loading

30.December .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 30.December .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ကန်း၊  နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လကွယ်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၅)လုံး လကွယ်တီထိအနေဖြင့် မိဘ၊ ဘိုးဘွားများနှင့် သက်ဆိုင်သော တီထိဟု သတ်မှတ်ပြီး ဘာသာရေး လုပ်ငန်းများ၊ အလှူအတန်း မီးပူဇော်ခြင်း၊ မိဘဘိုးဘွားများအား ရှိခိုးခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ အဓိဌာန်ဝင်ခြင်း၊ ဂါထာမန္တာန် ရွတ်ဆိုခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အမှောင်တီထိဖြစ်သောကြောင့် ပျော်ရွှင်ဖွယ် အမှုကိစ္စများ လုပ်ဆောင်ရန် မသင့်ပါ။ သေဆုံးခဲ့ပြီးသော မိဘ၊ ဘိုးဘွားများ၊ မကျွတ်လွတ်သေးသော ဆွေမျိုးဉာတိ တို့အား ယခုတီထိနေ့တွင် ပူဇော်ကန့်တော့ရန် အသင့်တော်ဆုံး ဖြစ်ပါသည်။ မင်္ဂလာနှင့် ပတ်သက်သော ကောင်းမြတ်သော ကိစ္စများကိုမူ ရှောင်ကြဉ်သင့်ပါသည်။

စာပေကိစ္စများ၊ စာပေဟောပြောပွဲ ၊စာတမ်းဖတ်ပွဲ၊ စာနယ်ဇင်းကိစ္စ၊ စာပေထုတ်ဝေဖြန့်ချီခြင်းများဒီနေ့မှာ အလွန်ပဲ ကောင်းပါတယ်။ ဒီနေ့မှာကျန်းမာရေးနဲ့ပက်သက်ပြီးတော့ medical checkup လုပ်ခြင်းဖြင့် တိကျ သေချာတဲ့ result တွေကို ရရှိပါလိမ့်မယ်။ ဆေးခန်းဖွင့်ခြင်း၊ဆေးဖော်ခြင်း၊ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ခြင်းများလဲ ဒီနေ့မှာကောင်းပါ တယ်။

            ကိစ္စတစ်ခု ပြဿနာတစ်ခုအတွက် စုပေါင်းအဖြေရှာတာမျိုးတွေ သိချင်တဲ့ကိစ္စတွေကို စူးစမ်းရှာဖွေ တာမျိုးတွေ ဒီနေ့မှာလုပ်ဆောင်လို့အလွန်မှကောင်းပါလိမ့်မယ်။ အားကစားပွဲတွေ ကျင်းပလို့အထူးပဲကောင်းပါ တယ်။ ပြည်ပအလုပ်အကိုင်နဲ့ပက်သက်တဲ့ ကိစ္စတွေ၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းတွေ ၊နိုင်ငံခြားသွားဖို့ အင်တာဗျူး ခြင်းတွေ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄း၄၈)နာရီမှ ညနေ(၁၅း၃၉)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် အရာအားလုံးကို အသေးစိတ်လေ့လာရန် အနည်းငယ်ခက်ခဲသော်လည်း မိမိသည် ကြီးမားသော ကရုဏာနှင့် ခံစားချက်များစွာကို ပိုင်ဆိုင်ထားသော နူးညံ့သိမ်မွေ့သူတစ်ဦးဖြစ်သည်။ မိမိထင်သလောက် ယုံကြည်မှု အပြည့်နဲ့ မိမိပတ်ဝန်းကျင်ကို အကောင်းဆုံး ကူညီပေးတတ်သူဖြစ်ပါတယ်။ ဝေဖန်မှုတွေနဲ့ သဘောထား ကွဲလွဲမှု တွေအတွက် စိတ်မသက်မသာဖြစ်တတ်ပါတယ်။ အခြေအနေတွေကို ချောချောမွေ့မွေ့နဲ့ မိမိပတ်ဝန်းကျင်ကလူတွေရဲ့ အပူသောကတွေကို ငြိမ်သက်စေဖို့အတွက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါလိမ့် မယ်။အမျိုးသားဆိုဘုန်းကြီး ဖြစ်တတ်ပါတယ်။ မိန်းကလေးဆိုရင်တော့ ယောဂီ သီလရှင်ဖြစ်တတ်ပါတယ်။ မိမိကိုယ်တိုင် ထူးထူး ခြားခြား သိနား လည်တတ်ပြီး ပင်ကိုယ်အားဖြင့် စူးစမ်းလေ့လာခြင်းများဖြင့် မိမိဘ၀ကို မိမိသင်ယူလေ့လာနေတတ် ပါသည်။ မိမိသည် သူတစ်ပါးအပေါ် ချစ်ခင်ကြင်နာတတ်ပေမယ့် မည်သည့်ကိစ္စကိုမဆို စိတ်ထဲမေ့ပျောက်သွားတာမျိုး အလွန်ကို ရှားပါ တယ်။အရွယ်ရောက်လာလေလေ ဘဝကိုငြိမ်းချမ်းစွာနဲ့ဖြတ်သန်းချင်စိတ်မြင့်မားလေလေပါပဲ။ ဘဝ နေထိုင်မှုပုံစုံက အသက် ၄၀မတိုင်ခင်နဲ့ အသက်၄၀နောက်ပိုင်း အမြင်က ဆန့်ကျင်ဘက်ကွဲပြားသွားတတ်သူတွေဖြစ် ပြီး ခံစား လွယ် ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊သနားတတ်ခြင်းတွေနဲ့ပြည့်စုံသလို ခံစားချက်နဲ့အလုပ်လုပ်ရတဲ့၊နှလုံးသား နဲ့အလုပ်လုပ်ရ တဲ့အလုပ်တွေနဲ့လဲ အောင်မြင်တတ်ပါတယ်။

မူလ နက္ခတ်သည် မည်သည့် ကောင်းသော ကိစ္စရပ်များအတွက်မှ မသင့်တော်ပါ။ ကြောက်စရာကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင်အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက်လူကြီးများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ် ရန် သင့်လျော်သည်။

ဝုဒ္ဓိယုဂ်သည် ကြီးပွားခြင်းဟု အဓိပ္ပာယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ စတုပါဒကရိုဏ်းသည် တန္တရ နည်းလမ်းများဖြင့် ရန်သူများကို အနိုင်ယူရန်အတွက် သင့်လျော်သည်။ ၎င်းသည် ခြေလေးချောင်း တိရစ္ဆာန်များ အထူးသဖြင့် ကျွဲနွားများနှင့် ပတ်သက်သည့် လုပ်ငန်းအားလုံးကို အောင်မြင်စေသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၈) နာရီမှ နံနက်(၉း၂၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မိုးပြာရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့ဘက်လှည့် သမ္မာသမ္ဗုဒ္ဓေါ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ် ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နွားနို့ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *