loading

27. Jan.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 27. Jan.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ နဂါးပေါ်ရက်၊ ရက်ကန်း၊ ဝါရမိတ္တုငယ်၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၉)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၉)လုံးအနေဖြင့် ဒီလိုနေ့မျိုးမှာ အဆင်မပြေလို့ မလုပ်ဖြစ်ဘဲ ပစ်ထားလိုက်တဲ့ အလုပ်တွေရှိရင်တော့ ပြန်လည်လုပ်ကိုင်ကြည့်လိုက်ပါ။ အောင်မြင်သွားတတ်ပါတယ်။အနုစိပ်အသေးစိပ်လုပ်ကိုင်ရသော အလုပ်စီးပွား များ အောင်မြင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ မိမိတို့ ရစရာရှိတဲ့ငွေကြေးတွေ ၊လက်လွန်ထားတဲ့ငွေကြေးတွေရှိရင် ဒီနေ့မှာ ပြန်လည်တောင်းခံလို့ကောင်းတဲ့နေ့ရက်ပါပဲ။ နိုင်ငံခြားနဲ့ဆက်စပ်လုပ်ကိုင်ရသော စီးပွားရေးများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ နိုင်ငံခြားသွားဖို့ အင်တာဗျုူးဖြေခြင်းလုပ်ငန်းများ အဆင်ပြေအောင်မြင်မှု တွေရလာတတ်ပါတယ်။

            ဒီလိုနေ့မျိုးမှာတော့မိမိတို့ကိုးကွယ်မဲ့ ဘုရားဆင်းတုတော်များ၊ ရဟန္တာပုံတော်များကို စတင်ထုလုပ်ခြင်းမျိုး ဒီနေ့ မှာ အလွန်ပဲကောင်းပါတယ်။ သံသရာက လွတ်မြောက်ကြောင်း အကျင့်များကျင့်ကြံခြင်း၊ ကိလေသာ ငြိမ်းအေးစေ ကြောင့် တရားတော်များကို နာယူခြင်းတွေဒီနေ့မှာ ပြုလုပ်လို့အလွန်ကောင်းပါလိမ့်မယ်။

            အဆောက်အဦးအဟောင်းတွေကို ဖြိုဖျက်ခြင်းများ၊ အိမ်နဲ့မလွတ်သော သစ်ပင်ခုတ်လှဲခြင်းများ ဒီနေ့မှာ ဆောင်ရွက်လို့ အထူးပဲကောင်းနေတတ်ပါတယ်။ ယနေ့သည် မြန်မာလဆန်း(၁၀)ရက်နေ့ ဖြစ်ပေရာ အပျော်ခရီးများ သွားလာခြင်း မပြုသင့်ပါ။ မတော်တဆ ထိခိုက်မှု အန္တရာယ်များ ဖြစ်ပွားတက်သည်။ အရှေ့မြောက်အရပ်သို့ ဦးတည်သွားလာခြင်းများ ရှောင်းကြဉ်ပါ။ နံနက်/ည (၄း၃၀) နာရီမှ (၆း၀၀)နာရီကြားကာလများတွင် အသွားအလာ အထူးဂရုစိုက်သင့်သည်။ ယနေ့ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ တပိုင်းတစ ဖြစ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂း၅၄)နာရီမှ မွန်းလွဲ(၁း၄၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာတော်တဲ့ထက်မြက်တဲ့သူမျိုးဖြစ်ပါတယ်။ ခက်ခဲတဲ့ နည်းပညာတွေကိုတတ်မြေက်လွယ်တဲ့ဇာတာ မျိုးဖြစ်နေတတ်ပါတယ်။ ဘာကိစ္စမဆို အရိပ်ပြရင်အကောင်မြင်တတ်တဲ့သူမျိုးဖြစ်ပါတယ်။ အလုပ်တွေအပြောင်းအလဲ ဖြစ်လွယ်တာ ၊အိုးအိမ်နေရာအပြောင်းအလဲဖြစ်လွယ်တာမျိုးဒီဇာတာမှာ အထူးကြုံရတတ်ပါတယ်။ မထင်မှတ်ထား သော ငွေကြေးကိစ္စတွေကိုလွယ်ကူစွာဖြေရှင်းနိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကိုကောင်းစွာစီမံခန့်ခွဲနိုင်ကြတဲ့ သူမျိုးဖြစ်ပါတယ်။ သက်လတ်ပိုင်းမှာ သိသိသာသာကံမြင့်မားတတ်ပေမဲ့ အသက် ၂၅ကနေ အသက် ၃၂ကြားကတော့ ရုန်းရကန်ရ ပင်ပန်းရတဲ့ဇာတာဖြစ်ပါတယ်။

ဘရဏီ နက္ခတ်သည် ချက်ချင်းလက်ငင်းလုပ်ဆောင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြိုင်ဆိုင်မှု၊ လှုပ်ရှားမှုများ၊ မီး၊ အဆိပ်၊ ရေတွင်းတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ။ ဤနက္ခတ် သည် ရက်စက်ကြမ်းကြုတ်သော သဘာဝရှိသည်။ အဆိပ်ခတ် ခြင်း၊ ဖျက်ဆီးခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် လှည့်စားခြင်းအတွက် သင့်လျော်သည်။ ခရီးတစ်ခုမစတင်ပါနှင့်။ ငွေမချေးပါနှင့်။ မီး သို့မဟုတ် လက်နက်၊ အဆိပ် သို့မဟုတ် ဓာတုပစ္စည်းများ၊ သစ်ပင်ခုတ်ခြင်း၊ ယှဉ်ပြိုင်ခြင်းအတွက် ကောင်းမွန်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

သုဘယုဂ် ကျရောက်နေသောကြောင့် “မင်္ဂလာရှိခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ် များအားလုံးအတွက် အထူးသင့်လျော်စေပါသည်။

ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မာဏ၊ မွန်မြတ်သော အကျင့်၊ ဝိဉာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သော အချိန်များနှင့် လုပ်ရပ်များအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၀၈)နာရီမှ ညနေ(၄း၃၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင်နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….အနောက်တောင်ဘက်မျက်နှာမူ၍ နမောတဿ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘယာကြော်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *