loading

18. Dec.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 18. Dec.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နတ်တော်လကွယ်ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြု ခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက် စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေး အညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆုတ်တီထိ(၁၄)လုံး ကျရောက်နေတာ ဖြစ်ပါ တယ်။

တီထိ(၁၄)လုံးအနေဖြင့် ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။စနေဂြိုဟ်အုပ်စိုး တဲ့ တီထိဖြစ်ပါတယ်။ စစ်လက်နက်များ ထုတ်လုပ်ခြင်း၊ဓားလှံလက်နက် များထုတ်လုပ် ခြင်းတွေ အထူး ဆောင်ရွက်နိုင်ပါတယ်။ အရက်၊ဘီယာစတဲ့ယမကာများ ထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်း တွေလဲ ဆောင်ရွက်နိုင် ပါတယ်။

ရန်သူစခန်းကိုသိမ်းပိုက်ခြင်း၊ တရားခံကို ဖမ်းဆီးခြင်းမျိုးတွေပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ လက်လျော့ ထားတဲ့ အလုပ်တွေကို တကျော့ပြန်လည်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ အတိတ်ကလုပ် ခဲ့တဲ့ ကောင်း တဲ့ကိစ္စတွေဆိုကောင်းကျိုး၊ဆိုးတဲ့ကိစ္စတွေလုပ်ခဲ့ရင် ဆိုးကျိုးတွေအနေနဲ့ပြန်လည်ခံစားရတတ်ပါတယ် ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးအဆင်ပြေမှုတွေရှိပါလိမ့်မယ်။ လက်လွန်ထားတဲ့ငွေတွေ၊ ဆုံးမယ်ထင်တဲ့ ငွေတွေပြန်ရ တတ် တဲ့နေ့ရက်ပါပဲ။။

တရားအားထုတ်ခြင်၊ဘဝနာပွားများခြင်း၊ ကမ္မဌာန်းရှုမှုတ်ပွားများခြင်းများလဲ အထူးဆောင်ရွက်ခြင်းဖြင့် ထူးခြားတဲ့ ဉာဏ်စဉ် တွေကိုရလာတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်များ၊ လျှပ်စစ်နှင့်ပက်သက်ဆက်နွယ်သောလုပ် ငန်းများ အထူးပဲအဆင်ပြေလာတတ်ပါတယ်။ ဒီလိုနေ့တွေမှာတော့ မိမိဖြစ်ချင်တဲ့ကိစ္စတွေကိုအချိန်ပေးလုပ် သွားနိုင်ပါ လိမ့်မယ်။ ဘာလုပ်လုပ် သတိတော့ မလွတ်သင့်ပါဘူး။ စာရင်းဇယားအမှားတွေလုပ်မိတတ်လို့ပါပဲ။

စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူးပဲပြုလုပ်ဆောင်ရွက်သင့်တဲ့ နေ့ ရက်ပါပဲ။ လုပ်ငန်းသစ်တွေစတင်လည်ပတ်တာ၊ အလုပ်လျှောက်တာမျိုးတွေ စတင်လို့အထူးကောင်းပါတယ်။ ကံစမ်းမဲနှိုက် ခြင်း များ၊ ထီထိုးခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။  အဝတ်ချုပ်လုပ်တာမျိုးတွေ၊ အဝတ်ဒီဇိုင်းရေး ဆွဲတာမျိုးတွေ၊ ဖက် ရှင်ရှိုးပွဲများပြုလုပ်ခြင်းများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာရှောင်သင့်တာကတော့ ပိုက်ဆံမချေးပါနဲ့ ဆုံးတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ လူယုံမထား သင့်ပါ။ မဖွင့်ပြောသင့်တဲ့စကားတွေကို လျှို့ဝှက်ထားလိုက်ပါ။ အချိန်ဆွဲလို့ အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေဆုံးရှုံး ရတတ် တဲ့နေ့ရက်လဲဖြစ်ပါတယ်။

            ယနေ့ တောင်အရပ်သို့ ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ အိမ်၊  ခြံမြေ ရောင်းဝယ်ခြင်းများ မပြုအပ်။ စတင် သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စဖြစ်နေမည်။ စာရွက်၊ စာတမ်း၊ လက်ပြောင်းလက်လွှဲတို့ကို  အထူးသတိနှင့် ဆောင် ရွက်ပါ။ ငွေကြေး အပေးအယူကိစ္စများတွင် အငြင်းပွားစရာများ ရှိတက်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၃း၃၆)နာရီမှ ညနေ(၄း၂၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူတွေဟာ တော်သူ၊ထက်မြက်သူတွေဖြစ်ကြပါတယ်။ အများအားဖြင့် ပါးနပ်လိမ္မာပြီးတော့ လျင်မြန်စွာ တွေးခေါ်သုံးသပ်နိုင်သူတွေဖြစ်ကြပါတယ်။ ငွေကြေးမပူပင်ရသူတွေဖြစ်ပြီးတော့ ငွေကို ရှာရတာလဲ မိမိတို့အတွက် မခက်ခဲတဲ့ဇာတာမျိုးတွေပါပဲ။ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေကို သုံးစွဲခွင့်ရကြသူတွေလဲ ဖြစ်ကြပါတယ်။ တစ်ဦး တစ်ယောက်ထဲထက် အများနဲ့အုပ်စုဖွဲ့လုပ်ကိုင်ရသော ဂရုဆန်ဆန်စီးပွားရေးတွေနဲ့ အကျိုးပေးအောင်မြင်တတ် ကြပါ တယ်။ သတိထားရမှာက သားသမီးကံအားနည်းချက်ရှိခြင်း၊အသက်သေစာသောက်စားပါက ငယ်ငယ်ရွယ်ရွယ် နှင့် လေဖြတ်တတ်ခြင်းတွေကို အထူးသတိထားရလိမ့်မယ်။ ဒီနေ့မွေးကလေးတွေကို ဖုန်းအရမ်းပြလွန်းရင် ဆိုးရွားစွာ ထိခိုက်နိုင်တာကို မကြာခဏတွေ့ရတာကိုလဲ သတိပြုပြောကြားလိုက်ပါရစေ။ 

အနုရာဓ နက္ခတ်သည် နူးညံ့သိမ် မွေ့သော သဘောသဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့် လည်ပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက်ကောင်းမွန် သော နက္ခတ် ဖြစ်သည်

အနုရာဓနက္ခတ်အချိန်များတွင် ထီထိုးခြင်း၊ မေတ္တာ ရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာ ဝတ် ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေ အိမ်ရာအရောင်း အဝယ် လုပ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဓိတိယုဂ် ကျရောက်နေသောကြောင့် “တည်ငြိမ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ် များ အားလုံးအတွက် အထူးသင့်တော်ပါသည်။

ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အားသင့်တော်စေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၂၅)နာရီမှ မွန်းလွဲ(၂း၄၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင်နှင့် အပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….မောရသုတ်(၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “လက်ဖက်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *