ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တောင်သလင်းလဆန်း(၅)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၁)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သမားဖြူ၊ သမားညို၊ လူ့ပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက်သုံးရန် ကောင်းတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၄)လုံးအနေဖြင့် ဒီလိုနေ့ရက်မှာတော့အခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်မဲ့နေ့ရက်ပါပဲ။ အခက်အခဲ ပြဿနာ တွေကို ထိပ် တိုက်ရင်ဆိုင်ဖြေရှင်းလို့အထူးကောင်းပါတယ်။ အနိဌသဘောဆောင်တဲ့နေ့ရက် ဖြစ်တာ ကြောင့် လဲ မွေးမြူရေးအလုပ်များ၊ အရက်နှင့်ယာမကာလုပ်ငန်းများ၊ လောင်းက စား အလုပ်များအထူးဆောင်ရွက်နိုင်ပါ တယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာ ဆေးစစ်ခြင်း၊ဆေးကုသ မှုခံယူခြင်း များဆောင် ရွက် နိုင်ပါတယ်။ ဆေးကောင်းဝါးကောင်း တွေ မှီဝဲခွင့်ရနိုင်သလို ၊သမားတော်ကောင်းတွေနဲ့လဲ တွေ့ ကြုံရတတ်ပါတယ်။ ရပ်ဝေးနှင့်ဆက်စပ်သော အလုပ်များ၊ နိုင်ငံရပ်ခြားနှင့်ပတ်သက်သောအလုပ်များ၊ နိုင်ငံခြားပိုင် ကုမ္ပဏီ အလုပ်များလဲ အထူးတိုးတတ် အောင်မြင်မှုတွေကို ကြုံရတတ်ပါတယ်။
အိမ်အဟောင်းဖျက်ခြင်းတွေ၊ဆိုင်အဟောင်းဖျက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ မလွတ်သောသစ်ပင်များ ခုတ်လှဲခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ မီးဖိုဆောင်ပြင်ဆင်ခြင်း၊အိမ်သာအသစ်တစ်ခုတူးဖော်ခြင်းတွေအထူး ဆောင် ရွက်လို့ ကောင်းပါတယ်။
ဒီနေ့မှာကုန်စည်စီးဆင်းမှုနဲ့ပတ်သက်ပြီး အပြောင်းအလဲများရတတ်ပါတယ်။ဒီလိုနေ့ရက်မျိုးမှာ ရာသီဥတုတွေ ဖောက်ပြန်တတ်ပါတယ်။ ပညာစတင်သင်ကြားလို့ မကောင်းသေးပါဘူး ။ ပညာရှာခြင်း ၊ဆရာတင်ခြင်းများလဲ အထူးရှောင်သင့်ပါတယ်။ငွေကြေးစတင်ရင်းနှီးမြုပ်နှံခြင်းများအရှုံးပေါ်တတ်ပါတယ်။ရှောင်သင့်တာတွေကတော့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲအထူးရှောင်သင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃း၀၀)နာရီမှည(၂၃း၅၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စကားအပြောအဆို မတတ်သူတွေဖြစ်ပါတယ်။ တစ်ပါးသူတွေကို အားနာတတ်သူတွေဖြစ်ပြီးတော့ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ချင်တဲ့ပရဟိတစိတ်ရှိသူတွေဖြစ်ကြပါတယ်။ အိမ်ထောင်ရေးကံအားနည်းချက် ရှိကြပြီး စနေနေ့ဖွား၊ တနင်္လာနေ့ဖွားတွေကို ယူမိရင် အိမ်ထောင်ရေးသာယာနိုင်ခြေအနည်းဆုံးဖြစ်သွားတတ်ပါတယ်။ လောင်းကစားကြောင့်ဘဝနစ်မွန်းတတ်ကြသူတွေလဲဖြစ်ကြပါတယ်။ ငွေကြေးကံအောင်မြင်မှုအားနည်းပေမဲ့အရင်း အနှီးထုတ်ပေးမဲ့သူတွေ အများအပြားရှိနေတတ်ပါတယ်။ ငွေရှာရလွယ်ကူပြီးတော့ ငွေမြဲဖို့ခက်ခဲတဲ့သူတွေပါပဲ။ သတိ ထားရမှာက ဥာဏ်ကြီးပညာကြီးဖို့လိုတဲ့သူတွေမို့ ပညာရေးမှာ ဘွဲ့ရရှိအောင်ကြိုးစားသင့်ပါတယ်။ စာပေဖတ်ပြီး ဥာဏ် ကြီးသူ၊ဆင်ခြင်တုံတရားရှိသူဖြစ်အောင်လုပ်နိုင်ရင် အဆင်ပြေပါတယ်။ ဈေးရောင်းတော်သူတွေဖြစ်ပြီးတော့ ဘယ် ပစ္စည်း မဆို လွယ်လင့်တကူရောင်းထွက်နိုင်အောင် ရောင်းနိုင်ကြသူများလဲဖြစ်ပါတယ်။
ဟဿတနက္ခတ်ဖြစ်တာကြောင့် ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
သုဘယုဂ် ကျရောက်နေသောကြောင့် မင်္ဂလာရှိခြင်းဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမွန်သော ကိစ္စရပ် များအားလုံးအတွက် အထူးသင့်လျော်စေပါသည်။
ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်တော်စေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၇)နာရီမှ မွန်းလွဲ(၁း၄၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မရမ်းရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….လောကဝိဒူ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သခွားမွှေး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း