ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ခူးလဆန်း(၃)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၉)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် နှင့် တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၃)လုံးအနေဖြင့် စွမ်းအားကိုပေးသော အောင်မြင်မှုကိုဖြစ်ပေါ်စေသော ဇယျာတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။ စစ်ရေး စစ်ရာနှင့် ပတ်သက်သောကိစ္စများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ စစ်လက်နက်ပြုလုပ်ခြင်း၊ တပ်ဆင် ခြင်း၊ စစ်ရေး လေ့ကျင့်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။
မိမိအဖွဲ့အစည်းအတွက် ၊မိမိကုမ္ပဏီဝန်ထမ်းတွေအတွက် သင်တန်းပေးခြင်းများ၊consaltခေါ်ပြီးအကြံဉာဏ်များ တောင်းခံခြင်းများပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်သောကိစ္စများ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေး အတွက် ဆေးဝါးကုသခြင်းများ၊ဆေးစတင်မှီဝဲခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။
အိမ်ပြောင်းခြင်း၊နေရာပြောင်းခြင်းများဆောင်ရွက်နိုင်သလို အိမ်တတ်ပြုလုပ်ခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ခရီးသွားလို့အလွန်အဆင်ပြေမဲ့နေ့ရက်ပါပဲ။ မည်သည့်ခရီးမဆိုသွားလို့သင့်တော်ပါတယ်။ စီးပွားရေးနဲ့ပတ်သက် သော ခရီးများ အကျိုးများပါလိမ့်မယ်။ကျောက်မျက်ရတနာများ ဝယ်ယူခြင်း၊ရောင်းချခြင်း၊ခန္ဓာကိုယ်တွင် စတင်ဆင် မြန်း ခြင်းမျိုးလဲ အထူးဆောင်ရွက်နိုင် ပါတယ်။
မိမိလုပ်ငန်းအတွက် ၊မိမိကုန်ပစ္စည်းအတွက်စတင်ကြော်ငြာလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးရာကိစ္စမျာ အစပျိုးဆောင်ရွက်နိုင်ပါတယ်။ ချစ်ရသူဆီချစ်ခွင့်ပန်တာ၊ သူအတွက်အမှတ်တရလက်ဆောင်လေးတွေဝယ်ပေး ခြင်းဖြင့် ချစ်ခြင်းတွေခိုင်မြဲတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ငွေပေးခြင်း၊ငွေယူခြင်း၊ အကြွေးတောင်း ခြင်း၊ အကြွေးယူခြင်းများလဲ ဆောင်ရွက်နိုင် ပါတယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းမွန်ပါတယ်။ အရောင်း အဝယ်နဲ့ ပတ် သက်သောစာချုပ်များ၊ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်များလဲ အထူးပဲချုပ်ဆိုနိုင်ပါ လိမ့်မယ်။လောကီ မင်္ဂလာနှင့် ပတ်သက်သောကိစ္စများလဲ ဆောင်ရွက်လို့အထူးအဆင်ပြေပါတယ်။ လက်ထပ်ထိမ်း မြားခြင်း၊စေ့စပ်ခြင်း၊ ရုံးတတ်လက်မှတ်ထိုးခြင်းများလဲ ပြုလုပ်ဆောင်ရွက်လို့ကောင်းပါတယ်။
ဒီနေ့အတွက်ရှောင်သင့်တာတွေကတော့ အရောင်းအဝယ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာနှုတ်ကတိပေးတာမျိုး တွေရှောင်လိုက်စေချင်ပါတယ်။ သူများပြဿနာတွေ၊အမှုအခင်းတွေမှာဝင်ရောက်စွက်ဖက်တာမျိုးတွေ အာမခံပေး တာမျိုးတွေသက်သေလိုက်ပေးတာမျိုးတွေအထူးရှောင်လိုက်ပါ။ရှောင်သင့်တာတွေကတော့ စာရွက်စာတမ်း လက် မှတ် ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါ က နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်းပါ ဘူး။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၀၆)နာရီမှ နံနက်(၈း၅၇)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင် မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စက်ရေတွင်း မီးရထား လမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ်၊ ပန်းပုပညာ၊ အနုပညာ ၊ အရေးအသား၊ ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသောပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း ၊မနက်(၉း၄၀)နာရီလွန်လျှင် စန်း ပြိဿရာသီသို့ ပြောင်းသည်။ မိန်ရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် မိမိချစ်ခင် နှစ်သက်ရတဲ့ သူတွေကို ပြင်းပြင်းထန်ထန် အကာအကွယ်ပေးထားပြီး မတော်တဆ ရှုံးနိမ်းမှုများနှင့် လဲပြိုကျရှုံးခဲ့လျှင််လည်း မိမိကိုယ်ကို လျှင်မြန်စွာ ပြန်ထလာနိုင်ပါလိမ့်မယ်။ မိမိသည် မျှော်လင့်ထားသမျှ အရားအားလုံးအတွက် အမြဲတမ်း ပင်အကောင်းမြင်တတ်သူဖြစ်ပြီး အရာရာကို လုပ်ကိုင်ဆောင် ရွက်ရာတွင် မည်သည့်ကိစ္စကိုမဆို တွေ့သည့်နေရာ၊ ကြုံသည့်အရပ်၌ အချိန်မဆိုင်းပဲ လျင်မြန်စွာ ရှေ့တိုး လုပ််ကိုင် ခြင်း များကြောင့် အောင်မြင် ထွန်းပေါက်နိုင်ပါသည်။ ဒီနေ့ မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာ ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ပညာရေး ကံအားကောင်းကြ ပါတယ်။ ဘဝမှာ အားနည်းချက်က နောက်တရစရာ တစ်မျိုးမျိုးကိုခံစားရလေ့ရှိပါတယ်။ ငယ်ရွယ်စဉ်မှားမဲ့ မိုက်ခဲ့တာ တွေ အတွက် တစ်သက်လုံးနောင်တရနေတတ်သူ ဖြစ်တာမို့ လူတိုင်းက အမှားမကင်းပေမဲ့ ကြီးမားတဲ့အမှားအယွင်း တွေ မဖြစ်အောင်ထိန်းသိမ်းဖို့အထူးလိုအပ်ပါ တယ်။ငွေကြေးကံအားကောင်းတယ်။ အောင်မြင်မှုကံအားကောင်းတယ်။ တစ်ခုပဲ ..အရက်မူးယစ်ဆေးဝါး လုံးဝအစ မလုပ်မိပါစေနဲ့။ စွဲလမ်းသွားရင် ဖြတ်ရအလွန်ခက်တဲ့ဇာတာမျိုးဖြစ်ပါ တယ်။ စိတ်မြန်သည်၊ အရေးပေါ်ကိစ္စများ အတွက် အမြဲတန်းအသင့် ဖြစ် နေတတ်သည်။ဆန္ဒနှင့် ရည်ရွယ်ချက် ကြီးမားသူ ဖြစ်ပြီး အခက်အခဲကြီး များကို ကျော်ဖြတ်ရုန်းကန်ပြီးမှ အောင်မြင်လာပါလိမ့်မည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၀) နာရီမှ ညနေ(၃း၁၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူကာ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်မုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း