ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၉)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ သမားညို ရက်ယုတ်မာနဲ့ တိုက်ဆိုင်တာမို့ အချိန်အခါရွေးပြီးမှသာ ဆောင်ရွက်ပါ။
ဒီနေ့ဟာ ရက်ကန်း၊ရက်ယုတ်မာနှင့်သမားညိုကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။
ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ ၁၁လုံးကျရောက်နေတာ ဖြစ်ပါတယ်။ မူလအနေအထားထက်တဆင့်မြှင့်တတ် မှုတွေကိုဖြစ်ပေါ်စေ တဲ့ နန္ဒတီထိလဲဖြစ်ပါ တယ်။ကျန်းမာရေးကတော့အကောင်းများပါတယ်။ လူတကာရဲ့အကူအညီ တွေကိုရရှိတတ်ပါ တယ်။ စုပေါင်း သွေး လှူ ခြင်းများအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။ ဆံပင်ညှပ်ခြင်း၊ခေါင်းဆေး မင်္ဂလာ ပြုလုပ်ခြင်းများ ဒီနေ့မှာ အလေးပေးဆောင်ရွက်လို့အထူးကောင်းပါတယ်။
ထီထွင်ဖန်တီးမှုကိစ္စတွေကိုဦးစားပေးလုပ်ကိုင်ဆောင်ရွက်ပါ။ တစစနဲ့မြင့်တတ်လာမဲ့အလုပ်တွေကိုဦးစားပေးပါ။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမျိုးတွေ အထူးဆောင်ရွက်နိုင်ပါတယ်။ အလှအပနှင့်ဆိုင်သောစီးပွားရေးများ၊ အနုပညာ၊ ဂီတ၊ဖျော်ဖြေရေးနှင့်ပတ်သက်သော အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။
အလှကုန်ပစ္စည်းအရောင်းမြှင့်တင်ခြင်းတွေအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ အခွင့် အလမ်းများ၊ ဟောပြောပွဲများကျင်းပလို့ကောင်းပါတယ်။ ပညာဝန်ဆောင်မှုလုပ်ငန်း များအထူးတိုးတတ်နိုင်ပါတယ်။ မြေသန့်မင်္ဂလာအခမ်းအနား၊ပန္နက်တင်အခမ်းအနားများလဲ ကျင်းပဆောင်ရွက်လို့ အထူးသင့်လျော်ပါတယ်။ယနေ့တွင် သစ်ပင်မစိုက်ရပါ။ ခေါင်းဆေး၊ ခေါင်းလျှော်ပြုက အသက်ရှည်မည်။ နေအိမ်ရှိ ကြည့်မှန်တို့ကို ပြောင်လက်အောင် တိုက်ချွတ်ပါ။ လုပ်ငန်း ခွင်သုံး ပစ္စည်းများ ပြင်ဆင်ခြင်း၊ အသစ်အစားထိုးခြင်းတို့ ပြုလုပ်နိုင်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၈း၃၅)နာရီမှ ည(၉း၂၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ သရဝဏ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အနုစိတ်လွန်းတဲ့ကိစ္စတွေ၊ အသေးစိတ်ကျတဲ့အလုပ်တွေတောင်လုပ်နိုင်စွမ်းရှိကြသူတွေဖြစ် ပါ တယ်။ အလုပ်လုပ်တဲ့အခါ ငွေကို ဂရုစိုက်လေ့ရှိသူများမဟုတ်ဘူး။ ငွေကိုလဲ အလေးအနက်မထားဘူး။ကိုယ်လုပ် ချင်တာ လုပ်နေရရင် ကျေနပ်နေကြသူမျိုးတွေဖြစ်လာလိမ့်မယ်။ အောက်လက်ငယ်သားအကျိုးမပေးတာမို့ လုပ်ငန်း ရှင်ဖြစ် လာရင် ဝန်ထမ်းတွေနဲ့အလုပ်ကိုလွှတ်ထားလို့မရပါဘူး။ ဒီဇာတာရှင်ဟာ ဘာသာစကားကံအားကောင်းပြီး တော့ တကယ် လေ့လာမယ်ဆိုရင် ဘာသာစကား ၂မျိုး၊၃မျိုးထိ တတ်မြောက်နိုင်တာကို အထင်အရှားတွေ့ရပါတယ်။ မိန်းကလေးဇာတာရှင်ဆို အသက် ၂၇အထိ အိမ်ထောင်မပြုစေချင်ပါဘူး။ ငယ်ရွယ်စဉ် အိမ်ထောင်ပြုရင်အိမ်ထောင် ရေးသယာဖို့ အလွန်ခဲယဉ်းပါတယ်။ မိန်းကလေးဇာတာရှင်ဆိုရင်တောင်မှ လုပ်ငန်းရှင်ဖြစ်ပြီး စီးပွားလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်တဲ့အရည်အသွေးပြည့်ဝကြသူတွေဖြစ်ပါတယ်။
သရဝဏ် နက္ခတ်သည် ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက် အဆင်ပြေသည်။ ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဓိတိယဂ်သည် တည်ငြိမ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသောကိစ္စများ အတွက် ကောင်းသည်။
ဝဏိဇကရိုဏ်းသည် မြတ်သောယောဂ။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများ အတွက် အသင့်တော်ဆုံးဖြစ်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀◌း၁၉)နာရီမှ (နေ့လယ် ၁၁း၄၉)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင်နှင့် ပုလဲရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. သရဏံဂုံ၃ပါးကို အနုလုံပဋိလုံ အပြန်အလှန်(၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဖက်ထမင်း” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း