ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်သလင်းလဆုတ်(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၀)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ဝါရမိတ္တုကြီး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေ အားလုံး ရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြောခြင်း များလဲ ရှောင်သင့်ပါ တယ်။
ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆုတ်တီထိ(၇)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၇)လုံးအနေဖြင့် ဒီနေ့ဟာ လုပ်ငန်းနဲ့ပတ်သက် ပြီးတော့ အားရစရာကောင်းတဲ့အချက်တွေရှိပါလိမ့်မယ်။ ဒါအပြင် ငြိမ်းချမ်းသော ဆက်နွယ်သောကိစ္စမှန်သမျှလဲ ဆောင်ရွက်လို့ကောင်းပါတယ်။ ကလေးငယ်တွေကိုအာ ဟာရစတင် ကျွေးမွေးခြင်း တွေ၊သက်ကြီးရွယ်အိုတွေကို ဖြည့် စွက် စာစတင်မှီဝဲခြင်းတွေဆောင်ရွက်နိုင်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ မိမိစိုက်ခင်းကို ဓာတ်မြေသြဇာကျွေးခြင်းမျိုးတွေဒီနေ့မှာစတင်နိုင်ပါ တယ်။ ဒီနေ့မှာ ကုမ္ပဏီအစုစပ်လုပ်ငန်းများ၊ဖက်စပ်လုပ်ငန်းများနှင့် စတော့ရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လို့ ကောင်းတဲ့ နေ့ပါ။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ရေစက်ချခြင်းများလဲ ဆောင်ရွက်လို့ကောင်းတဲ့နေ့ ရက်ပါပဲ။ ကားရောင်းခြင်း၊ကားဝယ်ခြင်းနှင့် အလဲအထပ်လုပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ မိမိလိုချင် တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူလို့သင့်တော်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
ပညာရေးဝန်ဆောင်မှုများ၊စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများကျင်းပနိုင်သလို ပညာ စတင် သင်ယူလို့ကောင်းတဲ့နေ့မျိုးလဲဖြစ်ပါတယ်။ ပင်လယ်စာနှင့် ရေထွက်ပစ္စည်းများရောင်းဝယ်ခြင်းတွေ၊ အလှ ပြင် ဆိုင်၊ ဆံသဆိုင်အသစ်များ ဖွင့်လှစ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်း သုံးစွဲနေတဲ့ အသုံးအဆောင်ပစ္စည်းများကိုအသစ်အစားထိုးမယ်ဆိုရင် ဒီနေ့မှာဆောင် ရွက်လို့ ကောင်းပါတယ်။အမှုအခင်းပြဿနာတွေကိုလဲ ရင်ဆိုင်ဖြေရှင်းရန်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ မိမိသိ လိုတဲ့ သတင်းအချက်အလက်များကို စုံစမ်းရန်ကောင်းတဲ့ရက်လဲဖြစ်ပါတယ်။
ဒီနေ့မှာ ကာမဂုဏ်လွန်ကျူးခြင်းတွေကိုရှောင်လိုက်ပါ။ အာရုံခံစားတာတွေများနေရင်လျော့ပါ။ မလိုအပ် ဘဲ ငွေတွေ သုံးမိနိုင်တဲ့အတွက်သတိထားပါ။ ဒီနေ့မှာခရီးကိစ္စများ အဆင်မပြေတာတွေများနေတတ်ပါတယ်။ လိုရာခရီး မရောက်တာ၊ အချိန်မမှီတာတွေဖြစ်လွယ်ပါတယ်။ အထူးသဖြင့်ဆွေမျိုးသားချင်းတွေထံလည်ပတ်သွား လာခြင်း တွေ ကို တတ်နိုင်သလောက်လျှော့ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၁း၅၃)နာရီမှ ည(၂၂း၄၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အသက်၃၀ဝန်းကျင်မှာ ကိုယ်ပိုင်စီးပွားရေးအပိုင်းကို စတင်မြည်းစမ်းကြည့်ဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ရင် အများဝန်ထမ်းဘဝကိုပင်စင်ယူသည်အထိလုပ်နေရတတ်ပါတယ်။ ငွေကြေးကံတော့ အားကောင်းပေမဲ့ ငွေတိုးပွားအောင် မလုပ်တတ်တဲ့ဇာတာမို့ ငွေရှိလာရင် အိမ်ခြံမြေဝယ်ထားတာက အကောင်ဆုံးပါပဲ။အထက်က ပေးလာတဲ့ အမိန့်တွေ၊တာဝန်တွေ ကို ကျေပွန်အောင် စွမ်းဆောင်နိုင်ကြသူတွေဖြစ်ပါတယ်။ငွေကြေး ကပ်စေးနည်း တတ် ပြီး ထိုကပ်စေးနည်းမှုကြောင့်ပဲ ကိုယ်ပိုင်စီးပွားမလုပ်ရဲ ၊မရင်းရဲဘဲ ထင်သလောက် မကြီးပွားတာမျိုးလဲတွေ့ရတတ် ပါ တယ်။ ကျန်းမာရေးက ဒေါင်ဒေါင် မြည်အားကောင်းကြသူတွေဖြစ်ပြီး တော်ရုံနာမကျန်းဖြစ်တာမျိုးမတွေ့ရ ပါဘူး။ အရက်၊အငန်နှင့် အပူအစပ်ကိုရှောင်ပါ။ အစာအိမ်နဲ့သွေးတိုးခြင်းတွေ ဖြစ်တတ်လို့ပါပဲ။ ဒီဇာတာရှင်တွေဟာ ငယ် ဘဝတွေမှာ မိဘနဲ့ ခွဲနေရတတ်တယ်။ အဖေ ဒါမှမဟုတ်အမေနဲ့ခွဲနေရတတ်ကြသူတွေများပါတယ်။ သက်လတ်ပိုင်း သက်ကြီးပိုင်းတော့ ထူးထူးခြားခြားတိုးတက် အောင်မြင်ကြတယ်။ ပညာရေးကို တွန်းအားတစ်ခုအနေနဲ့ကြိုးစားပါ။ ပညာကြောင့်ထိပ်ဆုံးရောက်နိုင်သလောက် ပညာမတတ်တာနဲ့ တစ်သက်တာ သူများခိုင်းဖတ်ဖြစ်သွားနိုင်ပါတယ်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာ ဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဟဿနယုဂ် ကျရောက်နေသောကြောင့် “ရွှင်လန်းခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ် များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂ ဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းသောအကျိုး ၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အထူးသင့်လျော်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၇)နာရီမှ နံနက်(၁၀း၂၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နက်ပြာရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၁၊ ၂ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဒိဝါတပတိ အစချီဂါထာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “နာနတ်သီး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း