ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပေါင်းလဆန်း(၁၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၀)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၁၀)လုံးအနေဖြင့် ပြည့်စုံခြင်းကို ဖြစ်စေသော ပုဏ္ဏာတီထိ အုပ်စုဖြစ်ပြီး ကြာသပတေးဂြိုဟ် ပိုင်ဆိုင်သောကြောင့် အိမ်ထောင်ပြုခြင်း၊ ပညာသင်တပည့် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ ခရီးသွားလာခြင်း၊ နန်တက်ခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်းများအတွက် ကောင်းမြတ်သော တီထိ ဖြစ်ပါသည်။ လုံခြံရေးနဲ့ပတ်သက်သောကိစ္စများ အထူး ဆောင် ရွက်လို့ကောင်းနေပါလိမ့်မယ်။ အိမ်ခြံစည်းရိုး ခတ်ခြင်း၊ လုံခြုံရေးဝန်ထမ်းခန့်အပ်ခြင်း၊ မီးခံသေတ္တာဝယ်ယူခြင်း၊ ခြုံလုံရန် ခွေးဝယ်ယူမွေးမြုခြင်းများ ဒီနေ့မှာ ဆောင်ရွက်လို့သင့်တော်ပါတယ်။
အရည်နှင့်ဆိုင်သော အချိုရည်၊အအေး၊ရေသန့်လုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။ စားသောက်ကုန် လုပ်ငန်းများ ဒီနေ့မှာပိုမိုအောင်မြင်တတ်သလို အစားအသောက်နဲ့ဆိုင်သော လုပ်ငန်းများစတင်ဖွင့်လှစ်မယ်ဆိုလဲ အလွန်ကောင်းပါ တယ်။
လက်ထပ်ထမ်းမြားခြင်း၊စေ့စပ်ခြင်း၊မဂ်လာစကားပြောခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်းစတဲ့မင်္ဂလာကိစ္စများ လဲဆောင်ရွက် နိုင်ပါတယ်။ အိမ်တတ်မင်္ဂလာပြုလုပ်ခြင်း၊မိမိခြံမြေတွေကို မြေသန့်မင်္ဂလာပြုလုပ်ခြင်းများ၊နာမည် ပေးကင်းပွန်းတပ်မဂ်လာပြုလုပ်ခြင်းများဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဘုရားထီတင်ခြင်းများ၊ ဘုရားစတင်တည်ခြင်းများနှင့်ပက်သက်ပြီးတော့ စတင်ဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ မိရိုးဖလာရိုးရာနတ်တွေကို ပူဇော်ခြင်း၊ပသခြင်းများဆောင်ရွက်နိုင်ပါတယ်။ရန်ပဋိပက္ခတွေရှိရင်လဲငြိမ်းချမ်း အောင် ဆောင် ရွက် နိုင်ပါလိမ့်မယ်။
ယနေ့ စတင်သော လုပ်ငန်းကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ပညာစတင်သင်ကြားခြင်း မပြုရပါ။ လူ(၄)ယောက် အတူတကွ ခရီးသွားလာခြင်း မပြုရပါ။ နေ့ခင်း(၁း၁၂)နာရီမှ ညနေ(၃း၃၆)နာရီကြား အသွားအလာ ကိစ္စများ အထူးဂရုစိုက်သင့်သည်။ မတော်တဆထိခိုက်မှုအန္တရာယ်ဖြစ်မှုကို သတိထားသင့်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုသင့်ပါ။ ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၁၀း၅၆)နာရီမှ နေ့လယ်(၁၁း၄၈)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ မေတ္တာတရားအားကြီးကြသူတွေဖြစ်ကြပါတယ်။ သင်ကြားရေးနယ်ပယ်တွေမှာအောင်မြင်နိုင်ပြီး သင်တန်းတော်တော်များများကို သင်ယူတတ်မြောက်ကြသူတွေဖြစ်ပါတယ်။ ဘွဲ့တစ်ခုမက ရနိုင်တဲ့ဇာတာမျိုးတွေလဲ ဖြစ်ကြပါတယ်။ငယ်စဉ်ကတည်းက ရည်မှန်းချက်ရှိပြီးတော့ မိမိတို့ ရည်မှန်းချက်ကို တစိုက်မတ်မတ်ကြိုးစားနိုင်ကြသူ မျိုးတွေဖြစ်ပါတယ်။ အားနည်းချက်က ဘာလုပ်လုပ်သေချာစွာအကွက်ချစီစဉ်ပြီးမှသာ လုပ်စေချင်ပါတယ်။ နည်းနည်း လေး သတိလက်လွတ်ဖြစ်တာနဲ့ လူလိမ်ခံရသောကံရှိနေတတ်ပါတယ်။ အရေပြားပါးလွှာတဲ့သူတွေဖြစ်တာမို့ အရေပြား ဆိုင်ရာ ဝေဒနာရောဂါတွေခံစားရလွယ်တဲ့ဇာတာပဲဖြစ်ပါတယ်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အထက် အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ပီတိယုဂ် ကျရောက်နေသောကြောင့် “ချစ်ခြင်းမေတ္တာ၊ ကျေနပ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ မြတ်သောယောဂ အချိန်ဖြစ်သည်။ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။
တေထိလကရိုဏ်း ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၇)နာရီမှ ညနေ(၃း၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင်နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘယာကြော်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)