loading

3. Jan.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 3. Jan.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ပြာသိုလဆုတ်(၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ပညာသင်ကြားခြင်း၊ စတင်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ပြဿနာဟောင်းများကို ဖြေရှင်းနိုင်မည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီအတွင်း အခက်အခဲပြဿနာများကို ဖြေရှင်း အောင်မြင်နိုင်ပါသည်။ အလုပ်ရှာဖွေခြင်း၊ ဆက်သွယ်ခြင်းများ ဆောင်ရွက်သင့်ပါသည်။

ဒီနေ့ဟာ  ရက်ရာဇာ၊ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လပြည့်တီထိကျရောက်နေတာ ဖြစ်ပါတယ်။

လပြည့်တီထိအနေဖြင့် ကံကောင်းမှုနှင့်ပျော်ရွှင်မှုနေ့ရက်လည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၊ အပျော်အပါး အနုပညာ၊ သဟ ဇာတဖြစ်မှု၊ လက် ဝတ်ရတနာများ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများ၊ ပန်းများနှင့် အနုပညာ သို့မဟုတ် အလှဆင် ပစ္စည်း များကို ဝယ်ယူခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆန့်ကျင်ဘက်လိင်ကိစ္စ၊ သမီးရည်းစား၊ အလည်အပတ် သို့မဟုတ် သူငယ် ချင်းများကို ဖိတ်ခေါ်ခြင်း၊ ပျော်ရွှင်မှုအမျိုးမျိုး၊ အစားအသောက်ကောင်းကောင်း စားခြင်း၊ ငွေကြေးကိစ္စများ၊ ခရီးသွားခြင်းနှင့် ခရီးသွားခြင်းတို့အတွက် အဆင်ပြေသည်။

အထီးကျန်ဖြစ်ခြင်း၊ အရေးကြီးသော အရာများ ကိုရောင်းချခြင်းမှ ရှောင်ကြဉ်ပါ၊ ဒီနေ့ဟာ အိမ်၊ ခြံမြေ အရောင်း အဝယ်မပြုသင့်သော နေ့ရက်ဖြစ်ပါတယ်။ ဒီနေ့တွင် ဆေးဖေါ်၊ ဆေးစပ်ခြင်းများ၊ သမားပြသခြင်းများ ဆောင်ရွက်ရန် အခါကောင်း ကျ ရောက် နေ ပါတယ်။ ဆေးဝါး ကုသမှုခံယူခြင်းများ ပြုလုပ်နိုင် မည်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများ အောင်မြင်မည်။

 သေဆုံးပြီးခဲ့သော မိဘ၊ ဘိုးဘွားများအား ပူဇော်၊ ကန်တော့ရန် သင့်တော်သောနေ့ ဖြစ်နေပါတယ်။ ပြည့်စုံခြင်းကို  ဖေါ်ဆောင်သော ပုဏ္ဏာတီထိ ဖြစ်ပြီး ကြာသပတေး  စိုးမိုးခြင်းအားဖြင့် အိမ်ထောင်ပြုခြင်း၊ တပည့်လက်ခံခြင်း၊ ခရီးသွား လာခြင်း၊ နန်းတက်ခြင်း၊ အစိုးရသစ်များ ကျမ်းသစ္စာကျိန်ဆိုခြင်း စသောလုပ်ငန်းများကို ဆောင်ရွက်ရန် သင့်တော်သော တီထိ ဖြစ်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၂း၂၉)နာရီမှ ညနေ(၃း၂၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ သူများတွေနဲ့ မတူတဲ့အတွေးမျိုးတွေရှိတတ်ကြသူတွေပါ။ အဲဒီအတွေးတွေက တစ်ခါတလေ အံချော်နေ တတ်တာမို့ မိမိအတွေးအခေါ်တွေက လက်တွေ့မှာ သဟဇာတဖြစ်ရဲ့လားဆိုတာ အမြဲဆန်းစစ်နေသင့်တဲ့ဇာတာမျိုးတွေ မိမိကို အရွှဲ့တိုက်လာရင်လဲ ၂ဆ ၃ဆပြန်အရွဲ့တိုက်တာမျိုးတွေကို လုပ်တတ်တဲ့သူမျိုးတွေဖြစ်ပါတယ်။ နေရာထိုင်ခင်း ကံကောင်းပြီး ကြိုးစားတဲ့သူဆိုရင် မြေကွက်တွေ၊အိမ်တွေအများအပြား ပိုင်ဆိုင်ကြတဲ့သူမျိုးတွေဖြစ်နေတတ်ပါတယ်။ အောင်မြင်လာရင် ထင်ပေါ်အောင်မနေတတ်ဘဲ မရှိသလို နေတတ်ကြတဲ့သူမျိုးတွေပါပဲ။ ဒါကြောင့်ပဲ ဒီလိုဇာတာတွေက အရမ်းချမ်းသာရင်တောင် သာမန်လူတွေလို နေထိုင်သွားကြသူတွေပါပဲ။ အရက်သေစာသောက်စားခြင်းကိုရှောင်သင့်ပါ တယ်။ ဘာလို့လဲဆိုတော့ အစာအိမ်နှင့်သွေးတိုးရောဂါတွေက မိမိဘဝမှာ ဒုက္ခပေးနိုင်တဲ့ဇာတာမျိုးတွေဖြစ်လို့ပါပဲ။

အဒြနက္ခတ်သည် ရန်သူများနှင့်တိုက်ခိုက်ခြင်း၊ အဆိပ်၊ မီး၊ တစ္ဆေအမဲလိုက်ခြင်းများအတွက် သင့်လျော်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိပြီး စစ်ပွဲတွင် အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားနတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များနှင့် အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ခရီးသွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗြဟ္မာယုဂ် ကျရောက်နေသောကြောင့် “မြင့်မြတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ် များအားလုံးအတွက် အထူးကောင်းပါသည်။

ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်ဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့ ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၃)နာရီမှ နံနက်(၁၀း၄၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင်နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….တောင်ဘက်လှည့်၍လောကဝိဒူ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ရွှေထမင်း” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *