loading

Author: Nyein Aye Lu

နာမည်များနှင့် ဘဝကံကြမ္မာ

(နာမည်မှည့်နည်း၊ နာမည်ပေးနည်းနှင့်ပက်သက်ပြီး ပြည့်ပြည့်စုံစုံ သိလို့ရအောင် ကွန်ပျူ
ဗေဒမှ ဆရာဒေါက်တာတင်ဘိုဘို၏
ဆောင်းပါးကို တင်ပြလိုက်ရပါသည်ခင်ဗျာ
စာရှည်တာကို စိတ်ရှည်ရှည်ထားပြီးဖတ်စေချင်ပါတယ်။ မိမိတို့ဘဝအတွက်အကျိုးမယုတ်ဘူးထင်၍ တင်ပြလိုက်ရပါသည်။)
မြန်မာနိုင်ငံမှာ လက်ရှိလူအများသုံးစွဲနေကြတဲ့ နာမည်ပေးပုံကတော့ “နေ့နံအပေါ် အခြေခံတဲ့ နာမည်ပေးနည်း” ဖြစ်ပါတယ်။ တနင်္ဂနွေသားသမီးဆိုရင် တနင်္ဂနွေနံဖြစ်တဲ့ (အ၊ဥ) နဲ့ပေးမယ်။ တနင်္လာ သားသမီး ဆိုရင် တနင်္လာနံဖြစ်တဲ့ (က၊ခ၊ဂ၊ဃ၊င) တွေနဲ့ ပေးမယ်။ အင်္ဂါသားသမီး ဆိုရင်လည်း (စ၊ဆ၊ဇ၊စျ၊ည) နဲ့ ပေးမယ်ပေါ့။
ဒီလိုဘဲ လွယ်လွယ်ပေးလိုက်ကြပါတယ်။ ဒီလို နေ့နံအတိုင်း ပေးလိုက်တာကိုဘဲ ကလေးအတွက် လုံလောက်သွားကြပြီလို့ ထင်တတ်ကြပါတယ်။ ဒီကြားထဲမှာ အဖေနာမည်၊ အမေနာမည်၊ အဖိုးအဖွားနာမည် တွေပါမကျန် နာမည်ထဲမှာထည့်ပြီး မှည့်လိုက်ကြပါသေးတယ်။
ဘယ်ဗေဒင်ဆရာဆီကိုမှ သွားမနေကြတော့ပါဘူး။ သွားပြန်တော့လည်း စိတ်တိုင်းကျလှတယ် မရှိပါဘူး။ ဗေဒင်ဆရာတွေပေးတဲ့ နာမည်တွေဆိုတာကလည်း ခေတ်နဲ့ မဆီလျော်လှတဲ့ နာမည်တွေ၊ ခပ်တုံးတုံးတွေက များတယ်မဟုတ်လား။
ဒီတော့ ကိုယ့်စိတ်ကြိုက်အတိုင်း နေ့နံပေါ်မှာ အခြေခံပြီး နောက်ဆုံးပေါါ် လှပေ့၊ ဆန်းပေ့၊ ညွန့်ပေ့ဆိုတဲ့ နာမည်မျိုးတွေကို ပေးချလိုက်တော့တာပါဘဲ။ ငါ့သားသမီးနာမည်ကို ဘယ်သူနဲ့မှ မတူစေရဘူးဆိုတဲ့ မိဘတွေ ကလည်းအများသားလား။
နာမည်တွေဆန်းကြယ်ကြပုံကိုလည်း ကြည့်ကြပါဦး။ “ကျော်အာကာမြင့်မိုရ်ဘုန်းထက်” ဆိုတဲ့ နာမည်မျိုး ကတော့ ကျွန်တော့်အဖို့ သိပ်ဆန်းတယ်လို့ ပြောနိုင်တဲ့ နာမည်မျိုးမဟုတ်ပါဘူး။ ဒါပေမယ့် “အနှိုင်းမဲ့ဘုန်းနန်းဒေဝီ သခင်” ဆိုတဲ့ နာမည်မျိုးကို တွေ့လိုက်တော့ ကျွန်တော့်အနေနဲ့ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားပါတယ်။
ဒီလို အလွန်ထူးဆန်းတဲ့ နာမည်တွေကို မှည့်ထားပြီး ထူးထူးချွန်ချွန် ဖြစ်လာသူတွေကို အလွန် တွေ့ရခဲ လှပါတယ်။ လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ ထင်ပေါ်ကျော်ကြားတဲ့၊ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ် တော်တော်များများရဲ့ နာမည်တွေဟာ ခပ်ရိုးရိုးတွေဘဲဖြစ်နေတာကို သတိထားမိကြပါလိမ့်မယ်။
ဒါပေမယ့် သိပ်ရိုးစင်းနေလွန်းပြန်ရင်လည်း ခေတ်ရေစီးကြောင်းက ပြောင်းလဲလာတဲ့ အချိန်မှာ ခေတ်နဲ့ မဆီလျော်တာမျိုးလည်း မဖြစ်သင့်ဘူးပေါ့။
သိပ်ကို ဆန်းပြားလွန်းတဲ့ နာမည်တွေကို ပေးထားပြီး ဆိုဆုံးမလို့ မရတဲ့ သားသမီးတွေ အတော်များများကိုလည်း ကျွန်တော် တွေ့ဘူးလှပါပြီ။
ပြောချင်တာကတော့ နာမည်ကောင်းတစ်ခုဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပါယ်ကောင်းမွန်တဲ့ စာလုံးတွေပါတဲ့ နာမည်မျိုး၊ တိုင်စဉ်မှန်ကန်ပြီး အားရှိတဲ့ နာမည်မျိုး ဖြစ်ရပါမယ်။ ဒါမှသာ နာမည်ပိုင်ရှင်ကို ကောင်းကျိုးပြုနိုင်ပါတယ်။ ဒီလိုဆိုရင် နာမည်ကို လှလှလေးပေးလို့မရတော့ဘူးလား။ ခပ်ရိုးရိုးကြီးဘဲ ပေးရတော့မှာလားလို့ စောဒက တက်စရာ ရှိပါတယ်။
နာမည်ကို လှလှလေးတွေ ပေးလို့ရပါတယ်။ သိပ်ထူးထူးဆန်းဆန်းသာ မပေးသင့်တာပါ။ ဒီတော့ကာ နေ့သင့်နံသင့် နာမည်ပေးကြတဲ့ အကြောင်းကို ပြန်ကောက်ကြရအောင်။
အမြဲတန်း နေ့သင့်နံသင့် နာမည်ပေးလို့ ရသလား
ကျွန်တော့်ရဲ့ နာမည်ပေးဗေဒင်လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ မိဘတွေ အများဆုံးတောင်းဆိုကြတဲ့ ကိစ္စကတော့ ကလေးကို နေ့သင့်နံသင့် နာမည်ပေးချင်တယ် ဆိုတာပါဘဲ။
ကလေးကို သူမွေးတဲ့ နေ့အတိုင်း နေ့သင့်နံသင့်ပေးမှ မှန်ကန်တယ်လို့ ထင်နေကြသူတွေ တော်တော် များပါတယ်။ နောက်ပြီး တစ်ချို့သော ဗေဒင်နည်းစနစ်တွေမှာ နေ့သင့်နံသင့်နာမည်ပေးခြင်းကို ပုံသေကျင့်သုံးနေကြ တဲ့အတွက် ဒါကိုမှ အမှန်ဘဲလို့ ထင်နေကြပုံရပါတယ်။
ကျွန်တော့်ရဲ့ လက်တွေ့သုတေနပြုချက်တွေအရ ကလေးတိုင်းကို နေ့သင့်နံသင့်နာမည်ပေးလို့ မရပါဘူး။ တစ်ချို့ကို ပေးလို့ရပေမယ့် တစ်ချို့ကြတော့ ပေးလို့မရပါဘူး။ ဒါဟာ ကလေးမွေးဖွားတဲ့ ခုနှစ်၊ သက္ကရာဇ် အပေါ်မှာ အခြေခံ နေပါတယ်။ (မဟာဘုတ်ပညာအရ) တစ်နှစ်နဲ့တစ်နှစ် ဂြိုဟ်တွေရဲ့ အင်အားဟာ မတူညီကြပါဘူး။ ဂြိုဟ်တစ်လုံးဟာ ဒီနှစ်မှာ အားကောင်းတဲ့ ဂြိုဟ်ဖြစ်ပေမယ့် နောက်နှစ်မှာ အားနည်းတဲ့ဂြိုဟ်ဖြစ်သွားတတ်ပါတယ်။
နှစ်တိုင်းနှစ်တိုင်းမှ ဂြိုဟ် (၇) လုံးရှိတဲ့အနက် (၄)လုံးဟာ အားကောင်းပြီး (၃)လုံးဟာ အားနည်း သွားတတ် ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ဒီဂြိုဟ်တွေဟာ အလှည့်ကျပြောင်းလဲနေပါတယ်။ ဒီတော့ ကိုယ့်ကလေးရဲ့ မွေးနံဟာ အဲဒီ နှစ်အတွက် အားကောင်းတဲ့ ဂြိုဟ်(၄)လုံးမှာ ပါနေရင် နေ့သင့်နံသင့်နာမည် မှည့်လို့ရနိုင်ပါတယ်။ အားနည်းတဲ့ဂြိုဟ် (၃)လုံးမှာပါနေရင်တော့ နေ့သင့်နံသင့်နာမည် ပေးလို့မရပါဘူး။
ဒီလို အားနည်းတဲ့ဂြိုဟ်ဖြစ်နေတဲ့နှစ်မှာ နေ့သင့်နံသင့်နာမည်မှည့်လိုက်တဲ့အတွက် ရင်သွေးဖြစ်သူဟာ ပထမ အရွယ်မှာ ကျန်းမာရေးညံ့ခြင်း၊ ပညာရေးညံ့ခြင်း၊ အောင်မြင်မှုနည်းခြင်း၊ ဘဝကို ခက်ခဲစွာ ရုန်းကန်ရခြင်းများဖြစ်တတ် ပါတယ်။ ဒါကြောင့် နေ့သင့်နံသင့် ဖြစ်ဖို့မဖြစ်ဖို့ထက် မိမိရင်သွေးဘဝ ကောင်းစားဖို့ကို ပိုပြီး အဓိက ထားသင့်တယ် မဟုတ်ပါလားခင်ဗျာ။
မိဘနာမည် ထည့်ရ / မရ
နောက်ပြဿနာတစ်ခုကတော့ ကလေးရဲ့နာမည်မှာ မိဘတွေရဲ့နာမည် ပါချင်ကြတဲ့ကိစ္စပါဘဲ။ အထူးသဖြင့် ဖခင်ဖြစ်သူရဲ့ နာမည်ကို ကလေးနာမည်နောက်ဆုံးမှာ ထည့်ချင်ကြပါတယ်။ ဒါကလည်း စောစောကပြောခဲ့သလိုဘဲ အဲဒီမိဘနာမည်ဟာ ကလေးမွေးတဲ့နှစ်မှာ အားနည်းတဲ့ဂြိုဟ်ရဲ့ အက္ခရာဖြစ်နေရင် မထည့်သင့်ပါဘူး။
နောက်ပြီး ဒီလိုအားနည်းတဲ့ နေ့နံဟာ နာမည်အစမှာ ပါတာထက်စာရင် နာမည်အဆုံးမှာ ပါတာက ပိုဆိုး ပါတယ်။ ဒီလို မိဘနာမည်ကို ကလေးရဲ့နာမည်မှာ မပါပါအောင် ဇွတ်အတင်းထည့်ကြတဲ့အတွက် ကလေးတွေမှာ နာမည်အမှားရဲ့ဒဏ်ကို တစ်ဘဝလုံး ခံသွားရတတ်ပါတယ်။
မိဘမျိုးရိုးနာမည်ထည့်တယ်ဆိုတာ ကျွန်တော်တို့ မြန်မာ့ ဓလေ့ထုံးတမ်း မဟုတ်တဲ့အတွက် ဒါကို အားလည်း မပေးသင့်ပါဘူး။ ခရစ်ယာန် နဲ့ အစ္စလာမ် ဘာသာဝင်များအတွက် မျိုးရိုးနာမည်ထည့်ချင်ရင် ခရစ်ယာန်နာမည် သတ်သတ်၊ အစ္စလာမ်နာမည် သတ်သတ် မှည့်တာမျိုးက ပိုကောင်း ပါတယ်။ မြန်မာနာမည်ကိုတော့ မြန်မာ့ဓလေ့အတိုင်း မှည့်တာကို အားပေးချင်ပါတယ်။
ဒါကြောင့် သားသမီးတွေရဲ့ နာမည်မှာ မိဘနာမည်ပါဖို့ကိစ္စကို အရမ်းအလေးမပေးပါနဲ့။ ကောင်းတယ်ဆိုရင် ထည့်လို့ရပါတယ်။ မကောင်းဘူးဆိုရင်တော့ ကလေးရဲ့ ဘဝနောင်ရေးကို အထူးအလေးပေး စဉ်းစားစေချင်ပါတယ်။
မိဘနာမည်ပါတာ အဓိကလား၊ ကလေးဘဝကောင်းစားဖို့က အဓိကလားဆိုတာ တွေးကြည့်ကြပါ။
ပြဿနာတစ်ခုရှိတာက အမေရိကား နဲ့ အနောက်တိုင်းနိုင်ငံတွေရောက်နေတဲ့ မြန်မာတွေ ကျွန်တော့်ဆီမှာ ကလေးနာမည် တောင်းကြတဲ့အခါ မွေးစာရင်းသွင်းတဲ့ အချိန်မှာ သူတို့ဓလေ့အရ မိဘနာမည်ကို မဖြစ်မနေ ထည့်ရတာမျိုး ရှိပါတယ်။ ဒါမျိုးကြတော့ စာရင်းထဲမှာ ထည့်တာထည့်ပေါ့။ ဒါပေမယ့် မိဘဆွေမျိုး၊ မြန်မာအသိုင်း အဝိုင်းကြားမှာတော့ နောက်က ဖခင်နာမည်မပါတဲ့ မြန်မာနာမည်ကိုဘဲ ခေါ်ပေးပါ။
နောက်ပြီး မြန်မာတိုင်းရင်းသားလူမျိုးနွယ်တွေမှာ နာမည်ရှေ့က တပ်ခေါ်တဲ့ “စိုင်း၊ နန်း၊ မင်း၊ မိ၊ စော၊ နော်၊ ခွန်” တွေကို ထည့်ခေါ်တာကို ဗေဒင်နည်းထဲမှာ ထည့်မတွက်ရပါဘူး။ မြန်မာမှာ “မောင်၊ ကို၊ ဦး၊ မ၊ ဒေါ်” တပ်ခေါ် သလိုပါဘဲ။
ဟိုနည်းစနစ်၊ ဒီနည်းစနစ်
တစ်ချို့မိဘတွေဟာ ဗေဒင်မဂ္ဂဇင်းတစ်ခုခုကို ဖတ်ပြီး အဲဒီအထဲမှာပါတဲ့ နည်းစနစ်တစ်ခုခုကို တကယ့်နည်း စနစ်ကြီးတစ်ခုလို့ ထင်တတ်ကြပါတယ်။ အဲဒီအထဲမှာပါတဲ့ နည်းစနစ်တွေကို လက်တဲ့ စမ်းတတ်ကြပါတယ်။ တစ်ချို့ ဆိုရင် စာအုပ်တောင် မဖတ်ဘဲ ဗေဒင်ယောင်ယောင်၊ ဆေးယောင်ယောင် အပေါင်းအသင်းတစ်ယောက်ယောက်က ပြောတဲ့ နည်းတစ်ခုခုကို အဟုတ်ထင်ပြီး ကိုယ့်ကလေးကို လက်တဲ့စမ်းတတ်ကြပါတယ်။
ဒါကြောင့် နာမည်ပေါင်းကိန်း “ကိုးနဝင်း” ရရင် အရမ်းကောင်းတယ်။ ပ ဉ္စပွတ်+ဆပွတ်+အညွန့် မှည့်ရင် အရမ်းကောင်းတယ် ဆိုတဲ့ တရားသေယူဆချက်တွေ ပေါ်လာတာဘဲ ဖြစ်ပါတယ်။
တကယ်တော့ ဗေဒင်ပညာဆိုတာ ဆောင်းပါးတစ်ပုဒ်နှစ်ပုဒ်လောက်၊ စာအုပ်တစ်အုပ်နှစ်အုပ်လောက် ဖတ်ရုံ နဲ့ တတ်မြောက်နိုင်တဲ့ ပညာမဟုတ်ပါဘူး။ ကျွန်တော်ဆိုရင် ဗေဒင်ပညာတစ်ခုလုံးရဲ့ အခက်အလက်တစ်ခုမျှသာ ဖြစ်တဲ့ နာမည်ပေးနည်းဗေဒင် (နာမက္ခရဗေဒ) ကို စာတွေ့အနေနဲ့ (၃) နှစ်လောက်၊ လက်တွေ့အနေနဲ့ (၇) နှစ် လောက် လေ့လာခဲ့ရပါတယ်။
ဒါကြောင့် မိဘဖြစ်သူတွေကို အထူးပြောချင်တာကတော့ ကိုယ့်ကလေးကို နာမည်ပေးတဲ့နေရာမှာ ဆောင်းပါးတစ်ပုဒ်လောက်ဖတ်ပြီး လက်တဲ့မစမ်းသင့်သလို၊ တကယ်ကျွမ်းကျင်တတ်မြောက်သူ မဟုတ်တဲ့သူတွေရဲ့ အကြံပေးချက်တွေကိုလည်း နားမယောင်သင့်ပါ။ “ဆရာများ သားသေ” ဆိုတဲ့ စကားပုံရှိပါတယ်။ တကယ်တတ်ကျွမ်း နားလည်သူ ဆရာသမားတစ်ဦးဦးနဲ့သာ တိုင်ပင်ပြီး မှည့်သင့်ပါတယ်။
ခါတော်မှီ ဆရာတု ဆရာယောင်တွေကိုတော့ အထူးသတိထားပါ။ လောကနိယာမအရ လုပ်ငန်းတစ်ခု အောင်မြင်လာပြီဆိုရင် နောက်ကနေ ပုံတူကူးချတဲ့ (ခါတော်မှီ) လုပ်ငန်းတွေ ပေါ်လာတတ်ပါတယ်။ နာမည်ပေး ဗေဒင်လုပ်ငန်း တစ်ခုအောင်မြင်လာရင်လည်း နောက်ကနေ လိုက်လံတုပတဲ့လုပ်ငန်းတွေ ပေါ်လာတတ်ပါတယ်။ ဒီအထဲမှာ ဗေဒင်ပညာအမှန်တတ်ကျွမ်းပြီး ကိုယ့်နည်းစနစ်နဲ့ကိုယ် နာမည်ပေးတဲ့ ဆရာတွေပါသလို ဗေဒင်ပညာ မတောက်တခေါက်လောက်သာတတ်ပြီး နာမည်ပေးဆရာတွေ ထုတ်ဝေထားတဲ့ နာမည်ပေးစာအုပ်တွေထဲက နာမည်တွေကို ကူးချပြီး ပေးတဲ့ ဆရာတု ဆရာယောင်တွေပါလာတာကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့် ကြော်ငြာ အသစ်မြင်တိုင်း စိတ်ဝင်စားတတ်တဲ့ သူတွေအဖို့ အစစ် နဲ့ အတု မိမိဉာဏ်နဲ့သာ ခွဲခြားကြည့်ကြပါ။ (ဘယ်သူ့ကိုမှ သိက္ခာချလိုစိတ် အလျှဉ်းမရှိပါဘူး။ ရင်သွေးတွေရဲ့ ဘဝအတွက် ရင်လေးလွန်းလို့ သတိပေးရခြင်းဖြစ်ပါတယ်၊ စစ်မှန်တဲ့ ဆရာတွေလည်း အများကြီးရှိပါတယ်)။ အတုနဲ့ မိပြီး မိမိရင်သွေးရဲ့ဘဝ မနစ်မွန်းကြပါစေနဲ့။
ဘယ်နည်းစနစ်က အကောင်းဆုံးလဲ
မြန်မာရိုးရာဗေဒင်နည်းစနစ်အရ နာမည်ပေးနည်းတွေကို စစ်စစ်ပေါက်ပေါက် ရေတွက်ကြည့်မယ်ဆိုရင် နည်းစနစ် မူကွဲပေါင်း (၄၀)ကျော်ကျော်လောက် ရှိပါတယ်။ဒါပေမယ့် တကယ်အသုံးများပြီး အဓိကကျတဲ့ နာမည်ပေး နည်းက (၃)နည်းသာ ရှိပါတယ်။ အဲဒါတွေကတော့ –
(၁) မဟာဘုတ်နဲ့ နာမည်ပေးနည်း
(၂) အင်္ဂဝိဇ္ဇာနဲ့ နာမည်ပေးနည်း
(၃) ဆန်းကျမ်းနဲ့ နာမည်ပေးနည်း များဖြစ်ပါတယ်။
ဆရာတစ်ဦးကို နည်းစနစ်တစ်ခုတော့ စိတ်ကြိုက်ရှိတတ်ကြပါတယ်။ ဒါကြောင့် ဘယ်နည်းစနစ်က အကောင်းဆုံးဘဲလို့ ပြောလိုက်ရင် ပညာရှင်ခြင်း ပုတ်ခတ်သလိုဖြစ်သွားနိုင်တာမို့ ဒါကိုတော့ မပြောလိုပါ။ ဒါပေမယ့် နည်းစနစ်(၃)ခုစလုံးကို ညှိနှိုင်းသုံးစွဲနိုင်ရင်တော့ အကောင်းဆုံးဘဲလို့သာ ပြောလိုပါတယ်။
ကျွန်တော်တို့ရဲ့ “ကွန်ပျူဗေဒသုခုမ” ရဲ့ နည်းစနစ်ကို ပြောရရင်တော့ မဟာဘုတ် နဲ့ အင်္ဂဝိဇ္ဇာကို အပြည့် အဝအသုံးချထားပြီး ဆန်းကျမ်းကို တိုင်စဉ် နဲ့ ဗျုပ္ပတ် ကိုသာ အထောက်အကူအနေနဲ့ ယူထားပါတယ်။ (ဆန်းကျမ်း ကို အပြည့်အဝ အသုံးမပြုပါ)။ ပညာရှင်အားလုံးကို ဂါ၀ရစိတ်နဲ့ အကြံပေးလိုတာကတော့ ဘယ်နည်းစနစ်ကိုဘဲ သုံးသုံး “မဟာဘုတ်” ကိုတော့ လက်မလွှတ်စေချင်ဘူး။ ဒါကလည်း အရမ်းကာရော ပြောတာမဟုတ်ဘဲ ကျွန်တော့်ရဲ့ လက်တွေ့သုတေသနပြုချက်တွေအရ ပြောခြင်းဖြစ်ပါတယ်။
ကျွန်တော်ရဲ့ ဗေဒင်ပညာသက်တမ်းတစ်လျှောက်မှာ ဆန်းဗေဒင်နည်း နဲ့ အင်္ဂဝိဇ္ဇာနည်းအရ မှားနေပေမယ့် မဟာဘုတ်မှာ မှန်နေရင် ဆိုးကျိုးတွေကို မခံစားရတာကို ကြိမ်ဖန်များစွာတွေ့ရဖူးပါတယ်။ ဒါပေမယ့် မဟာဘုတ် မှားပြီဆိုရင်တော့ ဘာမှမဖြစ်ဘူးဆိုတာ တွေ့ရခဲလှပါတယ်။ မဟာဘုတ် မှားရင်တော့ ဆိုးကျိုးတွေကို ဧကန် ခံရတတ် ပါတယ်။ ဒါကြောင့် မဟာဘုတ်ကိုတော့ လက်မလွှတ်သင့်ဘူးလို့ ယူဆမိပါတယ်။ နာမည်တစ်ခုရဲ့ အမှားအမှန်ကို စစ်ဆေးတဲ့နေရာမှာလည်း မဟာဘုတ်နဲ့ စစ်ဆေးကြည့်တာဟာ အလွယ်ကူဆုံးနဲ့ အမှန်ဆုံး ဖြစ်ပါလိမ့်မယ်။
နာမည် နဲ့ ဗျုပ္ပတ်
နာမည်မှည့်တဲ့နေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ “ဗျုပ္ပတ်” ဖြစ်ပါတယ်။ “ဗျုပ္ပတ်” ဆိုတာ နာမည်တစ်ခုရဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ နာမည်တစ်ခုရဲ့ အဓိပ္ပါယ်ဟာ ထိုနာမည်ပိုင်ရှင်ရဲ့ ရုပ်ရည်၊ ပုံပန်းသဏ္ဍန်၊ အဆင်းအရောင်၊ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေနဲ့ လိုက်ဖက်ညီညွတ်နေရပါမယ်။ ဒါမှသာ ဘဝအကျိုးပေး ကောင်းမွန်ပါမယ်။ အတိတ်ဘဝရဲ့ ကောင်းကျိုးတွေကို အပြည့်အဝ ခံစားရတတ်ပါတယ်။
နာမည်နဲ့ ဗျုပ္ပတ် တခြားစီဖြစ်နေရင်တော့ ဘဝအကျိုးပေး မကောင်းတတ်ပါ။ ဥပမာ- နာမည်က “မောင်လှ” ရုပ်က ခပ်ဆိုးဆိုဖြစ်နေရင် ဗျုပ္ပတ် ဆန့်ကျင်ပါတယ်။ အဲသည်လိုဘဲ အသားမည်းသူကို “ဖြူဖြူဝင်း” လို့မှည့်တာမျိုး၊ အသားဖြူသူကို “ညိုညိုစိမ့်” လို့မှည့်တာမျိုးတွေဟာ ဗျုပ္ပတ် အမှားတွေပါ။ ဒါမျိုးတွေ အများကြီးရှိပါတယ်။ ပိန်လွန်းသူ ကို “ပြည့်ဖြိုးမောင်” လို့ မှည့်တာ၊ စကားပြောဆိုးသူကို “ချိုသာခင်” လို့ မှည့်တာ၊ “တိတ်တိတ်ဆိတ်ဆိတ်” နေတတ် သူကို “ကြည်ရွှင်” လို့ မှည့်တာတွေ၊ အလွန် သွက်လက်ချက်ချာသူကို “မောင်အေး” လို့ မှည့်တာမျိုးတွေဟာ ဗျုပ္ပတ် အမှားတွေပါ။
နောက်တစ်ခုက လူ့လောကနယ်ပယ်အရ မြင့်မြတ်တယ်လို့ စံပြုထားတဲ့ အရာတွေထက် ကျော်လွန်အောင် နာမည် မှည့်တာမျိုးကို “ဗျုပ္ပတ်လွန်တယ်” လို့ ခေါ်ပါတယ်။ “မြင့်မိုရ်စိုးအုပ်ကျော်” လို နာမည်မျိုးတွေ၊ “အာကာမင်းထွဋ်ခေါင်” လို နာမည်မျိုးတွေ၊ “နေမင်းအုပ်ပိုင်စိုး” လိုနာမည်မျိုး၊ “ဒီပါလွှမ်းထက်ကျော်” လိုနာမည်မျိုး တွေဟာ နာမည်ပိုင်ရှင်ကို အလွန် “ခိုက်” စေတတ်ပါတယ်။ အရပ်ထဲမှာ ပြောကြတဲ့ “နာမည်က သိပ်ကြီးလွန်း နေတယ်” ဆိုတာမျိုးပေါ့။
သုတေသနပြုချက်များအရ နာမည်သိပ်ကြီးပြီး ဗျုပ္ပတ်လွန်နေရင် ကျန်းမာရေးညံ့ခြင်း၊ ပညာရေးညံ့ခြင်း၊ ဆိုဆုံးမရန် ခက်ခဲခြင်း၊ ဆိုးသွမ်းမိုက်မဲခြင်း၊ (အချို့) အသက်တိုခြင်း များကို ဖြစ်စေနိုင်ပါတယ်။
ဒီနေရာမှာ ဆန်းကျမ်းဗေဒင်ပညာရှင်တွေကို ဗျုပ္ပတ်နဲ့ပတ်သက်ပြီး ကိုယ်တွေ့သုတေသနလေးတွေကို ပြောပြလိုပါတယ်။ ဗျုပ္ပတ်ဟာ ဘယ်လောက်အားကောင်းသလဲဆိုရင် “၀ဏ္ဏ” ဆိုတဲ့ အရောင်အဆင်းကိုတောင် လွှမ်းမိုးနိုင်တာကို တွေ့ရပါတယ်။ ဥပမာ – “နေဝင်း” ဆိုတဲ့ နာမည်မှာ “၀ဏ္ဏ” အရ အမည်းရောင် အက္ခရာတွေဖြစ်တဲ့ “န” နဲ့ “၀” နဲ့ ဖွဲ့စည်းထားတဲ့ အတွက် အသားညိုမည်းသူတွေကို ပေးရမယ့် နာမည်ဖြစ်တယ်။ ဒါပေမယ့် ဗျုပ္ပတ် သဘောအရ “နေဝင်း” ဆိုတာ နေမင်းကြီးလိုဝင်းထိန်တောက်ပခြင်းကို ဆိုလိုတာဖြစ်တဲ့အတွက် တကယ့်လက်တွေ့ လောကထဲမှာ အသားဖြူဝင်းပြီး ဥပတိရုပ်ကောင်းတဲ့ “နေဝင်း” တွေက ပိုမိုကောင်းစားပြီး ၊ အသားညိုညိုပြီး မခန့်ညား လှတဲ့ “နေဝင်း” တွေကတော့ သိပ်ဟန်မကျလှတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ဗျုပ္ပတ် နဲ့ ၀ဏ္ဏ ဆန့်ကျင်နေတဲ့အခါ တိုင်း ဗျုပ္ပတ် ကသာ အနိုင်ရ လွှမ်းမိုးတတ်တာကို လက်တွေ့သုတေသနပြုချက်များအရ သတိထားမိကြောင်း တင်ပြ လိုပါတယ်။
နာမည် နဲ့ ပက္ခတ်
နာမည်ပေးတဲ့ နေရာမှာ အလွန့်အလွန် အရေးကြီးတဲ့ အချက်တစ်ခုကို ပြောပြပါဦးမယ်။ အဲဒါကတော့ “ပက္ခတ်” မိနေတဲ့ နာမည်များအကြောင်းဘဲ ဖြစ်ပါတယ်။ “ပက္ခတ်” သို့မဟုတ် “ပက္ခ” ဆိုတာ ပဋိပက္ခဖြစ်ခြင်းကို ဆိုလိုပါတယ်။
နာမည်တစ်ခုရဲ့ ရှေ့ဆုံးနေ့နံ နဲ့ နောက်ဆုံးနေ့နံဟာ “ပက္ခတ်” မိနေတယ်ဆိုရင် သူရဲ့ ဘဝတစ်ချိန်ချိန်မှာ-
မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ ခွဲစိတ်ကုသခံရခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးခြင်း၊ အိမ်ထောင်ရေး ပြိုကွဲခြင်း၊ ထိပ်ဆုံးသို့ရောက်ပြီးခါမှ ပြန်၍ ပြုတ်ကျခြင်း၊ ဘဝအဆုံးသတ်ကံကြမ္မာ မကောင်းခြင်း၊ ဥပစ္ဆေဒကကံဖြင့် ကွယ်လွန်ခြင်းများဖြစ်တတ်ပါတယ်။
ဥပစ္ဆေဒကကံ နဲ့ ကွယ်လွန်သွားရတဲ့သူတွေ အတော်များများရဲ့ နာမည်မှာ “ပက္ခတ်” မိနေတာကို အထင် အရှား တွေ့ရတတ်ပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုဟ်တွေရဲ့ နာမည်အချို့ကတော့ –
= ဒုတိယကမ္ဘာစစ်မီးကို မွှေးခဲ့တဲ့ ဂျာမဏီအာဏာရှင် ဟစ်တလာ (၂၀-၄-၁၈၈၉ ဖွား) ။ သူဟာ စစ်ရှုံးပြီး သူ့ကိုယ်သူ သတ်သေ သွားခဲ့ပါတယ်။
= ဟစ်တလာနဲ့ အတူ ဒုတိယကမ္ဘာစစ်ပွဲမှာ ပါဝင်ခဲ့သူ အီတလီအာဏာရှင် မွတ်ဆိုလိုနီ (၂၉-၇-၁၈၈၃ ဖွား) ။ သူကတော့ သေဒဏ် ပေးခံခဲ့ရပါတယ်။
= မြန်မာနိုင်ငံရဲ့ အာဇာနည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း (၁၃-၂-၁၉၁၅ ဖွား)။ သူဟာ လုပ်ကြံခံရ ပါတယ်။
= အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ (၂-၁၀-၁၈၆၉ ဖွား)။ သူလည်း လုပ်ကြံခံရပါတယ်။
= ဗြိတိသျှ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန် (၂၅-၆-၁၉၀၀ ဖွား)။ သူလည်း လုပ်ကြံခံရပါတယ်။
= အင်္ဂလန် ဝေလမင်းသမီး လေဒီ ဒိုင်ယာနာ (၁-၇-၁၉၆၁ ဖွား) ။ ကား accident နဲ့ ကွယ်လွန်ခဲ့ရပါတယ်။
= Discovery Channel သရုပ်ဆောင် မိချောင်းမုဆိုး စတိအာဝင် (၂၂-၂-၁၉၆၂ ဖွား) ။ သူဟာ ဇာတ်ကားရိုက်နေစဉ် မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
= မိုနာကို မင်းသမီးကြီး ဂရေ့စ်ကယ်လီ (၁၂-၁၁-၁၉၂၉ ဖွား) ။ သူဟာ ကားမှောက်ကွယ်လွန်ခဲ့ပါတယ်။
= နောက်ပြီး ၂၀၀၇ ခု၊ ဒီဇင်ဘာလ ထဲမှာ လုပ်ကြံခံရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘင်နာဇီယာဘူတို (၂၁-၆-၁၉၅၃ ဖွား) ဟာလည်း နာမည် ပက္ခတ် မိနေသူ တစ်ဦးဖြစ်ပါတယ်။
ဒါဟာ အနည်းအကျဉ်းမျှသာ ရှိပါသေးတယ်။ နာမည် နဲ့ ပက္ခတ် အကြောင်းကို ရေးမယ်ဆိုရင် သုတေသန ကျမ်းတစ်စောင် ဖြစ်လောက်တာမို့ လိုရင်းကိုဘဲ ပြောပါမယ်။ ကျွန်တော့်ရဲ့ ဗေဒင်ပညာ လေ့လာမှု သက်တမ်း တစ်လျှောက်မှာ ပက္ခတ် မိခြင်းကြောင့် ဒုက္ခအမျိုးမျိုးနဲ့ ကြုံရသူတွေ ဒုနဲ့ဒေး တွေ့ရပါတယ်။ မြန်မာနိုင်ငံထဲမှာ ပက္ခတ် မိတဲ့သူတွေ သိပ်များပါတယ်။
ဒီလို ဘာကြောင့် ပက္ခတ်မိတဲ့ နာမည်တွေကို အတွေ့ရများရတာလည်း ဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိ အသုံးပြုနေတဲ့ နာမည်ပေးစနစ်တွေ များများကို၌က အလွန်ပက္ခတ်မိလွယ်တဲ့ နည်းစနစ်တွေ ဖြစ်နေလို့ပါဘဲ။ ဒါကို အလွန်သတိထားရပါတယ်။
အထူးသဖြင့် အင်္ဂဝိဇ္ဇာနည်းစနစ်ကို အဓိကထားသုံးတဲ့ နည်းစနစ်တွေမှာ ပက္ခတ် အလွန် မိလွယ် ပါတယ်။ ဥပမာ – ပုတိဖွား ကလေးတစ်ယောက်ကို အင်္ဂဝိဇ္ဇာနည်းစနစ်မှာ အလွန်လူကြိုက်များ အသုံးများတဲ့ “ပ ဉ္စပွတ်+ဆပွတ်+အညွန့်” နည်းနဲ့ပေးမယ်ဆိုရင် သေချာပေါက် “ပက္ခတ်” မိပါတယ်။ နောက် ရာဇဖွား ကို “ မူလ+ ပ ဉ္စပွတ်” ပေးတာ၊ မရဏဖွားကို မူလ+အညွန့် ပေးတာတွေအားလုံးဟာ “ပက္ခတ်” မိပါတယ်။ ဒီမှည့်နည်းတွေဟာ လူသုံးအလွန်များပါတယ်။
ဒါပေမယ့် “ပက္ခတ်” မိတိုင်း အသေဆိုးနဲ့ သေတယ်လို့ချည်းလည်း မမှတ်ယူပါနဲ့။ တချို့ကြပြန်တော့လည်း အိမ်ထောင်ကွဲတာ၊ အကြီးစား ခွဲစိတ်ကုသမှုခံရတာ၊ စီးပွားပျက်တာ၊ ရာထူးကျတာလောက်တွေနဲ့ဘဲ ပြီးသွားကြတာ လည်း များပါတယ်။ ပြင်းအားဘယ်လောက်ရှိမယ်ဆိုတာ “အတိတ်ကံ” နဲ့ ပိုပြီး ဆိုင်ပါတယ်။ ဒါဆို ပက္ခတ်အကြောင်း လုံလောက်သွားပြီလို့ထင်ပါတယ်။
နာမည် နဲ့ ဘဝကံကြမ္မာ
“နာမည် တစ်ခုဟာ လူတစ်ယောက်ရဲ့ ဘဝကံကြမ္မာနဲ့ လုံးဝ ဆက်စပ်နေတယ်၊ လွှမ်းမိုးမှုရှိတယ်” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး အချို့သူများမှာ အဓိပ္ပါယ်ပေါက်မှု လွဲမှားနေတာကို ဒီနေရာမှာ ထပ်မံရှင်းပြချင်ပါတယ်။
နာမည်တစ်ခုဟာ လူ့ကံကြမ္မာနဲ့ ဆက်စပ်နေတယ်၊ လွှမ်းမိုးမှု ရှိတယ် ဆိုတဲ့ စကားဟာ – လူ့ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။
ဗေဒင်စည်းကမ်းနဲ့ ညီညွတ်တဲ့နာမည်တစ်ခုကို ပေးခြင်းဆိုတာဟာ ဥပမာအားဖြင့် တင်စားဆိုရရင် မျိုးစေ့ တစ်စေ့ကို မြေဆီသြဇာ ပြည့်ဝထက်သန်လှတဲ့ လယ်ယာမြေကောင်းတစ်ခုကို ရွေးချယ်ပြီး အစေ့ချ စိုက်ပျိုးလိုက်တာ နဲ့ အလွန်တူပါတယ်။ အဲသည်လို နာမည်ကောင်းတစ်ခုကို အမှည့်ခံလိုက်ရတဲ့ ကလေးငယ်တစ်ဦးဟာ လယ်ယာမြေ ကောင်းမှာ ပေါက်ဖွားရှင်သန်လာရတဲ့ ကောက်ပဲသီးနှံ နဲ့ အလားတူပါမယ်။ မိမိ အစွမ်းရှိသလောက် ရှင်သန်ကြီးပွား ပြီး ကောက်နှံ ဆန်ရေစပါးများကို သီးပွင့်စေမှာ ဖြစ်ပါတယ်။
မှားယွင်းတဲ့ နာမည်ညံ့တစ်ခုကို အမှည့်ခံလိုက်ရတဲ့ သူကျပြန်တော့ မြေဆီသြဇာမရှိတဲ့ ကျပ်တီးမြေ၊ ဖုန်းဆိုး မြေများမှာ ကျရောက်သွားရတဲ့ သစ်စေ့ငယ်များနဲ့ အလားသဏ္ဍန်တူမှာ ဖြစ်ပါတယ်။ မိမိအစွမ်းရှိသလောက် ရှင်သန် ကြီးပွားမှု မရှိနိုင်တော့ဘဲ အသီးအပွင့်နည်းပါးစေပြီး ရောဂါပိုးမွှားဒဏ်ကို ပိုခံရမှာ အသေအချာပါဘဲ။
ဒါကြောင့် ဗေဒင်စည်းကမ်းနဲ့ ညီညွတ်တဲ့ နာမည်တစ်ခုပေးခြင်းဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ကြီးပြင်း ရှင်သန်လာရမယ့် အခြေအနေကောင်းကို ရွေးချယ်ပေးခြင်းသာဖြစ်ပြီး သူရဲ့ အတိတ်ဘဝပေါင်းများစွာက ပါရှိလာတဲ့ ကံကြမ္မာကို ပြောင်းလဲပေးခြင်းမျိုး မဟုတ်ပါဘူး။ သတ္တဝါတို့ရဲ့ ကံကြမ္မာကို ဘုရားရှင်သော်မှ ပြောင်းလဲခြင်းငှာ မတတ်နိုင်ပါ။ မိမိစိုက်ပျိုးထားသည်ကို မိမိပင် ပြန်လည်ရိတ်သိမ်းရသလို မိမိပြုခဲ့သော ကံသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိပင် ပြန်လည် ခံယူရမည်သာ ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင်မှ မိမိကံကြမ္မာကို ပြောင်းလဲ နိုင်ခြင်းမရှိတာကြောင့် ဝဋ်တော် (၁၂)ပါးကို ခံယူသွားရခြင်း မဟုတ်ပါလား။ (ဤသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် ဖြစ်ပေသည်။ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာများတွင်လည်း ပြုပြင်ပြောင်းလဲ၍ မရသော သဘောတရားကို “ဘုရားသခင်၏ အလိုတော်အတိုင်း” ဟု ခံယူကြသည် မဟုတ်ပါလား)
အထက်ပါ မျိုးစေ့ ဥပမာကို ဆက်ကြည့်ကြပါစို့။ လယ်ယာမြေကောင်းမှာ ပေါက်ဖွားရှင်သန်လာရတဲ့ မျိုးစေ့ ပင်ဖြစ်လင့်ကစား စပါးမျိုးစေ့သည် စပါးမျိုးစေ့မှ စပါးနှံများသာလျှင် ထွက်လာမှာဖြစ်ပြီး ပြောင်းမျိုးစေ့သည် ပြောင်းဖူး တောင့်များသာ ထွက်လာပေလိမ့်မည်။ စပါးပင်များ ပြောင်းဖူးမထွက်နိုင်သလို ပြောင်းဖူးပင်မှလည်း စပါးနှံမထွက် နိုင်ပါချေ။ သို့သော် လယ်ယာမြေကောင်းမှာ ရှင်သန်ကြီးပြင်းလာရတဲ့အတွက် စပါးပင်မှလည်း စပါးနှံများကို အစွမ်းကို ဝေဆာသီးပွင့်မှာပါ။ ပြောင်းပင်မှလည်း ပြောင်းဖူးတောင့်များကို အစွမ်းကုန် ဝေဆာသီးပွင့်မှာပါ။
ဒါကြောင့် နာမည်ကောင်းတစ်ခုကို မှည့်ပေးခြင်းဆိုတဲ့ ကိစ္စဟာ အခြေအနေကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ အခွင့်အရေးကောင်းများကို ဖန်တီးပြုပြင်ပေးခြင်းသာဖြစ်ပြီး လူတစ်ဦး၏ ကံကြမ္မာကို လုံးဝသွေဖည်သွားအောင် ပြောင်းလဲပေးခြင်းမျိုးတော့မဟုတ်ပါဘူး။ နာမည်ကောင်းတစ်ခု မှည့်ပေးခြင်းဆိုတာ အတိတ်ကပါလာတဲ့ ကံကြမ္မာ ကောင်းတွေကို ချောချောမွေ့မွေ့ခံစားခွင့် ရရှိဖို့နဲ့ မကောင်းတဲ့ကံကြမ္မာတွေကို လျော့နည်းနိုင်သလောက် လျော့နည်းသွားအောင် ပြုပြင်ပေးခြင်းမျှသာဖြစ်သည်ကို နားလည်ထားစေလိုပါတယ်။ နာမည်ကြောင့် လူသားတစ်ဦး ရဲ့ ဘဝကို လုံးဝပြောင်းလဲသွားအောင် လုပ်ပေးနိုင်တယ်ဆိုရင် လောက(၃)ပါးမှာ အတုမရှိတဲ့ ဘုရားရှက်ထက်ပင် သာလွန်သွားပြီဖြစ်ရာ ဖြစ်နိုင်မဖြစ်နိုင်ကို မိမိတို့ အသိဉာဏ်ဖြင့် ချိန်ထိုးစဉ်းစား ကြည့်ကြပါကုန်။
အဲသည်လို ပြုလုပ် ပေးနိုင်တဲ့ ဆရာသမားများ ရှိလျှင်လည်း မုသာဝါဒီများသာလျှင် ဖြစ်လိမ့်မည်။
နာမည် နဲ့ လူသားတစ်ယောက်ရဲ့ ကံကြမ္မာတို့ ဆက်သွယ်တဲ့နေရာမှာ အလွန်ထူးဆန်းတဲ့ သဘောတရား တစ်ခုကို ပြောပြပါဦးမယ်။ လူတစ်ယောက်ဟာ ဥပစ္ဆေဒကကံနဲ့ သေဆုံးရမယ့် ဇာတာမျိုးပါလာတယ် ဆိုကြပါစို့။ ထူးဆန်းတာက အဲဒီလူရဲ့ နာမည်ဟာလည်း ဥပစ္ဆေဒကကံ သင့်တတ်တဲ့ နာမည်မျိုးဖြစ်နေတာကို တွေ့ရတတ် ပါတယ်။ အိမ်ထောင်ရေးကံဇာတာ မကောင်းတဲ့ သူတစ်ယောက်ကို ကြည့်ပြန်ရင်လည်း အိမ်ထောင်ရေးအမှ

နာမည်များနှင့် စိတ်နေသဘောထား

လူတစ်ယောက်ရဲ့ အမည်ကို ကြည့်ပြီး သူတို့၏ စိတ်နေစိတ်ထားကို
အကြမ်းဖျင်း တွက်စစ်တဲ့နည်းလေးပါ ။
လူသိများသောနာမည်ကိုအောက်ပါအတိုင်းတွက်ပါ။
1-အ-အာ-ဥ-ၾသ – ဧ
2-က-ခ-ဂ ဃ -င
3-စ-ဆ-ဇ-ည-စ်
4-ရ-ယ-လ-၀
5-ဖ-ပ-ဘ-မ-ဗ
6-သ-ဟ
7-ဓ-ဒ-န-တ-ထ – ဌ
မိမိရဲ့ လူသိများတဲ့ နာမည်က ဘာလဲ ????
မိမိအမည်က မျိုးထွန်း ဆို့ပါစို့
5+7=12 (1+2)= 3 .
3ဂဏန်းကိုကြည့်ရမှာပါ
လင်းထက်ကျော် ဆိုရင်
4+7+2=13(1+3)=4
4 ဂဏန်းကိုကြည့်ရမှာပါ။
အောင်ဝင်းဆိုပါစို့
၁+၄=၅ .
၅ဂဏန်းကိုကြည့်ရမှာပါ။
ဂဏန်း တစ်ခုတည်း ရအောင် ပေါင်းရမှာ ဖြစ်ပါတယ်။
( 1 )
မိတ်ဆွေသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြင်းထန်သူဖြစ်၏။ ပြတ်သားထက်မြတ်သော စိတ်ဓာတ်ရှိသူဖြစ်၏။ လမ်းရိုးလမ်းဟောင်းကို မလိုက်တတ်ဘဲ ဆန်းသစ်တီထွင်တတ်သူဖြစ်၏။ အယူအဆ ခိုင်မာရျ် ခေါင်းမာသူလည်းဖြစ်၏။ လက်တွေ့ဆန်ဆန် ပြုလုပ်တတ်သူလည်းဖြစ်၏။ ပျော်ပျော်ရွှင်ရွှင်နေတတ်၏။ ကျန်းမာရျ် ခံနိုင်ရည်ရှိသောသူဖြစ်၏။ သူတစ်ပါးအပေါ် စာနာတတ်ရျ် ကူညီတတ်သူလည်းဖြစ်၏။
သို့သော် တုန့်ပြန်မှု၊ ကျေးဇူးပြုမှုကိုမူ မရတတ်ပေ။ အထူးသဖြင့် ဆွေမျိုးသားချင်းများ၏ ဂရုပြုမှု၊ အလေးထားမှုများ မခံစားရတတ်ပေ။ မိတ်ဆွေကို အကဲခတ်ရျ် ဝေဖန်ရန် များစွာခက်၏။ အများနှင့် တပူးတွဲတွဲ မနေတတ်ပေ။ လွတ်လပ်စွာနေရျ် လွတ်လပ်စွာ တွေးခေါ်တတ်သူဖြစ်၏။ ခေါင်းမာသော်လည်း သည်းခံတတ်၏။ မိတ်ဆွေ၏ ပင်ကိုယ်အရည်အချင်းတစ်ခုကို အများသူငါက တွေ့မြင်ပေလိမ့်မည်။ ယုံကြည်ချက် ပြင်းထန်သည်။ စိတ်စွမ်းအင် ကြီးမားသည်။ မိမိ၏ ခံစားမှုကို မပေါ်လွင်အောင် ထိန်းသိမ်းနိုင်သည်။ ပတ်ဝန်းကျင်၏ အထင်လွဲမှုကို မကြာခဏ ခံရတတ်သည်။
မိမိဖြစ်ချင်သောအရာကို ဖြစ်အောင်လုပ်နိုင်သောလူဖြစ်သည်။ သူတစ်ပါးကို အားမကိုးတတ်ပေ။ အတိုချုပ်ဆိုရပါမူ အရည်အချင်းရှိသူတစ်ဦးဖြစ်သည်။
……
……
2-
မိတ်ဆွေသည် စိတ်လှုပ်ရှားမှုများသူဖြစ်သည်။ လိမွာပါးနပ်သူလည်းဖြစ်သည်။ ကိစ္စတိုင်း အမှားမကျူးလွန်မိစေရန် သတိနှင့်နေထိုင်တတ်သူဖြစ်သည်။ ပတ်ဝန်းကျင်၏ ချစ်ခင်လေးစားမှု…ကို ခံရသူလည်းဖြစ်သည်။ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
စိတ်ကူးစိတ်သန်း အလွန်ကောင်းသည်။ မိတ်ဆွေ၏ စိတ်ကူးစိတ်သန်းကောင်း…မှုသည် မိတ်ဆွေဘဝကို ကောင်းကျိုးပေးလိမ့်မည်။ ခံစားချက်ရှိသောကြောင့် ကဗျာဆရာများ၊ စာရေးဆရာများ၊ သီချင်းရေးဆရာများ ဖြစ်တတ်သည်။
စိတ်ပူပန်မှုလည်း အလွန်ကြီးမားသည်။ သေးငယ်သေကိစွကိုပင် ပူပန်တတ်သည်။ စိတ်ဓာတ်မတည်ငြိမ်မှုကြောင့် ဆုံးဖြတ်ချက်များ မှားတတ်သည်။ တုံ့ပြန်မှုမြန်ခြင်းကြောင့် အလွဲလွဲအချော်ချော် ဖြစ်တတ်သည်။ ယုံကြည်မိသူ၊ လေးစားမိသူအပေါ် စွဲစွဲလမ်းလမ်းဖြစ်တတ်သည်။ ချစ်ခင်မှု အားကြီးသည်။
အစစအရာရာကို သတိနှင့် ပြုလုပ်တတ်သည်။ တစ်ဦးတည်း ဦးဆောင်မှုကို မလုပ်ဘဲ တစ်ယောက်ယောက်နှင့်ပူးတွဲပြီး လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ စကားပြောဆိုခြင်းနှင့် စာပေအရေးအသား ကောင်းတတ်သည်။
အိမ်တွင်နေခြင်းကို မပျော်ပိုက်ဘဲ အပြင်တွင် အချိန်ဖြုန်းတတ်သည်။ ဘဝတွင် ကံဇာတာကောင်းသူများထဲတွင် ပါသည်။
……
3-
မိတ်ဆွေသည် အမြဲပင် အလုပ်ရှုပ်နေတတ်သည်။ ရောက်ရှိသောအခြေအနေတွင် ပျော်ပျော်နေတတ်သူဖြစ်၏။ အချိန်ကို အားလပ်ခွင့်မပေးဘဲ တစ်ခုမဟုတ်တစ်ခုကို လုပ်နေတတ်သူဖြစ်သည်။ မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သောကိစွများတွင် စိတ်ဝင်စားတတ်သည်။ ဥပမာ – အားကစားလိုက်စားရင်း အရက်သေစာသောက်စားခြင်းကို စိတ်ဝင်စားတတ်သည်။
ဆက်ဆံရေး အလွန်ကောင်းမွန်…ပါသည်။ သူတစ်ပါးကို စိတ်ဝင်စားအောင် ပြော နိုင်သူလည်းဖြစ်၏။ စိတ်ကူး စိတ်သန်း အလွန်ကောင်းပါသည်။ အကင်းပါးသူဖြစ်သောကြောင့် သူတစ်ပါး၏ ခုံးတုံးလုပ်ခြင်း၊ နှပ်ချခြင်းကို မည်သည့်အခါမှ ခံရမည်မဟုတ်ပေ။
အခွင့်အရေးပိုယူခြင်း၊ သစွာဖောက်ခြင်းမျိုးကို မည်သည့်အခါမျှ မလုပ်တတ်။ လုံ့လဝိရိယရှိသူလည်းဖြစ်သည်။ ခပ်တည်တည် နေတတ်သောကြောင့် မိတ်ဆွေနည်းသူလည်းဖြစ်သည်။ နည်းသောမိတ်ဆွေတွေက သစ္စာရှိသည်။
မြင့်မားသော ရည်ရွယ်ချက်များ ထားရှိတတ်သူလည်းဖြစ်သည်။ မိမိကိုယ်ကို တန်ဖိုးထားတတ်သူလည်းဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော်လည်း ဝါ၀ါမြင်တိုင်း ဦးချမည့်သူမဟုတ်ပေ။ လွယ်လွယ်နှင့် မယုံတတ်ပေ။ ယုံပြီဆိုလျှင်လည်း စွဲမြဲတတ်သည်။
အခက်အခဲတွေ့ပါက စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ ဖြေရှင်းတတ်သူလည်းဖြစ်သည်။ မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်လူကောင်းတစ်ဦးဟု ဆိုနိုင်ပေသည်။
…..
4-
မိတ်ဆွေသည် မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။ ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာမိျုး ရှိတယ်။ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။ တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။ (၄)-ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ်ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။ အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။ အများအားဖြင့် သိုက်တို့ နတ်တို့ ဘိုးတော်တို့ကို ယုံကြည်တတ်ကြသည်။
………
5-
မိတ်ဆွေသည် သည်းခံစိတ်ရှိပြီး စိတ်ရှည်သူဖြစ်၏။ တာဝန်နှင့်ဝတ်တရားကိုလည်း နားလည်သူဖြစ်၏။ အပေါင်းအသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်သူဖြစ်သည်။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင်သူဖြစ်သည်။
သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိသည်။ မိတ်ဆွေသည် စိတ်ဆ.ိုးခဲ၏။ စိတ်ဆိုးလျှင်လည်း တော်တော်နှင့် မပြေတတ်ပေ။ မိတ်ဆွေသည် မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီးသူဖြစ်သည်။ သို့သော် သားသမီးအကျိုးမပေးလှပေ။
သိမ်သိမ်မွေ့မွေ့ နေထိုင်တတ်သူဖြစ်သည်။ ကြင်နာစိတ်ကြီးမားသူဖြစ်သည်။ ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။ အကြီးအကျယ် မကျေနပ်မှုဖြစ်ပါက မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ လုပ်ချင်သလို လုပ်ပစ်တတ်သည်။
မိတ်ဆွေသည် အပျော်အပါးကို နှစ်သက်သော်လည်း လုပ်ရမည့်အလုပ်နှင့် စည်းခြားထားတတ်သည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ်ရံ မိမိ၏အရည်အချင်းထက် လျော့ရျ်ပင် မိမိကိုယ်ကို အမှတ်ပေးတတ်သည်။ မည်သို့ဖြစ်စေ သင်သည် ကောင်းမွန်သောသူတစ်ဖြစ်သည်မှာ မလွဲပေ။
……..
6-
မိတ်ဆွေသည် အမျှော်အမြင်ရှိသည်။
ဖြတ်ထိုးဉာဏ်ကောင်းသည်။ အရာရာကိုရေရှည်စီမံကိန်းချပြီးမှလုပ်ဆောင်တတ်သည်။ စကားပြောကောင်းသော်လဲ အမှန်အတိုင်းအားမနာတမ်းပြောတတ်၍ လူမုန်းများသည်။
ခရီးသွားရမှာကိုနှစ်သက်မြတ်နိုးသူဖြစ်သည်။
ခရီးလှည့်လည်သွားရမဲ့ကံလဲပါသည်။
မိတ်ဆွေသည်စိတ်ဆိုးလွယ်သော်လည်း ဒေါသကိုရင်ထဲမှာပဲ ထားနိုင်ကြသည်။
ရင်ထဲမှာ ဒေါသဘယ်လောက်ထွက်ထွက် အပြင်မှာပြုံးပြံုးလေးနေပြနိုင်သည်။
လောကဓံကို ရဲရဲရင်ဆိုင်နိုင်သူဖြစ်ပါသည်။
လက်ထဲမှာငွေမမြဲတတ်။ ငွေရှာရတာလွယ်သလောက် မိမိကအသုံးအဖြုန်းကြီးနေတတ်သည်။ အိမ်ထောင်ရေးက မရည်ရွယ်ဘဲ အိမ်ထောင်ကျတတ်သည်။ မိမိက သားသမီးကံကတော့အကျိုးပေးပါသည်။
အိမ်ထောင်ဘက်နဲ့ ခဏခဏစကားများရတတ်ပါတယ်။
အပေါင်းအသင်းပေါ်အနစ်နာခံနိုင်ကြသူတွေပေါ့ဗျ။ အလုပ်တစ်ခုကို ရေရှည်မလုပ်ချင်ခြင်း
စပြီးအဆုံးမသတ်ခြင်းတွေက မိမိကိုအလုပ်မမြဲအောင်ဖန်တီးနေပါလိမ့်မယ်။
…………
7-
မိတ်ဆွေသည် ညဏ်ရည်ညဏ်သွေးကောင်းသူဖြစ်သည်။ ထက်လည်း အလွန်ထက်မြတ်သည်။ အရာရာကို မှန်ကန်စွာ တွေးခေါ် ဆုံးဖြတ်တတ်သူဖြစ်သည်။ တစ်ယူသန် ခေါင်းမာတတ်သူလည်းဖြစ်သည်။ သူတစ်ပါး၏ …ထင်…မြင်ချက်ကို များစွာ အရေးမထားတတ်သူလည်းဖြစ်သည်။
စိတ်လှုပ်ရှားမှု လွယ်ကူသော်လည်း ခံစားမှုများစွာ မရှိတတ်ပေ။ မိတ်ဆွေတွင် ကောင်းသော အရည်အချင်းတစ်ခု ရှိနေတတ်သည်။ ထိုအရည်အချင်းမှာ အရာရာကို ဂရုစိုက် လေ့လာတတ်ခြင်းပင်ဖြစ်သည်။ မိတ်ဆွေမှာ ထူးခြားသော ဟန်အမူအရာ၊ အသံနေအသံထား ရှိတတ်၏။
ဒေါသဖြစ်လွယ်သော်လည်း ပြေပျောက်မှုမြန်ဆန်တတ်၏။ သစ်လွင်တောက်ပသော အဝတ်အစားများကို မနှစ်သက်တတ်ပေ။ မိတ်ဆွေလုပ်သော အလုပ်အကိုင်ကို နှောင့်ယှက်ပါက လွန်စွာပင် မုန်းတီးတတ်သူဖြစ်သည်။
မိသားစုအပေါ် သံယောဇဉ်အလွန်ကြီးသူဖြစ်သည်။ မိတ်ဆွေမှာ ထူးခြားသော သံလိုက်ဓာတ်များ၊ ညို့ဓာတ်များ၊ သမထစွမ်းရည်များ ရှိနေတတ်သည်။
မိတ်ဆွေသည် တီထွင်တတ်သောညဏ်ရှိ၏။ မိတ်ဆွေနှင့် တွေ့ကြုံ ဆုံဆည်းသူများက မိတ်ဆွေတွင် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ထင်မှတ်သွားတတ်၏။
……
8-
မိတ်ဆွေသည် လက်တွေ့ကျကျ တွေးခေါ်တတ်ပြီး လက်တွေ့ကျကျ လုပ်ကိုင်တတ်သူဖြစ်သည်။ တစ်ခုခုလိုချင်ပြီဆိုလျှင် တမ်းတမ်းစွဲဖြစ်တတ်သည်။ စီးပွားရေးနှင့်ပတ်သက်ရျ် အောင်မြင်ထွန်းပေါက်အောင် လုပ်တတ်သူလည်းဖြစ်၏။
မကြာခဏ သူတစ်ပါး၏ အထင်အမြင်လွဲမှားမှုကို ခံရတတ်သည်။ အစဉ်သဖြင့် အားနည်းသူဘက်က ပါဝင် ကူညီတတ်သူဖြစ်၏။ မိမိကိုယ်ကို လွန်စွာအားကိုး၏။ သူတစ်ပါးကို အထင်မကြီးတတ်လှပေ။ ထက်မြက်ပါးနပ်သောသူဖြစ်၏။ ကျယ်ပြန့်သော ဗဟုသုတရှိသူလည်းဖြစ်၏။ ကျယ်ပြန့်သော ဗဟုသုတရှိသူလည်းဖြစ်သည် ။ စာပေရေးသားမှု ပြောင်မြောင်တတ်သည်။
အချိုးကျကျ ဝတ်စားရျ် အထက်တန်းကျကျ နေထိုင်တတ်သူဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျတတ်သည်။ ဒုကွများနှင့် မကြာခဏ ရင်ဆိုင်တိုးသော်လည်း ကြံ့ကြံ့ခံနိုင်သူဖြစ်သည်။
……..
9-
မိတ်ဆွေသည် စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်
လွယ်တတ်၏။ စိတ်ကြီးသလောက် ဇွဲလည်းဖြစ်သူဖြစ်၏။ ချုပ်ချယ်မှုကို မနှစ်သက်တတ်။ စိတ်မြန်လက်မြန် လုပ်တတ်သည်။
ဆွေမျိုးများ၊ မိသားစုများနှင့် မကြာခဏ အဆင်မပြေဖြစ်တတ်သည်။ မိတ်ဆွေ၏ စကားပြောဟန်ပန်မှာ အမိန့်ပေး၊ သြဇာပေးသကဲ့သို့ ရှိတတ်၏။ စကားအချေအတင်ပြောမှု၊ ငြင်းခုန်မှုကို အ…လွန်နှစ်သက်တတ်သူဖြစ်သည်။
လွတ်လပ်မှုကို မြတ်နိုးသော်လည်း မိမိစိတ်ကိုမိမိ နိုင်သူဖြစ်သည်။ အခြားသူများ၏ တားမြစ်မှုကို ချိုးဖောက်တတ်သည်။ မိမိဘာသာ အသိတရားနှင့် မလုပ်သင့်သည်ကို ရှောင်တတ်သည်။ စိတ်စွမ်းအင်ကြီးမားသူဖြစ်၏။ ဆုံးဖြတ်ချက်မြန်ရျ် မှန်ကန်တတ်သူဖြစ်သည်။ မိမိဖြစ်ချင်သောဘဝကို မိမိဘာသာ ကြိုးစားရျ် ဖြစ်အောင်လုပ်နိုင်သူများဖြစ်သည်။
မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်တစ်ယောက်ဖြစ်သည်။

အင်္ဂဝိဇ္ဇာ ကျမ်းရင်းလင်္ကာကြီး -၄၀ (ဆရာတော်ကြီး ခင်ကြီးဖျော်)

(၁) အင်္ဂဝိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….
(၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး
ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ ။
(၃) လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။
(၄) ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။
(၅) သူရဇ္ဇနှင့် သောကြ ထက်အောက် ၊ခယားဇောက် ၊ကောက်ဘိဆပွတ်ကြံ မှတ်ရန်နည်းတဝ။
(၆) သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။
(၇) အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။
(၈) ဝိကလျာ၊ဝိဇ္ဖာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။
(၉) အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။
(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။
(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ဝါမုံသီး၊ ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။
(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ ၊ဆေးကိုယူ။
(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊နံတူသတ်ကအသေရ။
(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။
(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ၂ ပါးသေ။
(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး ကံကတ္တားခြား၍ ထက်အောက်သာ။
(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ ရုပ်လယ်နေ၊မဇ္စျေကံဟုမှတ် ကတ္တားအောက်ဂြိုဟ်
ၿမဲမွတ္ဆို။
(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ ။
(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ မယှဉ်ရာတည်း။
(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေဝံသေ။
(၂၁) ဦးဝေစံကူး ၊ ရေဗူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။
(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊ မိတ်သွင်းပြီးခါ၊ဆောင်သင့်ရာ၏။
(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။
(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊ မိတ်ဆွေမစပ်၊ပိဋိကတ်။
(၂၅) မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။
(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။
(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊ေနေထကောင်းကြွယ်ရန်။
(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။
(၂၉) မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။
(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊ တခန်းယူမှီးကြ။
(၃၁) က-င ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။
(၃၂) စ-ည ဘောမ ၊ပ ဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။
(၃၃) ဋ-န သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ကုလားအချဉ်ရ။
(၃၄) ပ-မငါးခု၊ ဂြိုဟ် ဂုရု၊ပံသုမြေဓာတ်မ၊
မြန်မာအဆိမ့်ကျ။
(၃၅)ယ-ရ နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ယိုးဒယားအဖန်ရ။
(၃၆) လ-၀ နှစ်ဦး ၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ရောနှောပူး။
(၃၇) သုံးဦး သ- ဟ- ဠ၊သောကြာရေငန်ပ၊ဓာတ်မသက်ကသည်း ကြိုက်လည်းချိုသာ။
(၃၈) အ-အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊ မီးခဲဓာတ်ဖို၊ဂျွန်းအစပ်ဟုဆို။
(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်
ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။
(၄၀) အညမညံ စိတ်ဝေဖန် ဝိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီစျာန် ခေမာအမတံ ပြည်နိဗ္ဗာန်
ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။ ။
( ကျမ်းရင်းလင်္ကာကြီးပြီး၏)
အင်္ဂဝိဇ္ဇာဝါသနာရှင်များအတွက် ကျမ်းရင်း
လင်္ကာကြီး၄၀ ကိုတင်ပြလိုက်ပါတယ်။
ဖုန်းထဲမှာ မှတ်ထား ကျက်ထားလို့ရအောင်လို့ ပြောလာသူတွေအတွက်ပါ။ ။

မြန်မာလို ဘယ်ရက်မှာ မွေးပါသလဲ?

” ဆရာ လက်ဖက်ရည်ဆိုင်အစောကြီးရောက် နေပါလား”
လှည့်ကြည့်လိုက်တော့ လမ်းထဲကသူငယ်လေး။ လက်ဖက်ရည်ဆိုင်ထဲဝင်လာပြီး
ကိုယ်ကိုတွေ့တော့ လှမ်းနှုတ်ဆက်သည်။ကိုယ်ကလဲ တနင်္ဂနွေနားရက်ဆို လက်ဖက်ရည်ဆိုင်ထွက်ထိုင်တက်သည်။
” ဆရာ
ဆရာ့ ဝိုင်းမှာထိုင်မယ်နော် “
ကောင်လေးက ပြောပြောဆိုဆိုနှင့် ခုံဆွဲပြီးထိုင်သည်။
“ဆရာက black coffee တွေသောက်နေပါလား
ညကဘောလုံးပွဲ ကိုက်တယ်နဲ့တူတယ်”
” ဘောလုံးပွဲက ဝါသနာမပါ ပါဘူးကွာ
ခေါင်းကြည်လို့သောက်တာပါ။
တွေးရခေါ်ရတာဉာဏ်ထွက်အောင်လို့ပါ”
” သြော်”
ကောင်လေးဘယ်တုန်းထဲက မှာလိုက်သည်မသိ ။
စားပွဲထိုးလေးက ကော်ဖီခွက် ကိုကောင်လေး
ရှေ့လာချပေးသည်။ ကောင်လေးက ကော်ဖီကို ဇွန်းဖြင့်မွှေနေရင်း
” ဒါနဲ့စကားမစပ် ဆရာကိုမေးစရာတစ်ခုရှိလို့”
ကောင်လေးက စကားနိဒါန်းပျိုးသည်။
“ဘာမေးမှာလဲကွာ”
” ဆရာPageမှာ ဂဏန်းဗေဒင်အကြောင်းတင်ထားတာတွေ့တယ်
တော်တော်လေးလဲမှန်တယ်
အဲဒါက အင်္ဂလိပ်မွေးရက်ကိုတွက်ထားတာတွေ့ရတယ်ဆရာ
ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့မြန်မာ မွေးရက် အဟောတွေရောမရှိဘူးလားလို့ပါ “
ကောင်လေးက သူသိချင်တာလေးကိုမေးသည်။
” ရှိတာပေါ့ကွာ ဒါပေမဲ့ရှားတယ်လို့ပြောရမှာပဲ”
“မြန်မာရက်ဖွားအဟောအတိုလေးတွေကိုတော့ ကျက်ထားဖူးတယ်ကွ
မြန်မာလ ဘယ်လမွေးမွေး လဆန်းဘယ်နှစ်ရက်ကို ဘယ်လိုဖြစ်တယ် လဆုတ်ဆိုဘယ်လို လပြည့်လကွယ်ဆိုဘယ်လို စသည်ဖြင့်ပေါ့ကွာ
ငါမှတ်ထားဖူးသလောက်ပြောရရင်တော့–
လဆန်း ၁ ရက်မှာမွေးဖွားပါက စရိုက်ကြမ်းတမ်းပြီး တဇွတ်ထိုး လုပ်တတ်ခြင်းတွေကို သတိထားရမယ်။
လဆန်း ၂ ရက်မှာမွေဖွားပါက ငယ်စဉ်အခါမှာ ဆင်းရဲဒုက္ခများတတ်ပြီး အသက်ကြီးမှ ချမ်းသာတတ်ပါတယ်။
လဆန်း ၃ ရက်မှာမွေးဖွားပါက ဘုန်းကြီး၊ ရဟန်း၊ ပညာရှိသူတော်စင်များ ဖြစ်လာတတ်ပါတယ်။
လဆန်း ၄ ရက်မှာမွေးဖွားပါက ပစ္စည်းဥစ္စာ ပေါကြွယ်ဝတတ်ပါတယ်။
လဆန်း ၅ ရက်မှာမွေဖွားပါက လိုတရသူ၊ ဘဝမှာ မပူပင်မကြောင့်ကြရသူတွေ ဖြစ်တတ်ပါတယ်။
လဆန်း ၆ ရက်မှာမွေးဖွားပါက ချမ်းသာသော သူဌေးသူကြွယ်တွေ ဖြစ်လာတတ်ပါတယ်။
လဆန်း ၇ ရက်မှာမွေးဖွားပါက စီးပွားဥစ္စာ စုဆောင်းမိသူ ဖြစ်မယ်။
လဆန်း ၈ ရက်မှာမွေးဖွားပါက အပြောကြမ်း၊ စရိုက်ကြမ်းတတ်တာကို သတိထားရပါမယ်။
လဆန်း ၉ ရက်မှာမွေးဖွားပါက စိတ်ဓာတ်ကျလွယ်တာကို သတိထားရပါမယ်။
လဆန်း ၁၀ ရက်မှာမွေးဖွားပါက ရှေ့မကြည့်၊ နောက်မကြည့် တဇွတ်ထိုးပြောတတ် လုပ်တတ်တာကို သတိထားရပါမယ်။
လဆန်း ၁၁ ရက်မှာမွေးဖွားပါက တီထွင်ကြံဆတတ်သူ၊အောင်မြင်ကျော်ကြားသူ ဖြစ်တတ်ပါတယ်။
လဆန်း ၁၂ ရက်မှာမွေဖွားပါက ဆုထူးဘွဲ့ထူးကြီးတွေရပြီး ထူးချွန်တတ်ပါတယ်။
လဆန်း ၁၃ ရက်မှာမွေးဖွားပါက ကား၊ ယာဉ်၊ရထားများနဲ့ ပြည့်စုံသူဖြစ်မယ်။
လဆန်း ၁၄ ရက်မှာမွေးဖွားပါက ကုန်သွယ်ရေး၊ စီးပွားရေးမှာ အထူးကျွမ်းကျင်သူဖြစ်မယ်။
လပြည့်နေ့မှာမွေးဖွားပါက ဘာမဆို ပေါ့ပေါ့ပါးပါး တွေးတတ်ကြံတတ် အပျင်းထူတတ်သူဖြစ်တတ်ပါတယ်။
လပြည့်ကျော် ၁ ရက်မှာမွေးဖွားပါက ပေါ့ပေါ့ဆဆ၊ နမော်နမဲ့ တွေးတတ်လုပ်တတ်သူဖြစ် တတ်ပါတယ်။ လက်ကြောမတင်းသူ ဖြစ်တတ်ပါတယ်။
လပြည့်ကျော် ၂ ရက်မှာမွေးဖွားပါက ဓနဥစ္စာ ပေါကြွယ်ဝတတ်ပါတယ်။
လပြည့်ကျော် ၃ ရက်မှာမွေးဖွားပါက နားအေးပါးအေး နေတတ်သူတွေ ဖြစ်မယ်။
လပြည့်ကျော် ၄ ရက်မှာမွေးဖွားပါက ပူပင်ကြောင့်ကြစရာတွေ များတတ်ပါတယ်။ ဘဝကကြမ်းတတ်တယ်။
လပြည့်ကျော် ၅ ရက်မှာမွေးဖွားပါက ဆရာကောင်း၊ အမှီကောင်းတွေတွေ့ပြီး ကံကောင်းတတ်တယ်။
လပြည့်ကျော် ၆ ရက်မှာမွေးဖွားပါက စိတ်နှလုံးအေးချမ်းပြီး သနားကြင်နာတတ်သူဖြစ်မယ်။
လပြည့်ကျော် ၇ ရက်မှာမွေးဖွားပါက ရသေ့ရဟန်း၊ ဘုန်းကြီး၊ ပညာရှိ၊ ဘာသာရေးသမား ဖြစ်တတ်တယ်။
လပြည့်ကျော် ၈ ရက်မှာမွေးဖွားပါက တစ်ရပ်တစ်ကျေးမှာသွားပြီး ကြီးပွားချမ်းသာတတ်တယ်။
ဘာသာရေးသမား ဖြစ်တတ်တယ်။
လပြည့်ကျော် ၉ ရက်မှာမွေးဖွားပါက ပင်ပန်းမယ့်ဇာတာ ပါလာသူဖြစ်တတ်။
လပြည့်ကျော် ၁၀ ရက်မှာမွေးဖွားပါက တရားမျှတမှုကို လိုလားပြီး တရားသူကြီး၊ ရှေ့နေ၊ သံတမန်တွေ ဖြစ်တတ်တယ်။
လပြည့်ကျော် ၁၁ ရက်မှာမွေးဖွားပါက ခရီးလှည့်လည်သွားလာခြင်းမှာ ဝါသနာထုံမယ်။
လပြည့်ကျော် ၁၂ ရက်မှာမွေးဖွားပါက စီးပွားဖြစ်လွယ်ပြီး သူဌေးဖြစ်ဖို့ကံပါလာသူဖြစ်တယ်။
လပြည့်ကျော် ၁၃ ရက်မှာမွေးဖွားပါက နာမည်ဂုဏ်သတင်း ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တတ်တယ်။
လပြည့်ကျော် ၁၄ ရက်မှာမွေးဖွားပါက အနုပညာ၊ အလှအပအရာတွေမှာ အောင်မြင်ကျော်ကြားတတ်တယ်။
လကွယ်နေ့မှာမွေးဖွားပါက အသန့်အပြန့် ကြိုက်ပြီး သပ်သပ်ရပ်ရပ် နေထိုင်ဝတ်စားတတ်ကာ အနုပညာမှာ အောင်မြင်တတ်ပါတယ် လို့
မွတ္ထားဖူးတာပဲ”
“ဆရာဟာက တိုတိုလေးတွေပဲအကျယ်မရှိဘူးလား”
“ဆရာသိသလောက်တော့ မြန်မာမွေးရက်ဟောကိန်းတွေကို အကျယ်ရေးထားတာ တွေ့ဖူးပါတယ်
ဆရာအရမ်းလေးစားအထင်ကြီးရတဲ့ ဒေါက်တာ ဒဂုန်ရဲ့ဖခင်ကြီး ပုဏ္ဏားတော် ဦးရာမရေးတဲ့ “လက်တွေ့ဘဝကံနှင့် လောကီပညာ
ဗေဒင်ဟောကိန်းကျမ်းကြီး”ထဲမှာအကျယ်တင်ပြထားတယ်
အဲဒီစာအုပ်က ဆရာလက်ထဲမှာ ရှိနေတာ
နှစ် ၂၀ နီးပါးတော့ရှိနေပြီပေါ့။
ရင်းနှီးတဲသူတွေကို ပေးဖတ်ခိုင်းကြည့်တာ
တော်တော်လေးမှန်တယ်လို့တော့ပြောကြတာပဲ”
” ဆရာအဲဒါဆိုရင် Online မှာတင်ပါလား
အားလုံးသိရတာပေါ့”
” တင်ဖို့အစီအစဉ်တော့ရှိပါတယ်
အားတဲ့အချိန်လေးနည်းနည်းစီ စာရိုက်ထားရမှာပေါ့ အချိန်ပြည့်က မအားတာကများနေတယ်လေ
စာရိုက်ပြီး post တင်ဖို့ အချိန်မနည်းလုနေရတယ်လေ”
“အဲဒါဆို အေးအေးဆေးဆေးမှရေးပေါ့ဆရာရယ် ကျွန်တော့်ကတော့
ဆရာ့ page မှာပဲ စောင့်ဖတ်တော့မယ်”
“ေအးပါကြာ
စကားပြောလို့တော့ကောင်းတယ်
ကဲအချိန်လဲ လင့်နေပြီ
ပြန်ကြရအောင်”
( မြန်မာမွေးရက်ဟောကိန်းတွေကို
အချိန်ရရင်ရသလို ရေးတင်သွားပါ့မည်
စောင့်ဖတ်ကြပါလို့ ပြောပါရစေ)
ငြိမ်းအေးလူ ဗေဒင်သုတေသီ

မြန်မာလဆန်း ၁ ရက်နေ့ မွေးဖွားသူများ အကြောင်း

မိမိသည် မြန်မာလဆန်းတစ်ရက်နေ့တွင်မွေးဖွားသူဖြစ်သည်ဆိုပါက မိမိမှာတည်ကြည်သောစိတ်နေသဘောထားရှိမည်။ရဲရင့်ပြတ်သား၍ လူကြီးပီသသောစိတ်ရှိသည်။တည်တံ့ခိုင်မြဲသောစိတ်ထားရှိသည်။ ပင်ကိုယ်ဗီဇကောင်းပါသည်။ ဦးနှောက်ဉာဏ်ကောင်းပြီး သင်္ခုတ္တရဉာဏ်ရှိသည်။
မိမိ၏အဆုံးအဖြတ်များသည်အမြဲတမ်း တိကျမှန်ကန်တတ်သည်။
မိမိသည်အမြဲတမ်းလွတ်လွတ်လပ်လပ်ကြံစည်၍ ဘဝကိုစိတ်တိုင်းကျ ဖန်တီးလိုစိတ်ရှိသည်။ မည်သည့်အလုပ်အကိုင်ကိုမဆို ရည်ရွယ်ချက်အပြည့်ဖြင့်လုပ်တတ်မည်။ မိမိဖြစ်စေလိုသောအကြောင်းအရာတစ်ခုကို မဖြစ်မနေလုပ်တတ်သော ဇွဲရှိမည်။မိမိကအမြဲတမ်း ဦးဆောင်ဦးရွက်၊ခေါင်းဆောင်များ ၊အကြီးအကဲများဖြစ်လွယ်သည်။ သူများကိုသြဇာပေးရသောသူဖြစ်နိုင်သည်။
လုပ်ငန်းခွင်တွင်ကျွမ်းကျင်ပါးနပ်တတ်သည်။မိမိသည်မည်သည့်ကိစ္စကိုမဆို
ထက်ထက်သန်သန်စလုပ်တတ်သေည်လဲ အဆုံးတွင်ပျင်းရိနေတတ်သည်။
မလုပ်ချင်ဖြစ်နေမည်။ ပေါ့ပေါ့ဆဆလုပ်နေတတ်မည်။မိမိသည်သူများကို လှိုက်လှိုက်လှဲလှဲမျက်နှာလို မျက်နှာရ မလုပ်တတ်ပါ။ မဖားတတ်ပါ။
မြှောက်ပင့်မပြောတတ်ပါ။ သို့သော်ကိုယ်ချင်းစာစိတ် ၊ညှာတာစိတ် ၊လိုက်လျောစိတ်အထူးရှိပါသည်။ အမြဲတမ်းသူများကိုအားပေးစကားပြောတတ်မည်။
စောင်မကူညီလိုစိတ်ရှိမည်။ မည်သူနှင့်မဆိုတရင်းတနှီး ပေါင်းသင်းဆက်ဆံတတ်ပါမည်။ ကူညီတတ်ပါမည်။ မိမိသည်အရာရာကိုစိတ်ပါဝင်စားမည်။
လေ့လာလိုက်စားတတ်မည်။ သို့သော် မိမိက မပိုင်နိုင်တတ်ပါ။ မကျွမ်းကျင်တတ်ပါ။တစ်ခုတည်းကို လေးလေးနက်နက်လိုက်စားမည်ဆိုရင် အထူးထိရောက်အောင်မြင်မည်။ မိမိကံဇာတာမှာအလုပ်နှစ်ခုကို တပြိုင်နက်လုပ်ရတတ်သည်။ စိတ်နှစ်ခွ ကိုယ်နှစ်ခွဖြစ်နေမည်။ မည်သည့်အရာကိုမဆိုဆုံးဖြတ်ရခက်နေတတ်မည်။
မိမိလုပ်သောအလုပ်တိုင်းသည် များသောအားဖြင့်အကျိုးရှိမည်။ ပင်ပန်းရကျိုးနပ်မည်။ သို့သော် လုပ်မည်လုပ်မည်နှင့် မလုပ်ဖြစ်တတ်ပါ။ လုပ်သောအခါ၌လဲလွယ်လင့်တကူအောင်မြင်မည်။ မိမိကအမြဲတမ်းအထက်တန်းကို မှန်းဆတတ်မည်။ လက်ရှိအခြေအနေမှ တတ်လမ်းကိုအမြဲရှာဖွေနေမည်။တစ်ခါတရံ မိမိထက်သာလွန်တဲ့သူကိုအားကျ၍သူတို့လို လုပ်ချင်တတ်မည်။
မိမိကသူတစ်ပါးကိုစေတနာနှင့်ပြောဆိုသော်လည်း ကျေးဇူးမသိကြပါ။ မိမိကိုဝင်ရှုပ်သည် ၊ဆရာလုပ်သည်ဟုအပြောခံရမည်။ ခက်သည်က မိမိမှာလဲ စေတနာအလျှောက်ဝင်ပြောမိတတ်သည်။
မိမိက လက်တွေ့သမားဖြစ်သည်။မိမိလုပ်ဆောင်ချက်များသည် မိမိကိုနာမည်ကျော်ကြားစေပါမည်။ မိမိဘဝတွင်အနည်းငယ် ပင်ပန်းရတတ်သည်။
ကိုယ်ထူးကိုယ်ချွန်ကြိုးစားရတတ်သည်။မိမိသည် မည်သည့်နေရာတွင်မဆိုလိမ္မာပါးနပ်စွာ နူးညံ့သိမ်မွေ့စွာ ပြောဆိုလုပ်ကိုင်တတ်ပါသည်။
မိမိတွင်မိတ်ကောင်းဆွေကောင်းများလိုအပ်ပါတယ်။ များသောအားဖြင့်မိမိအကျိုးကို လိုသလိုလိုနှင့် ချောက်တွန်းသူများနှင့်တွေ့ရတတ်ပါသည်။
မိမိသည်ငွေရေးကြေးရေးနဲ့ပက်သက်ပြီး စည်းမရှိ ကမ်းမရှိလုပ်တတ်ပါမည်။
မိမိတွင် မိမိကိုအကြံပေးမည့် ကူညီမစမည့်သူများရှိတတ်ပါသည်။
မိမိကလဲသူများကိုတတ်နိုင်သလောက်ကူညီစောင့်ရှောက်တတ်ပါမည်။
မိမိက စိတ်ကောင်းနှလုံးကောင်းရှိမည်။ စေတနာကောင်းမည်။ ဖော်ရွေမည်။
ရင်းရင်းနှီးနှီးနေတတ်မည်။ မိမိက ဖော်ရွေတတ်သော်လည်း မိမိ၏အသွင်အပြင်လှုပ်ရှားမှုတို့မှာ တစိမ်းဆန်နေတတ်မည်။
မသိသူများက မာနကြီးသည် စိတ်ကြီးသည်ဟု မိမိကို ထင်တတ်သည်။အမှန်မှာမိမိစိတ်ထဲကစေတနာသည် နှုတ်ဖျားကမဖော်ပြဘဲ လက်တွေ့လုပ်ပြတတ်ခြင်းဖြစ်ပါသည်။
( ပုဏ္ဏားတော် ဦးရာမ၏ လက်တွေ့ဘဝကံနှင့် လောကီပညာဟောကိန်းကျမ်းကြီးစာအုပ်မှ ကူးယူဖော်ပြသည်။)
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

မုန်းမုန်း ကွဲကွဲ ပြန်ချစ်တွဲအောင် ဓာတ်ဆင်မယ် ——————————————————–

ဒီယတြာနည်းကို နှစ်နံတွဲ ပီယဓာတ်ဆင်နည်း လို့ ခေါ်ပါတယ်။ ဒီယတြာကို ဘယ်လို ကိစ္စများ အတွက် ဆောင်ရွက်လို့ ရနိုင်သလဲဆိုရင်.
+ မိမိချစ်တဲ့သူက မိမိအပေါ် အမုန်းပွားနေရင်
+ လင်ကွဲမယားကွဲကိစ္စပြန်ပေါင်းချင်လျှင်…
+ မောင်နှမ သားအမိ စိတ်ဝမ်းကွဲနေလျှင်…
+ ဇနီးမောင်နှံ အချစ်ပျယ်နေလျှင်….
+ ဆရာတပည့်အထင်လွဲ၍ လမ်းကွဲစပြုနေလျှင်….
+ အောက်လက်ငယ်သားနှင့် အထက်လူကြီးအမြင်စောင်းနေလျှင်…
အဲဒီလို အခါတွေမှာဆိုရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။
အရေးကြီးတာလေးတွေ အရင်မှတ်ထားရမယ်။
+ ဒီယတြာကို မိတ်အချိန်အတွင်းမှာ တိတိကျကျ လုပ်ရမယ်။
+ မိမိရဲ့ ဆပွတ်နေ့သားက စိတ်ပါလက်ပါ ကူညီ လုပ်ဆောင်ပေးရမယ်။
+ (၂၁)-ရက်တိတိ မထိရ မကိုင်ရ ထားထားရမယ်။
+ (၂၁)ရက်ပြည့်ရင်တော့ ရေစီးနေသော ရေသန့်သန့်မှာ မျှောပစ်ရမယ်။
အရင်ဆုံး ယတြာကို ဆောင်ရွက်မယ့် လူက ကိုယ် ဘာနေ့သားလည်း။ ကိုယ့် အဆင်ပြေချင်တဲ့ လူက ဘာနေ့သားလည်း။ အဲဒီနှစ်ချက်ကို အဓိက ထားရမယ်။ အဲဒါကို ကျကျနန သိထားပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ယတြာကို ကျကျနန တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ယတြာ ဆောင်ရွက်နေတဲ့ (၂၁)ရက်အတွင်းမှာတောင် ထူးခြားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင် အမုန်းဓာတ်တွေ ပျက်ပျယ် သွားတယ်။ မေတ္တာဓာတ်တွေ ပြန်လည် စိမ့်ဝင်လာမယ်။ ပီယဓာတ်တွေ ပြန်ပြီး ပေါ်လာမယ်။ အမြင်မကြည်ရင် ပြန်ကြည်လာမယ်။
ဥပမာ တနင်္ဂနွေ သားသမီး တစ်ဦးဦးက အင်္ဂါသားသမီး တစ်ဦးနှင့် အဆင်ပြေချင်တယ်ဆိုရင် အုန်းညွန့် (၆) ညွန်နှင့် ဇော်စိမ်း(၈) ညွန့်ကို ပန်းအိုး အသစ်တစ်လုံးထဲမှာ ရောထိုးရမယ်။ ဓာတ်မိအောင် ဓာတ်ပုံ နှစ်ပုံကို ပန်းအိုးမှာ ကပ်ထားလို့ ရပါတယ်။ ဓာတ်ပုံကို အကြောင်းအမျိုးမျိုးကြောင့် ကပ်လို့အဆင်မပြေဘူးဆိုလဲမကပ်ပါနဲ့၊ ရပါတယ်။
အဲဒီပန်းအိုးကို အကူနေ့သား ဖြစ်သူက ကိုယ် သတ်မှတ်ထားတဲ့ နေရာကို တင်ပေးရုံပဲ။ အိမ်ရဲ့ခေါင်းရင်း မိမိအခန်းရဲ့ခေါင်းရင်းဘက်တစ်နေရာမှာ ခုံ မြင့်မြင့်လေး တစ်လုံးပေါ် တင်လည်း ရပါတယ်။ သူတင်နေတဲ့ အချိန်မှာ ကိုယ်က ထိုင်ပြီး ဆုတောင်းပေါ့။ အရေးကြီးတာက(၂၁)-ရက် တိတိ ထားရမယ်။ (၂၁)-ရက်အတွင် မထိရ မကိုင်ရဘူး။ ၂၁-ရက်ပြည့်ရင် ရေမျှောပစ်လိုက်ပါ။
အဲဒီတော့ အောက်မှာ (၇)ရက်သား သမီးများအားလုံးအတွက် ရေးပေးလိုက်ပါတယ်။ အတိအကျသာ လုပ်ဆောင်ပါ။ သေချာပေါက် အောင်မြင်စေပါတယ်။
တနင်္ဂနွေသားသမီးများအတွက်
တနင်္ဂနွေသားသမီးများ၏ ယတြာကို သောကြာသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ သောကြာသားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္ဂနွေနေ့ နေ့လည် (၁း၃၀) ကနေ (၃းဝဝ) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ တနင်္ဂနွေ သားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
တနင်္ဂနွေ + တနင်္ဂနွေ (အုန်းညွန့် ၁၂-ညွန့်)
တနင်္ဂနွေ + တနင်္လာ (အုန်းညွန့် ၆- ညွန့် ၊ ကံကော် ၁၅-ညွန့်)
တနင်္ဂနွေ + အင်္ဂါ (အုန်းညွန့် ၆-ညွန့် ၊ ဇော်စိမ်း ၈-ညွန့်)
တနင်္ဂနွေ + ဗုဒ္ဓဟူး ( အုန်းညွန့် ၆-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
တနင်္ဂနွေ + ကြာသပတေး (အုန်းညွန့် ၆-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
တနင်္ဂနွေ + သောကြာ (အုန်းညွန့် ၆-ညွန့် ၊ သပြေ ၂၁-ညွန့်)
တနင်္ဂနွေ + စနေ (အုန်းညွန့် ၆-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
တနင်္လာသားသမီးများအတွက်
တနင်္လာသားသမီးများ၏ ယတြာကို စနေသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ စနေသားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္လာနေ့ နေ့လည် (၃းဝဝ) ကနေ (၄း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ တနင်္လာသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
တနင်္လာ + တနင်္ဂနွေ (ကံကော် ၁၅-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
တနင်္လာ + တနင်္လာ (ကံကော် ၃၀-ညွန်)
တနင်္လာ + အင်္ဂါ (ကံကော် ၁၅-ညွန့် ၊ ဇော်စိမ်း ၈-ညွန့်)
တနင်္လာ + ဗုဒ္ဓဟူး ( ကံကော် ၁၅-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
တနင်္လာ + ကြာသပတေး (ကံကော် ၁၅-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
တနင်္လာ + သောကြာ (ကံကော် ၁၅-ညွန့် ၊ သပြေ ၂၁-ညွန့်)
တနင်္လာ + စနေ (ကံကော် ၁၅-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
အင်္ဂါသားသမီးများအတွက်
အင်္ဂါသားသမီးများ၏ ယတြာကို တနင်္ဂနွေ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ တနင်္ဂနွေ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ အင်္ဂါနေ့ နံနက် (၉းဝဝ) ကနေ (၁၀း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ အင်္ဂါသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
အင်္ဂါ + တနင်္ဂနွေ (ဇော်စိမ်း ၈-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
အင်္ဂါ + တနင်္လာ (ဇော်စိမ်း ၈-ညွန့် ၊ ကံကော် ၃၀-ညွန့်)
အင်္ဂါ + အင်္ဂါ (ဇော်စိမ်း ၁၆-ညွန့်)
အင်္ဂါ + ဗုဒ္ဓဟူး ( ဇော်စိမ်း ၈-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
အင်္ဂါ + ကြာသပတေး (ဇော်စိမ်း ၈-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
အင်္ဂါ + သောကြာ (ဇော်စိမ်း ၈-ညွန့် ၊ သပြေ ၂၁-ညွန့်)
အင်္ဂါ + စနေ (ဇော်စိမ်း ၈-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
ဗုဒ္ဓဟူးသားသမီးများအတွက်
(ရာဟုသားသမီးများလဲ ဗုဒ္ဓဟူးတွင်အကြုံးဝင်ပါသည်)
ဗုဒ္ဓဟူးသားသမီးများ၏ ယတြာကို တနင်္လာ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ တနင်္လာ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ ဗုဒ္ဓဟူးနေ့ နံနက် (၇း၃၀) ကနေ (၉းဝဝ) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ ဗုဒ္ဓဟူးသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
ဗုဒ္ဓဟူး + တနင်္ဂနွေ (ရွက်လှ ၁၇-ညွန့်+ အုန်းညွန့် ၁၂-ညွန့်)
ဗုဒ္ဓဟူး + တနင်္လာ (ရွက်လှ ၁၇-ညွန့် ၊ ကံကော် ၃၀-ညွန့်)
ဗုဒ္ဓဟူး + အင်္ဂါ (ရွက်လှ ၁၇-ညွန့် ၊ ဇော်စိမ်း ၁၆-ညွန့်)
ဗုဒ္ဓဟူး + ဗုဒ္ဓဟူး (ရွက်လှ ၃၄-ညွန့်)
ဗုဒ္ဓဟူး + ကြာသပတေး (ရွက်လှ ၁၇-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
ဗုဒ္ဓဟူး + သောကြာ (ရွက်လှ ၁၇-ညွန့် ၊ သပြေ ၂၁-ညွန့်)
ဗုဒ္ဓဟူး + စနေ (ရွက်လှ ၁၇-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
ကြာသပတေးသားသမီးများအတွက်
ကြာသပတေး သားသမီးများ၏ ယတြာကို အင်္ဂါ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ အင်္ဂါ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ ကြာသပတေးနေ့ နံနက် (၉းဝဝ) ကနေ (၁၀း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ ကြာသပတေး သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
ကြာသပတေး + တနင်္ဂနွေ (မေမြို့ပန်း ၁၅-ပွင့်+ အုန်းညွန့် ၁၂-ညွန့်)
ကြာသပတေး + တနင်္လာ (မေမြို့ပန်း ၁၅-ပွင် ၊ ကံကော် ၃၀-ညွန့်)
ကြာသပတေး + အင်္ဂါ (မေမြို့ပန်း ၁၅-ပွင့် ၊ ဇော်စိမ်း ၁၆-ညွန့်)
ကြာသပတေး + ဗုဒ္ဓဟူး (မေမြို့ပန်း ၁၅-ပွင် ၊ ရွက်လှ ၃၄-ညွန့်)
ကြာသပတေး + ကြာသပတေး (မေမြို့ပန်း ၃၀-ပွင့်)
ကြာသပတေး + သောကြာ (မေမြို့ပန်း ၁၅-ပွင့် ၊ သပြေ ၂၁-ညွန့်)
ကြာသပတေး + စနေ (မေမြို့ပန်း ၁၅-ပွင့် ၊ နှင်းဆီ ၁၀ ပွင့်)
သောကြာသားသမီးများအတွက်
သောကြာ သားသမီးများ၏ ယတြာကို ဗုဒ္ဓဟူး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ဗုဒ္ဓဟူး သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ သောကြာနေ့ နေ့လည် (၁း၃၀) ကနေ (၃းဝဝ) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ သောကြာ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
သောကြာ + တနင်္ဂနွေ (သပြေ ၂၁-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
သောကြာ + တနင်္လာ (သပြေ ၂၁-ညွန့် ၊ ကံကော် ၃၀-ညွန့်)
သောကြာ + အင်္ဂါ (သပြေ ၂၁-ညွန့် ၊ ဇော်စိမ်း ၁၆-ညွန့်)
သောကြာ + ဗုဒ္ဓဟူး (သပြေ ၂၁-ညွန့် ၊ ရွက်လှ ၃၄-ညွန့်)
သောကြာ + ကြာသပတေး (သပြေ ၂၁-ညွန့် + မေမြို့ပန်း ၁၅-ပွင့်)
သောကြာ + သောကြာ (သပြေ ၄၂ – ညွန့်)
သောကြာ + စနေ (သပြေ ၂၁-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
စနေသားသမီးများအတွက်
စနေသားသမီးများ၏ ယတြာကို ကြာသပတေး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ကြာသပတေး သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ စနေနေ့ နေ့လည် (၁း၃၀) ကနေ (၃းဝဝ) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ စနေ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
စနေ + တနင်္ဂနွေ (နှင်းဆီ ၁၀ ပွင့် + အုန်းညွန့် ၁၂-ညွန့်)
စနေ + တနင်္လာ (နှင်းဆီ ၁၀ ပွင့် ၊ ကံကော် ၃၀-ညွန့်)
စနေ + အင်္ဂါ (နှင်းဆီ ၁၀ ပွင့် ၊ ဇော်စိမ်း ၁၆-ညွန့်)
စနေ + ဗုဒ္ဓဟူး (နှင်းဆီ ၁၀ ပွင့် ၊ ရွက်လှ ၃၄-ညွန့်)
စနေ + ကြာသပတေး (နှင်းဆီ ၁၀ ပွင့် + မေမြို့ပန်း ၁၅-ပွင့်)
စနေ + သောကြာ (နှင်းဆီ ၁၀ ပွင့် ၊ သပြေ ၄၂ – ညွန့်)
စနေ + စနေ (နှင်းဆီ ၂၀ – ပွင့်)
မြန်မာရိုးရာဗေဒင်ပညာရပ်

ဥစ္စာဓနဖြိုးပြည့်ဝ ဒိဝါတပတိ စမတော်

ဒိဝါတပတိ အစချီသော ဂါထာတော်သည် အလွန်ငွေဝင်စေသော ဂါထာဖြစ်ကြောင်း၊ စီးပွားဥစ္စာ အလွန်တိုးတက်စေကြောင်း၊ ထီဆုကြီးများ မကြာမကြာ ပေါက်တတ်ကြောင်း၊ ဘေးဥပဒ် အန္တရာယ် အသွယ်သွယ် ကင်းဝေးစေကြောင်း၊ ကောင်းကျိုးချမ်းသာ ပြည့်ဖြိုးကာ ကျက်သရေ မင်္ဂလာအဖြာဖြာ တိုးတက်စေသော ဂါထာဖြစ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်နေ့တွင် ကျွန်ုပ်သည် မြို့နီးချုပ်စပ်မှခရိုင် မြို့ကြီးတစ်မြို့ရှိ အထူးကု ဆေးခန်းကြီးတစ်ခုသို့ လူနာမေး သွားရောက်ခဲ့ပါသည်။ လူနာမေးဆိုသော်လည်း အမှန်တကယ်ဆိုရမူ မိတ်ဆွေတစ်ဦး၏ ဇနီး မီးဖွားသောကြောင့် သွားရောက် မေးမြန်းခြင်း ဖြစ်သည်။ ဆေးခန်းတွင် မီးနေသည်နှင့် ကလေးအား သာကြောင်းမာကြောင်းမေးမြန်း၊ အာလာပ သလ္လာပ ပြောဆိုအပြီး အချိန်အတော်ကြာတွင် ဇနီးမောင်နှံ နှစ်ဦး အား နှုတ်ဆက်ကာ ပြန်လာခဲ့ပါသည်။ မိတ်ဆွေဖြစ်သူက ဆေးခန်းမှ လိုက်ပါလာပြီး အနီးအနားရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ကျွန်ုပ်အား လက်ဖက်ရည် လိုက်ဧည့်ခံပါသည်။
လက်ဖက်ရည်သမားတစ်ဦးဖြစ်သော ကျွန်ုပ်သည်ဆိုင်တွင် ထိုင်လိုက်သည်နှင့် ထူးခြားမှုတစ်ခုကို ချက်ချင်း သတိပြုမိ လိုက်ပါသည်။ ထိုအချက်မှာ ဆိုင်တွင်ခုံစေ့သက်စေ့ လူပြည့်နေကာ အုန်းအုန်း ကျွက်ကျွက် စည်ကားနေခြင်းဖြစ်သည်။ လက်ဖက်ရည်ကို မြည်းကြည့်လိုက်သော်လည်း ပုံမှန်လက်ဖက်ရည် အရသာသာဖြစ်၍ ထူးထူးကဲကဲ မကောင်းပါ။ ဆိုင်အပြင်အဆင် အခင်းအကျင်းကို လေ့လာကြည့်လိုက် တော့လည်း ပုံမှန်ရိုးရိုးလေးသာ ဖြစ်၏။ ဘာမှဆွဲဆောင်မှုမရှိ။ သို့သော် လူအပြည့် ရောင်းအား ကောင်းလွန်း လှသည်။ ထို့ကြောင့် စာရေးဆရာ တစ်ဦး၏ ဗီဇအတိုင်း ဟိုကြည့်ဒီကြည့် လိုက်လံအကဲခတ်ကြည့် ရာ ခေါင်းရင်းဘက်မှ ပုံမှန်အနေအထားသာရှိသော ဘုရားဆောင်၏ ဘေးဘက်တွင် စမတစ်ခုကို အလွန်ကြီးမားသော အရွယ်အစား ဗီနိုင်းထုတ်ထားပြီး သစ်သားပေါင်ကွပ်ကာ တခမ်းတနား ချိတ်ဆွဲ ထားသည်ကို ထူးထူးခြားခြား တွေ့ရှိလိုက်ရပါသည်။
ထိုစမကို ကျွန်ုပ်သည် ကောင်းစွာသိပါသည်။ “သဗ္ဗဇယမင်္ဂလာ”ဂါထာအမည်ရသည့် “ဒိဝါတပတိ” အစချီဂါထာကို ရွှေပေါ်ကျွန်း ဆရာတော်ကြီး စမဆွဲ စီရင်ထားခြင်းဖြစ်ပါသည်။ ထိုဒိဝါတပတိ စမ အိတ်ဆောင် အရွယ်များစွာ အထပ်လိုက်ကို ကျွန်ုပ်အား ရွှေပေါ်ကျွန်း ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးဖြစ်သော ကိုအောင်နိုင်သည် လာရောက် ပေးအပ်ထားကာ ကုန်းသတ္တဝါ အနည်းဆုံး ၃ လ ရှောင်သူများကိုသာ လက်ဆောင်ပေးရန် လာပေးထားခြင်းဖြစ်ပါသည်။ ကျွန်ုပ်သည် ချိတ်ဆွဲထားသော ဗီနိုင်းကားချပ်နှင့် ပတ်သက်၍ စူးစမ်းကြည့်သောသဘောဖြင့် ကောင်တာခုံနားသို့ မယောင်မလည် ထသွားကာ ဆိုင်ရှင်အား စကားစမြည်ဆိုရင်း မေးမြန်းကြည့်ပါသည်။
သူတို့မြို့သူမြို့သား အများစုမှာ တစ်မြို့လုံးလိုလို သာမညဆရာတော်ကြီးကိုသာ ကိုးကွယ်ကြပါကြောင်း၊ ရွှေပေါ်ကျွန်း ဆရာတော်ကြီးကို ကိုးကွယ်သူ မြို့သူမြို့သားမှာ အလွန်နည်းပါးပါကြောင်း၊ ထိုစမကို ကျိုက်လတ်မြို့မှ ရွှေပေါ်ကျွန်း ဆရာတော်ကြီး၏ တပည့်ရင်း အငြိမ်းစားကျောင်းဆရာကြီး တစ်ဦးထံမှ လက်ဆောင်ရရှိထား၍ ပုံကြီးချဲ့ ဗီနိုင်းထုတ်ကာ ယုံယုံကြည်ကြည်ဖြင့် ချိတ်ဆွဲထားပါကြောင်း၊ ယခင်က ချောက်ချီးချောက်ချက်သာ ရောင်းရသော သူ၏ လက်ဖက်ရည်ဆိုင်သည် ထိုစမပုံတော်ကြီးကို ချိတ်ဆွဲပြီးမှ ထူးထူးခြားခြား အံ့သြဖွယ်ရာ ကောင်းလောက်အောင်ပင် တရိပ်ရိပ်ရောင်းအား ကောင်းလာပြီး စီးပွား တိုးတက်လာပါကြောင်း ကျွန်ုပ်အား စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။
ကျွန်ုပ်က ဒီစမပုံတော်ကြီး ချိတ်ဆွဲထားရုံနှင့်ပင် ရောင်းအားကောင်းပြီး စီးပွားတက်လာတာလားဟု သေချာဂန သိလို၍ ထပ်မံမေးရာ ဆိုင်ရှင်က “ချိတ်ထားရုံနဲ့တော့ ဘယ်ဟုတ်မလဲကွ ငါ့ညီရ။ အစ်ကိုက အဲဒီဒိဝါတပတိ အစချီဂါထာကို တစ်နေ့ကို ၁၀၈ လုံးပုတီးနဲ့တစ်ပတ်၊ တစ်ပတ်နေ့တိုင်းစိပ်တယ်။ ပြီးတော့မနက်စောစော ဆိုင်ဖွင့် ဖွင့်ချင်း အဲဒီစမပုံကြီးရှေ့မှာ ထိုင်ပြီးတော့ ဂါထာနဲ့ သက်စေ့ ၅၅ ခေါက်ရွတ်ဖတ် သိဒ္ဓိတင်တယ်။ ညဆိုင် သိမ်းပြီးရင်လည်း အဲဒီစမပုံကြီးရှေ့မှာ ထိုင်ပြီး ဂါထာနဲ့ သက်စေ့ ၅၅ ခေါက် ရွတ်ဖတ်သိဒ္ဓိ ထပ်တင်တယ်။ အဲဒါနေ့စဉ် မပျက်မကွက်လုပ်နေကျပဲ။ ခရီးသွားရင်တော့ မလုပ်ဖြစ်ဘူးပေါ့ကွာ။ ပုတီး တစ်ပတ်ကတော့ ဘယ်ရောက်ရောက် စိပ်ဖြစ်အောင် စိပ်ပါတယ်”ဟု ပြန်လည် ရှင်းပြခဲ့ပါသည်။
ဒိဝါတပတိ အစချီသော ဂါထာတော်သည် အလွန်ငွေဝင်စေသော ဂါထာဖြစ်ကြောင်း၊ စီးပွားဥစ္စာ အလွန်တိုးတက်စေကြောင်း၊ ထီဆုကြီးများ မကြာမကြာ ပေါက်တတ်ကြောင်း၊ ဘေးဥပဒ် အန္တရာယ် အသွယ်သွယ် ကင်းဝေးစေကြောင်း၊ ကောင်းကျိုးချမ်းသာ ပြည့်ဖြိုးကာ ကျက်သရေ မင်္ဂလာ အဖြာဖြာ တိုးတက်စေသော ဂါထာဖြစ်ကြောင်း၊ ဘာသာရေးမဂ္ဂဇင်း၊ ဂမ္ဘီရမဂ္ဂဇင်း၊ ဂျာနယ်တို့တွင် မကြာခဏဖော်ပြတတ်၊ တွေ့ရှိနေရတတ်၍ စာဖတ်သူများအနေဖြင့် ထိုဂါထာနှင့် အကျွမ်းတဝင်ဖြစ်နေကာ ဂါထာ၏အစွမ်း ကိုလည်းကောင်းစွာ သိနေကြမည် ဖြစ်သောကြောင့် ကျွန်ုပ်သည် အထူးတလည် မညွှန်းဆိုတော့ပါ။
ထိုဂါထာကို ဓမ္မပဒပါဠိတော် (၂၆)ဗြဟ္မဏဝဂ်၊ ပုဒ်ရေ ၃၈၇ တွင် ဖော်ပြထားပါသည်။ နိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ့ကထုတ်ဝေသော ဓမ္မပဒပါဠိတော် မြန်မာပြန် စာအုပ်စာမျက်နှာ ၁၅၁ တွင်လည်း ဖော်ပြထားပါသည်။ ထိုဖော်ပြ ချက်တို့တွင် ဆုတောင်းစာဖြစ်သော နမက္ကာရာ နုဘာဝေန၊ သဗ္ဗေပူရေန္တု သင်္ကပ္ပါ ဟူသော အပိုဒ်မပါဝင်ပါ။ ထိုသို့မပါဝင်သော်လည်း ဆုတောင်းစာ ဖြစ်သောကြောင့် မိမိတို့ နှစ်သက်ပါက ရွတ်ဖတ်ပူဇော် ဆုတောင်းနိုင်ပါသည်။ ဆုတောင်းစာ မပါသည်ကိုလည်း ရွတ်ဖတ်ပူဇော်ခြင်းဖြင့်လည်း အကျိုးစီး ပွား ဖြစ်ထွန်းရမည်သာဖြစ်၍ ယုံကြည်သောသဒ္ဓါတရားသည်သာ ပဓာနကျသော အချက်ကြီးဖြစ်ပါသည်။
သံယုတ်္တနိကာယ် နိဒါနဝဂ္ဂ ဘိက္ခုသံယုတ် အဋ္ဌကထာတွင် သီဟိုဠ်ကျွန်း ဘာတိကမင်းလက်ထက်၌ ဘာတိကမင်း တောင်းပန်သဖြင့် ပညာရှိ အမတ်တစ်ယောက်သည် ထို “သဗ္ဗဇယမင်္ဂလာ” ဂါထာတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ရာတွင် ရွတ်ဖတ်ဆဲခဏ၌ အသပြာတစ်ထောင် (၁၀၀၀) လက်တွင်းသို့ ရောက်လာခဲ့၊ ချီးမြှင့်ခံခဲ့ရသဖြင့် ငွေချက်ချင်း လက်ငင်းဝင်လာစေသော ဓာတ်သက်ရှိသောကြောင့် “ငွေဝင်ဂါထာ”ဟု ဆရာစဉ်ဆက် သတ်မှတ်ကာ လူသိများနေကြခြင်းဖြစ်ပါသည်။
ထိုအစွမ်းထက် လွန်းသောဂါထာတော်ကို ရွှေပေါ်ကျွန်း ဆရာတော်ကြီးက စမအဖြစ် စီရင်ကာ ဝေနေယျ ပရိသတ်များ အကျိုးများစေရန်၊ အဆောင်အရွက် ပြုနိုင်ရန် စီရင်ပေးထားခြင်းဖြစ်ပါသည်။ ထိုစမတွင် သံ၊ ဂုံ၊ ပ၊ မ၊ ယျ၊ ဘုရား ငါးဆူ။ ပု၊ ဒိ၊ အာ ဉာဏ်တော်သုံးပါး။ အရဟံ ဂုဏ်တော် မ လေး မ။ က,ပ,၀,ဓ၊ စ,ဓ,ဗ,၀ စမအက္ခရာများ၊ နဝင်းညွန့်များ၊ အဋ္ဌလဂ်အရပ် ထောင့်ရှစ်ထောင့်တို့ဖြင့် အပွင့်ပုံသဏ္ဌာန် ဖော်ကာ စီရင်ထားခြင်း ဖြစ်သောကြောင့် ဘက်စုံ၊ စွယ်စုံ အကျိုးပြု ပွင့်လန်းစေသော စမတော်ကြီး ဖြစ်ပါသည်။ ထို့ကြောင့် စာဖတ်သူတို့ အကျိုးထူးစေရန် ရွှေပေါ်ကျွန်းဆရာတော်ကြီး စီရင်ထားသော စမပုံတော်ကို ဖော်ပြပေး လိုက်ရပါသည်။
သဗ္ဗဇယ မင်္ဂလာဂါထာတော်
● ပါဌ်၊ အနက်
(၁) ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိ မာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
စျာယီ တပတိ ဗြာဟ်္မဏော။ ။
(၂) အထ သဗၺ မေဟာ ရတၱႎ၊
ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇ သမ္ပန္နံ၊
ဗုဒၶံ ၀ႏၵာမိ အာဒရံ။ ။
အာဒိစ္စော – ရောင်ခြည်တစ်ထောင် အလင်းဆောင်သော၊ ထွန်းပြောင်ရှိန်ဝင်း၊ ရှင်နေမင်းသည်၊ ဒိဝါ – နေ့အခါ၌၊ တပတိ – မိုက် မှောင်ပယ်ဖျောက်၊ ထွန်းလင်းတောက်ပ၏။ စန္ဒိမာ – သော်တာယုန်နန်း၊ လပြည့်စန်းသည်၊ ရတ္တိံ – ညဉ့်အခါ၌၊ ဘာတိ – ထွန်းလင်းကျက်သရေ၊ တောက်ပလေ၏။ ခတ္တိယော – ရေမြေပိုင်နင်း၊ ပြည့်ရှင်မင်းသည်၊ သန္နဒ္ဓေါ – ချပ်ဝတ်တန်ဆာ ဆင်ယင်သောအခါ၌၊ ဘာတိ – မင်းတို့ ကျက်သရေ ထွန်းလင်း တင့်တယ်တောက် ပလေ၏။ ဗြာဟ္မဏော – မကောင်းမှုကို၊ အပပြုပြီးသော၊ ရဟန္တာ ပုဂ္ဂိုလ်သည်၊ စျာယီ – စျာန်ဝင်စားသည်ရှိသော် (ဝါ) စျာန်ဝင်စားသောအခါ၌၊ တပတိ – ရဟန်းကျက်သရေ ထွန်းလင်း တင့်တယ် တောက်ပလေ၏။ အထ- ထိုမှ တစ်ပါး (ဝါ) ထိုနေမင်း၊ လမင်းအစရှိသည် တို့ထက်၊ ဗုဒ္ဓေါ – သစ္စာလေးရပ် တရားမြတ်ကို ဆတ်ဆတ်သိမြင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊ သဗ္ဗံ – အလုံးစုံသော၊ မဟောရတ္တိံ -နေ့၊ ညဥ့်တို့ပတ်လုံး၊ တေဇသာ – ပါရမီတော်ကြောင့် ဖြစ်သော တန်ခိုးတော်ဖြင့်၊ တပတိ – ဗုဒ္ဓကျက်သရေ ထွန်းလင်း တင့်တယ် တောက်ပ တော်မူ လေသတည်း။
တာဒိသံ – ထိုသို့ သဘောရှိတော်မူသော၊ တေဇသမ္ပန္နံ – နေ့၊ ညဉ့်မညှိုး၊ တောက်ပဖြိုးသည့် တန်ခိုးတော် နှင့်လည်း ပြည့်စုံတော်မူထသော၊ ဗုဒ္ဓံ – မြတ်စွာဘုရားကို၊ အဟံ-တပည့်တော်သည်၊ အာဒရံ – ကျိုးနွံမသွေ ရိုသေလှ စွာ၊ ၀န္ဒာမိ – သဒ္ဓါဖြိုးဖြိုး၊ လက်အုပ်မိုး၍ ရှိခိုးပါ၏ အရှင်မြတ်ဘုရား။ ။
ကောင်းမှုအကြောင်းပြုတောင်းဆုပြည့်ပါစေ။
(စမပုံတော်ကို မိတ္ထူကူးယူပြီး အိတ်ဆောင် အရွယ်အဆောင်အရွက်ပြုလျှင် ထိုပုံတော်ကို နှုတ်ခမ်းဝတွင်တေ့၍ ဂါထာကို မိမိ၏သက်စေ့ အခေါက်ရေ နေ့စဉ်ရွတ်ဖတ်ကာ သိဒ္ဓိတင်ပေးရပါ မည်)
– သုခစုစံ(ကျိုက်လတ်)

အိမ်ထောင်ကျမည့် နှစ်ကို ခန့်မှန်းတွက်ဆခြင်း

” ဟယ်လို .. ကိုစိုး
ငါ အေးမင်းပါ”
“အေးသိတယ် အေးမင်း ပြောလေ”
အေးမင်းကအိမ်နားမှာနေတဲ့သူငယ်ချင်း။
သူက ဗေဒင်ဝါသနာပါသည်။ ဆယ်တန်းဖြေပြီး ဗေဒင်နဲ့ပက်သက်ပြီး ဆရာတွေဆီ ချဉ်းကပ် ပညာသင် ၊ ထွက်သမျှဗေဒင်စာအုပ်တွေ အတူတူလေ့လာခဲ့ကြသည်။
ဆယ်တန်းအောင်စာရင်းထွက်တော့ သူက
နည်းပညာ တက္ကသိုလ်တတ်ပြီး အခုကုမ္ပဏီမှာ A.E တစ်ယောက်ဖြစ်နေပြီ။
ကျွန်တော်ကတော့ ဝိဇ္ဇာတွဲယူပြီးဗေဒင်ပညာနှင့် လက်ပွန်းတသီးရှိနေဆဲပင်။
” မင်းငါ့Site ထဲလာလည်တုန်းက ဗေဒင်ဟောသွားတာလေ
မင်းကဘယ်အသက်အပိုင်းအခြားမှာ အိမ်ထောင်ကျမယ်လို့ပြောသွားတာလေ
မင်း target ပေးထားတဲ့နှစ်မှာပဲ အိမ်ထောင်ကျကုန်တယ်ကွာ
အဲဒါ မင်းဘယ်လိုကြည့်လဲ သိချင်လို့ကွာ”
“တိုက္ဆိုင္သြားတာပါကြာ “
” မင်းငါ့ကို ပညာတွေ မလျှိုထားနဲ့နော်”
“မင်းလဲဗေဒင် တတ်တာပဲ အေးမင်းရာ “
” ငါက တတ်တယ်ဆိုပေမဲ့ ဗေဒင်ဘက် မလှည့်ဖြစ်တာကြာပြီလေကွာ
မင်းကအမြဲတွက်နေတဲ့သူလေကွာ “
“မင်းနားလည်အောင်ပြောပြရရင်တော့ ငါလဲလူတစ်ယောက် ဘယ်တော့အိမ် ထောင်ကျမလဲ မသိဘူးကွာ၊ ခန့်မှန်းပြီးပြောတာ”
“မင်းခန့်မှန်းတာက တော်တော်လေးနီးစပ်
တယ်ကွ မင်းဘယ်ပညာနဲ့ကြည့်လဲ”
“ဘယ်ပညာနဲ့ကြည့်လဲဆိုတော့
မင်းသိတဲ့အတိုင်းပဲ ငါ့တို့ကလက်ဆန်းဗေဒင်ပဲနားလည်တာလေ
လက်ဆန်းပညာနဲ့ပဲ ဆုံးဖြတ်တာ
လက်ရိုးနဲ့တော့ ဘယ်လိုဆုံးဖြတ်လဲမသိဘူး
နံပါတ် 1 အနေနဲ့ပထမဆုံး ဆန်းစစ်တာက လာမေးသူရဲ့လက္ခဏာကိုအရင်စစ်ဆေးတယ်။
သူ့လက်မှာ နှလုံးလမ်းကြောင်းဟာ စနေလက်ချောင်းအောက်ဆုံးအရစ်နဲ့ဘယ်လောက်ကွာဝေးလဲကြည့်တယ် ဝေးလေလေ အိမ်ထောင်ရေးနောက်ကျလေပါပဲ
” စနေလက်ချောင်းဆိုတာမင်းလက်ခလယ်ကိုပြောတာလား”
” ဟုတ်တယ်ကွ စနေဂြိုဟ်ခုံအပေါ် လက်ခလယ်ရဲ့ အောက်ဆုံးအရစ်ကနေစပြီး နှလုံးလမ်းကြောင်းကို
တိုင်းတာကြည့်လိုက်ကွာ
25mm အနည်းဆုံးကွာဝေးရင် အသက်၂၅နောက်ပိုင်းမှအိမ်ထောင်ကျတတ်တယ်ကွာ
အကြမ်းဖျင်ပေါ့ကွာ
နံပါတ်2အနေနဲ့ဒုတိယတစ်ချက်က အသက်လမ်းကြောင်းရဲ့အတွင်းဘက်ကနေတွက်လာတဲ့ သံယောဇဉ်လမ်းကြောင်းကို ဥပဒ်လမ်းကြောင်းကဖြတ်ပြီး အသက်လမ်းကြောင်းကို သွားထိတဲ့နှစ်က အိမ်ထောင်ကျမဲ့နှစ်ပဲကွ။
အသက်လမ်းကြောင်းကို အသက်ပိုင်းတဲ့နေရာမှာ ငါကတော့ စထွက်တဲ့နေရာကနေ
အသက်လမ်းကြောင်းဆုံးတဲ့ လက်ကောက်ဝတ်ထိကို အသက်ရ၀လို့မှတ်ပြီးဆုံးဖြတ်တယ်ကွာ”
” အသက်လမ်းကြောင်းအတွင်းဘက်အင်္ဂါဂြိုဟ်ခုံကနေ ထွက်လာတဲ့
ဥပဒ်လမ်းကြောင်းကိုပြောတာလား ကိုစိုး”
ေအးဟုတ္တယ္ကြ
အသက်လမ်းကြောင်းကတော့ ကြာသပတေးဂြိုဟ်ခုံ (လက်ညှိုးအောက်ဘက်)
ကနေစပြီး အသက် ၁နှစ် ၊ ၂နှစ်ဆိုပြီး စတွက်ရမှာပေါ့။
ပြီးတော့အသက်လမ်းကြောင်းကို ဥပဒ်လမ်းကြောင်းလာထိ တဲ့ အသက်အပိုင်းအခြားကို ခန့်မှန်းရမှာပေါ့”
“အေး သဘောပေါက်ပြီကွ”
” နောက်တစ်ခုကသုံးတန်ပေါ်နိစ်ပညာ မှာ (တိုင်ထိပ် တန်းပေါ်မိတ်မြင်သော် ဧကန်မုချစုတ်ကြီးရ ) လို့ညွှန်းထားတယ်
မိမိမိတ်နံတွေဟာတိုင်ထိပ်တွေ တန်းစီးတွေ
ရှိရင်အိမ်ထောင်ကျတတ်တယ်ကွ”
” အိမ်ထောင်မိတ် ဖြစ်တဲ့ (ဦးသာ၊စိန်ပန်း၊ဒါန်းလှ၊ကိုရှာ) ကိုပြောတာလား”
“အေး ဟုတ်တယ်
တနင်္ဂနွေသားသမီးများ ရောက်ဆဲအသက်ကိုတည် ၈ နဲ့စားရင် ၁ကြွင်းတဲ့နှစ်နဲ့ ၅ကြွင်းတဲ့နှစ်တွေမှာအိမ်ထောင်ကျတတ်တယ်
တနင်္လာဆိုရင် အသက်ကိုတည် ၈နဲ့စားရင် ၆ကြွင်းတဲ့နှစ်နဲ့ ၀ကြွင်းတဲ့နှစ်တွေက အိမ်ထောင်ကျတတ်တယ်
အင်္ဂါကျတော့ အသက်ကိုတည် ၈နဲ့စားရင် ၁ကြွင်းတဲ့နှစ် ၊၂ကြွင်းတဲ့နှစ် ၊၆ကြွင်းတဲ့နှစ်တွေက အိမ်ထောင်ကျတတ်တယ်
ဗုဒ္ဓဟူးသားသမီးတွေက အသက်ကိုတည် ၈နဲ့စားရင် ၀ကြွင်းတဲ့နှစ် ၊ ၁ကြွင်းတဲ့နှစ်၊ ၇ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
ကြာသပတေးသားသမီးတွေက အသက်ကို၈နဲ့စားရင် ၁ကြွင်းတဲ့နှစ်၊ ၃ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
သောကြာသားသမီးတွေက အသက်ကိုတည် ၈နဲ့စားရင် ၇ကြွင်းတဲ့နှစ်၊ ၆ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
စနေသားသမီးတွေက အသက်ကို၈နဲ့စားရင် ၃ ကြွင်းတဲ့နှစ်၊ ၅ကြွင်းတဲ့နှစ်တွေမှာ အိမ်ထောင်ကျတတ်တယ်
ရာဟုသားသမီးတွေဟာအသက်ကိုတည် ၈နဲ့စားရင် ၁ကြွင်းတဲ့နှစ် ၊
၄ကြွင်းတဲ့နှစ်တွေမှာအိမ်ထောင်ကျတတ်တယ်”
“အဲဒါဆိုရင် မိတ်ဂြိုဟ်တွေ တိုင်ထိပ်တန်းပေါ်တဲ့နှစ်တွေပဲအိမ်ထောင်ကျမှာပေါ့”
” မင်းကလဲပုံသေတွေးပြန်ပြီယေဘုယျ ကျနိုင်တာကိုပြောတာကွွာ
မိတ်နံတွေက တန်းစီးတိုင်ထိပ်မရှိဘဲ ကျန်တဲ့(တိုင်ခြေ၊ တက္ခနိစ်၊ မန္ဒနိစ်၊ တန်းစီး၊ပြ)စတဲ့နေရာတွေမှာရှိပြီး ဆန်းကျင်ဂြိဟ်တွေကပ်ရင်လဲအိမ်ထောင်ကျတတ်တယ်ကွ ဝိသေသဟောကွက်တွေကအများကြီးလေ
အရွယ်ကိုလဲချိန်ဆဖို့ကလိုသေးတယ်လေ
အသက်၅၇ရောက်နေတဲ့အင်္ဂါသားတစ်ယောက်ကို တစ်ကြွင်းလို့ အိမ်ထောင်ကျမယ်လို့ပြောမယ်ဆိုရင် မင်းဖြစ်နိုင်မဖြစ်နိုင်စဉ်းစားရတော့မယ်လေ”
” အေး သဘောပေါက်ပြီကွာ “
” နောက်ပြီး ဆန်းဗေဒင်မှာ ခင်ပွန်းဂြိဟ်ကို
အင်္ဂါနံကောက်တယ်”
“အဲဒါကိုသိတယ်ကွ ဇနီးဂြိုဟ်ကိုကျတော့ သောကြာနံကောက်တာမဟုတ်လား”
“အေးဟုတ်တယ်ကွ အမျိုးသားတစ်ယောက်ရဲ့ ရောက်ဆဲသက်ရောက်မှာ သောကြာနံအဝင်မှာရှိပြီး
အဲဒီဂြိုဟ်က သက်ရှိဖြစ်ရင် အိမ်ထောင်ကျတတ်သလို ၊ မိန်းကလေးမှာလဲ အင်္ဂါနံအဝင်ဌာနမှာရှိပြီး သက်ရှိဖြစ်ရင်အိမ်ထောင်ကျတတ်တယ်ကွာ”
“သက်ရှိသက်မဲ့ခွဲတာတွေက မေ့ကုန်ပြီကွာ
မမှတ်မိတော့ဘူး”
“သက်ရှိသက်မဲ့အကြောင်းပြောရင်ဆုံးမှာမဟုတ်တော့ဘူး၊အခုလောက်အကြမ်းဖျင်းသိရင် ရတယ်မဟုတ်လား”
“ရပါတယ္ကြ
အဲဒါအပြင် ဘာတွေထပ်စစ်သေးလဲ”
” နောက်ဆုံးငါစဉ်းစားတာက မဟာဘုတ် ပညာကွ
ယေဘုယျအနေနဲ့က လူတစ်ယောက်ဟာ
ပုတိဖွား၊ ဘင်္ဂဖွားဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျလွယ်ပြီး အိမ်ထောင်နှစ်ဆက်ဖြစ်တတ်တယ်
အဲဒါကြောင့် ပုတိဖွား ဘင်္ဂဖွားတွေကို ငယ်ရွယ်ချိန်မှာ အိမ်ထောင်မပြုဖို့ အမြဲပြောဖြစ်တယ်
မရဏဖွား ၊သိုက်ဖွား တွေကတော့ အိမ်ထောင်ကျဖို့ခက်ခဲကြသလို အပျိုကြီး လူပျိုကြီးဖြစ်လွယ်ကြတယ်ကွ
အချို့ဆိုအရွယ်လွန်မှ အိမ်ထောင်ကျတတ်ကြတယ်
အထွန်းဖွား၊ ရာဇဖွား ၊ အဓိပတိဖွားတွေကတော့ အသက် ၂၆ ကနေ ၃၀ အတွင်းအိမ်ထောင်ကျတတ်တယ်”
” မဟာဘုတ်ပညာ ကိုနားလည်တယ်ကွ အဲလိုတော့အိမ်ထောင်ကျမဲ့နှစ် ကိုတွက်လို့ရတယ်ဆိုတာမသိဘူး”
အားလုံးဟာပုံသေမရှိဘူးကွ အရာရာပြောင်းလဲနေတာ ၊ ငါပြောခဲ့တာတွေအားလုံးက ယေဘုယျတွေကြီးပဲ။အတွေ့အကြုံနဲ့ စိတ်ဝင်စားမှုက အနီးစပ်ဆုံးပြောနိုင်မှာပဲလေ
သိဒ္ဓတ္ထမင်းသားမှာ တစ်နေ့ထဲတစ်ချိန်ထဲမွေးလာတဲ့ဖွားဖက်တော်တွေအများကြီးပဲ၊
သူတစ်ဦးထဲ ဘာလို့ဘုရားရှင်ဖြစ်လာလဲတွေးကြည့်လေ
မဟောသဓာ သတို့သားကလဲ တစ်ချိန်ထဲမွေးတဲ့ဖွားဖက်တော်တွေအများကြီးပဲ
ဘာလို့သူတစ်ယောက်ထဲ ပညာရှိဖြစ်လာရတာလဲ
လူတစ်ယောက်က ဘဝ ဘဝတွေကဘာတွေလုပ်ခဲ့ကြသလဲ မသိနိုင်သလို၊ လက်ရှိဘဝမှာ ဘယ်လောက်ထိ ကုသိုလ် အကုသိုလ်တွေလုပ်ထားပြီလဲ မသိနိုင်ဘူးလေ၊ အဲဒါကြောင့် ဆရာတွေက သီလအား
သမာဓိအား ပညာအားကြီးတဲ့သူတွေကို အဆိုးတွေဟောမယ်ဆို ထိန်းဟောသင့်တယ်
ဘာဖြစ်လို့လဲဆိုတော့ လွဲသွားတတ်တယ်တဲ့
သူလုပ်နေတဲ့ကုသိုလ်အကြောင်းတရားတွေက ဖြစ်လာမဲ့ ဆိုးကျိုးတွေကို ဘယ်လောက်မှေးမှိန်အောင် လုပ်ပြီးပြီလဲ ငါတို့မသိနိုင်ဘူးလေ”
” ဟုတ်တယ် သူငယ်ချင်း၊မင်းပြောတာကို ငါလက်ခံတယ် ငါလဲအမြဲတမ်း ဘုရားတရားတော့မမေ့ဘူး”
“ယံုပါတယ္ကြာ
ငါ့တို့ဖုန်းပြောတာလဲ ကြာသွားပြီ
ဖုန်းကပူပြီး နားတွေလဲပူလာပြီ
ဖုန်းချလိုက်တော့မယ်”
” အေး အေး သူငယ်ချင်း”
(အထက်ပါဆောင်းပါးသည် ဗေဒင်ပညာလုံးဝနားမလည်သူအဖို့ ဖတ်ရခက်နေပါလိမ့်မည်၊၊ ဗေဒင်အကြောင်း အနည်းငယ်မျှ နားလည်တဲ့သူတွေ၊ ဝါသနာပါသူတွေအတွက် အစတစ်ခုဆွဲထုတ်လို့ရအောင် တင်ပြထားခြင်းပါ။
ဒီ post ကိုဖတ်မိတဲ့ ဗေဒင်ပညာရှင်များအနေဖြင့် ကဲ့ရဲစရာ၊နှာခေါင့်ရှုံ့စရာများပါခဲ့ရင်ခွင့်လွှတ်စေချင်ပါတယ်။ ပညာရှင်များ နည်းပေးလမ်းညွှန်ပြမယ်ဆိုရင်လဲ တပည့်အဖြစ်ခံယူဖို့အသင့်ပါ ခင်ဗျာ)
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

ဘယ်ကိစ္စမဆို လျှင်မြန်စွာ အောင်မြင်စေသည့်ယတြာ

သီတင်းကျွတ်လပြည့်နေ့။ နေ့ထူးနေ့မြတ် အဘိဓမ္မာအခါတော်နေ့။
ခုနှစ်ရက်သားသမီးတွေအတွက် မည့်သည့်အစီအရင်တွေပေးရမည်နည်း။
စဉ်းစားမိတာတစ်ခုရှိတာက ဝါတွင်းသုံးလနတ်ပြည်တွင်မယ်တော်မိနတ်သားကိုအဘိဓမ္မာတရားဟောပြီး လူပြည့်ဆင်းလာမည့် ဘုရားရှင်ကို ဆီမီးထွန်းပြီးကုသိုလ်ယူပူဇော်ကြသည်။
အရမ်းကြည်နူးစရာကောင်းသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအစဉ်အလာတစ်ခု။
အတိုင်းမသိကုသိုလ်တွေရကြသည်။
ယတြာပိုင်း အစီအရင်ပိုင်း အနေနှင့်ကဘုရားရှင်အား မီးထွန်းပြီးယပ်တော်သွင်း ကုသိုလ်ယူသည့်အစီအရင်တွေကို ပေးချင်သည်။
သီတင်းကျွတ်အခါသမယနှင့်လဲကိုက်ညီနေသည်။
အစီအရင်က လွယ်ကူသည်၊ ငွေမကုန် ။
ငွေကုန် ပိုက်ဆံကုန်တဲ့ အစီအရင်မှစွမ်းတယ်ထင်တဲ့သူတွေမလုပ်ကြပါနဲ့။
ယုံကြည်မှု၊ကြည်ညိုမှု၊ သဒါ္ဓတရားတွေနဲ့သာလုပ်စေချင်သည်။
ဘာတွေလုပ်ရမလဲဆိုရင်တော့ သောကြာအခါရောက်တိုင်း မှာဘုရားရှင်ကို
ဖယောင်းတိုင်ခုနှစ်တိုင်ဖြင့် အလင်းဖွင့် ပူဇော်ပါ။ ပြီးရင်တော့ ဘုရားရှစ်ခိုးမေတ္တာပို့အမျှဝေပါ။ နောက်ပြီးတော့ဘုရားရှင်ကို ယပ်တောင်အသစ်တစ်ချောင်းနဲ့ ဖယောင်းတိုင်မီးမသေအောင် ဖြည်းဖြည်းချင်းယပ်တော်သွင်းပူဇော်ပါ။ အနည်းဆုံး ၁၅ မိနစ်ခန့် ပြုလုပ်ပါ။ ယပ်တော်သွင်းနေချိန်မှာ မိမိဖြစ်ချင်တဲ့ဆန္ဒတွေဆုတောင်းပါ။
ဘာတွေဆုတောင်းလို့ရမလဲဆိုရင်တော့
လက်တလောဖြစ်နေတဲ့ကိစ္စတော်တော်များများကိုဆုတောင်းလို့ရပါတယ်။
*အလုပ်အကိုင်ရှာဖွေနေသူများ
*ငွေကြေးအခက်အခဲရှိနေသူများ
*အကြွေးလည်ပင်းခိုက်နေသူများ
*နိုင်ငံခြားအမြန်ထွက်လိုသူများ
*အိမ်ထောင်ရေးသောကရောက်နေသူများ
*အချစ်ရေးအဆင်မပြေသူများ
*အလုပ်အဆင်မပြေသူများ
*ဆိုင်ရောင်းအားကျနေသူများ
*အတိုက်အခိုက်များနေသူ
စသည့်စသည့် လတ်တလောဖြစ်နေတဲ့ ကိစ္စတိုင်းအတွက် ထိရောက်မြန်ဆန်စွာ အဆင်ပြေ စေပါတယ်။
ပညာသင်ကာလတုန်းက အခက်အခဲကြုံ တိုင်းလုပ်ဖြစ်သည့်အစီအရင်။ အရမ်းအောင်မြင်သည့် ပွဲတွေ့အစီအရင်ဖြစ်သည်။
ဘုရားရှင်အားဆီမီးပူဇော် ယပ်တော်သွင်းရမည့်အစီအရင်အတွက် ပြုလုပ်ရမည့်အချိန်သောကြာအခါတွေကိုတင်ပြလိုက်ပါတယ်။
တနင်္ဂနွေနေ့
နံနက်/ ည ၇း၃၀မှ ၀၉းဝဝအတွင်း
တနင်္လာနေ့
နေ့လည် ၀၁း၃၀မှ ၀၃းဝဝ အတွင်း
အင်္ဂါနေ့
နံနက်/ည ၀၉းဝဝမှ ၁၀း၃၀အတွင်း
ဗုဒ္ဓဟူးနေ့
ညနေ ၀၃းဝဝမှ ၀၄း၃၀အတွင်း
ကြာသပတေးနေ့
နံနက်/ည ၁၀း၃၀မှ၁၂းဝဝအတွင်း
သောကြာနေ့
နံနက်/ည ၀၆းဝဝမှဝ၇း၃၀အတွင်း
စေနေန႔
နေ့လည် ၁၂းဝဝမှဝ၁း၃၀အတွင်း
အထက်ပါအချိန်တွေအတွင်းသာ အစီအရင်လုပ်ရပါမည်။ အိမ်တွင်းစီးပွားရေးသမားတွေအတွက် ကတော့ နေ့စဉ်မိမိအိမ်မှာ အထက်ပါအချိန်ဇယားအတိုင်း လုပ်ရမည်။၇ရက် ဒါမှမဟုတ် ၁၅ ရက်အတွင်းအတွင်းအခက်အခဲတွေပြေလည်သွားတာများသည်။
အပြင်မှာအလုပ်ထွက်လုပ်နေသူအတွက်က အထက်ပါအချိန်ဇယားထဲက မိမိအားတဲ့အချိန်တွေရွေးချယ်လုပ်ပါ။
အတုလဆရာတော်ဘုရားကြီး၏ အင်္ဂဝိဇ္ဇာကျမ်းရင်းလင်္ကာထဲမှာပါသည့်
“မီးဓာတ်နှင့်လေ ၊ ရေနှင့်မြေ မိတ်ဆွေတော်ကြသဟာရ” ဆိုတဲ့လင်္ကာထဲက အစီအရင်ပင်။
လျှင်မြန်စွာ အောင်မြင်သည့်ယတြာ။လျှင်မြန်စွာဓာတ်ထိသည့်အတွက် လျှပ်စစ်ယတြာလို့ အချင်းချင်းခေါ်ဆိုခဲ့ကြသည်။
ဘာမှကုန်ကျစရိတ်သိပ်မရှိ ဖယောင်းတိုင်နှင့် ယပ်တောင် တစ်ချောင်းသာလိုအပ်သည်။
ခုနှစ်ရက်သားသမီးအကုန်စီရင်လို့ရသည်။
သေကြာအခါတွေသာလုပ်ဖြစ်ဖို့လိုသည်။
ကိုယ်တိုင်လုပ်ကြည့်ပါ။ အကျိုးကျေးဇူးလက်တွေ့ခံစားရပါမည်ဟုပြောရင်း…..
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

“အိမ်ထောင်ရေးနှင့် ပက်သက်၍”

သီတင်းကျွတ်ကာလ ဆိုတာနဲ့ အိမ်ထောင်ပြုကြဖို့ မင်္ဂလာရက်ရွေးသူတွေ၊ ဇာတာတိုက်စစ်သူတွေ များလာပါတယ်။
အဲဒီမှာဘာတွေကိုအမြဲရှင်းပြရသလဲဆိုရင်
*သက်ဦးသက်နှောင်း မယူကောင်းဘူးဆိုတဲ့
အယူအဆ
အိမ်တစ်အိမ်မှာ ပထမဆုံးမွေးတဲ့ သား/သမီးဆိုရင် သက်ဦးလို့ခေါ်တယ်။ပထမဆုံးသား/သမီးဆိုတော့အလိုလိုက်ခံရတော့ဗိုလ်ကျတာပေါ့ဗျ
တဖက်ကလည်းအငယ်ဆုံးမှာမွေးလာတော့အိမ်မှာနွဲ့ဆိုးဆိုးပြီးဗိုလ်ကျချ.င် တာပေါ့။
ဗိုလ်နှစ်ဗိုလ်တွေ့ကြတာပေါ့။ဒါကိုသေချာ
သိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြ ပေါ့။ဒီကိစ္စမှာချစ်သူနှစ်ဦးနားလည်ရင်ပြေလည်ပါပြီ…အ ခြေခံအ ကြောင်းရင်းကိုမသိပဲလွဲခဲ့ကြတဲ့ချစ်သူတွေများလွန်းလို့ရှင်းပြရတာ။ဟိုလိုမျိုးကြီးခိုက်တာ မဟုတ်ပါဘူး။
*ဓမ္မာ သောက အင်းဝ ရာဇာ
အိမ်ထောင်ရန်ဘက် ဆိုတဲ့အယူအဆ
စနေ+ကြာသပတေး သောကြာ+တနင်္လာ တနင်္ဂနွေ+ဗုဒ္ဓဟူး ရာဟု + အင်္ဂါ
စတဲ့ နေ့အချင်းချင်းတွေပဲ အိမ်ထောင်ရန် ကျတဲ့ အတွက်ယူတာနဲ့ကွဲကုန်ရောတဲ့လား။
မဆိုင်ပါဘူးဗျ။ အိမ်ထောင်ရန်ဘက်ဖြစ်တိုင်း အိမ်ထောင်ရေးသောကတွေမကြုံနိုင်ပါဘူးဗျ။
* ဘီလူးနက္ခတ်နဲ့ လူနက္ခတ် ယူရင်
ကွဲရင်ကွဲ မကွဲရင်သေတယ်ဆိုတဲ့အယူအဆ
ဘီလူးနက္ခတ်နဲ့ လူနက္ခတ်ယူပြီး အသက်ရှည်ပြီး အိုအောင်မင်းအောင်ပေါင်းသွားကြတဲ့သူတွေအများကြီးပါ။
စနေအချင်းချင်း၊ အင်္ဂါအချင်းချင်းယူရင် အိမ်ပူတယ်ဆိုတဲ့အယူအဆ
အိမ်ပူတဲ့သူတွေ တွေ့ရသလို အိမ်မပူတဲ့သူတွေလဲအများကြီးပါ။ အိမ်ထောင်ရေးငြိမ်းချမ်းပြီး အိမ်ထောင်ရေးသောကကင်းတာလဲအများကြီးတွေ့ရပါတယ်။
ဇာတာနှစ်ခုတိုက်စစ်ပြီး အသေးစိတ်စစ်ဆေးမှသာ အိမ်ထောင်ရေးကံကောင်းခြင်း၊မကောင်းခြင်းတွေ သိရမှာပါဗျ။
ယေဘုယျအချက်လေးတွေလောက်နဲ့ အိမ်ထောင်ရေးပြဿနာရှိမရှိ ဆုံးဖြတ်လို့မရနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ