ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၁၀)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၁)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လယ် ၁၁း၃၄အထိ လဆုတ်တီထိ ၁၀လုံးဖြစ်ပြီးတော့ထိုအချိန်ကျော်ပါက ပျော်ရွှင်ခြင်းကို ပေး တဲ့ လဆုတ်တီထိ(၁၁)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
လုပ်လက်စအလုပ်တွေကိုရှေ့တိုးဆောင်ရွက်လို့အထူးကောင်းပါတယ်။အခက်အခဲများကိုဖြေရှင်းရန်ကောင်းသောနေ့ရက်ဖြစ်ပါတယ်။ လူတော်တော်များကတိသစ္စာမတည်ကြည်တာမျိုးတွေတော့ဖြစ်တတ်ပါတယ်။ ကြာသပတေး ဂြိုဟ်ပိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် အိမ်ထောင်ပြုလို့ကောင်းပါတယ်။
အလုပ်ဟူသမျှအဆင်ပြေတိုးတတ်ခြင်းကိုတွေ့ကြုံရတတ်ပါတယ်။ အထိုင်အလုပ်တွေပဲဖြစ်ဖြစ်၊လှုပ်ရှားသွားလာရ တဲ့အလုပ်တွေပဲဖြစ်ဖြစ်အထူးတိုးတတ်ပါလိမ့်မယ်။ အေးအေးဆေးဆေးနဲ့ ခံစားပြီးလုပ်ရတဲ့အလုပ်တွေအထူး တိုး တတ်ပါလိမ့်မယ်။စာပေရေးသားခြင်း၊ ကဗျာစပ်ခြင်း၊သီချင်းရေးခြင်း၊ ပန်းချီဆွဲခြင်းစတဲ့အလုပ်တွေကိုဦးစားပေး လုပ်ကိုင်လို့အထူးကောင်းပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီးအထူးတိုးတတ်ပါလိမ့်မယ်။ ပညာရေးဆွေးနွေးပွဲများ၊စာတမ်းဖတ်ပွဲများအထူး တိုးတတ်ပါလိမ့်မယ်။ရုပ်ရှင်အနုပညာလုပ်ငန်းများ၊စတင်နိုင်ပါတယ်။ ရေနံသဘာဝဓာတ်ငွေ့အပါအဝင် သတ္တုတူး ဖော်ရေးလုပ်ငန်းများအထူးတိုးတတ်နိုင်တာကိုတွေ့ရပါတယ်။
ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်းများ၊ အချိုရည်၊အအေး၊ရေသန့်လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။ အလှူအတန်းနဲ့ပက်သက်သောကိစ္စများ အမျှဝေရေစက်ချခြင်းများလဲ အထူးဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။တရားရှုမှတ်တာ၊ပရိတ်ပဌာန်းရွတ်ဆိုပူဇော်တာ၊ သမထဘာဝနာပွားများတာများ မျိုး အထူးကောင်းပါတယ်။ မိဘဘိုးဘွားတွေနဲ့ ကျေးဇူးရှိသူတွေကို တတ်နိုင်တာလေးနဲ့ ကန်တော့တာမျိုးတွေလဲ အထူးပဲဆောင်ရွက်နိုင်ပါ လိမ့်မယ်။ကွယ်လွန်သွားပြီဖြစ်တဲ့မိဘဘိုးဘွားတွေရှိရင်လဲ ထိုသူတွေအတွက် ရည်စူးပြီးကုသိုလ်ဒါနလုပ်တာ၊အလှူ ပေးတာမျိုးတွေအထူးပဲဆောင်ရွက်သင့်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၉း၄၃)နာရီမှ ည(၂၀း၃၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဿလိသနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ကန်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ ထက်မြက်တယ်၊အကင်းပါးတယ်။ရန်လိုစိတ်လဲရှိကြသူတွေဖြစ်ကြပါတယ်။ အာယုဂြိုဟ် အားနည်း တာမို့ကျန်းမာရေးကတော့အနည်းငယ်နုနယ်ကြပါတယ်။ ဥတုအပြောင်းအလဲနဲ့ ကာယအား အလွန်သုံး လိုက်တဲ့အချိန် တွေမှာ ဖျားတာနာတာမျိုးတွေဖြစ်လာနိုင်ကြပါတယ်။ ငွေကံအားကောင်းနေပေမဲ့ ရှိတဲ့ငွေတွေကို တစ်နေရာတည်းမှာပဲ ပုံအောပြီးရင်းနှီးမြုပ်နှံလိုက်တာမျိုးတွေကိုတော့ တစ်သက်တာရှောင်လိုက်စေချင်ပါတယ်။ ရည်မှန်း ချက်၊ရည်ရွယ်ချက် ငယ်စဉ်ကတည်းကရှိတဲ့သူမျိုးဖြစ်ပြီးတော့ ဦးတည်ချက်ရှိတဲ့လမ်းကြောင်းပေါ် အမြန်ဆုံး ရောက်နိုင်တဲ့ဇာတာမျိုးတွေလဲ ဖြစ်ကြပါတယ်။ အချစ်ရေးကံကောင်းတတ်ကြသူတွေဖြစ်ပေမဲ့ စကားအပြောအဆို ဆင်ခြင်ဖို့တော့ တိုက်တွန်းလိုက်ရပါ တယ်။ ဒါအပြင် အရက်သေစာ သွေးတိုးစာတွေစားလွန်းရင်လဲ အသက်မကြီးခင် လေဖြတ်သွားနိုင် တာကိုလဲ မေ့ ထားလို့မရပါဘူး။
အသလိသ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင်အောင်မြင်ရန်၊ ဒြပ် စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက် အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
သုဘယုဂ် ကျရောက်နေသောကြောင့် “မင်္ဂလာရှိခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမွန်သော ကိစ္စရပ်များ အားလုံးအတွက် အထူးသင့်တော်ပါသည်။
ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ စသည့်အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်တော်စေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၁၉)နာရီမှ မွန်းလွဲ(၁း၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဝိဇ္ဇာစရဏသမ္ပဒ္ဓေါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ပဲထမင်း” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း