loading

02. Sep.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 02. Sep.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါခေါင်လဆုတ်(၅)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၈)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်း၊ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၆)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၆)လုံးအနေဖြင့် ဒီနေ့ ဟာသစ်ပင်စိုက်ပျိုးခြင်းများဆောင်ရွက်လို့မကောင်းပါဘူး၊အကြွေးတောင်းခံခြင်းများ ဆောင်ရွက်လို့ကောင်း သောနေ့ရက်ဖြစ်ပါတယ်။ ဒီနေ့ဟာ ခေါင်းဆေး၊ခေါင်းလျှော်ရမဲ့ ရက်ကောင်းဖြစ်ပါတယ်။ ဒီနေ့ခေါင်း ဆေး၊ခေါင်းလျှော်ပြုပါကအသက်ရှည်ခြင်း၊အနာရောဂါကင်းခြင်း၊ကျန်းမာရေးကောင်းခြင်းများကို ဖြစ်ပေါ် စေ ပါလိမ့်မယ်။ ငွေကြေးကိစ္စ ပြောဆိုဆောင်ရွက်မှုအဆင်ပြေအောင်မြင်တတ်ပါတယ်။ ယနေ့ရရှိတဲ့သတင်းအချက် အလက် တွေ နည်းပညာတွေကလက်တွေ့အသုံးချလို့အထူးကောင်းပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်းချို့ယွင်းနေတဲ့စက် ပစ္စည်း၊ အသုံးအဆောင် ပစ္စည်းများကို ပြုပြင်ခြင်း၊ အစားထိုးဝယ်ယူခြင်းများဆောင်ရွက်နိုင်ပါတယ်။

            ဒီလိုနေ့မျိုးဟာ အချစ်ရေးမေတ္တာရေးနဲ့ပတ်သက်တဲ့ကံကြမ္မာအားကောင်းနေတတ်ပါတယ်။ အချစ်ရေး မပြေ လည်သူများပြေလည်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ မိမိကိုယ်တိုင်ဖွင့်ပြောဖို့ တွန့်ဆုတ်နေသူများ အောင်သွယ် ကောင်းမှုကြောင့်အဆင်ပြေသွားနိုင်ပါတယ်။

            စူးစမ်းရှာဖွေခြင်း၊အသစ်တီထွင်ခြင်း၊ စက်နှင့်ကုန်မာပစ္စည်းရောင်းဝယ်ခြင်း၊စိုက်ပျိုးရေးနှင့်ပတ်သက်သော အလုပ်များ စတဲ့ အလုပ်အကိုင်များအဆင်ပြေအောင်မြင်တတ်တဲ့နေ့ရက်ပါပဲ။ဘုရားပင့်ဆောင်ခြင်း၊ အလှူအတန်း ပေးခြင်း၊မဏ္ဍပ်ထိုးခြင်းများလဲ အထူးအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းနှင့် ဘာသာရေးအလုပ်တွေကိုဇောက်ချလုပ်ခြင်းများ ဒီနေ့ရက်မှာဆောင်ရွက်လို့ကောင်းပါတယ်။

            ပညာရပ်တစ်ခုကိုစတင်သင်ယူတာမျိုးတွေ၊ လိုအပ်တဲ့ကုန်ဝယ်တာမျိုးတွေ၊သားသမီးကိုဆိုဆုံးမပြောဆို တာမျိုးတွေအထူးဆောင်ရွက်လို့သင့်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးပဲအဆင်ပြေတိုးတတ် ပါ လိမ့်မယ်။ ကျန်းမာရေးညံ့နေသူတွေလျော့ပါးသက်သာခွင့်တွေရလာပါလိမ့်မယ်။

            ဘဏ်လုပ်ငန်းနဲ့ပတ်သက်သောဆောင်ရွက်မှုများအဆင်ပြေချောမွေ့ပါလိမ့်မယ်။ လုံခြုံရေးနဲ့ပတ်သက် သော လုံခြုံရေးဝန်ထမ်းခန့်အပ်ခြင်း၊ cctv တပ်ဆင်ခြင်းတွေ၊ခြံစည်းရိုးကာခြင်း၊တံတိုင်းခတ်ခြင်း၊ သော့တွေပြုပြင် ပြောင်း လဲခြင်းတွေဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂း၃၃)နာရီမှ ည(၂၃း၂၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ ပညာရေးသာ ပုံမှန်ကြိုးစားပါ။ ပညာနဲ့အတူ စီးပွားရေးပညာကိုပါတွဲသင်သင့်တဲ့ဇာတာမျိုးပါ။ ပညာတစ် ဖက် အလုပ်တစ်ဖက်နဲ့ ကြိုးစားရင်း စီးပွားရေးသမားဖြစ်လာနိုင်တဲ့ဇာတာပါပဲ။ သတိထားရမှာက မိန်းကလေးဇာတာရှင် ဆိုရင်တော့ အိမ်ထောင်ရေးမှာ စိတ်အလိုမလိုက်ပါနဲ့။ ချစ်စိတ်တစ်ခုထဲနဲ့ အိမ်ထောင်ရေးကို ထူထောင်မိရင် သေချာ ပေါက်ပြန်ကွဲနိုင်ပါတယ်။ အသက် ၂၇နှစ်ကျော်မှသာ အိမ်ထောင်ရေးကိုစဉ်းစားပါ။ ၂၇ထိ ပညာနဲ့ စီးပွားရေးကိုသာ အထူးအားစိုက်ထားစေချင်ပါတယ်။

ဘရဏီ နက္ခတ်သည် ချက်ချင်းလက်ငင်းလုပ်ဆောင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြိုင်ဆိုင်မှု၊ လှုပ်ရှားမှုများ၊ မီး၊ အဆိပ်၊ ရေတွင်းတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ။ ဤနက္ခတ် သည် ရက်စက်ကြမ်းကြုတ်သော သဘာဝရှိသည်။ အဆိပ်ခတ် ခြင်း၊ ဖျက်ဆီးခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် လှည့်စားခြင်းအတွက် သင့်လျော်သည်။ ခရီးတစ်ခုမစတင်ပါနှင့်။ ငွေမချေးပါနှင့်။ မီး သို့မဟုတ် လက်နက်၊ အဆိပ် သို့မဟုတ် ဓာတုပစ္စည်းများ၊ သစ်ပင်ခုတ်ခြင်း၊ ယှဉ်ပြိုင်ခြင်းအတွက် ကောင်းမွန်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၅)နာရီမှ မွန်းလွဲ(၁း၃၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင်နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….အောင်တော်မူဂါထာတစ်ခုခု (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “အာလူးထမင်း” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *