✅နိဒါန်း
ဒီနှစ်က ကြာသပတေးနေ့ဖွားတွေအတွက် အကောင်းဘက်ကိုသွားတဲ့နှစ်မဟုတ်ဘူး။ ကောင်းဖို့အတွက် ကိုယ်တိုင်လမ်းဖောက်ရမဲ့နှစ်ပါပဲ။ ရှင်းရှင်းပြောရရင် မြေလွတ်မြေရိုင်းကို ရှင်းလင်းပြီး သီးပင်စားပင်စစိုက်ရသလို ပါပဲ။အနည်းငယ်ပင်ပန်းရုန်းကန်ရတဲ့နှစ်လဲဖြစ်ပါတယ်။အခြားသူတွေပြောတာနားထောင်ပြီး ရွှေထီးဆောင်းမဲ့နှစ်လို့ ထင်လိုက်ရင်မှားသွားပါလိမ့်မယ်။ ဒီနှစ်က ကြိုးစားနိုင်မှတော်ကာကျလိမ့်မယ်။ကြိုးစားသူအတွက်လဲသေချာပေါက် အဆင်ပြေတိုးတတ်လာနိုင်တာကိုတွေ့ရမယ်။မိမိသာအစွမ်းအစပြနိုင်ရင် အများရဲ့ အားကိုးခြင်းကိုခံရမဲ့ကာလပါပဲ။ ဘယ်ဟာမှ ရေကန်အသင့်ကြာအသင့်တော့ ဖြစ်နေမှာမဟုတ်ပါဘူး။ ရေကန်လိုချင်ရင် ရေကန်ကိုယ်တိုင်တူးရလိမ့် မယ်။ ဒီလိုနှစ်တွေဟာ ကိုယ့်အတွက်အခွင့်အရေးတွေရဖို့အတွက် ကိုယ်တိုင်က ဘယ်လောက်ထိစွမ်းဆောင်နိုင် ကြောင်း ထုတ်ပြဖို့ အထူးလိုအပ်ပါတယ်။

👍စီးပွားရေး
လုပ်ငန်းစီးပွားပိုင်းမှာတော့ မိမိကိုယ်တိုင်က ဘယ်လမ်းကိုလျှောက်ရမလဲ မြင်လာတတ်ပါတယ်။လုပ်ငန်း ပိုင်းဆိုင်ရာမှာ ကြိုးစားထားသူများအသီးအပွင့်တွေခံစားရနိုင်ပါတယ်။ ကိုယ်တစ်ခုခုကိုလုပ်ချင်စိတ်ဖြစ်နေပြီဆိုရင် အဲတာက တစ်ကယ့်ကို လျှောက်သင့်တဲ့လမ်းဖြစ်နေတတ်ပါတယ်။ ဒီလိုနှစ်ပိုင်းတွေက မသိသူကျော်သွား၊သိသူဖော် စားဆိုတဲ့စကားလိုပါပဲ။ မသိတဲ့သူတွေ၊နားမလည်သူတွေ၊ မပါးနပ်သူတွေ၊ခေတ်ရေစီးကြောင်းကို နားမလည်သူတွေ ကတော့ ဒီနှစ်မှာစီးပွားဖြစ်မှာမဟုတ်ပါဘူး။လိမ္မာပါးနပ်ဖို့အထူးလိုအပ်ပါတယ်။ အလှအပပစ္စည်းရောင်းဝယ်ခြင်း၊ ဘဏ်လုပ်ငန်း၊အပေါင်လုပ်ငန်း၊လုံခြုံရေးဆိုင်ရာလုပ်ငန်း၊ဟော်တယ်အလုပ်များ၊ဇိမ်ခံပစ္စည်းရောင်းဝယ်ခြင်းအလုပ် များ၊အပျော်အပါး အပန်းဖြေခြင်းနှင့်ဆက်စပ်သောအလုပ်များတိုးတတ်နိုင်တာကိုလဲတွေ့ရပါတယ်။ တတ်နိုင်သ၍ တစ်ယောက်ချင်းထက် အများနဲ့ အဖွဲ့အစည်းနဲ့ အုပ်စုလိုက် အဖွဲ့လိုက် ကြိုးစားခြင်းက ပိုမိုအောင်မြင်လွယ်တာကို တွေ့ရပါတယ်။ ဝန်ထမ်းလခစားတွေကတော့ မနေလိုတဲ့နေရာမျိုးသွားရတာမျိုးတွေကြုံရတတ်ပါတယ်။ နေရာမမြဲ တာ၊ထိုင်ခုံမမြဲတာမျိုးတွေကိုတော့လက်ခံရလိမ့်မယ်။ တည်မြဲခြင်းတွေယုတ်လျော့တာမို့ တည်မြဲဖို့ကြိုးစားတဲ့ အရာ တိုင်းက ခက်ခဲလိမ့်မယ်။ အဆင်မပြေဖြစ်တတ်ပါတယ်။
💵ငွေရေးကြေးရေး
ငွေကြေးနဲ့ပတ်သက်တဲ့ကံတွေကောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။ အလုပ်ကနေ ငွေဝင်တတ်ပါတယ်။ အချိုအချောင်ရဖို့လမ်းတော့ မမြင်ပါဘူး။ အလုပ်ထဲမှာအောက်ဆိုက်ရှာနေသူများ ဒုက္ခရောက်ဖို့အကြောင်းဖန်လာ တတ်တဲ့နှစ်ဖြစ်ပါတယ်။ သတိထားရမဲ့ငွေကြေးကံကြမ္မာက ရင်းနှီးမြုပ်နှံမှု မှားယွင်းခြင်း ပြဿနာပါပဲ။ ငွေကို လက် ထဲကိုင်မထားချင်ဘူးဆိုပြီး ဟိုမှာ ရှယ်ယာထည့်ချင်တာ၊ဒီကုန်တွေ လှောင်ချင်တာမျိုး လုပ်မိရင်တော့ ငွေတွေ မတိုး လာဘဲ ဆုံးတတ်ပါတယ်။ လူကြီးများဆိုလဲကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေရတတ်ပါတယ်။ ဒါအပြင် သား သမီးကိုငွေရင်းနှီးပေးမယ်ဆိုရင်လဲ သတိထားပါ။ သူတို့အလုပ်တွေကိုနားမလည်ဘဲ ငွေကိုလွယ်လင့်တကူ ထုတ်မပေး လိုက်ပါနဲ့။ သားသမီးနဲ့ပတ်သက်လို့ ငွေကုန်ရတတ်ပါတယ်။ ဒီကာလမှာအိုးအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီးတော့လဲ အားနည်းတာမို့ အိမ်ပြင်၊အိမ်ဆောက်၊အိမ်ဝယ်ဖို့အတွက် ငွေသုံးမယ်ဆိုရင်လဲသတိထားပြီး ဆောင်ရွက်စေချင်ပါတယ်။
🤝လူမှုရေး
လူမှုဆက်ဆံရေးနယ်ပယ်အားကောင်းနေတာကိုတွေ့ရပါတယ်။ မိတ်ဆွေကောင်းတွေတိုးပွားနိုင်ပါတယ်။ မထင်မှတ်ထားတဲ့ နယ်ပယ်သစ်က လူတွေရဲ့အကူအညီတွေကိုရလွယ်တာ တွေ့ရပါတယ်၊၊ ဂုဏ်ဓနကြီးမြင့်သူတွေနဲ့ ရင်းနှီးစွာ ပတ်သက်ခွင့်ရတတ်တာကိုလဲတွေ့ရပါတယ်။ အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကောင်းပေမဲ့ ထိုသူတွေက အဝေးရောက်သွားမျိုး၊ကိုယ်ချစ်ရတဲ့မိတ်ဆွေရင်းတွေ ဆုံးပါးတဲ့သတင်းတွေကြားရတတ်ပါတယ်။ ဒီနှစ်ထဲ ပြဿနာဖြစ်နိုင်တာက သူများကြားဝင်ဖြေရှင်းတာမျိုးတွေလုံးဝမလုပ်ပါနဲ့။ ကြားသုံးကြားမဝင်နဲ့ဆိုတဲ့ စကားလိုပါပဲ။ တတ်နိုင်သမျှ ကိုယ်နဲ့မဆိုင်ရင် မပတ်သက်သလိုနေပါ။ သူများရင်လာဖွင့်ပြီး သူများမကောင်း ကြောင်း အတင်းလာပြော ရင်တောင်မှနားမထောင်သင့်တဲ့ကာလပါပဲ။ ဒီနှစ်မှာ ဆက်ဆံရေးမပြေလည်ဆုံးကတော့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဖြစ်တတ်ပါတယ်။အရွယ်ရောက်ပြီးသော သားသမီးတွေနဲ့စကားအခြေအတင်ဖြစ်ရ တတ်ပါတယ်။
❤️အချစ်ရေး
အချစ်ရေးကံကြမ္မာ ဆိုးဝါးညံ့ဖျင်းနေတာမျိုးမရှိပါဘူး။တစ်ခုတော့သတိထားရမှာ ကိုယ့်ချစ်သူက တနင်္ဂနွေ၊ဗုဒ္ဓဟူးဖြစ်ရင်တော့အချစ်ရေးသောကတွေများနိုင်သလို၊ကိုယ်ရဲ့နာမည်က သောကြာအပိတ်နာမည်ဆိုရင် လဲ အချစ်ရေးမှာ ကံခေနေတတ်ပါတယ်။ ဒီနှစ်မှာရည်းစားစထားမဲ့သူက အပျော်ထားတာမျိုး၊လှလို့ သဘောကျတာ မျိုးထက် တစ်ဘဝလုံးရည်ရွယ်ပြီး ချစ်သူကိုပိုးပန်းတာမျိုး၊ချစ်သူကိုရွေးချယ်တာမျိုးတွေပဲလုပ်သင့်ပါတယ်။ ဒီနှစ် ထဲမှာ ရည်စားစထားရင် မြဲသွားတတ်ပါတယ်။ လူငယ်များ အလိမ်အညာ ခံရတတ်တဲ့အတွက် ကိုယ့်ထက်အသက် ကြီးလွန်းသူတွေ၊ ငွေနဲ့မျှားပြီးတော့ ကိုယ့်ကို ကြံတာမျိုးတွေကိုတော့ သတိထားလိုက်စေချင်ပါတယ်။ အချစ်ရေး ကံကောင်းတယ်ဆိုပေမဲ့ ကိုယ့်ထက်အသက် ၁၀ကျော် ကြီးလွန်းတဲ့သူတွေလာချဉ်းကပ်ရင်တော့ တတ်နိုင်သမျှ ရှောင်လိုက်စေချင်ပါတယ်။
👪အိမ်ထောင်ရေး
အိမ်ထောင်ရေးနယ်ပယ်အားကောင်းပြီးတော့ပိုခိုင်မြဲတဲ့ အနေအထားကိုရောက်ရှိနိုင်ပါတယ်။နဂိုကတည်း ကအဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်ရေးကလွဲရင် အခြားအိမ်ထောင်ရေးတွေထူးခြားပြီး ပြဿနာဖြစ်တာမျိုးတော့ မတွေ့ရပါဘူး။ တစ်ခုတော့သတိထားကြပါ။ အိမ်ထောင်ဘက်မသိအောင် ငွေကြေး၊ဥစ္စာပစ္စည်းတစ်မျိုးမျိုးကိုဖွက် ထားတယ်ဆိုရင်တော့လင်မယားချင်းပြဿနာဖြစ်ရတတ်ပါတယ်။ သားသမီးတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချ မယ်ဆိုရင်လဲ လင်မယားတိုင်တိုင်ပင်ပင် ညှိနှိုင်းဆောင်ရွက်ပြီးလုပ်စေချင်ပါတယ်။ လင်မယားနှစ်ယောက်စလုံး စီးပွားတစ်ခုထဲကို အတူတူလုပ်ကြတဲ့သူတွေဆိုရင်တော့ သေချာပေါက် စီးပွားတတ်လာတာကိုအထင်အရှားတွေ့ရ ပါလိမ့်မယ်။ အိမ်ထောင်ဘက်က အဝေးရောက်နေတာ ၊နိုင်ငံခြားရောက်နေတာမျိုးဆိုရင်တော့ အသုံးစရိတ်တွေကို စာရင်းသေချာလုပ်ပြီးတော့ အဝင်အထွက်ရှင်းပြနိုင်အောင်ပြင်ဆင်ထားဖို့လိုပါတယ်။
💥ကျန်းမာရေး
ကျန်းမာရေးကတော့ ဒီနှစ်ပိုင်း ဆိုးနေတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းကြီးလဲ ကောင်းမနေတဲ့နှစ် မျိုးပါ။ နာမည်ကို ဗုဒ္ဓဟူးနံနဲ့ပိတ်မှည့်ထားသူတွေကျန်းမာရေးညံ့လွယ်သလို၊ စက်စ္စည်းတွေ၊ စစ်လက်နက်ပစ္စည်း တွေ ကိုင်တွယ်အသုံးပြုရသူဖြစ်ရင်လဲ မတော်တဆထိခိုက်မှုအန္တရာယ်တွေကိုလဲ ကြုံရနိုင်တာမျိုးဖြစ်တတ်ပါတယ် ကျန်းမာရေးမှာ အဓိကအားနည်းတဲ့ရောဂါက အာရုံကြော၊အရေပြား၊အဖုအပိန့်ထွက်ခြင်း၊မြစ်ပွားနာစတာတွေကို အထူးဂရုစိုက်ဖို့မှာချင်ပါတယ်။ မွေးကင်းစကလေးများ လူထူထပ်သောနေရာတွေကိုရှောင်စေချင်ပါတယ်။ သူများ ဆီကနေ ရောဂါတွေကူးလာတတ်ပါတယ်။ အခြားရောဂါဗေဒအနေနဲ့တော့ ဆိုးနေ၊ညံ့နေတာမျိုးမရှိပါဘူး။ တစ်နှစ် လုံး ကျန်းကျန်းမာမာနဲ့လုပ်ချင်တာတွေကို လုပ်သွားနိုင်ပါလိမ့်မယ်။
☯️ယတြာ
ယတြာပိုင်းအရပြောရရင်တော့ နွမ်းပါးသူတွေကို အစိမ်းရောင်အကြမ်းစီးဖိနပ်လှူပေးပါ။ဘုရားရှင်ကို အနံ့ မွှေးသော ဖယောင်းတိုင်၊အမွှေးတိုင်တွေနဲ့ပူဇော်ကပ်လှူပါ။ သပြေပန်းလေးတွေကို အောင်အိုးတစ်လုံးနဲ့ထည့်ပြီး ဘုရားမှာပူဇော်ထားပါ။ အသည်းမကောင်းသူတွေကိုအသည်းအားဆေးလှူဒါန်းပေးပါ။ သာယာကြည်လင်သော အသံဖြင့် ဘုရားရှင်ရဲ့ ပရိတ်တော်တွေကို ရွတ်ပွားပါ။ ခံတွင်းအနံ့ဆိုးမထွက်အောင် ထိမ်းသိမ်းပါ။ သွားတွေဝါနေရင် ဂျိုးတွေရှိနေရင် သန့်ရှင်းရေးလုပ်ပါ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
၀၉ ၇၇ ၅၅၅၅ ၆၉၅