ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပို့တွဲလပြည့်ရက်၊ ဩဝါဒပါတိမောက်နေ့၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၇)နာရီမှာ နေ ဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့တွင် မြင့်မြတ်သော ဘာသာရေးဆိုင်ရာ မင်္ဂလာကိစ္စများ လုံးဝအခါမပေးသင့်ပါ။ ပညာသင်တန်းကိစ္စများ စတင် ဆောင်ရွက် လုပ်ကိုင်နိုင်ပါသည်။ ရတနာပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ ငွေကြေးမြှုပ်နှံမှုများ ဆောင်ရွက်ပါက အကျိုးရှိမည်။ ယနေ့ ဦးခေါင်း ဆီလူးခြင်းမပြုရပါ။ လာဘ်လာဘများ ညှိုးနွမ်း ပျက်စီးတက်သည်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။ အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆိုမယ် ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လပြည့်တီထိ ကျရောက်နေတာဖြစ်ပါတယ်။
လပြည့်တီထိအနေဖြင့် ဓနအင်အား၊ ချမ်းသာမှု၊ပြည်စုံခြင်းတွေကို ဖော်ဆောင် ပေးတဲ့ ပုဏ္ဏတီထိကျရောက်နေတဲ့ နေ့ရက်ပါပဲ။ ဆေးဖော်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ ဆေးကုသမှုခံယူခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ငွေစုဆောင်းဖို့ အတွက် ဘဏ်စာရင်း စတင်ဖွင့်လှစ်ခြင်းများအထူးကောင်းပါတယ်။
အိမ်ဆောက်ရန်အတွက် အုတ်၊သဲကျောက်၊သစ်စတဲ့အိမ်ဆောက်ပစ္စည်းများစုဆောင်းခြင်းမျိုးဒီနေ့မှာ ဆောင် ရွက် နိုင်ပါတယ်။ မိမိမြေမိမိခြံတွေကို မြေသန့်မင်္ဂလာပြုလုပ်ခြင်းများ ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ ရက်ပါ။ မင်္ဂလာ ယူပြီးဆောင်ရွက်ရသော ကိစ္စမှန်သမျှ စတင်လုပ်ဆောင်ရန် အခါကောင်း ကျရောက်ပါသည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီကြား ကာလများတွင် ဆောင်ရွက်သမျှ အလုံးစုံ အောင်မြင်မည်။
အချစ်ရေးကံကောင်းနေတဲ့နေ့ရက်ဖြစ်တာကြောင့် မိမိချစ်ရသူကို ချစ်ကြောင်း၊ကြိုက်ကြောင်းစတဲ့ရင်ထဲကခံစား ချက် တွေကို ထုတ်ဖော်ပြောပြသင့်တဲ့နေ့ပါပဲ။ အလုပ်အတွင်းပဋ္ဋိပက္ခများ၊ အိမ်တွင်းရေးလူမှုရေားပဋိပက္ခများရှိရင် ဒီနေ့ပြေ လည် အောင်ဖြေရှင်းနိုင်မှာပါ။
အလုပ်သစ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ရှင်ပြု နားသ၊ပဉ္ဇင်းခံခြင်း၊ စတဲ့အလှူမဂ် လာ တွေလဲဆောင်ရွက်နိုင်ပါတယ်။ မိမိနာမည်၊မိမိဆိုင်၊မိမိလုပ်ငန်း၊မိမိကုမ္ပဏီ တွေကိုဆိုင်းဘုတ်တင်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ ခရီးနဲ့ပတ်သက်သော ကိစ္စများလဲ ဆောင်ရွက်လို့ အဆင်ပြေပါလိမ့်မယ်။အလုပ်ခရီးများ၊ ကုန်သွယ်ရေးခရီးများ၊ အပျော်ခရီးများ စသည့်ဖြင့် မည်သည့် ခရီးမဆို ဒီနေ့မှာသွားလို့ အဆင်ပြေချောမွေ့တတ်ပါ တယ်။
ရှောင်သင့်တာတွေကတော့ ငွေကြေးကိစ္စအ၀၀ဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူခြင်း၊အာမခံခြင်း၊ငွေကြေးချေးငှားခြင်း တွေ ရှောင် အပ်ပါတယ်။ ဒီနေ့မှာသတိထားရမှာကတော့ ဆရာတင်မှားတတ်ပါတယ်။ ဆရာကောင်းသမားကောင်း တွေနဲ့လဲ တွေ့ဖို့ ခဲယဉ်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂း၃၅)နာရီမှ မွန်းလွဲ(၁း၂၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူ များဟာ ဘဝမှာ ရပ်ဝေးနယ်ခြား၊နိုင်ငံရပ်ခြားအလွန်အကျိုးပေးတဲ့သူတွေပါပဲ။ ပညာရပ်ပိုင်းဆိုင်ရာအား ကောင်းပြီး ပညာကို အသုံးချရင် ချနိုင်သလောက် ထိပ်ဆုံးရနိုင်တဲ့သူတွေပါပဲ။ နေရာထိုင်ခင်းအပြောင်းအလဲ အထူး ကြုံရပြီး အိမ် ပြောင်း၊နေရာပြောင်း ၊ အလုပ်ပြောင်း၊နယ်ပြောင်း အလွန်ကြုံရသူတွေဖြစ်ပါတယ်။ အိမ်ထောင်ဘက် ကောင်း ရ လွယ်ပြီး တော့ ကိုယ့်ထက်အဘက်ဘက်က သာလွန်သူနဲ့ဖူးစာရေစက်ကြုံတတ်ပါတယ်။ သားသမီးနဲ့ပတ် သက်ပြီး စိတ်ရှုပ်ရတတ် တဲ့ဇာတာရှင်မျိုးဖြစ်နေတတ်ပါတယ်။ ငွေကြေးကံအားကောင်းသူတွေဖြစ်သလို၊ အသက်မွေး မှုပိုင်းလဲ ဖြောင့်တန်းသူ တွေဖြစ်ကြပါတယ်။ သင်ကြားရေးအလုပ်၊အလှအပအလုပ်၊ကားလုပ်ငန်း၊ခရီးသွားလုပ်ငန်း ၊ရေလုပ်ငန်း၊ သင်ကြားရေး အလုပ်တွေနဲ့ ဘဝမှာ အသက်မွေးခွင့် ပိုမိုကြုံလွယ်ကြသူတွေဖြစ်ပါလိမ့်မယ်။
ဤနက္ခတ် သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ပီတိယဂ်သည် ချစ်ခြင်းမေတ္တာ၊ ကျေနပ်ခြင်းလို့ အဓိပ္ပါယ်ရသည်။ မြတ်သောယောဂဖြစ်သည်။ ကောင်းသောကိစ္စ များအတွက် ကောင်းသည်။
ဝဏိဇကရိုဏ်းသည် မြတ်သောယောဂ။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများ အတွက် အသင့်တော်ဆုံးဖြစ်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၃၅)နာရီမှ ညနေ(၆း၀၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မရမ်းရောင်နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …အနောက်ဘက်မျက်နှာမူ၍ဗုဒ္ဓံ ပူဇေမိ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ် ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “မက်မွန်သီး” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း