ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နတ်တော်လဆုတ်(၅)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ(၅)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၅)လုံး အနေဖြင့် အေးချမ်းခြင်းတွေ၊ ကြည်နူးခြင်းတွေကိုပေးတဲ့ပုဏ္ဏာ တီထိကျ ရောက်တဲ့နေ့ရက်လဲဖြစ်ပါ တယ်။ဒီနေ့မှာ တစ်ပတ်ရစ်များ၊အရောင်းထိုင်းပစ္စည်းများရောင်းဝယ်ဖောက် ကားလို့ အထူး ကောင်းပါတယ်။ ကျန်းမာ ရေး နဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းမွန်ပါလိမ့်မယ်။ မြုပ်နေတဲ့ငွေ တွေလဲ ပြန်ဖော် နိုင်ပါ လိမ့်မယ်။ ရန်များ ပဋိပက္ခများကိုလဲကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။
ရာဟုကာလအမှောင်ချိန်ကလွဲလို့ ည၁၁နာရီ မတိုင်ခင်အထိက အချိန်အခါကောင်းပါတယ်။ မင်္ဂလာမည်သော ကိစ္စ များဆောင်ရွက်လို့ကောင်းပါတယ်။ ဘဏ်လုပ်ငန်းများ၊ငွေကြေးဆိုင်ရာကိစ္စများလဲဆောင်ရွက်လို့ကောင်းပါ တယ်။ အိမ်၊ ခြံ၊ မြေ၊ လုပ်ငန်းများစတင်ခြင်းတွေ အထူးကောင်းပါတယ်။
ကြာပသတေးပိုင်တဲ့တီထိဖြစ်တာကြောင့် ပညာရေးနဲ့ပတ်သက်သောကိစ္စအ၀၀မှာဆောင်ရွက်လို့ အထူးကောင်း ပါတယ်။ ပညာရှာခြင်း၊သင်တန်းတတ်ရောက်ခြင်း။တပည့်ခံခြင်းများဆောင်ရွက်နိုင်သလို ဆရာတွေ အနေနဲ့ ပညာသင် ပေးခြင်း၊သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။
ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ်တွေပြန်လည်ရရှိတတ်ပါတယ်။ခဏဆိုင်းငံ့ထားတဲ့အလုပ်တွေ ကိုပြန်လည်လုပ်ကိုင်နိုင်မဲ့နေ့ရက်ပါပဲ။ ရစရာရှိတဲ့အကြွေးတွေကိုတောင်းခံနိုင်မဲ့နေ့ရက်ပါပဲ။ အလှူအတန်းပြုခြင်း၊ ရေစက်ချအမျှဝေခြင်းများ၊အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားထီးတင်ခြင်း၊ ဘုရားနေက ဇာတင်ခြင်း၊ ဘုရား ဆင်းတုတော်ပင့်ဆောင်၍စတင်ပူဇော်ကိုးကွယ်ခြင်းများ အထူးကောင်းတဲ့နေ့ပါပဲ။
ယုတ်မာကောက်ကျစ်သောသူများ မူလစရိုက်ပေါ်သောနေ့ရက် ဖြစ်ပေရာ အထူးသတိရှိရမည့်နေ့ရက် ဖြစ်ပေ သည်။ ကတိစကား ပျက်ယွင်းမှုများ ဖြစ်တတ်သည်။ ငွေကြေးအပေးအယူကိစ္စများတွင် အငြင်းပွားစရာများ ဖြစ်တတ် သည်။ ကုန်ပစ္စည်း အမှတ်တံဆိပ်အတုများ ဈေးကွင်းအတွင်း စီးဆင်းတက်သည်။ တံဆိပ်တုံးအတု၊ လက်မှတ်အတု၊ စာရွက်စာတမ်း အတုအယောင်တို့ကို အသုံးချ၍ လိမ်ညာမှုကို ခံရတတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၄း၁၁)နာရီမှ ညနေ(၅း၀၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါ သည်။ဒီနေ့ မွေး သူများဟာ အခက်အခဲတွေကို ခေါင်း အေးအေးနဲ့ဖြေရှင်းတတ်သူဖြစ်ပါတယ်။ လောကဓံတွေကို ကောင်းစွာခံနိုင် ရည်ရှိသူပဲဖြစ်ပါတယ်။ တစ်ခုခုကိုလေ့လာ လိုက်စားပြီဆိုရင်လဲ အတွင်းကျကျ အဆုံးထိလိုက်စားတတ်သူဖြစ်ပါတယ်။ ဒါကြောင့်ပဲနယ်ပယ်အသီးသီးများ အထူးချွန်ဆုံးလူအဖြစ်ကောင်းစွာရပ်တည်နိုင်ကြတယ်။ ဆရာအဖြစ် လူသိများ ကျော်ကြားတတ်သူတွေဖြစ်ပါတယ်။ အားနည်းချက်က ကပ်စေးနည်းတတ်ပြီး မသုံးရက်၊မစားရက်သူ ဖြစ်နေတာကိုတွေ့ ရပါတယ်။ နေရပ်အမျိုးမျိုးပြောင်းလဲ နေထိုင်ရတတ်ပေမဲ့ ဘဝနေဝင်ချိန်တွေမှာတော့ မွေးရပ်မြေမှာပဲ အေးချမ်းစွာပြန် ပြီး ခေါင်းချချင်သူတွေဖြစ်နေတတ်ပါ တယ်။
ဤနက္ခတ် သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၄၅)နာရီမှ ညနေ(၄း၀၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင်နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သိကြားမင်းသက်စောင့်ဂါထာ(ဝေဒါသာကုအစချီဂါထာ)ကို(၅)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ကိတ်မုန့်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း