ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်(၅)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ(၅)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၅)လုံး အနေဖြင့် ကျရောက်နေပါတယ်။ ကုန်သွယ်စီးပွားရေးလုပ်ငန်းများအထူးတိုးတတ်နေပါလိမ့် မယ်။ မိမိလိုချင်တဲ့ အကူအညီတွေကိုလဲတောင်းခံလို့အလွန်ကောင်းတဲ့နေ့ရက်မျိုးပါပဲ။ အတတ်ပညာတစ်ခုခုကို စတင်လေ့ လာ မယ်ဆို ဒီနေ့မှာစတင်ခြင်းဖြင့် ဆုံးခန်းတိုင်အောင်တတ်မြောက်ပါလိမ့်မယ်။
ဘာသာရေးအဓိဋ္ဌာန်တွေဝင်ခြင်း၊ဂါထာမန္တန်များသင်ကြားလေ့လာခြင်းတွေကိုလဲ အထူးဆောင်ရွက်နိုင်ပါ တယ်။ရင်းနှီးမြုပ်နှံထားသောအလုပ်တွေကနေကောင်းစွာအကျိုးအမြတ်ပြန်လည်ရရှိမဲ့နေ့ရက်ပါပဲ။ အလုပ်ခန်းများ၊ ဆိုင်ခန်းများစတင်ဖွင့်လှစ်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်း၊ဘုရားထီတင်ခြင်း၊ အလှူပေး၍ရေစက်ချခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါ တယ်။ ရေတွင်းရေကန် တူးဖော်ခြင်းတွေ အဝီစီတွင်းတူးခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ နှစ်ရှည်ပင်များ စတင် စိုက်ပျိုးတာမျိုးတွေ ဒီနေ့မှာစတင်လို့ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မိမိလုပ်ချင်တဲ့ မိမိဝါသနာပါတဲ့ အလုပ် တွေကို စတင်ခြေတစ်လှမ်းလှမ်းကြည်တာမျိုးတွေပြုသင့်ပါတယ်။
ဘာသာရေးအထူးပြုလုပ်သူများ ကိုးကွယ်စရာဘုရားဆင်းတုတော်များ၊ ရဟန္တာပုံတော်များ မိမိဆီကိုကြွလာတတ် ပါတယ်။ မင်းအစိုးရနဲ့ပတ်သက်သောကိစ္စများ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ပတ်သက်သောကိစ္စများ ပြောဆိုလို့ အဆင် ပြေအောင်မြင်တတ်ပါတယ်။
ရှောင်သင့်တာတွေကတော့ ဒီနေ့မှာလောင်းကစားအလုပ်များတတ်နိုင်သ၍ရှောင်လိုက်ပါ။ အပျော်အပါးအ အသောက် အစားလျော့လိုက်ပါ။ ကျန်းမာရေးအားနည်းနိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ၇ရက်သားသမီးများအားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ပေးပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၀၀:၃၅)နာရီမှ နံနက်(၁း၂၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဉတ္တရာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ အများအားဖြင့် ဥာဏ်ရည်မြင့်မားကြသူဖြစ်ပါတယ်။ အတွေးအခေါ်အယူအဆ ဆန်းသစ်ပြီးတော့ အိုင်ဒီယာ ကောင်းကြပါတယ်။ မိဘကသာ ပညာရေးကို ပံ့ပိုးပေးပြီး နိုင်ငံခြားကျောင်းတွေပို့နိုင်မယ်ဆိုရင် တီထွင်သူ၊ အသစ်တစ်ခု ကိုရှာဖွေတွေ့ရှိသူ၊အများအားဖြင့် စွန့်ဦးတီထွင်လုပ်နိုင်စွမ်းရှိသူများအဖြစ်မြင်တွေ့ရတတ်ပါတယ်။ အမိအဘကိုလဲ ကောင်းစွာ ပြန်လည်စောင့်ရှောက်ကြမဲ့ ရင်သွေးမျိုးတွေဖြစ်နေတတ်ပါတယ်။ အသက် ၂၄နှစ်ကစလို့ အောင်မြင်မှု လမ်း ကြောင်းပေါ် စတင်ခြေချနိုင်ပြီး ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုလဲ အထွတ်အထိပ်ကို ရောက်သွားနိုင်ပါ တယ်။
ဥတြဘဒြပိုဒ် နက္ခတ်သည် ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဘုရားကျောင်း ဆောက်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း စသည်တို့အတွက် သင့်လျော်သည်။ ရေရှည်တည်တံ့သော သို့မဟုတ် အမြဲတမ်း အကျိုးသက်ရောက်မှုကို အလိုရှိသော အခြားလုပ်ဆောင်မှုများအတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ယနေ့ အခက်အခဲများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။ အကြီးအကဲများနှင့် ထိတွေဆက်ဆံရန် ကောင်းသော ရက်ဖြစ်သည်။ အရေးကြီးသော ကိစ္စများ ဆောင်ရွက်လုပ်ကိုင်ပါက နေ့(၁း၁၂)နာရီမှ ညနေ(၃း၃၆)နာရီကြား ဆောင်ရွက်ပါ။ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်သည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆို နိုင်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၂၃)နာရီမှ နံနက်(၈း၅၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင်နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သံဃာပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမို အဆင် ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “မုန့်လုံးရေပေါ်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)