✅နိဒါန်း
ဒီနှစ်ဟာ သောကြာသားသမီးတွေအတွက် အကောင်းဆုံးနှစ်တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ မြန်မာဗေဒင်အ ရဘုမ္မိထဲရောက်နေသူမျိုး၊မကောင်းသော ဂြိုဟ်အိပ်အပိုင်းအခြားထဲရောက်နေသူမျိုးတွေ၊နာမည်မကောင်းသူမျိုးတွေမှ အပ အများစုသော ….သောကြာနေ့ဖွားတွေက ကံကောင်းကြပါတယ်။သတိထားရမှာက သူတစ်ပါးကိုယ်စား အာမခံ ပေးခြင်းမျိုးတွေ၊ သူများလုပ်လက်စ အလုပ်တွေကို နားမလည်ဘဲ လက်လွှဲယူမိရာကနေ ဒုက္ခတွေက ကိုယ်ဆီ ဆိုက်ဆိုက် မြိုက်မြိုက်ကို ရောက်လာတတ်ပါတယ်။ ကိုယ့်လက်ထဲရှိနေတဲ့ အဟောင်းတွေကိုရောင်းပြီး အသစ်နဲ့ချိန်း တာမျိုးတွေ အလွန်ကောင်းပါတယ်။ အိမ်ဟောင်းနေလို့ ပြန်ပြင်တာ၊ဆေးပြန်သုတ်တာမျိုးတွေလဲ ဆောင်ရွက်လို့ ကောင်း တဲ့နှစ်ကိုရောက်နေတာဖြစ်ပါတယ်။ ငွေကြေးလာဘ်လာဘပေါများတတ်ပြီးတော့ စီးပွားရေးလမ်းကြောင်းပေါ် ရောက်နေသူများ မှတ်တိုင်တစ်ခုအဖြစ်ရောက်သွားနိုင်တဲ့နှစ်လဲဖြစ်ပါတယ်။

👍စီးပွားရေး
လုပ်ငန်းစီးပွားတိုးတတ်လာနိုင်ဖွယ်အလွန်ရှိတဲ့နှစ်ပါပဲ။ ကိုယ်တိုင်ကဇွဲကြီးကြီးနဲ့ စိတ်ရှည်ရှည်လုပ်နိုင်လေ စီး ပွားဖြစ်လေပါပဲ။ နိုင်ငံခြားသွားဖို့ ကြိုးစားနေသူများကတော့ သေချာပေါက် သတင်းကောင်းကြားရပြီးတော့ နိုင်ငံခြား သွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ နိုင်ငံခြားခေါ်စာ စောင့်နေကြသူများ မူလဇာတာကောင်းချိန်နဲ့တိုက်ဆိုင်နေရင် နိုင်ငံခြားသွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ဒီလိုနှစ်ပိုင်းတွေဟာ ရေရှည်လုပ်ရမဲ့ နှစ်ရှည်အလုပ်တွေအတွက် တဖြည်းဖြည်းချင်း အချိန်ယူလုပ်သွားနိုင်ပါလိမ့်မယ်။ စိတ်ရှည်ပါ။ အောင်မြင်မှုကို ဖြေးဖြေးချင်းတည်ဆောက်ပါ။ ငွေရ ဖို့ထက် လုပ်ငန်းတစ်ခု နာမည်ရဖို့ကို ကြိုးစားပါ။ အကောင်းဆုံးတွေကိုယ့်ဖောက်သည်တွေကို ပေးနိုင်အောင်ကြိုးစား စေချင်ပါတယ်။ တတ်နိုင်သ၍ ဇိမ်ခံပစ္စည်းတွေကို ငွေမပေါသေးရင် မဝယ်ပါနဲ့။ ဘရန်းပစ္စည်းတွေကို သုံးစွဲချင်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။ အစုစပ် စပ်တူအလုပ်တွေတော့ မလုပ်နဲ့လို့ မပြောလိုပေမဲ့ သတိထားပြီးတော့ ထိန်းထိန်း သိမ်းသိမ်းလုပ်ကြပါ။ စက်ပစ္စည်းနဲ့ဆက်စပ်သောအလုပ်များ၊ ဒီဇိုင်နာအလုပ်များ၊စက်ချုပ်လုပ်ငန်းများ၊အင်ဂျင်နီယာ အလုပ်များ၊ စာရင်းကိုအလုပ်များ၊ စစ်လက်နက်နဲ့ဆိုင်သောအလုပ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတွေနဲ့ဆက်စပ် သောအလုပ်များကတော့ အညံ့များစေတာကို မေ့ထားလို့မရပါဘူး။
💵ငွေရေးကြေးရေး
ငွေကြေးကံကတော့ ကြိုးစားပါ။ ရှာလို့လွယ်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ဝင်ငွေစီးကြောင်းတွေများလာ တတ်ပါတယ်။ မိမိက ထက်မြက်သူဖြစ်မယ်…ပါးနပ်သူဖြစ်မယ်ဆိုရင်တော့ သေချာပေါက်ကြီးပွားတိုးတတ်မှုတွေရလာ နိုင်တာကိုတွေ့ရပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် ရင်နှီး မြုပ်နှံမလား…စီးပွားခွဲတွေ၊လုပ်ငန်းခွဲတွေလုပ်မလား.. ဒါမှ မဟုတ် တစ်သက်လုံးဝန်ထမ်းလုပ်ပြီးစုထားတဲ့ငွေကို မြေစမ်းခရမ်းပျိုးအနေနဲ့လုပ်ငန်းစကြည့်မလား…စသည်ဖြင့် ငွေ ကိုကောင်းစွာစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ ငွေကို မက်မက်မောမောရှာပါ။ ငွေကိုစွန့်စားပြီးရှာပါ။ ငွေကြေးနဲ့ပတ်သက်ပြီး ဝင်ငွေစီးကြောင်းတစ်ခုဖြစ်အောင်လုပ်နိုင်လာလိမ့်မယ်။ အတိတ်က ရစရာရှိတဲ့အကြွေးတွေရလာတတ်ပါတယ်။ ငွေ ကြေးခက်ခဲနေသူများကတော့ ပြေလည်ဖို့ကြုံလာတတ်ပါတယ်။ ကြန့်ကြာနေတဲ့ငွေကြေးတွေဝင်လာတတ်ပါတယ်။ ငွေကြေးလဲလှယ်တဲ့ ဟွန်ဒီအလုပ်များ၊ ကေပေး ဝေ့ပေးလုပ်ငန်းလုပ်သူများကတော့ သတိထားပါ။ မှားလွှဲတာမျိုးတွေ အလွန်ဖြစ်တတ်ပါတယ်။
🤝လူမှုရေး
လူမှုရေးကဏ္ဍတွေမှာတော့ ထင်သလောက် ညံ့နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့သိထားရမဲ့အချက်က ညီ၊ညီမတွေ၊ တူ၊တူမတွေ၊ အောက်လက်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပြဿနာများရတတ်ပါတယ်။ မောင်နှမတွေနဲ့ ရန်သူသဖွယ်ပြဿနာကြီးတွေဖြစ်ရတတ်ပါတယ်။ ငွေကြေးကြောင့် လူမှုရေးပြဿနာမတတ်ပေမဲ့ ဟိုစကားပုံလို ကိုယ် မွေးတဲ့မျောက်က ကိုယ့်ကို ပြန်ခြောက်တဲ့နှစ်လို့ပြောလို့ရပါတယ်။ ကိုယ့်ရဲ့အတွင်းရေးတွေကို အောက်လက်ငယ်သား တွေကို မပြောမိပါစေနဲ့။ကိုယ့်ရဲ့အားနည်းချက်ကိုကိုင်ပြီးတော့ ကိုယ့်ကိုပြန်ဒုက္ခပေးသွားတတ်ပါတယ်။ လူမှုရေးမှာ ကိစ္စ တွေနဲ့ပတ်သက်ရင်တော့ နီးသူတွေကိုသာ အဓိကထားကြောက်ပါ။ အွန်လိုင်းကနေ ဘယ်လိုပြဿနာရှာရှာ ဆိုးဆိုးဝါး ဝါးမဖြစ်ပါဘူး။ နီးစပ်သူတွေကြောင့်သာ လူမှုရေးပြဿနာတွေများနိုင်တာကို မမေ့ပါနဲ့။
❤️အချစ်ရေး
အချစ်ရေးနဲ့ပတ်သက်ရင် ၇နေ့ ၇နံ အားလုံးထဲမှာ အညံ့ဆုံးလို့ပဲပြောပါရစေ။ လက်ရှိချစ်သူရှိနေသူတွေသံယော ဇဉ်ပြတ်တောက်စရာကိစ္စတွေကြုံရတတ်ပါတယ်။ သံယောဇဉ်ပြတ်တောက်ခြင်းဆိုတာ အဆင်မပြေလို့ လမ်းခွဲတာမျိုး ဖြစ်စေ၊ ရေခြားမြေခြားသွားလို့ သံယောဇဉ်ပြတ်တောက်သလို ဝေးကွာရတာမျိုးတွေလဲဖြစ်ပါတယ်။အသက် ၂၁နှစ်မပြ ည့်သေးတဲ့ သောကြာသားသမီးတွေ မိဘမသိအောင်အချစ်ကိုမြည်းစမ်းချင်တဲ့သူတွေ အွန်လိုင်းကနေ မလွတ်လပ်သူ တွေ၊ အိမ်ထောင်ရေးပြစ်ချက်ရှိဖူးသူတွေနဲ့ ငြိစွန်းလွယ်သွားတတ်တာကိုလဲတွေ့ရပါတယ်။ သောကြာဘင်္ဂဖွားတွေနဲ့ သောကြာသိုက်ဖွားတွေအနေနဲ့ ဒီနှစ်မှာ အချစ်ရေးကမောက်ကမတွေအလွန်ဖြစ်လွယ်တာကိုတွေ့ရပါတယ်။ အချစ်ရေး ကို တတ်နိုင်သလောကမေ့ထားပြီး အခြားစီးပွားရေး၊ကျန်းမာရေး၊ပညာရေး ၊ဘဝအောင်မြင်ရေးကိုပဲ အာရုံစိုက်ထားစေ ချင်ပါတယ်။
👪အိမ်ထောင်ရေး
အိမ်ထောင်ရေးကံအတွက် စိတ်ပူရမလား၊စိတ်မပူရဘူးလားဆိုတာက နှစ်မျိုးနှစ်စားကွဲထွက်နေတဲ့နှစ်ပါတယ်။ လူငယ်စုံတွဲလဲဖြစ်မယ်..နှစ်ယောက်စလုံးကလဲ သည်းခံစိတ်နည်းပြီး စိတ်တိုစိတ်ဆတ်ကြသူတွေဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ရေးက ပိုမိုဆိုးလာနိုင်တဲ့နှစ်ဖြစ်ပါတယ်။ လူကြီးပိုင်း အိမ်ထောင်သည်တွေကတော့သည်းခံစိတ်ကိုရှေ့တန်း တင်နိုင်ရင် အိမ်ထောင်ရေးဆိုးနေတာမျိုးမတွေ့ရပါဘူး။ အဆင်မပြေတာလေးတွေရှိပေမဲ့ သည်းခံတတ်တဲ့လူကြီးပိုင်း အိမ်ထောင်ရေးတွေကတော့ သိပ်မဆိုးပါဘူး။ တစ်ခုတော့ သတိထားရမယ်။ အိမ်ကို ယောက်ဖတွေ၊ယောင်းမတွေ ၊တူတူမတွေ လချီလာနေမယ်ဆိုရင်တော့သတိထားပါ။ သူတို့ကိုအကြောင်းပြုပြီးတော့ လင်မယားအချင်းချင်းစကားများ ရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဝေးနေကြတဲ့ အိမ်ထောင်ဘက်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်း လင်းရှိကြပါ။ ခင်ပွန်းမသိအောင် ပိုက်ဆံလျှောက်ချေးရာကနေ ခင်ပွန်းကပြန်သိပြီး ပြဿနာတက်တာမျိုးတွေဖြစ်တတ် ပါတယ်။
💥ကျန်းမာရေး
ကျန်းမာရေးနဲ့ပတ်သက်တဲ့ဂဏ္ဍကတော့ အဆိုးအနည်းငယ်ရှိနိုင်ပါတယ်။ အထူးသဖြင့် မတော်တဆ ထိခိုက်မှု အန္တရာယ်နဲ့ သွေးထွက်သံယိုဖြစ်လွယ်တဲ့ဇာတာပါပဲ။ တတ်နိုင်သမျှတော့ ကျန်းမာရေးနဲ့ပတ်သက်ရင် ဘာရောဂါဖြစ်ဖြစ် အကြောက်မလွန်ဖို့လိုပါတယ်။ ဆရာဝန်က ရောဂါတစ်ခုခုခေါင်းစဉ်တပ်လိုက်တာနဲ့ မြန်မာနည်းရော၊အင်္ဂလိပ်နည်းရော ၊ပရောဂပါမကျန် အကုန်လျှောက်ပြမိရာကနေ ဆရာများသားသေ ဆိုသလိုဖြစ်တတ်ပါတယ်။ ဒီလိုနှစ်ပိုင််းရောက်လာပြီ ဆိုရင် ဘယ်ရောဂါပဲဖြစ်ဖြစ် စိတ်ရှည်ရှည်ကုတဲ့သူတွေ ပျောက်ကင်းနိုင်ပါတယ်။ ရောဂါကုလိုက်၊ရပ်လိုက်လုပ်နေတဲ့ သူတွေဆိုရင်တော့ ရောဂါတိုးလာနိုင်ပါတယ်။ အရင်ကတည်းက ကျန်းမာရေးနာတာရှည်ဖြစ်နေသူများ ဒီကာလမှာ စိတ်ဆောင်ဖို့ လိုပါတယ်။ စိတ်အားငယ်လေ ရောဂါပိုကြီးလေဖြစ်တတ်ပါတယ်။ အရွယ်မရောက်သေးသော လူငယ် လေးများ ဆိုင်ကယ်မောင်းခြင်း၊ကားမောင်းခြင်းတွေကို အထူးသတိပြုစေချင်ပါတယ်။
☯️ယတြာ
ဒီနှစ်ပိုင်းမှာ သောကြာသားသမီးများဟာ ဝစီဒုစရိုက်လေးပါးကိုရှောင်ပြီး ဝစီသုစရိုက်တွေကိုသာ နှုတ်ထွက် ပြောဆိုပါ။ ရဟန်းသံဃာတွေကို သွားတိုက်ဆေး၊သွားတိုက်တံတွေဝယ်လှူပါ။ ကိုယ့်အနီးအနားမှာ ကိုယ်ကြိုက်နှစ် သက် သော ဆရာတော်တွေရဲ့ တရားခွေးလေးတွေဖွင့်ထားပြီး တရားနာယူတာမျိုး အကျင့်လုပ်ပါ။ စနေဂြိုဟ်မင်းနှင့် တကွ ၇ရက်သားသမီးတွေကို အမျှပေးဝေပါ။ သာဓုခေါ်ပါ။ အမျှဝေသာဓုခေါ်တိုင်း ကြေးစည်ထုတဲ့အကျင့်ကို မွေးမြူပါ။ ဘုရားစေတီတွေမှာ ခေါင်းလောင်းလှူပါ။ ဆရာတော်တွေရဲ့ တရားပွဲတွေနဲ့ ကြုံတဲ့အခါ ဓမ္မဒါနအဖြစ် ဝတ္ထုငွေလှူပေးပါ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
၀၉ ၇၇ ၅၅၅၅ ၆၉၅