loading

28. Jun.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 28. Jun.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ပထမဝါဆိုလဆန်း(၁၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက်သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၁၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၁၄)လုံးအနေဖြင့် ရန်ဓာတ်သဘောဆောင်တဲ့ ရိတ္တာ တီထိ ကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာ အနိဋ္ဌသဘောတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။ စိုက်ပျိုးထားတဲ့ကောက်ပဲ သီးနှံတွေကိုပိုးသတ် ဆေးဖြန်းခြင်း အထူးဆောင်ရွက်လို့ကောင်းပါတယ်။

အင်းဆက်ပိုးမွှားတွေကို အဆိပ်ချခြင်းများ ကိုလဲအထူးဆောင်ရွက်နိုင်ပါတယ်။ လောင်းကစားဆန်ဆန် အလုပ်များ၊ အဖျော်နှင့်ယာမကာအလုပ်များဒီနေ့မှာ အကျိုးပေးတာကိုတွေ့ရပါတယ်။ သားသတ်လုပ်ငန်းများ၊ တံငါလုပ်ငန်း များလဲ အထူးတိုးတတ်နေပါလိမ့်မယ်။

ဓားလှံလက်နက်ထုတ်လုပ်ခြင်းတွေ၊ ခဲယမ်းလက်နက်ထုတ်လုပ်ခြင်းတွေ၊အထူးဆောင်ရွက်လို့ကောင်းပါ တယ်။ ကျန်းမာ ရေးနဲ့ပက်သက်ရင် အနာရောဂါတွေရှိရင်လဲ ခွဲစိပ်ကုသရတာမျိုးတွေဆောင်ရွက်လို့ကောင်းပါတယ် ။ ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းတာမျိုးတွေလဲ အထူးအဆင်ပြေပါလိမ့်မယ်။ မကြေနပ်စရာကိစ္စတွေ၊ မကြေလည်စရာ ကိစ္စတွေဖြစ်နေရင်တော့ မျက်နှာချင်းဆိုင်ဖြေရှင်းတာအကောင်းဆုံးပါပဲ

လုပ်ငန်းခွင်အတွင်းရပိုင်ခွင့်တွေကိုပြန်လည်တောင်းခံနိုင်ပါလိမ့်မယ်။ ကြန့်ကြာနေတဲ့နေတဲ့ငွေကြေးတွေလဲ ပြန် လည် တောင်းခံလို့ကောင်းတဲ့နေ့မျိုးပါပဲ။နံနက် ၁၀း၄၈မှ မွန်းလွဲ ၁း၁၂မိနစ်အတွင်းဆောင်ရွက်သောကိစ္စမှန် သမျှကောင်း သော အကျိုးဆက်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အတတ်ပညာတစ်ခုခုကိုစတင်သင်ကြားလို့အလွန် ကောင်းတာမျိုးတွေ့ ရပါတယ်။ရဟန်းခံခြင်း၊ရှင်ပြုခြင်း၊နားသခြင်းတွေလဲ ဆောင်ရွက်လို့ကောင်းပါတယ်။သံသရာကလွတ်မြောက်ကြောင်း ဝိပဿနာတရားတွေကိုကျင့်ကြံအားထုတ်လို့အလွန်ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၅၇)နာရီမှ နံနက်(၃း၄၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အများအားဖြင့် တော်ကြ၊ထက်မြက်ကြသူတွေဖြစ်ပြီးတော့ အရည်အချင်းနဲ့ ပြည့်ဝသူမျိုး ဖြစ်ပါတယ်။ အားနည်းချက်က မေတ္တာငတ်မွတ်ခြင်းများ၊ မိမိထက်ငယ်တဲ့ ညီညီမတွေရဲ့ ဒုက္ခတွေကို ခံစားရခြင်းများနှင့် အစားအသောက် ချေးများခြင်းတွေရှိနေတတ်ပါတယ်။ ကံကောင်းတဲ့အချက်ကနေရာထိုင်ခင်းကံအားကောင်းကြပါ တယ်။ နေရာကောင်းရကြပါတယ်။ ပညာရေးကိုတော့ သတိထားရပါလိမ့်မယ်။ ကျောင်းနားလိုက်တာမျိုး၊ တစ်နှစ် အောက် လိုက်တာမျိုးဆိုရင်တော့ ကျောင်းပြန်မတတ်ဖြစ်တော့တာမျိုးတွေ့ရတယ်။ ဒီလိုဇာတာတွေမှာ ဘွဲ့မယူဘဲ ဒုတိ ယနှစ်၊ တတိယနှစ်နဲ့ ကျောင်းဆက်မတတ်တာမျိုးတွေလဲ အများအပြားတွေ့ရပါတယ်။

ဇေဌ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝကြည့်ဖြစ်ပြီး စစ်ပွဲအောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြား နတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း၊ အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း စသည်တို့အတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် ဘေး သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

သုဘယုဂ် ကျရောက်နေသောကြောင့် “မင်္ဂလာရှိခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူး ကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့် သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည်ဖြင့် သင့်လျော်မှု အရှိဆုံး ဖြစ်နေပါသည်။

မြန်မာလဆန်း(၁၄)ရက်နေ့ ဖြစ်ပေရာ လုပ်သမျှ အရာရာ သတိမလွတ်သင့်ပါ။ ဆေးဝါးများ စတင်ဖေါ်စပ်ရန် ကောင်းသော ရက်ဖြစ်နေပါသည်။ သမားပြသခြင်း၊ ခွဲစိတ်ကုသခြင်းများ ပြုနိုင်သည်။ ဆေးဝါးများ စတင်ဖေါ်စပ်ရန် အထူးကောင်းသော နေ့ရက် ဖြစ်နေပါသည်။ နံနက်(၆:၀၀)နာရီမှ (၈း၂၄)နာရီကြား ကာလများတွင် မင်္ဂလာယူပြီး ဆောင်ရွက်သော ကိစ္စများမှ ထူးခြားသော အကျိုးဆတ်များ ရရှိမည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၄)နာရီမှ ညနေ(၆း၄၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓံပူဇေမိ”  (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “လမုန့်” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *