင်း၊ စွန့်ဦးတီထွင်ပြုလုပ်ခြင်းများ အထူးစတင်လို့ကောင်းတဲ့နေ့ပါပဲ။

ငွေကြေးဆိုင်ရာကိစ္စအ၀၀ ဆောင်ရွက်လို့ ကောင်းပါတယ်။ စပ်တူအလုပ်များ၊စတော့ရှယ်ယာလုပ်ငန်းများလဲ အောင် မြင်မှုတွေကို ရစေပါတယ်။ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။ ဘဏ္ဍာရေး ဆိုင်ရာကိစ္စများ၊ အုပ်ချုပ်ရေးနှင့်ဆိုင်သောကိစ္စများ လိုက်ပါဆောင်ရွက်လို့ အဆင်ပြေတတ်ပါတယ်။ယနေ့သည် အလုပ်သစ်တစ်ခု စတင်လုပ်ဆောင်ရန် အထူးကောင်းမွန်သော ဘဒြာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော လှုပ်ရှားမှုများ၊ သယ်ယူပို့ဆောင်ရေး၊ မင်္ဂလာဆောင်၊ တေးဂီတ၊ အက၊ စကားရည်လုပွဲ၊ အလှဆင်ခြင်းနှင့် အဆင်တန်ဆာများ ဝယ်ယူခြင်း၊ ခရီးတစ်ခု၏အစ၊ စစ်ပွဲတစ်ခုနှင့် ကာယ လေ့ကျင့်ခန်း၊ စသည်တို့ကို စတင်လုပ်ဆောင်သင့်သည်။

ယနေ့သည် မိုးကြိုးသွားဟု အဓိပ္ပါယ်ရသော ဝဇီရယုဂ် ကျရောက်နေသောကြောင့် ကောင်းသောလုပ်ငန်းကိစ္စများ ဆောင်ရွက်လုပ်ကိုင်ရန် သင့်လျော်မှုမရှိပါ။ ဂရဇံကရိုဏ်းကျရောက်နေသောကြောင့် မြေကြီးတွင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၃း၅၈)နာရီမှ နံနက်(၄း၄၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ပြိဿရာသီဖွား ဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မိမိတိုးတက်မှုအတွက် အပြောင်းအလဲသည် အထူးလိုအပ်ပြီး မိမိ၏ ဘဝတစ်သက်တာတွင် အပြောင်းအလဲများစွာကို ကြုံတွေ့ရကြောင်း မိမိအလိုလိုသိပါသည်။ မိမိဟာ တစ်ချိန်တည်းမှာ တစ်စုံတစ်ခုအတွက် ရွှင်လန် တက်ကြွနေတတ်ပြီး တစ်စုံတစ်ခုအတွက် စိုးရိမ်ပူပန်နေတတ်ပါတယ်။ မိမိသည် အလုပ်ကြိုးစားရုံ သာမက အလုပ်ကိုလည်း နှစ်သက်သည်။တာဝန်ယူမှုနှင့် ကတိကဝတ်ပြုသောအခါတွင် မိမိသည် အကောင်းဆုံး ဖြစ်ကြောင်း အများကအသိအမှတ်ပြုခံရနိုင်သည်။ မိမိကိုယ်မိမိ ဖော်ပြသည့်ပုံစံများတွင် သင်သည် တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ထူးခြားမှု ရှိသူဖြစ်သည်။စီးပွားရေးကျယ်ပြန့်စွာအောင်မြင်နိုင်ပြီးလုပ်ငန်းခွဲပေါင်းများစွာ ပိုင် ဆိုင်ကြသူတွေလဲဖြစ်ကြသည်။‌ငွေကြေးကို ငယ်ရွယ်စဉ်ကတည်းကရှာနိုင်ကြသူများဖြစ်ကြပြီးတော့ ထင်ရှားစွာ‌ အောင်မြင်ခြင်းကို မလိုလားသူဖြစ်ပါတယ်။ ဒါကြောင့်ချမ်းသာလဲ ဆင်းရဲသားလို၊သာမန်လူလိုပဲနေတတ်ကြသူတွေ ဖြစ်ပါတယ်။ ထက်မြက်မှု၊အ‌တွေးအခေါ်ကောင်းမှု ၊တီထွင်ဖန်တီးနိုင်မှုတွေက မိမိဘဝကို အအောင်မြင်ဆုံးဖြစ်အောင် ဆွဲတင်ပေးပါလိမ့်မယ်။

ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၄) နာရီမှ ညနေ(၃း၂၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင်ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *