ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ပထမဝါဆိုလဆုတ်(၃)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေ ဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။
ဒီနေ့ဟာ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၃)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ဒီနေ့မှာဘာသာရေးနဲ့ဆိုင်သောအလှူအတန်းတွေကို ပြုပေး သင့်တဲ့နေ့ရက် ပါပဲ။လုပ်ငန်းခွင့်အတွင်း မိမိဝန် ထမ်းတွေကို ဆရာတွေခေါ်ပြီးသင်တန်းပေးတာမျိုးတွေ၊ လုပ်ငန်းခွင် အတွင်း အမှားလေးတွေကိုထောက်ပြပြီး အမှန်ပြုပြင်ပေးတာမျိုးတွေကို ဆောင်ရွက်သင့်ပါတယ်။ မင်္ဂလာကိစ္စများလဲ ဆောင်ရွက်နိုင်တဲ့နေ့မျိုးဖြစ်တာ ကြောင့် လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောခြင်း တွေ ကိုဆောင် ရွက်နိုင်ပါတယ်။ ဘာလုပ်လုပ်အချိန်မဆွဲဘဲ ချက်ချင်းစိတ်ထဲပေါ်ရင် ချက်ချင်းထလုပ်တာမျိုးကဒီနေ့အတွက် အထူး ကောင်း တာကိုတွေ့ရတတ်ပါ။ ပြုပြင်ထိန်းသိမ်းရတဲ့အလုပ်တွေ၊ စက်ပြင်အလုပ်တွေ၊ITနဲ့ပတ်သက်သော အလုပ်တွေ တိုး တတ်ပါလိမ့်မယ်။
ဘာသာရေးအဆောက်အဦးဖြစ်တဲ့ သိမ်ကျောင်းမုခ်ဦးတွေကို စတင်ဆောက်လုပ်ခြင်း၊ဘုရားစေတီတည် ခြင်းမျိုး တွေဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းတာတွေ့ရပါတယ်။ စစ်ရေးစစ်ရာနဲ့ပတ်သက်သောအလုပ်များ အထူး ကောင်း ပါတယ်။တိုက်ပွဲ ဆင်နွဲခြင်း၊ အောင်မြေနင်းခြင်း၊ရန်သူ့ကိုခြေမှုန်းခြင်းများ အားဆောင်ရွက်နိုင်တဲ့ နေ့တစ်နေ့ပါပဲ၊
မိမိအိမ် ကိုဆေးခြယ်တာ၊ ပရိဘောဂတွေကို ပေါ်လစ်တင်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ စူးစမ်းခြင်း၊ စပ်စုတတ်ခြင်းတွေကြောင့်အလုပ်တွေပိုမိုအောင်မြင်တတ်ပါတယ်။ အရာရာကိုဇွဲထည့်ပြီးလုပ်ကိုင်နိုင် တဲ့နေ့ဖြစ် တာကြောင့် ပစ္စည်းတစ်ခုကိုတီထွင်ခြင်း၊ အနုပညာနဲ့ပတ်သက်ပြီးတော့ လဲ အသစ်များကိုဖန်တီးခြင်းများ ဆောင် ရွက် နိုင်ပါတယ်။
ရန်များပြဿနာများအထူးပဲဖြေရှင်းလို့ကောင်းတဲ့နေ့ပါပဲ။ဒီနေ့မှာရှောင်သင့်တာတွေကိုတော့ အဂတိလိုက်စားခြင်း တွေအထူးရှောင်ပါ။ တစို့လက်ဆောင်လက်ခံခြင်း မျိုးတွေကဒုက္ခရောက်လွယ်တာကိုတွေ့ရ ပါတယ်။ဒီနေ့မှာအိမ် တွင်းရေး ပြဿနာတွေမဖြစ်အောင်အထူးသတိထားပါ။ ဖြစ်လိုက်ရင်ကြီးကျယ်သွားတတ်ပြီးရုံးရောက်၊ ဂတ် ရောက် ထိဖြစ်တတ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၄၁)နာရီမှ နံနက်(၃း၃၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဉတ္တရာသာဋ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ မေထုန်ရာသီဖွား ဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် တော်ကြထက်ကြသူမျိုးဖြစ်ပါတယ်။ အကင်းပါးတယ်။ လိမ္မာပါးနပ်ကြ တာကိုတွေ့ရပါတယ်။ အုပ်ထိန်းသူ မိဘကောင်းမှသာ ဘဝလမ်းကြောင်းဖြောင့်တန်းနိုင်တာမို့ ဒီလိုဇာတာမျိုးရဲ့ မိဘနှင့် အုပ်ထိန်းသူတွေက ဥာဏ်ကြီးဖို့အလွန်အရေးကြီးပါတယ်။ ကြာသပတေးဂြိုဟ်အားနည်းချိန်မွေးတာမျိုးကြောင့် အောင် မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားလို့ ထင်သလောက်ရှေ့မရောက်ဘဲ မိဘအပံ့အပိုးနှင့်အကြံ ဥာဏ်တွေအထူးလိုအပ်တာကိုတွေ့ရပါတယ်။ အိမ်ထောင်ပြုခြင်းကို အလျင်မလိုဖို့ အထူးသတိထားရလိမ့်မယ်။
ဥတ္တရာသဋ် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ ဆောက်လုပ်ခြင်း၊ ဗိမာန်တော် ထိမ်းမြားလက်ထပ်ခြင်း စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လိုလားတောင့် တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဝေဓတ္တိယုဂ်သည် ရပ်တန့်ခြင်း၊ ဖမ်းဆီးခြင်းဟု အဓိပ္ပါယ်ရသည်။ ကံမကောင်းတဲ့ ယောဂဖြစ်သည်။ ဂရဇံကရိုဏ်းသည် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်းအတွက် ကောင်းမွန်သည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့်/သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ အလှဆင်ခြင်းများ သင့်လျော်မှုအရှိဆုံးဖြစ်သည်။
ယနေ့ အိမ်၊ ကျောင်း၊ တိုက်တာ၊ အဆောက်အဦးများ စတင်ဆောက်လုပ်ပါက မီးဘေးသင့်၍ ပျက်စီးဆုံးရှုံးမှုများမည်။ လက်ထပ်ထိမ်းမြားခြင်း မပြုရ။ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ဆောင်ရွက်ရန် မသင့်ပါ။ ပညာ စတင်သင်ကြားခြင်း မပြုရပါ။ ညနေ(၃း၀၀)နာရီမှ (၄း၃၀)နာရီအတွင်း ငွေကြေးဆိုင်ရာ ကိစ္စရပ်များအား သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၈)နာရီမှ ညနေ(၃း၂၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ရွှေအိုရောင်နှင့် စိမ်းပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘယာကြော်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)