ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နတ်တော်လဆုတ်(၈)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ ရက်တံခွန်၊ ရက်ရာဇာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၈)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၈)လုံး နေ့ အနေဖြင့် အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ပြဿနာများကိုရင်ဆိုင်ဖြေရှင်းရတဲ့နေ့ရက်လဲဖြစ်ပါတယ်။ အလုပ်တွေကအခက်အခဲတွေကို ကောင်းစွာဖြေရှင်း သွားနိုင်ပါလိမ့်မယ်။ စစ်ရေးကိစ္စ၊အစိုးရနဲ့ပက်သက်သောကိစ္စ တွေမှာပြေလည်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဆေးကု၊ဆေးစစ်ရန်အတွက်ကောင်းမွန်သောရက်ကောင်းဖြစ်ပါ တယ်။ ကြုံရနိုင်တဲ့ အကြပ်အတည်းတွေကိုလဲ ကောင်းစွာကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့တွေ့ကြုံရတဲ့ အလှူခံမှန် သမျှကို သဒ္ဓါကြည်ဖြူစွာ လှူဒါန်းလိုက်ခြင်းဖြင့် အောင်မြင်မှုတွေကိုဖြစ်ပေါ်စေပါလိမ့်မယ်။
ရစရာရှိသောအကြွေးများ၊ရပိုင်ခွင့်များ ကောင်းစွာတောင်းခံနိုင်ပါလိမ့်မယ်။ အလုပ်ပိနေသူများ၊ အလုပ်တာဝန်များ နေသူများ ကောင်းစွာစီမံခန့်ခွဲနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ ခရီးသွားရင် တွေ့တဲ့ဆိုင်မှာထီကံစမ်းခြင်းတွေပြုလုပ်လို့ အထူးသင့်လျော်ပါတယ်။ လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများဝယ်ယူမယ်ဆိုရင်လဲ ဝယ်ယူလို့အထူး သင့်တော်ပါတယ်။ ဘာကိစ္စမဆို အချိန်မဆွဲဘဲ လက်ဦးမှုတွေစတင်ယူလိုက်မယ်ဆိုရင်တော့အထူးပဲအဆင်ပြေ သွား တတ်ပါတယ်။ စားသောက်ကုန်နဲ့ပတ်သက်သော ကုန်စည်ပြပွဲများကျင်းပခြင်း၊ promotion များပြုလုပ်ခြင်း တွေ အထူးကောင်းပါလိမ့်မယ်။
ခရီးကိစ္စများဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ကုန်သွယ်စီးပွားခရီးတွေပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့ပါလိမ့်မယ်။ မိမိလုပ်ငန်းအတွင်းဝန်ထမ်းတွေကို အလုပ်နဲ့ ပတ်သက်သောသင်တန်းတွေပေး တာ မျိုးတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။အိမ်ပြုပြင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်း၊ ပျက်စီးယိုယွင်းနေတဲ့နေရာ တွေကိုပြင် ဆင် ခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ကြော်ငြာကိစ္စများဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကုန်ရောင်း ကုန်ဝယ် အလုပ်များ၊ ဈေးရောင်းဈေးဝယ် အလုပ်များအထူးအဆင်ပြေနိုင်ပါတယ်။
ဆောင်ရွက်သမျှကိစ္စတွေမှာ နှေးကွေးကြန့်ကြာပြီးမှအောင်မြင်တတ်သောနေ့ဖြစ်ပါတယ်။မိမိလိုအပ်နေသော သတင်း အချက်အလက်တွေ၊ဒေတာတွေစုဆောင်းနိုင်သောနေ့ရက်ဖြစ်ပါတယ်။ရန်ပဋိပက္ခများဖြေရှင်းနိုင်ပါလိမ့်မယ်။ ငွေကြေး လာဘ်လာဘအတွက်ပြောဆိုဆောင်ရွက်ရန် အခါသင့်သည်။ ကျန်းမာရေးအညံ့ကြုံက မပေါ့ဆအပ်ပါ။ ချက်ချင်း ကုသမှု ခံယူပါ။ ဆေးမြီးတိုနဲ့မကုသင့်တဲ့နေ့ရက်ပါပဲ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၃း၅၉)နာရီမှ ညနေ(၄း၅၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အနုစိတ်လွန်းတဲ့ကိစ္စတွေ၊ အသေးစိတ်ကျတဲ့အလုပ်တွေတောင်လုပ်နိုင်စွမ်းရှိကြသူတွေဖြစ် ပါ တယ်။ အလုပ်လုပ်တဲ့အခါ ငွေကို ဂရုစိုက်လေ့ရှိသူများမဟုတ်ဘူး။ ငွေကိုလဲ အလေးအနက်မထားဘူး။ကိုယ်လုပ် ချင်တာ လုပ်နေရရင် ကျေနပ်နေကြသူမျိုးတွေဖြစ်လာလိမ့်မယ်။ အောက်လက်ငယ်သားအကျိုးမပေးတာမို့ လုပ်ငန်း ရှင်ဖြစ် လာရင် ဝန်ထမ်းတွေနဲ့အလုပ်ကိုလွှတ်ထားလို့မရပါဘူး။ ဒီဇာတာရှင်ဟာ ဘာသာစကားကံအားကောင်းပြီး တော့ တကယ် လေ့လာမယ်ဆိုရင် ဘာသာစကား ၂မျိုး၊၃မျိုးထိ တတ်မြောက်နိုင်တာကို အထင်အရှားတွေ့ရပါတယ်။ မိန်းကလေးဇာတာရှင်ဆို အသက် ၂၇အထိ အိမ်ထောင်မပြုစေချင်ပါဘူး။ ငယ်ရွယ်စဉ် အိမ်ထောင်ပြုရင်အိမ်ထောင် ရေးသယာဖို့ အလွန်ခဲယဉ်းပါတယ်။ မိန်းကလေးဇာတာရှင်ဆိုရင်တောင်မှ လုပ်ငန်းရှင်ဖြစ်ပြီး စီးပွားလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်တဲ့အရည်အသွေးပြည့်ဝကြသူတွေဖြစ်ပါတယ်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်း ခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၃၆)နာရီမှ နေ့လယ်(၁၁း၅၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….အရဟံသိဒ္ဓိဘဂဝါအောင် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချော မွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဟမ်ဘာဂါ” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း