ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တန်ခူးလဆုတ်(၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဧပြီလ (၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့(၁၂း၁၃)နာရီအထိ စနေမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် သောကြာမြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ကန်း၊ သမားညို၊ နဂါးပေါ်ရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁၂း၅၉)နာရီအထိ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၃)လုံး ကျရောက်နေပြီး လွန်လျှင် ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ဖြစ်သည်၊ အောင်မြင်ခြင်းကို ပေးစွမ်းသော ဇေယျာတီထိ အမျိုးအစားဖြစ်၍ လက်နက်ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တပ်သားစုဆောင်းခြင်း၊ တနည်းအားဖြင့်ဆိုသော မိမိနှင့် မိမိအဖွဲ့အစည်း၏စွမ်းရည် အင်အားထက်မြက် ကြီးမားစေရန် လုပ်ဆောင်သည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ဆောင် နိုင်သည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အလံတိုင်၊ အသင်းနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်သည်။
နေ့လယ် ၁နာရီကစလို့တီထိ(၄)လုံးအနေဖြင့် ရိတ္တာတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ဒီလိုနေ့ရက်မှာ ရန်သူအား သုတ် သင်ခြင်း၊ရန်သူစခန်း ကိုသိမ်းပိုက်ခြင်း၊ဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်သလို ကောက်ပဲသီးနှံများကိုပိုးသတ် ဆေးဖြန်းခြင်းများလဲ အထူး ဆောင်ရွက်နိုင်ပါတယ်။ဓားလှံလက်နက်များထုတ်လုပ်ခြင်း၊ ခဲယမ်းမီးကျောက်များထုတ် လုပ်ခြင်း နှင့် အရက်သေစာများ ထုတ်လုပ် ရောင်းချခြင်းများလဲ ဒီနေ့မှာ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
လျှပ်စစ်နဲ့ပတ်သက်သောလုပ်ငန်းများ အထူးအဆင်ပြေတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များရောင်းအား တတ်ပါလိမ့်မယ်။ လက်လျော့လိုက်ပြီး မလုပ်ဖြစ်ဘဲပစ်ထားတဲ့အလုပ်တွေကိုပြန်လည်လုပ်ကိုင်ဆောင်ရွက်ကြည့် ပါ။ အထူးပဲအဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ငွေကြေးအတွက်လဲ ရပိုင်ခွင့်တွေကိုရလာပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်တဲ့ငွေများ၊လက်လွန်ထားတဲ့ငွေများ ပြန်ရလွယ်တဲ့နေ့ရက်တွေပါပဲ။မြစ်တွေ ချောင်းတွေ အင်းအိုင်တွေမှာ ရေကူးတာ၊ရေကစားတာမျိုးတွေအထူးပဲရှောင်အပ်ပါတယ်။
ယနေ့ နံနက်(၁၀း၃၀)နာရီမှ နေ့(၁၂း၀၀)နာရီကြားကာလများတွင် မတော်တဆ ထိခိုက်မှုများ ပိုမိုဖြစ်ပွားလွယ်သည်။ လုပ်ငန်းသစ်များ စတင်ဆောင်ရွက်ရန် မသင့်ပါ။ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ပညာစတင်သင်ကြားခြင်း မပြုရ။ ယနေ့ အိုးအိမ် စတင်တည်ဆောက်ခြင်း မပြုရ။ မီးဘေးသင့်တတ်သည်။ ဆေးဝါး စတင်ဖေါ်စပ်ခြင်းများ ပြုနိုင်ပါသည်။ ခက်ခဲသော ဆေးဝါးကုသခြင်းမှအစ ခွဲစိတ်ကုသမှုများ ခံယူရန် ရက်ကောင်း ဖြစ်သည်။ ယနေ့ သမားစတင်ပြသခြင်း ပြုနိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၂၇)နာရီမှ နံနက်(၉း၁၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ မွေးစကနေ ၆နှစ်အတွင်း အလွန်လာဘ်ကောင်းပါတယ်။ ဒီကလေးကြောင့်ပဲ ငယ် ရွယ်စဉ်မှာ မိဘတွေ လှူနိုင်၊တန်းနိုင်ပါလိမ့်မယ်။ ဇာတာရှင်ဟာ တတ်နိုင်သ၍ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေ ဆောင်ရွက်မှု တွေကြောင့် ဘဝမှာ တော်ရုံခက်ခဲမှာတော့ မဟုတ်ပါဘူး။ နာမည်ကို ဗုဒ္ဓဟူးနဲ့ပိတ်ပြီးမှည့်မိရင်တော့ ကောင်း တဲ့ကံတွေ လျော့သွားနိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါများတဲ့သူတွေဖြစ်တာမို့ ငွေရှာလို့လွယ်ကြသူ တွေ ဖြစ်ပါတယ်။ အိမ်ထောင်ရေးကံလဲ ၉၀%အားကောင်းကြသူတွေဖြစ်ပြီးတော့ တော်ရုံကတော့ အိမ်ထောင်ရေးညံ့ နေမှာတော့ မဟုတ်ပါ ဘူး။ ကျန်းမာရေးအားကောင်းကြသူတွေဖြစ်ပေမဲ့ ထိခိုက်ရှနာဖြစ်နိုင်ကြတဲ့သူတွေမို့ ကိုယ့်ကိုယ် ကိုယ် safe ဖြစ်အောင် နေထိုင်ဖို့ အထူးလိုအပ်ပါတယ်။
ဝိသာခါ နက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန်များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၆)နာရီမှ ညနေ(၆း၁၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင်နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. အနောက်ဘက်ကိုမျက်နှာမူ၍ ဗုဒ္ဓံပူဇေမိ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဒံပေါက်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)