ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ပထမဝါဆိုလပြည့်ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လပြည့်တီထိ ကျရောက်နေတာဖြစ်ပါတယ်။
လပြည့်တီထိအနေဖြင့် ပြည့်စုံခြင်း၊ သန့်ရှင်းခြင်းတွေကိုပေးစွမ်းတဲ့ပုဏ္ဏ တီထိကျရောက်တဲ့နေ့ရက် လဲဖြစ်ပါတယ်။ဒီလို နေ့ရက် မှာတော့ ကြာသပတေးဂြိုဟ်ပိုင်စိုးတာကြောင့် ပညာရေးနဲ့ပက်သက်တဲ့ကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါတယ်။ သင်တန်းဖွင့်တာမျိုး၊ကျောင်းအသစ်စတင်ဖွင့်လှစ်တာမျိုး၊ပညာရေးနဲ့ပတ်သက်ပြီး စာတမ်း တင်တာမျိုး၊ပညာရေး ဟော ပြော ပွဲများကျင်းပတာမျိုးတွေအထူးကောင်းပါတယ်။
ဆရာများအနေနဲ့တပည့်မွေးခြင်းတွေ၊ လူယုံမွေးခြင်းတွေစတင်လို့ကောင်းတဲ့နေ့မျိုးပါပဲ။ ဒီနေ့မှာစက် ပစ္စည်း များဝယ်ယူခြင်း၊တပ်ဆင်ခြင်းများပြုလုပ်နိုင်ပါတယ်။ ခရီးကိစ္စတော်တော်များများအဆင်ပြေတဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ အလုပ်နဲ့ပက်သက်သောခရီးများ၊ ဘာသာရေးအလှူအတန်းနဲ့ပတ်သက်သောခရီးများအဆင်ပြေတိုး တတ်နိုင်တာကို တွေ့ ရပါတယ်။ဒီလိုနေ့ရက်မှာ ဆေးဝါးအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊လူသုံးကုန်ပစ္စည်းနှင့် အရည်ဆိုင်ရာစား သောက်ကုန်လုပ်ငန်းများ ရောင်းခြင်း၊ဝယ်ခြင်း၊ ထုတ်လုပ်ဖြန့်ချီခြင်းတွေအထူးကောင်းပါတယ်။
ငွေကြေးဆိုင်ရာကိစ္စအ၀၀ကိုတော့ အထူးဦးစားပေးလုပ်နိုင်မဲ့နေ့ရက်ပါပဲ။ဘဏ်လုပ်ငန်းများ၊ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများအထူးတိုးတတ်နေပါလိမ့်မယ်။ ကြွေးယူခြင်း၊ကြွေးတောင်းခြင်းများဆောင်ရွက်နိုင်သလို ငွေပေး ငွေယူကိစ္စတွေကိုလဲ အလေးပေးဆောင်ရွက်လို့ကောင်းပါတယ်။
ဆုံးပါးသွားတဲ့မိဘဘိုးဘွားတွေကို ကုသိုလ်ပြုပေးပြီး အမျှဝေရေစက်ချခြင်းတွေအထူးဆောင်ရွက်နိုင်ပါ တယ်။ မိရိုးဖလာ ရိုးရာနတ်တွေကို ပသခြင်း၊တင်မြှောက်ခြင်းတွေပြုလုပ်လို့ကောင်းပါတယ်။ ခံစားချက်ကို ဦးစားပေး လုပ်ရတဲ့ စာပေ ရေးသားခြင်း၊ပန်းချီဆွဲခြင်း၊ သီချင်း၊ကဗျာရေးစပ်ခြင်းတွေ၊ ဆောင်ရွက်နိင်ပါတယ်။ အနုပညာမြောက် ဖန်တီးမှု တွေကို ပြုလုပ်ဆောင်နိုင်မဲ့နေ့မျိုးလဲဖြစ်ပါတယ်။
ယနေ့တွင် ဘုရားထီးတော်တင်ခြင်း၊ အလှူဒါနပြုခြင်းများ ဆောင်ရွက်နိုင်သည်။ ဘုရားတည်၊ ကျောင်းဆောက်ရန် ရက်ကောင်းဖြစ်သည်။ ပညာစတင်သင်ကြားရန်လည်း ရက်ကောင်းဖြစ်သည်။ အရောင်းအဝယ် စီးပွားသစ်များ ဆောင်ရွက်ရန် အခါကောင်း ကျရောက်သည်။ အလုပ်သစ်များ စတင်ခြင်း၊ ဆိုင်ခန်းဖွင့်ခြင်းများကို (၇း၂၀)နာရီတွင် စတင်ဆောင်ရွက်နိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၅၃)နာရီမှ နံနက်(၃း၄၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာအသက် ၂၄လောက်ကစလို့ ဘဝအခွင့်အလမ်းတွေကောင်းမွန်လာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ထို အချိန်ကာလကစလို့ အဆင်ပြေလာတတ်ပါတယ်။ အမိအဘကိုလဲ ကောင်းစွာစောင့်ရှောက်နိုင်မဲ့ဇာတာပါပဲ။ သူများနဲ့ မတူသော အတွေးအခေါ်အကြံအစည်ရှိပြီးတော့ လုပ်ငန်းသစ်တွေ၊ စွန့်ဦးတီထွင်အလုပ်တွေကို အောင်မြင်စွာလုပ်ကိုင် နိုင်စွမ်းမြင့်မားကြပါတယ်။ ဩကာသကာရကဂြိုဟ်အားကောင်းတာမို့ အိမ်ခြံမြေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ အထူးကံမြင့်မားကြတဲ့သူတွေဖြစ်ပါတယ်။ စန်းအားအလွန်ကောင်းပြီး အချစ်ရေးကံ၊အိမ်ထောင်ရေးကံအထူးအား ကောင်းတဲ့ဇာတာမျိုးလဲဖြစ်ပါတယ်။အိမ်ထောင်ဘက်ကောင်းရတတ်ပြီး အထူးအားကိုးရတဲ့အိမ်ထောင်ဘက်ကိုရတတ် ပါတယ်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သိင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
သုက္ကယုဂ် ကျရောက်နေသောကြောင့် “တောက်ပခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ အားလုံးသော ကုသိုလ်ကောင်းမှုတိုင်းအတွက် အထူးကောင်းပါသည်။
ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသော အကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့်အား သင့်လျော်စေပါသည်။
တနင်္လာနေ့နှင့် လပြည့်နေ့တို့ တိုက်ဆိုင်နေပေရာ ဘုရားအနေကဇာတင်ရန် အထူးကောင်းသော ရက်ဖြစ်နေပါသည်။ အနေကဇာဂါထာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ နာယူခြင်း၊ ဓမ္မဒါနပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။ အတတ်ပညာများ စတင်သင်ကြားသင့်သည်။ လုပ်ငန်းအပ်နှံခြင်း၊ စတင်ခြင်းများ ပြုရန်သင့်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၁၄)နာရီမှ နံနက်(၈း၅၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင်နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “သာကူ” ဘုရားကပ်လှူပြီး လိုရာ ဆု တောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)