ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ယနေ့သည် ခေါင်းဆေးမင်္ဂလာပြုရန် အထူးကောင်းသော ရက်ဖြစ်နေပါသည်။ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်း ပြုပါက ရွှေ၊ ငွေ၊ ရတနာ၊ ဉစ္စာစည်းစိမ်များ တိုးပွားမည်။ မင်္ဂလာအခါမပေးသင့်ပါ။ ငွေကြေးကိစ္စ ချေးငှားခြင်း၊ အာမခံခြင်း မပြုသင့်ပါ။ ငွေကြေးကိစ္စ ချေးငှားခြင်း၊ အာမခံခြင်းများ လုံးဝမပြုသင့်ပါ။ ပြဿနာမှန်သမျှ ရှောင်ကြဉ်သင့်သည်။ အမှုကိစ္စများ တိုးပွားတက်သည်။
ဒီနေ့ဟာ ဝါရမိတ္တုငယ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြား ခြင်း၊ စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီး တော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။ လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာ မျိုးလဲဖြစ်နေရတတ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက်သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၄)လုံးအနေဖြင့် ဓားလှံလက်နက်များထုတ်လုပ်ခြင်း၊ ခဲယမ်းမီးကျောက်များထုတ်လုပ်ခြင်းနှင့် အရက်သေစာများ ထုတ်လုပ် ရောင်းချခြင်းများလဲ ဒီနေ့မှာ အထူးဆောင်ရွက်လို့ကောင်းပါတယ်။လျှပ်စစ်နဲ့ပက်သက်သောလုပ်ငန်းများ အထူး အဆင် ပြေ တတ်ပါတယ်။ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များရောင်းအား တတ်ပါလိမ့်မယ်။ လက်လျော့လိုက်ပြီး မလုပ် ဖြစ်ဘဲပစ်ထားတဲ့အလုပ်တွေကိုပြန်လည်လုပ်ကိုင်ဆောင်ရွက်ကြည့် ပါ။ အထူးပဲအဆင်ပြေတာကိုတွေ့ ရပါ လိမ့်မယ်။ ငွေကြေးအတွက်လဲ ရပိုင်ခွင့်တွေကိုရလာပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်တဲ့ငွေများ၊လက်လွန်ထားတဲ့ငွေများ ပြန်ရလွယ် တဲ့နေ့ရက်တွေပါပဲ။မြစ်တွေ ချောင်းတွေ အင်းအိုင်တွေမှာ ရေကူးတာ၊ရေကစားတာမျိုးတွေအထူးပဲ ရှောင်အပ်ပါ တယ်။
ယနေ့တွင် ရပိုင်ခွင့်များကို ပြန်လည်တောင်းဆိုရနိုင်ပါသည်။ ပစ္စည်းလှောင်ခြင်း, ဈေးကစားခြင်းများ မပြုရပါ။ စာရွက်စာတမ်းကိစ္စများ ပြောဆိုအောင်မြင်နိုင်ပါသည်။ အရပ်ဝေးနှင့် ချိတ်ဆက်ဆောင်ရွက်ရသော ကိစ္စများ ဆောင် ရွက်အဆင်ပြေနိုင်ပါသည်။ အရောင်းထိုင်ပစ္စည်းများ ပြန်လည်ရောင်းချရန် အဆင်ပြေမည်။ မူလလက်ဟောင်း ပစ္စည်း များ ပြန်လည်ရောင်းချရန် အဆင်ပြေခြင်းများရှိမည်။ အလှူမင်္ဂလာကိစ္စများ၊ ဘာသာရေးဆိုင်ရာကိစ္စများ ဆောင်ရွက် နိုင်မည်။ ဈေးကွက်သစ် ဖွင့်ခြင်း၊ ဈေးနှုန်းသစ် သတ်မှတ်ခြင်းများ ဆောင်ရွက်နိုင်မည်။ ပညာအတက်များ စတင်သင် ကြားနိုင်မည်။
ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ရန် ရက်ကောင်း ဖြစ်နေပါသည်။ ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်း ပြုက ရွှေ၊ ငွေ၊ ရတနာ တိုးပွားမည်။ ဝါရမိတ္တုငယ်ရက်ဖြစ်၍ မင်္ဂလာ အခါမပေးသင့်ပါ။ ငွေကြေးကိစ္စ ချေးငှားခြင်း၊ အာမခံခြင်းမပြုရ။ ပြဿနာမှန်သမျှ ရှောင်ကြဉ်ပါ။ အမှုပွားတက်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၁၆)နာရီမှ မွန်းလွဲ(၁၂း၀၈)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
သုဘယုဂ် ကျရောက်နေသောကြောင့် “မင်္ဂလာရှိခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ် များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၄)နာရီမှ နံနက်(၁၀း၅၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အညိုရောင်နှင့် စိမ်းပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “အရဟံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “သံပုရာရည်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)