ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ပထမဝါဆိုလဆန်း(၄)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ အမြိတ္တစုတ်၊ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၄)လုံးအနေဖြင့် စနေဂြိုဟ်အုပ်စိုးတဲ့နေ့ရက်ဖြစ်တာကြောင့် ဖျက်စီးခြင်းကိစ္စတွေအထူးကောင်းပါတယ်။ အိမ်ဟောင်း ၊ဆိုင်ဟောင်းတွေကိုဖြိုဖျက်တာမျိုးတွေ၊ အလုပ်ဟောင်းကိုထွက်စာတင်တာမျိုးတွေ ၊ မိမိအိမ်ခြံနဲ့ မလွတ် တဲ့ သစ်ပင်တွေကို ခုတ်လှဲတာမျိုးတွေအထူးကောင်းပါတယ်။ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဆည်မြောင်းတာတမံတူး ဖော်ခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါလိမ့်မယ်။ကျန်းမာရေး အတွက်အထူးကုသခြင်းတွေ၊ခွဲစိပ်ကုသခြင်းတွေကို ရဲရဲ လုပ်ဆောင်သင့်တဲ့နေ့မျိုးပါပဲ။
ရန်သူကိုဖမ်းဆီးခြင်းတွေ၊ ရန်သူ့စခန်းကိုသိမ်းပိုက်ခြင်းတွေလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ မိမိဖြစ်ချင်တာကိုဖြစ်အောင်စွမ်းဆောင်ဖို့ မည်သည့်အတားအဆီးကိုမဆိုကျော်လွှားသွားသင့် တဲ့နေ့ရက်ပါပဲ။ ပြဿနာတွေ၊ အထင်လွှဲအမြင်လွှဲဖြစ်နေတာတွေကိုလဲ တတ်နိုင်သမျှထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့ အထူးကောင်းပါ တယ်။
မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ခြင်းဖြန်းခြင်းတွေစတင်ဆောင်ရွက်လို့ကောင်းပါတယ်။ အင်းဆက် ပိုးမွှားတွေကိုအဆိပ်ချခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့မှာ သံဝေဂရစရာမျိုးတွေအထူး ကြုံရတတ် ပါတယ်။ မိမိအမှားတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ လမ်းမှန်ကိုရောက်အောင်စွမ်းဆောင်နိုင်မဲ့နေ့ရက် လဲဖြစ်ပါတယ်။
အရောင်းမြှင့်တင်ခြင်းများ၊ promotion ပြုလုပ်ခြင်းတွေအထူးကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ လဲ တင်ပြ စရာရှိတာတွေကို အထက်လူကြီးတွေကိုရဲရဲတင်ပြပါ။ အလုပ်အတွက်ဆုံးဖြတ်စရာတွေကို မတွေဝေဘဲ ဆုံးဖြတ်ချ သင့်တဲ့နေ့ရက်မျိုးပါပဲ။
ယနေ့ အိမ်၊ ကျောင်း၊ တိုက်တာ၊ အဆောက်အဦးများ စတင်လုပ်ကိုင်ရန်မသင့်ပါ။ မီးလောင်၍ ပျက်စီးဆုံးရှုံးရ တတ်သည်။ အရောင်းအဝယ် စီးပွားလုပ်ပါက အရှုံးပေါ်မည်။ လူလိမ်ခံရတတ်သည်။ ပညာစတင်သင်ကြားခြင်း မပြုရပါ။ တစ်ပိုင်းတစ်စ ဖြစ်တက်သည်။ ဆေးဝါးစတင်ဖေါ်စပ်ရန် ရက်ကောင်း ဖြစ်သည်။ သမားပြသရန် အထူးကောင်းသည်။ ခွဲစိတ်ကုသမှုခံယူရန် အထူးကောင်းသောနေ့ ဖြစ်သည်။ ဆေးဝါများ ဖေါ်စပ်၍ ဆေးစွမ်းထက်မြက်မည့် နေ့ဖြစ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၃း၃၆)နာရီမှ နံနက်(၄း၂၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ငယ်ရွယ်စဉ်မှာ မိဘအရှိန်အဝါနဲ့ တောက်ပနိုင်ကြပါတယ်။ မိဘဆီက အထောက်အပံ့ရ တုန်းမှာ အောင်မြင်မှုလမ်းကြောင်းပေါ် မရောက်ရောက်အောင်သွားပါ ။ မိဘမရှိချိန်မှတစ်ယောက်ထဲ တောက်ပနိုင်စွမ်း လဲ ကျဆင်းသွားတတ်ပါတယ်။ မိဘကံနဲ့ဆက်စပ်နေတတ်တဲ့ဇာတာပါပဲ။ ဒါအပြင် ဒီဇာတာရှင်ဟာ ပညာရှင်အဖြစ် ရပ်တည်ဖို့ကြိုးစားသင့်ပါတယ်။ စီးပွားရေးသမားထက် ကိုယ့်နယ်ပယ် ဆရာတစ်ဆူဖြစ်အောင်လုပ်စေချင်ပါတယ်။ ဒါ ကြောင့် ငယ်စဉ်ကတည်းက ပညာကို မဖြစ်ဖြစ်အောင်သင်ကြပါ။ ပညာရှင်ဖြစ်လာမှအဆင်ပြေလိမ့်မယ်။ ပြင်ပစီးပွား ရေးက အတက်အကျဖြစ်လွယ်တဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။ အိမ်ထောင်ပြုနောက်ကျပါစေ။ အိမ်ထောင်စောစောပြု မယ်ဆိုရင်တော့ အိမ်ထောင်ဆက်များတတ်ပါတယ်။
ဤနက္ခတ် သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဗျာဃာတယုဂ် ကျရောက်နေသောကြောင့် “သတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ အားလုံး လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။
ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂအချိန်ဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အသင့်တော်ဆုံး ဖြစ်နေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၅)နာရီမှ ညနေ(၃း၂၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္လာ၊ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင်နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သံဃံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဖက်ထုပ်ကြော်” ဘုရားကပ်လှူပြီး လို ရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)