loading

Author: Nyein Aye Lu

30.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း(၆)ရက်၊ ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၆)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့ နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်း ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာဖြစ်ပေမဲ့ရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိ ရမည်။  ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၆)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။  

တီထိ(၆)လုံးအနေဖြင့် ကျော်ကြားမှုကိုပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ မြေနှင့်ပတ်သက်သော လုပ်ငန်းများ၊ လူမှုရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်ကြော်ငြာများ၊ ကုန်သွယ်ခြင်း၊ အရောင်းအဝယ်၊ အနုပညာ၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများ စစ်ရေးနှင့်ပတ်သက်သည်များ၊ ကျောက်မျက်ရတနာ၊ အဝတ်အစား ဒီဇိုင်း၊ ဆီနှင့်နှိပ်နယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းနှင့် ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ပါ သည်။ ဆိုင်လုပ်ငန်းများ ရိုးသားကြိုးစားလို့ အောင်မြင်တဲ့ သူတွေဆိုရင်တော့ သတိထားပါဗျာ၊မနာလို သူ တွေရှိ နေတတ်ပါ တယ်။ ချောက်ချနိုင်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်းများ၊ အချိုရည် ၊အအေး၊ ရေသန့်လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။ အလှူအတန်းနဲ့ပတ်သက်သောကိစ္စ များ အမျှဝေ ရေစက်ချခြင်းများလဲ အထူးဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။

ငွေကြေးအပေးအယူကိစ္စများ၊ငွေချေးခြင်းများ၊ အာမခံခြင်းများတော့ လုံးဝမလုပ်လိုက်ပါနဲ့။ ဒီနေ့ငွေချေးမိရင်ပြန်ရ ဖို့ခက်ခဲတတ်ပါတယ်။ဒီလိုနေ့မျိုးမှာ ကုန်သွယ်စီးပွားများ ၊ကုန်ရောင်းကုန်ဝယ်အလုပ်များ အထူးအကျိုးပေးပါ တယ်။  အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ကြော်ငြာဝန်ဆောင်မှုုလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်။ ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်းတက်ပါလိမ့်မယ်။

နည်းပညာအသစ်သစ်များ ရှာဖွေတွေ့ရှိလာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် Marketing ဆင်း တာမျိုးတွေတွေ၊ customer တွေရဲ့ လိုအပ်ချက်တွေကို survey ကောက်ယူတာမျိုးတွေအထူးပဲအဆင်ပြေ ပါလိမ့် မယ်။ ဆိုင်းငံ့ထားတဲ့ ကိစ္စအ၀၀တွေကို ပြန်လည်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အခက်အခဲအကြပ်အတည်းတွေက နေလွတ်မြောက်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းအသစ်များရှိရင် ဒီနေ့မှာမိတ်ဆက်တာ၊ကြော်ငြာတာ၊ ဖြန့်ဖြုးရောင်းချတာမျိုးတွေ အထူးကောင်းပါတယ်။ ဒီနေ့ဟာ ကြော်ငြာရင်လူသိများနိုင်တဲ့နေ့ရက်ပါပဲ။

            အလှူအတန်းကိစ္စများ ဆောင်ရွက်နိုင်ပါသည်။ ဆောက်လုပ်ရေးကိစ္စများ ဆောင်ရွက်ရန် ကောင်းသောရက် ဖြစ်သည်။ အရပ်တစ်ပါးနှင့် ချိတ်ဆက်သော လုပ်ငန်းများ အကျိုးပေးမည်။ ကတိသစ္စာပြုခြင်း၊ စာရွက်စာတမ်း လက်မှတ်ရေးထိုးခြင်းများ ပြုနိုင်သည်။ လက်ထပ်မင်္ဂလာပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၀း၅၄)နာရီမှမနက်(၀၁း၄၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ လူချစ်လူခင်သိပ်များတာကိုတွေ့ရပါတယ်။ လူအများရဲ့ ချစ်လို့ခင်လို့ကူညီခြင်းကို ခံရတတ်ပါတယ် ကံဆိုးတဲ့အချက်က အနီးကပ် ညီအကိုမောင်နှမတွေ၊ အမျိုးတွေ၊ လက်တွဲဖော် အိမ်ထောင်ဘက်ရဲ့ အမျိုးတွေရဲ့ဒုက္ခ ပေးခြင်း အထူးခံရတတ်တယ်။ ဖြစ်နိုင်ရင် အရွယ်ရောက်တာနဲ့ နိုင်ငံခြားထွက် ငွေရလာရင် ဆွေမျိုးတွေ တစ်ယောက်မှ မရှိတဲ့မြို့မှာပဲ အိမ်ခြံဝယ်ပြီး ဆွေမျိုးတွေကို အသိမပေးဘဲ ကင်းအောင်သာနေပါ။ ဆွေမျိုးနဲ့က ဝေးလေကောင်းလေပါပဲ အတော်ဆုံးပညာက ဒီဇာတာက ဈေးရောင်းပညာ မွေးရာပါတော်ကြသူတွေဖြစ်တာကိုတွေ့ရတယ်။ နောက်ပြီးတော့ ငွေဂြိုဟ်အားကောင်းတာမို့ ငွေအမြောက်အများကို အမွေရနိုင်တာမျိုး၊ ထီပေါက်တာမျိုးဖြစ်တတ်ပါတယ်။ အလုပ်တစ်ခု လုပ်မယ်ဆိုပါစို့။ အလုပ်က သိန်း၁ထောင်ကုန်မယ်…ကိုယ့်မှာ သိန်း၅ရာပဲရှိတယ်ဆိုရင် လိုတဲ့ငွေကို အလွယ်တကူ ပေး မဲ့သူတွေပေါ်လာတတ်ပါတယ်။

ဟဿတနက္ခတ်ဖြစ်တာကြောင့် ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက် ဆိုင်ရာ ကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ် ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

သိဒ္ဓယုဂ် ကျရောက်နေသောကြောင့် “ပြီးမြောက်ခြင်း၊ ပြီးပြည့်စုံခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည် ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာတည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေပြုလုပ်ထားသည့် အရာများအတွက် အထူးကောင်းပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၂)နာရီမှ မွန်းလွဲ(၁း၄၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …အရဟံဇိနော(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့် မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးဖျော်ရည်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

29.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း(၅)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နေ့စက်(၁း၁၂)နာရီအထိ တနင်္ဂနွေမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် မိတ္တုမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။  

တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို; ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာ တတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၅)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော်သော တီထိဖြစ်ပါသည်။ ပညာသင်၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အာဟာရ စတင်ကျွေခြင်း၊ အပင်များအား ဓါတ်မြေဩဇာကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ တည်ငြိမ်သော အလုပ်၊ လှုပ်ရှားရသော အလုပ်အကိုင်များအားလုံး အလုပ်မျိုးစုံ လုပ်ကိုင်နိုင်ပါသည်။  သို့သော် ဤရက်တွင် ငွေချေးခြင်းများ မပြုလုပ်ရပါ။ လျှို့ဝှက် အဆင့်မြင့်ပညာရယူခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ အဆိပ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ ရေနှင့် ပတ်သက်သည်များ လုပ်ဆောင်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက် ဘိသိတ်ခံခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်နိုင်သည့် အခါဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိဖြစ်ပြီး နန်းတတ်ခြင်း၊ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်းများ လုပ်ဆောင်နိုင်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၀း၅၈)နာရီမှမနက်(၀၁း၅၀)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဥတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကရကဋ်ရာသီဖွား ဖြစ်ပါ သည်။ မိဘအလိုလိုက်ထားရင် ပျက်စီးလွယ်တဲ့ဇာတာမို့ ဒီနေ့မွေးကလေးကိုငယ်ငယ်ကတည်းကစည်းနဲ့ကမ်းနဲ့ထား ဖို့လိုပါ တယ်။ စူးစမ်းလွယ်တဲ့သူမို့ မြီးကောင်ပေါက်အရွယ်မှာ မိဘက မျက်စိဒေါက်ထောင့်ကြည့်ပေးဖို့လိုပါတယ်။ ငွေကြေးကို စီစစ်လွန်းသူ၊အရွယ်ရောက်လေ ကပ်စေးနည်းလေမို့ လုပ်ငန်းကြီးထွားဖို့က ငွေရင်းဖို့လက်တွန့်နေတာမို့ အောင်မြင်မှု က နှေးကွေးသွားနိုင်တာမို့ သုံးသင့်တာကိုသုံးပါ။ ရင်းနှီးမြုပ်နှံသင့်တာကို မြုပ်နှံပါ။ အနုစိတ်အသေး စိတ်လုပ်နိုင်စွမ်း အလွန်မြင့်မားကြတာမို့ သူများမလုပ်နိုင်တဲ့ ခက်ခဲပြီးလက်ဝင်တဲ့အလုပ်တွေမှာအရမ်းထူးချွန်ကြတဲ့ သူတွေအဖြစ်လဲ တွေ့ရပါတယ်။အသက်၃၀နောက်ပိုင်း တဖြည်းဖြည်းနဲ့အောင်မြင်လာတတ်ပြီး အောင်မြင်လာပြီးဆိုရင် လဲ စီးပွားပျက် မကျတတ်တဲ့ဇာတာမို့ အသက်ကြီးပိုင်းထိ အောင်မြင်မှုခိုင်မာစေတဲ့ဇာတာမျိုးတွေဖြစ်ကြပါတယ်။

ဥတ္တရဖလဂုဏီနက္ခတ်ဖြစ်တာကြောင့် ဥတ္တရဖလဂုဏီ နက္ခတ်သည် တည်ကြည်တည်ငြိမ်သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်းအတွက် သင့်လျော်သည်။ ဗိမာန်ဆောက်ခြင်း သို့မဟုတ် တည်မြဲခြင်း သို့မဟုတ် တည်မြဲသော အကျိုးကို လိုလားသော အခြားလုပ်ဆောင်မှု တစ်ခုခုတို့အတွက် သင့်လျော်သည်။

 ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော် နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၂၅)နာရီမှ ညနေ(၅း၀၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နံ့သာရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး  ဥုံပုဒိအာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါပုတ်ကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

28.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း(၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ နေ့စက်(၁၂း၄၉)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက် ကြီးကြီးမားမားရရှိ ကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို; ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ပုတ်၊ သမားညို၊ နဂါးပေါ်၊ ဝါရမိတ္တုကြီး  ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၄)လုံးအနေဖြင့် တရားအားထုတ်ခြင်၊ဘဝနာပွားများခြင်း၊ ကမ္မဌာန်းရှုမှုတ်ပွားများခြင်းများလဲ အထူးဆောင်ရွက် ခြင်းဖြင့် ထူးခြားတဲ့ ဉာဏ်စဉ်တွေကိုရလာတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်များ၊ လျပ်စစ်နှင့်ပတ်သက်ဆက် နွယ် သောလုပ် ငန်းများ အထူးပဲအဆင်ပြေလာတတ်ပါတယ်။

စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူးပဲပြုလုပ်ဆောင်ရွက်သင့်တဲ့ နေ့ ရက်ပါပဲ။ လုပ်ငန်းသစ်တွေစတင်လည်ပတ်တာ၊ အလုပ်လျှောက်တာမျိုးတွေ စတင်လို့အထူးကောင်းပါတယ်။ ကံစမ်းမဲနှိုက် ခြင်းများ၊ ထီထိုးခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။  အဝတ်ချုပ်လုပ်တာမျိုးတွေ၊ အဝတ်ဒီဇိုင်းရေး ဆွဲတာမျိုးတွေ၊ ဖက်ရှင်ရှိုးပွဲများပြုလုပ်ခြင်းများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။။

ဒီနေ့မှာစက်ကားမောင်းနှင်းခြင်းများ အထူးသတိထားပါ။ သတ်မှတ်မိုင်နှုန်းထက်ပိုမမောင်းပါနဲ့။ စက်ယန္တ ရားတွေနဲ့ လုပ်ကိုင်ရတဲ့အလုပ်များ သတိမလွတ်ဖို့လိုအပ်ပါတယ်။ယနေ့တွင် အပျော်ခရီးများ မသွားလာရပါ။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်ပါသည်။ အကြီးအကဲ များထံ ဝင်ထွက်သွားလာရန် ကောင်းမွန်သော ရက်ဖြစ်သည်။ စာရွက်စာတမ်း၊ လက်ပြောင်း၊ လက်လွှဲသတိရှိရမည်။ ညနေ(၄း၀၀)နာရီမှ  (၆း၀၀)နာရီအတွင်း ‌ပေါ်ပေါက်လာသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းပါ။

            ယနေ့ အပျော်ခရီးများ မသွားရ။ ရပိုင်ခွင့်များ ပြန်လည်တောင်းခံနိုင်မည်။ ဘာသာရေးဆိုင်ရာ အလှူ အတန်းကိစ္စများ ဆောင်ရွက်နိုင်မည်။ ပညာအတတ်တို့ကို စတင်သင်ကြားနိုင်မည်။ အကြီးအကဲများထံ ဝင်ထွက် သွားလာရန် ရက်ကောင်း ဖြစ်နေပါတယ်။ ငွေကြေးအပေးအယူနှင့် ပတ်သက်သော ပြဿနာဟောင်းများ ပြန်လည် ဖြေရှင်းနိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၁း၀၆)နာရီမှမနက်(၁း၅၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဗြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ကရကဋ်ရာသီဖွား ဖြစ်ပါသည်။ ဒီနေ့ မွေးသူများ လူချစ်လူခင်အလွန်များကြပါတယ်။အသန့်ကြိုက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို အမြဲတမ်း သန့်ရှင်းရေး လုပ်နေကြ သူတွေဖြစ်ပါတယ်။ လတ်တလောအဆင်ပြေဖို့ကိုသာတွေးတတ်ပြီး ရေရှည်မစဉ်း စားတတ် သူမို့ အမိအဘတွေကရေတို ထက်ရေရှည်ကြည့်တတ်အောင်သင်ပေးဖို့လိုပါတယ်။ ငွေဒဏ်ကိုမခံနိုင်ကြသူ တွေဖြစ် တာမို့ ရုတ်တရက်ငွေအစုလိုက် ဝင်လာရင်ပျက်စီးကြတာများပါတယ်။အိမ်ပူရင် အိမ်ပေါ်ကဆင်းသွားတတ် ကြပြီး မိသားစုရဲ့ဒုက္ခတွေကိုမျှဝေခံစားချင် စိတ်အလွန်နည်းတာကိုတွေ့ရပါတယ်။ငွေကြေးကံအားကောင်းပြီးတော့ အဖြုန်း အတီးမရှိအောင် ထိန်းသိမ်းနိုင်ရင် တော့အိမ်ခြံမြေနဲ့အကျိုးပေးပါတယ်။ ဒီလိုဇာတာတွေက ပိုက်ဆံရှိလာရင် အိမ်ခြံ မြေမှာ ရင်းနှီးမြုပ်နှံတာက အကောင်း ဆုံးပါပဲ။

ဗြုဗ္ဗာဖလဂုဏီနက္ခတ်ဖြစ်တာကြောင့် ပြုပ္ဗဖလဂုဏီနက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် ကောင်းမှု မင်္ဂလာကိစ္စများအတွက် မသင့်တော်ပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ပဋိဃာတ ယုဂ်ကျရောက်နေသောကြောင့် “သံကလပ်” အတားအဆီးဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမွန်သောကိစ္စရပ်များ အားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၂၁)နာရီမှ နံနက်(၈း၅၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ ဗုဒ္ဓဟူး၊ ရာဟု၊ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သိကြားမင််းသက်စောင့်ဂါထာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ကြော်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

27.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နေ့စက် (၁၂း၄၈)နာရီအထိ အင်္ဂါမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။

အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြတ် ကြီးကြီးမားမား ရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။သမားညို ကျရောက်‌နေတာမို့ အချိန််အခါရွေးပြီးမှ ဆောင်ရွက်ပါ။

ဒီနေ့ဟာ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ ဖြစ်သည်၊

အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ တာ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ ခေါင်းဆေးခြင်း၊ခေါင်း လျှော် ခြင်းများပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး တော့ အနာ ရောဂါကင်းပါလိမ့်မယ်။ အထက်လူကြီးများ၊ ဌာနဆိုင်ရာလူကြီးများနှင့် တွေ့ဆုံဆွေးနွေးလို့အထူးကောင်းတဲ့ ကာလ ပါပဲ။ ဒီလိုနေ့ရက်မှာတော့ အနုပညာ လုပ် ငန်းများ၊ ဂီတ၊သီချင်းကိစ္စများ အထူးအဆင်ပြေပါလိမ့်မယ်။ ပန်းချီ ပန်းပု လုပ်ငန်းများ၊ဥယျာဉ်ခြံလုပ်ငန်းများ အထူးအဆင်ပြေအောင်မြင်မှုတွေရလာတတ်ပါတယ်။

ဒီလိုနေ့ရက်တွေမှာ ခန်းဝင်ပစ္စည်းဝယ်တာမျိုးတွေ၊အိမ်ထောင်ပရိဘောဂအသစ်တွေလဲလှယ်တာမျိုးတွေ အထူးပဲ ဆောင် ရွက် နိုင်ပါတယ်။အိမ်ပြုပြင်ခြင်း၊ အိမ်ခန်းဖွဲ့ မလွတ်ကင်းတဲ့သစ်ပင်များကိုခုတ်လှဲခြင်းမျိုးတွေ ဆောင်ရွက် လို့အထူးကောင်းပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သောအလုပ်တွေ အထူးပဲအဆင်ပြေပါ လိမ့်မယ်။

ဒီနေ့မှာကုမ္ပဏီတစ်ခုစတင်တည်ထောင်ခြင်းတွေ၊ ဆိုင်များ၊လုပ်ငန်းသစ်များ စတင်ဆိုင်းဘုတ်တင်ဖွင့်လှစ် ခြင်းများ အထူးဆောင် ရွက်နိုင်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများ ဝယ်ယူမယ်ဆိုရင်လဲ ဒီနေ့မှာဝယ်ယူလို့အထူး သင့်တော် ပါတယ်။ မိမိချစ်ရသူကို ချစ်ကြောင်း၊ကြိုက်ကြောင်းမေတ္တာစကားပြောဆိုခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ ဈေးများ၊စူပါမားကတ်များ၊ အထည်ဆိုင်များ၊ အလှပြင်ဆိုင်များရောင်းအားတိုးတတ်မှုတွေရှိလာနိုင်တဲ့ နေ့ရက်မျိုးပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၁း၀၆)နာရီမှမနက်(၁း၅၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ မွေးစကနေ ၆နှစ်အတွင်း အလွန်လာဘ်ကောင်းပါတယ်။ ဒီကလေးကြောင့်ပဲ ငယ်ရွယ်စဉ်မှာ မိဘတွေ လှူနိုင်၊တန်းနိုင်ပါလိမ့်မယ်။ ဇာတာရှင်ဟာ တတ်နိုင်သ၍ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဆောင်ရွက်မှု တွေကြောင့် ဘဝမှာ တော်ရုံခက်ခဲမှာတော့ မဟုတ်ပါဘူး။ နာမည်ကို ဗုဒ္ဓဟူးနဲ့ပိတ်ပြီးမှည့်မိရင်တော့ ကောင်းတဲ့ကံတွေ လျော့သွားနိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါများတဲ့သူတွေဖြစ်တာမို့ ငွေရှာလို့လွယ်ကြသူတွေဖြစ်ပါတယ်။ အိမ်ထောင်ရေးကံလဲ ၉၀%အားကောင်းကြသူတွေဖြစ်ပြီးတော့ တော်ရုံကတော့ အိမ်ထောင်ရေးညံ့နေမှာတော့ မဟုတ်ပါ ဘူး။ ကျန်းမာရေးအားကောင်းကြသူတွေဖြစ်ပေမဲ့ ထိခိုက်ရှနာဖြစ်နိုင်ကြတဲ့သူတွေမို့ ကိုယ့်ကိုယ်ကိုယ် safe ဖြစ်အောင် နေထိုင်ဖို့ အထူးလိုအပ်ပါတယ်။

မာဃနက္ခတ်ဖြစ်တာကြောင့် မာဃ နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး မကောင်းမှု၊ လှည့်စားမှု၊ ပဋိပက္ခများ၊ ရန်သူများကို ဖျက်ဆီးခြင်း၊ ထောင်ကျခြင်း၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးညှိခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များ၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် သင့်လျော်သည်။ ကုသိုလ်ကောင်းမှုပြုရန် မသင့်တော်ပါ။ ခရီးများမစတင်ပါနှင့်။ချေးငွေမပေးပါနှင့်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝီရိယယုဂ် ကျရောက်နေသောကြောင့် “နှစ်သိမ့်မှု” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

တေထိလကရိုဏ်း ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၁၃)နာရီမှ ညနေ(၆း၄၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သရဏံဂုံ ၃ပါးကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရဲသီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695

ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း

24.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလကွယ်ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လကွယ်တီထိဖြစ်ပြီးတော့ ပညာရေးနဲ့ပတ်သက်သောကိစ္စအ၀၀မှာဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ပညာရှာခြင်း၊ သင်တန်းတတ်ရောက်ခြင်း။တပည့်ခံခြင်းများဆောင်ရွက်နိုင်သလို ဆရာတွေ အနေနဲ့ပညာသင်ပေးခြင်း၊ သင်တန်း များဖွင့် လှစ်သင်ကြားပေးခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။

ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းစတဲ့အလှူမင်္ဂလာနှင့်ပတ်သက်သောကိစ္စတွေလဲ ဆောင်ရွက်လို့ အဆင်ပြေ တတ် ပါတယ်။ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ်တွေပြန်လည်ရရှိတတ်ပါတယ်။ ခဏဆိုင်းငံ့ထား တဲ့အလုပ်တွေ ကိုပြန်လည်လုပ်ကိုင်နိုင်မဲ့နေ့ရက်ပါပဲ။ ရစရာရှိတဲ့အကြွေးတွေကိုတောင်းခံနိုင်မဲ့နေ့ရက်ပါပဲ။ အရောင်း ထိုင်းနေတဲ့ ပစ္စည်းများ အရောင်းပြန်သွက်သွားပါလိမ့်မယ်။

လူမျိုးခြား၊ဘာသာခြားအကျိုးပေးမဲ့နေ့ရက်ပါပဲ။ယာဉ်ကားများရောင်းခြင်း၊ဝယ်ခြင်း၊အလဲအထပ်လုပ်ခြင်းများ ဒီနေ့ မှာဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ စက်ကားများ အမောင်းသင်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါ တယ်။သင် လွယ်တတ်လွယ်မဲ့နေ့ရက်ပါပဲ။

အလှူအတန်းပြုခြင်း၊ရေစက်ချအမျှဝေခြင်းများ၊အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားထီးတင်ခြင်း၊ ဘုရား နေက ဇာတင်ခြင်း၊ ဘုရားဆင်းတုတော်ပင့်ဆောင်၍စတင်ပူဇော်ကိုးကွယ်ခြင်းများ အထူးကောင်းတဲ့နေ့ပါပဲ။ ကွယ်လွန် သွားပြီဖြစ်တဲ့အမိအဘအဘိုးအဘွားတွေကို ရည်စူး၍အလှူအတန်းများပြုသင့်တဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာအရောင်းအဝယ်နဲ့ပတ်သက်ပြီးတော့ စာချုပ်ချုပ်ဆိုခြင်းတွေကို သတိနဲ့ယှဉ်ပြီး လုပ်ကိုင်ဆောင် ရွက် လိုက်ပါ။ ခရီးနဲ့ပတ်သက်သောကိစ္စများတတ်နိုင်သလောက်ရှောင်ရှားစေချင်ပါတယ်။ အာမခံ  တာမျိုးတွေလဲ တတ်နိုင် သမျှ ရှောင်ရင်ပိုကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၁း၁၈)နာရီမှမနက်(၂း၀၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဟသနယုဂ် ကျရောက်နေသောကြောင့်“ ရွှင်လန်းခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ် များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

စတုပါဒကရိုဏ်း ကျရောက်နေသောကြောင့် တန္တရနည်းလမ်းများဖြင့် ရန်သူများကို အနိုင်ယူရန်အတွက် အထူးသင့် တော် ပါသည်။ ၎င်းသည်ခြေလေးချောင်း တိရစ္ဆာန်များ အထူးသဖြင့် ကျွဲ၊နွားများနှင့် ပတ်သက်သည့် လုပ်ငန်းများ အားလုံးအတွက် အထူးအောင်မြင်စေပါသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ကရကဋ်ရာသီဖွား ဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ တော်တယ်၊ထက်မြက်တယ်၊ ဦးတည်ချက်ရှိတယ်။ အသက် ၁၅နှစ်ကျော်ကတည်းက ဘာဝါသနာ ပါ တယ်။ဘာလုပ်မယ်။ ဘယ်လမ်းကြောင်းလျှောက်မယ်ဆိုတာကို မြင်တွေ့နိုင်တဲ့သူတွေဖြစ်ပါတယ်။ ငွေကြေးခက်ခဲနေသူ မျိုးမဟုတ်ဘူး။..အမြဲတမ်းငွေပြတ်ပြီဆို တနည်းနည်းနဲ့ငွေဝင်လာတတ်ပါတယ်။ သတိထားရမှာက အာရုံကြောရောဂါ၊ စကားပြောနောက်ကျခြင်းနဲ့ ကင်ဆာကဲ့သို့သော မြစ်ပွားနာတွေကို ဂရုစိုက်ဖို့လိုပါတယ်။ သတိထားရမဲ့အချက်က ဒီဇာ တာရှင်တွေဟာ အသက်၂၀လောက်မှာတင် ကျောင်းတစ်ဖက်နဲ့ငွေရှာနိုင်ကြတာကိုတွေ့ရ ပါတယ်။ ပညာရေးမှာ အမြဲ တမ်း ခေတ်ပေါ်ပညာတွေကို သင်ယူလိုစိတ်အမြဲရှိတာမို့ ပညာတွေကို အမြဲ အပ််ဒိတ် လုပ်နေတဲ့သူတွေအဖြစ် ဒီဇာတာ ကိုမြင်ရပါတယ်။ စပ်တူအလုပ်အကျိုးပေးတယ်။ နေရာထိုင်ခင်းကောင်းနဲ့နေထိုင် ခွင့်ကို တစ်ချိန်ချိန်မှာရလိမ့်မယ်။

ပုဏ္ဏဖုသျှနက္ခတ်ဖြစ်တာကြောင့် ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ်ခြင်း၊ သူငယ်ချင်းများနှင့် လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၉)နာရီမှ ညနေ(၃း၃၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါ တယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …ဒိဝါတပတိ ဂါထာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နဂါးမောက်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

23.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆုတ်(၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်‌အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါ များ ခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ မွန်းလွဲလူ့ပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

မွန်းလွဲလူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မွန်းလွဲချိန်ကစလို့မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါ တယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။ အရေး ကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၁၄လုံးဖြစ်ပြီတော့ အရေးပေါ်မှာဖြစ်ပေါ်နေတဲ့အနာရောဂါပဲဖြစ်ဖြစ်၊ ကိုယ်တွင်း မှာဖြစ်တဲ့အနာရောဂါပဲဖြစ်ဖြစ် ခွဲစိပ်ကုသရမယ် ဆိုရင်ဒီနေ့ဟာဆောင်ရွက်လို့ အထူးသင့်လျော်တဲ့ နေ့ရက်ပါပဲ။ ပြည်တွင်းပြည်ပသို့မိမိကုန်ပစ္စည်းကိုတင်ပို့ခြင်းတွေ ကုန် စည်ဒိုင်အသစ်များ စတင်ဖွင့်လှစ်ခြင်း တွေဒီနေ့မှာ ဆောင် ရွက်လို့ ကောင်းပါတယ်။ စပါးများကိုစတင်စပါးကျီ သွင်း ခြင်း၊ ကုန် ပစ္စည်းသိုလှောင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက် သွားနိုင်ပါလိမ့်မယ်။အားကစားနှင့် ပတ်သက်သောလုပ် ငန်းများ အထူးတိုးတတ်မဲ့နေ့ပါပဲ။ အဖိုးများသော အားကစား ပစ္စည်းများဝယ်ယူ မယ်ဆိုရင်လဲဒီနေ့ဟာဝယ်ယူလို့ သင့် တော်တဲ့နေ့ရက်ပါပဲ။

ပြည်ပအလုပ်အကိုင်ရှာဖွေခြင်း၊အင်တာဗျူးခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ရေနံ၊ ရွှေနှင့်ကျောက်မျက်ရတနာတူးဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ ခရီးကိစ္စများ သွားလာ လုပ်ကိုင်လို့ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ အထူးသဖြင့်လေကြောင်းခရီများအဆင်ပြေချော့မွေ့တတ်ပါတယ်။

ဘာသာရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ အစည်းအဝေးလုပ်ခြင်း၊အနာဂတ်လုပ် ဆောင် သွားမဲ့ကိစ္စတွေအတွက်တိုင်ပင်ဆွေးနွေးခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။

စာပေနှင့်စာရေးကိရိယာဆိုင်၊ရွှေနှင့်ကျောက်မျက်ရတနာဆိုင်များစတင်ဖွင့်လှစ်ခြင်းမျိုးဒီနေ့မှာစတင်ဆောင်ရွက် နိုင်ပါလိမ့်မယ်။ အိမ်ခြံမြေရောင်းဖို့ ဝယ်ဖို့ိစီစဉ်ထားသူများ ဒီနေ့မှာပွဲဖြစ်ပြီး အဆင်ပြေသွားပါလိမ့်မယ်။

            ယနေ့ တောင်တက်ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ ဆေးဝါးစတင်ကုသရန် ရက်ကောင်း ဖြစ်နေပါတယ်။ ဆေးစစ်ခြင်း၊ သမားပြခြင်းများလည်း ပြုလုပ်နိုင်မည်။ မင်္ဂလာကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ နားမလည်တဲ့ပစ္စည်များ အရောင်းအဝယ်လုပ်ပါကရောင်းမှား၊ ဝယ်မှား ပြဿနာများ သတိရှိပါ။ ကုန်ပစ္စည်းသစ်များ ဈေးနှုန်းကျဆင်း၍ မူလလက်ဟောင်းပစ္စည်းများ ဈေးနှုန်းမြင့်တတ်မည်။ ဆေးဝါးပစ္စည်းများ ဝယ်ယူရာတွင် သတိရှိပါ။ အတုအယောင်များ ဖြစ်တတ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၁း၂၂)နာရီမှမနက်(၂း၁၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗျာဃာတယုဂ် ကျရောက်နေသောကြောင့်“ သတ်ခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမွန်သော ကိစ္စရပ်များအတွက် လုံးဝသင့်လျော်မှုမရှိပါ။

ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂ၊ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းမွန်သောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး၊ အရောင်းအဝယ်ကိစ္စရပ်များအတွက် သင့်လျော်မှုအရှိဆုံး ဖြစ်ပါသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စကားအပြောအဆို မတတ်သူတွေဖြစ်ပါတယ်။ တစ်ပါးသူတွေကို အားနာတတ်သူတွေဖြစ်ပြီးတော့  ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ချင်တဲ့ပရဟိတစိတ်ရှိသူတွေဖြစ်ကြပါတယ်။ အိမ်ထောင်ရေးကံအားနည်းချက် ရှိကြပြီး စနေနေ့ဖွား၊ တနင်္လာနေ့ဖွားတွေကို ယူမိရင် အိမ်ထောင်ရေးသာယာနိုင်ခြေအနည်းဆုံးဖြစ်သွားတတ်ပါတယ်။ လောင်းကစားကြောင့်ဘဝနစ်မွန်းတတ်ကြသူတွေလဲဖြစ်ကြပါတယ်။ ငွေကြေးကံအောင်မြင်မှုအားနည်းပေမဲ့အရင်း အနှီးထုတ်ပေးမဲ့သူတွေ အများအပြားရှိနေတတ်ပါတယ်။ ငွေရှာရလွယ်ကူပြီးတော့ ငွေမြဲဖို့ခက်ခဲတဲ့သူတွေပါပဲ။ သတိ ထားရမှာက ဥာဏ်ကြီးပညာကြီးဖို့လိုတဲ့သူတွေမို့ ပညာရေးမှာ ဘွဲ့ရရှိအောင်ကြိုးစားသင့်ပါတယ်။ စာပေဖတ်ပြီး ဥာဏ် ကြီးသူ၊ဆင်ခြင်တုံတရားရှိသူဖြစ်အောင်လုပ်နိုင်ရင် အဆင်ပြေပါတယ်။ ဈေးရောင်းတော်သူတွေဖြစ်ပြီးတော့ ဘယ်ပစ္စည်းမဆို လွယ်လင့်တကူရောင်းထွက်နိုင်အောင် ရောင်းနိုင်ကြသူများလဲဖြစ်ပါတယ်။

အဒြနက္ခတ်ဖြစ်တာကြောင့် အဒြနက္ခတ်သည် ရန်သူများနှင့်တိုက်ခိုက်ခြင်း၊ အဆိပ်၊ မီး၊ တစ္ဆေအမဲလိုက်ခြင်း များအတွက် သင့်လျော်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိပြီး စစ်ပွဲတွင် အောင်မြင်ရန်၊ ဒြပ်စင် များနှင့် အခြားနတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များနှင့် အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ခရီးသွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၂)နာရီမှ မွန်းလွဲ(၁း၄၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ စိမ်းပြာရောင် နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သမ္ဗုဒ္ဓေဂါထာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

22.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆုတ်(၁၃)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဝက် မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်း၊ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြု ခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံ ပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မနက် ၈နာရီနောက်ပိုင်းလဆုတ်တီထိ ၁၃လုံးဖြစ်ပြီးတော့ အောင်မြင်ခြင်းကိုပေးတဲ့ နေ့အဖြစ် ကျရောက်နေပြီး အခက်အခဲ တွေကို၊ပြဿနာတွေကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် နားလည်မှုတွေ၊ ပြေလည်မှုတွေရသွား ပါလိမ့်မယ်။ ခြံစည်းကိုကာ၍ ခြံခတ်ခြင်း ကိစ္စတွေလဲ ကောင်းစွာ ဆောင်ရွက်နိုင်ပါ လိမ့်မယ်။

ဘဏ်စာရင်းဖွင့်ခြင်းကိစ္စတွေ၊ငွေကြေးစတင်စုဆောင်းခြင်းကိစ္စတွေလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါတယ်။ ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်သောလုပ်ငန်းများ၊ငွေပေးငွေယူကိစ္စများအထူးအဆင်ပြေအောင်မြင်တတ်ပါတယ်။ထီဝါသနာပါသူများ လမ်းသွားရင်တွေ့တဲ့ထီဆိုင်တစ်ခုမှာ ထီကံစမ်းလိုက်ပါ။

ရောဂါရှာဖွေခြင်း၊ဆေးစစ်ခြင်းများလဲအထူးကောင်းပါတယ်။ အိမ်ဆောက်ဖို့အတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူ စုဆောင်းခြင်းများလဲအထူးဆောင်ရွက်နိုင်ပါတယ်။ ကုန်မာပစ္စည်းအရောင်းဆိုင်များလဲ ရောင်းအားတတ်နိုင်တဲ့နေ့ ရက်ပါပဲ။

Mediaတစ်ခု၊tv channel တစ်ခုစတင်ပြီးတော့ ထုတ်လွှင့်တာမျိုးတွေလဲ ဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများ၊ စာအုပ်ထုတ်ဝေဖြန့်ချီရေးလုပ်ငန်းများ ဒီနေ့မှာ အဆင်ပြေအောင်မြင်တတ်ပါတယ်။ ရှင်ပြု ခြင်း၊ နားသခြင်း၊ပဉ္ဖင်းခံခြင်းအလုပ်များလဲ စတင်ဆောင်ရွက်နိုင်ပါတယ်။

            ယနေ့ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်သည်။ ယနေ့တွင် အိုးအိမ်အသစ်များ စတင်တည်ဆောက် ခြင်းများ မပြုလုပ်ရပါ။ မီးလောင်ဆုံးရှုံးတတ်သည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်း နိုင်မည်။ ရန်အတိုက်အခံ များ ကျော်လွှားနိုင်မည်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၁း၂၆)နာရီမှမနက်(၂း၁၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် မွေးရပ်မြေရဲ့အဝေးမှာ အခြေချရတတ်ပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အား နည်းချက်ရှိတာမို့ အိမ်မဝယ်ဘဲနဲ့ အိမ်ငှားနဲ့နေရင်တော့  တစ်သက်လုံးအိမ်ငှားဘဝနဲ့နေရတတ်ပါတယ်။ ငွေကြေးကံ အားကောင်းကြသူတွေဖြစ်သလို ငွေရှာတော်တဲ့သူတွေလဲ ဖြစ်ကြပါတယ်။ ကျန်းမာရေးကတော့ အသက် ၄၀ကနေ အသက် ၅၄အထိအလွန်ညံ့ဖျင်းတာကိုတွေ့ရပါတယ််။ငယ်ရွယ်စဉ် လမ်းကြောင်းမှန်မရောက်ခင်သာ အနည်းငယ် အဆင်မပြေဖြစ်တတ်ပေမဲ့ လမ်းကြောင်းပေါ်ရောက်ပြီဆိုရင်တော့ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားသမီးအတွက် စိတ်တိုင်းမကျရတာမျိုးတွေများနေတတ်ပါတယ်။

မိဂသီနက္ခတ်ဖြစ်တာကြောင့် မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များ အတွက် သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဓူဝယုဂ် ကျရောက်နေသောကြောင့် “တည်မြဲခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ အတွက် အထူးကောင်းမွန်ပါသည်။

တေထိလကရိုဏ်း ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၇)နာရီမှ ညနေ(၅း၀၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မိုးပြာရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဘဂဝါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မြေပဲယို ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

တနင်္ဂနွေဂြိုဟ်အိပ်နှင့်တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေသားသမီးတွေဟာ ပထမဂြိုဟ်အိပ်ဟာ ၆နှစ်တာကြာမြင့်သော တနင်္ဂနွေဂြိုဟ်မှာပဲ ပြန်လည်ဂြိုဟ်စား တာဖြစ်ပါတယ်။ ဒါကြောင့် ပဲမွေးစကနေ ၆နှစ်အတွင်းမှာ တနင်္ဂနွေသားသမီးတွေဟာ အခြားနေ့ဖွားတွေနဲ့ မတူတဲ့ကံက ငွေကံဖြစ်ပါတယ်။ ငွေကံကောင်းတဲ့ဖွားဇာတာတွေဖြစ်ခဲ့ရင် ပိုမိုသိသိသာသာ မိမိကံကြောင့် မိဘတွေဆီမှာငွေဝင်တာ မျိုးတွေကြုံရတတ်ပါတယ်။

တနင်္ဂနွေဘင်္ဂဖွားတွေဟာ မွေးစကနေ ၆နှစ်အတွင်း နေရာထိုင်ခင်းတည်ငြိမ်မှုနည်းပါးတတ်ပါတယ်။ မိမိတို့ နေအိမ်ပြောင်းလဲရတာ၊မိဘတာဝန်ကျရာလိုက်ပြောင်းနေရတာ၊မိဘချင်းမသင့်မြတ်သူဆိုရင်တော့ အမေအိမ်၊ အဖေ့ အိမ် တလှည့်စီပြောင်းလဲနေထိုင်ရတာမျိုးတွေ ကြုံတွေ့ရတတ်သလို…ဆီးဝမ်းသွေးလေ မမှန်ခြင်းကိုလဲ မွေးစက နေ ၆နှစ်အတွင်း ခံစားရတတ်ပါတယ်။ ဝမ်းအလွန်ချုပ်တာ၊ဝမ်းပျက်ဝမ်းလျော ဖြစ်လွယ်တာမျိုးတွေဂရုစိုက်သင့်ပါတယ် ။ငယ်ရွယ်စဉ်ကာလတွေမှာ ညနေ နွားရိုင်းသွင်းချိန်မျိုးမှာ တောင်အရပ်ကို ချီးပိုးပြီး ထိန်းကျောင်းတာမျိုးတွေကအစ ရှောင်သင့်ပါတယ်။ မွေးစကနေ ၆နှစ်အတွင်း ခွေးကိုက်ခံရတာမျိုးတွေ၊ထိမိခိုက်မိတာမျိုးတွေ ကြုံလွယ်ပါတယ်။ ဒီ အသက်အပိုင်းအခြားအတွင်း ကျန်းမာရေးညံ့နေပြီဆိုရင် ခရီးအသွားအလာများတဲ့ တနင်္ဂနွေသားသမီးတစ်ယောက် ယောက်ကို ငွေလှူပါ။ တနင်္ဂနွေ ဘင်္ဂဖွားတွေကို လုံးဝမမှည့်သင့်တဲ့နာမည်တွေက တနင်္ဂနွေအစ တနင်္ဂနွေအပိတ်နာမည် ရယ်၊တနင်္ဂနွေအစ ဗုဒ္ဓဟူးအပိတ်နာမည်တွေရယ်ကို အထူးရှောင်ပါ။

တနင်္ဂတွေ မရဏဖွားတွေကတော့ မွေးစကနေ ၆နှစ်အတွင်း ရေနဲ့မတည့်ပါဘူး။ ရေကိုစိမ်ချိုးတာမျိုးတွေ၊ရေ လမ်းခရီး မကြာခဏသွားတာမျိုးတွေကို ရှောင်သင့်ပါတယ်။ မွေးချိန်ကသာ ညနေပိုင်း ညပိုင်းမွေးခဲ့မယ်ဆိုရင် မိမိတို့ ကံအကူအညီနဲ့ မိဘတွေမှာ အိုးအိမ်ဝယ်နိုင်ခြင်း၊ အမွေအဖြစ်အိမ်ခြံရခြင်းများတွေ ကြုံလာဖို့ အထောက်အပံ့ဖြစ်စေ ပါတယ်။ မိဘဇာတာ သိပ်ပြီးကံခေနေသူတွေဆိုရင်တော့ မရနိုင်ဘူးပေါ့။ ကံကောင်းတဲ့အချက်က မိမိတို့ငယ်ရွယ်စဉ် ကာလတွေမှာ မိဘတွေရဲ့ တိုက်ရိုက်စောင့်ရှောက်ခြင်း မခံရရင်တောင်မှ(မိဘအဝေးရောက်နေသူ၊မိဘဆုံးပါးသွားသူ) မိမိကို မိဘသဖွယ် စောင့်ရှောက်ပေးမဲ့ တစ်စိမ်းတရံတွေ ကြုံလာတတ်တဲ့သူတွေပါပဲ။ လမ်းခရီးအန္တရာယ်ရှိတာမျိုးမို့ ယာဉ်ကားအသွားအလာများ တဲ့ လမ်းဘေးတွေမှာ နေသူတွေဆို ကလေးလမ်းလျှောက်တတ်ချိန် မိဘတွေအလစ် အငိုက် လမ်းပေါ်ပြေးထွက်တာမျိုးတွေ သတိထားပေးရပါလိမ့်မယ်။ တနင်္ဂနွေမရဏဖွားလေးတွေ ငယ်ရွယ်စဉ်ကျန်းမာ ရေးညံလာပြီဆိုရင်တော့ ငါးကြီးဆီကို အဘွား၊ကြီးတော်၊အဒေါ် ၊အမေ၊အမတွေကို ကလေးနဲ့ထိကိုင်ပြီးလှူဒါန်းပေးနိုင် ပါတယ်။ တနင်္ဂနွေမရဏဖွားတွေကို နာမည်ပေးရာမှာတော့ တနင်္ဂနွေအစ တနင်္လာ အပိတ်နာမည်ရယ်၊တနင်္ဂနွေအစ ကြာသပတေးအပိတ်နာမည်မျိုးတွေရယ်ကို မမှည့်တာအကောင်းဆုံးပါပဲ။

တနင်္ဂနွေအထွန်းဖွားတွေကတော့ မွေးစကနေ ၆နှစ်အတွင်း သိသာထင်ရှားတဲ့ ကံကောင်းမှုလေးတွေ ကြုံရ တတ်ပါတယ်။ မိသားစုထဲမှာ ကောင်းမွန်တဲ့ ဖခင်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ထိုဖခင်ဆီက မေတ္တာတွေကိုအထူး ရရှိတတ်သလို၊ မိမိကံအရှိန်နဲ့ ဖခင်ကလဲ ကောင်းတဲ့ဒသာဖြစ်သန်းချိန်သာဖြစ်မယ်ဆိုရင် ဖခင်စီးပွားအလွန်တိုးတတ် သွားနိုင်တာကို အထင်အရှားတွေ့ရပါလိမ့်မယ်။ နေရာထိုင်ခင်းကံအားကောငါ်းတဲ့သူတွေဖြစ်တာမို့ ငယ်ရွယ်စဉ်မှာ နေရာကောင်းနေရခြင်းမျိုး၊ ကောင်းသောပတ်ဝန်းကျင်ရှိတာမျိုးတွေကြုံရတတ်ပါတယ်။ သတိထားရမှာက ကိုယ့်ကို မွေးပြီး အသက်၆နှစ်အတွင်း မိဘတွေအနေနဲ့ အလိမ်ခံရတာမျိုးတွေ၊ နီးစပ်သူတွေအကောက်ကြံခံရတာမျိုးတွေ ဖြစ် တတ်ပါတယ်။ မွေးစကနေ ၆နှစ်အတွင်း တနင်္ဂနွေဂြိုဟ်အိပ်ချိန်မှာ စက်ပစ္စည်းနဲ့ပတ်သက်ပြီးထိခိုက်မိတာမျိုးတွေဖြစ် တတ်သလို ကိုယ့်ထက်ငယ်သော ကလေးတွေ၊ညီညီမတွေနဲ့ ဆော့ရင်းကနေထိခိုက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ တနင်္ဂနွေအထွန်းဖွားလေးတွေဟာ ကျန်းမာရေးညံ့လာပြီဆိုရင် အနီရင့်ရောင်တွေရှောင်ပြီးဝတ်ဆင်ပါ။ ငါးလွှတ်ပေးတာ မျိုးတွေများများဆောင်ရွက်ပါ။ တနင်္ဂနွေအထွန်းဖွားလေးတွေကို နာမည်မှည့်တဲ့အခါမှာတော့ တနင်္ဂနွေအစ အင်္ဂါ အပိတ်နာမည်မျိုးတွေ၊ ကြာသပတေးအစ သောကြာအလယ် တနင်္လာအပိတ်နာမည်မျိုးတွေ လုံးဝမမှည့်သင့်ပါဘူးဗျ။

တနင်္ဂနွေ သိုက်ဖွားတွေကတော့ မွေးစကနေ အသက်၆နှစ်အတွင်း ကြာသပတေးဂြိုဟ်ရဲ့အထောက်အပံ့လေးကြောင့် ငယ်ရွယ်စဉ်မှာထူးထူးခြားခြား ကံမညံ့ပါဘူး။ မိဘကံတွေအထူးညံ့နေမှသာ အဆိုးဘက်ကိုရောက်ပါလိမ့်မယ်။ အချို့ဆို မိဘတွေကအလုပ်မလုပ်ကြ ရင်တောင်မှာ ထောက်ပံ့မဲ့ ဖေကြီးမေကြီး ဦးကြီးဘကြီး တွေကြောင့် စားဝတ်နေရေး၊ ပညာရေး ကြောင့်ကြမစိုက်ရတာ မျိုးကြုံရတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ သူတို့ရဲ့ကံကြောင့် မိဘတွေလဲ အထိုက် အလျောက်အဆင်ပြေနိုင်ကြတာကို တော့တွေ့ရတယ်။ သတိထားရမှာက ဗုဒ္ဓဟူးဂြိုဟ်နဲ့မတည့်တာမို့ ငယ်ရွယ်စဉ်တွေ မှာတော့ ဆီးဝမ်းသွေးလေ မမှန်တာ မျိုးတွေ၊ ဗိုက်အောင့်တာ၊သန်ထိုးတာ၊ တုပ်ကောင်းထိုးတာမျိုးတွေဖြစ်ရ တတ် ပါတယ်။ အစားမှားတာနဲ့ ဗိုက်နာတတ်တဲ့ သူလဲဖြစ်ပါတယ်။ငွေကြေးအထောက်အပံ့အားကောင်းနေပြီးတော့ ကိုယ့် အတွက် ရည်မှန်းပြီးမိဘတွေက ငွေရှာမယ် ဆိုရင် ပိုအဆင်ပြေကြပါတယ်။ ပညာရေးအပေါ်စိတ်ဝင်စားကြသူတွေ(သို့) ဥာဏ်ထက်မြက်ကြသူတွေဖြစ်ပါတယ်။ နာ မည်ကို သောကြာနဲ့ပိတ်ပြီးမှည့်မိရင်‌တော့ ပညာထက် အပျော်အပါး အလေ လိုက်မှုတွေကို ဦးစားပေးသွားတတ်ပါတယ် ။ နာမည်ကို စနေနဲ့ ပိတ်ပြီး မှည့်မိရင်တော့ ဘဝမှာရန်သူပေါများခြင်းတွေ၊ ရန်သူတွေရဲ့ ဒုက္ခပေးတာခံရတာမျိုးတွေကို ဘဝတစ်လျှောက်လုံး အထူးကြုံရတတ်ပါတယ်။ အပူအားကြီးတဲ့ဇာတာမို့ ငယ်ရွယ်စဉ်တွေမှာ အပူကြောင့်ဖြစ်တဲ့ရောဂါ တွေကို အထူးဂရုစိုက်ပေးပါလို့မှာချင်ပါတယ်။

တနင်္ဂနွေရာဇဖွားတွေကတော့မွေးစကနေအသက်၆နှစ်အတွင်းမိဘကံတွေနဲ့တိုက်ရိုက်ဆက်စပ်နေသူတွေလို့ ပြောရ လိမ့်မယ်။ နေလနှစ်ပါး ထွန်းလင်းကြတာမျိုး ဒီလိုဇာတာမျိုးက ချမ်းသာတဲ့မိဘ၊အသိုင်းအဝိုင်းကြီးတဲ့မိဘ၊ ပညာရှိတဲ့မိဘ တွေ ဝမ်းထဲဝင်စားရင် အလွန်ကောင်းစားကြပါတယ်။ မိမိတို့ကံကိုယ်က ငယ်စဉ်ကတည်းက မထင်ထား လောက်အောင် ကု သိုလ်ထူးကြသူတွေဖြစ်ကြပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုအကြောင်းပြုပြီး အလှူကြီးပေးနိုင် ကြတာမျိုးလဲ အများ အပြားတွေ့ရပါတယ်။ မိဘတွေက မဟာဘုတ် ၃ကြွင်းဖွားတွေ၊ ၂ကြွင်းဖွားတွေဖြစ်မယ်ဆိုရင်တော့ ဒီဇာတာရှင် ကလေးငယ်တွေနဲ့ ကံအကျိုးပေးဆက်စပ်နေနိုင်တာကိုလဲ အထင်အရှားတွေ့ရပါတယ်။ ပညာမတတ်တာ မျိုးသိပ်မတွေ့ ရဘဲ ပညာရှိသူတွေ၊ ပညာတတ်သူတွေ အများအပြားတွေ့ရပါတယ်။ ဒါကြောင့်ပဲ ဆင်းရဲမိဘတွေမှာ ဝင် စားရင်တော့ ငယ်ရွယ်စဉ်မှာ ရွှံတွေဖုံးနေတဲ့ ပတ္တမြားလို မထင်မရှားဖြစ်တတ်ပြီး အသက်၃၀ကစလို့ ကိုယ်ဒူးကိုယ် ချွန်အောင်မြင်မှု တွေကိုပြန်လည်ရရှိတတ်ပါတယ်။ မိဘတွေသာ ချမ်းသာမယ်ဆိုရင်တော့ မိဘတွေရဲ့အမွေအနှစ်ကို အနှောင့်အယှက် မရှိဘဲ အပြည့်အဝရရှိတတ်ပါတယ်။ ငယ်စဉ်မှာ ကျောင်းမကြာခဏပြောင်းရတာ၊မူကြိုကျောင်းတွေ အပြောင်းအလဲများ တာ ဆရာမတွေနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်။နာမည်ကို တနင်္ဂနွေအစ ကြာသပတေး အပိတ်သာမှည့်မိရင် လူမုန်းများခြင်း၊ထင်သလောက်အဆင်မပြေခြင်းတွေဖြစ်တတ်သလို၊နာမည်ကို တနင်္ဂနွေအစ သောကြာအပိတ်မှည့်မိရင်လဲ အိမ်ထောင်ရေးကိုအလွန်ထိခိုက်သွားစေနိုင်ပါတယ်။

တနင်္ဂနွေပုတိဖွားတွေကတော့ ငယ်ရွယ်စဉ်မှာကတည်းက လူချစ်လူခင််များကြတာကိုတွေ့ရပါတယ်။ မိခင်၊ အဖွား၊ ကြီး တော်တွေရဲ့ ဖူးဖူးမှုတ်ချစ်ခင်မှုတွေကို အထူးရရှိကြသူတွေလဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာမတော်တဆ ထိခိုက်မိတာမျိုး တွေ၊ချော်လဲတာတွေ အမြင့်ကျပြုတ်ကျတာမျိုးတွေကို သတိထားပေးရမဲ့ကလေးတွေလဲဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကာလတွေမှာ ရွှေကိုအမြဲတစေဝတ်ပေးတာမျိုးကို မလုပ်စေချင်ပါဘူး။ မွေးချိန်အရသာ တနင်္ဂနွေဂြိုဟ်အား နည်းနေမယ်ဆိုရင်တော့ ရွှေတွေဝတ်ထားရင် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ပညာတတ်အသိုင်းအဝိုင်းနဲ့ နီးစပ် တဲ့ဇာတာမျိုးတွေဖြစ်ပြီး မိသားစုတွေ၊ဆွေမျိုးတွေထဲမှာ ပညာရေးနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတွေရှိနေတတ်ပါတယ်။ ထိုသူတွေရဲ့ အကြံကိုလိုက်နာပြီးငယ်ငယ်ကတည်းကသာ ကျောင်းကောင်းကောင်းကို ရွေးတတ်နိုင်မယ်ဆို ပညာရေး လမ်းကြောင်းဖြောင့်တန်းပါလိမ့်မယ်။ သတိထားရမှာက အပျော်ကြူးတဲ့ဘက်ကို ရောက်သွားပြီး မိဘကသာ အလိုလိုက် လွန်းရင်းတော့ ရိုင်းစိုင်းတဲ့အဆင့်ကိုရောက်သွားတတ်ပါတယ်။ ဒီလိုကလေးမျိုးဟာ ငယ်ငယ်ကတည်းက မိဘကသွန် သင်မှုမကောင်းရင် ဂုဏ်မောက်တဲ့ဘဝရောက်သွားတာမျိုး၊ရွှေရှိမှ၊ငွေရှိမှ လူရာဝင်တယ်ထင်သွားတာမျိုး စတဲ့မကောင်း တဲ့စိတ်တွေကို ဖြစ်စေနိုင်တာကိုသတိထားရပါလိမ့်မယ်။နာမည်မှည့်တဲ့အခါ တနင်္ဂနွေအစ အင်္ဂါအပိတ်နာမည်ကို လုံး ဝမှည့်လို့မရပါဘူး။ နာမည်မှည့်တဲ့အခါ တနင်္ဂနွေအစ သောကြာအပိတ်နာမည်တွေကိုမှည့်ထားမိရင် ကျန်းမာရေးအထူး ညံ့စေနိုင်ပါတယ်။

တနင်္ဂနွေအဓိပတိဖွားလေးတွေက မူလဇာတာအင်အားကောင်းကြသူတွေဖြစ်ကြပါတယ်။ငွေကြေးနဲ့ပတ်သက် သောကံတွေအထူးကောင်းကြတယ်။ ငယ်ရွယ်စဉ် မွေးစကနေ ၆နှစ်အတွင်း အင်္ဂါနဲ့တနင်္ဂနွေဂြိုဟ် ပူးတွဲစိုးမိုးနေတာက ကလေးကို အတ္တကြီးသွားစေတဲ့ အဓိပ္ပာယ်ပါပဲ။ သီးသန့်နေလိုစိတ်မြင့်မားတယ်။ ရွယ်တူသူငယ်ချင်းတွေက သူပစ္စည်း ကို ခဏယူဆော့ရင်မကြိုက်ဘူး။ နာမည်ကိုသာ အင်္ဂါဂြိုဟ်ဆိုးစေအောင် မှည့်ထားမိရင်ပိုမို သတိထားရပါလိမ့်မယ်။ မောင်နှမထဲမှာလဲ ဗိုလ်ကျအနိုင်ယူတာမျိုးဖြစ်သွားတတ်ပါတယ်။ အသက်ကြီးလာလဲ အခြားသူတွေအပေါ်အထင်ကြီး မှုအားနည်းပြီး ငါသိငါတတ်ဖြစ်သွားနိုင်တာမို့ ငယ်ငယ်ကတည်းက မေတ္တာတရားတွေ၊ကိုယ်ချင်းစာ တရားတွေနဲ့ ထုံမွှန် ပြီး ထားဖို့လိုအပ်တတ်ပါတယ်။ အဲလိုမှမလုပ်ပေးရင် ငါအဆင်ပြေဖို့ဆိုတဲ့ အတ္တကိုသာ ဦးစားပေးဆောင်ရွက်သွားတတ် ပါတယ်။ ကံကောင်းတာက ဒီကလေးတွေက ငယ်ငယ်ကတည်းက နိုင်ငံခြားဘာသာစကားတွေကို တွဲသင်သွားဖို့ အကြံ ပေးချင်ပါတယ်။ သင်ရတာက နားလည်မှုလွယ်ပြီးတော့ အရာရာသိလွယ်မြင်လွယ်တဲ့ ကလေးမျိုးတွေလဲဖြစ်ကြတာ အများအပြားတွေ့ရပါတယ်။ တတ်နိုင်သမျှ သစ်လွင်တဲ့ပစ္စည်းလေးတွေ၊ အရောင်စိုစိုလေးတွေကို ကြိုက်နှစ်သက်ကြ တာမို့ ကလေးအသုံးအဆောင်ကို မှောင်သောအရောင်၊မှိုင်းသောအရောင်တွေကို အထူးရှောင်သင့်ပါတယ်။ နာမည်ကို တနင်္ဂနွေအစ စနေအပိုမှည့်တာမျိုးတွေ အထူးရှောင်စေချင်ပါတယ်။

ဆရာငြိမ်းအေးလူ
ဗေဒင်သုတေသီ
၁၉.ဇူလိုင်.၂၀၂၅

21.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆုတ်(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ တီထိအရတော့ မနက် ၁၀နာရီ၃၉မိနစ်အထိက ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ ၁၁လုံးဖြစ်ပြီးတော့ လွန်လျှင် ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁၂)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

ကြွယ်ဝခြင်း၊ ကောင်း မြတ်ခြင်း၊ပျော်ရွှင်ကြည်နူးခြင်းတွေကိုကိုယ်စားပြု တဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ မည်သည့်နယ်ပယ်တွင်မဆို ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေက ဒီနေ့မှာအောင် မြင်တတ်ပါတယ်။  Marketing ဆင်းတာမျိုး၊ မီဒီယာကဖြစ်စေ၊ online ကနေဖြစ်စေ မိမိကုန်ပစ္စည်းကို ကြော်ငြာ ခြင်းများလဲ ဒီနေ့မှာအထူး ဆောင်ရွက်နိုင်ပါတယ်။

နွမ်းပါးသူကိုဒီနေ့မှာထောက်ပံ့ပေးကမ်းခြင်းများလဲဒီနေ့မှာအထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ အဝတ်အစား၊ဒီဇိုင်း၊ ဖက်ရှင်နှင့်ပတ်သက်သောကိစ္စအ၀၀မှာ တိုးတတ်အောင်မြင်ပါလိမ့်မယ်။ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းတွေ၊ staff party ပွဲများကျင်းပခြင်းတွေလဲ ဒီနေ့မှာအထူးဆောင်ရွက်သွား နိုင်ပါလိမ့်မယ်။ မိတ်ဆွေသစ်ဖွဲ့ခြင်းများ လဲဆောင် ရွက်နိုင် ပါလိမ့်မယ်။

ဒီနေ့မှာခရီးကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ အပျော်ခရီးများပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက်သောခရီးပဲဖြစ်ဖြစ် အဆင်ပြေနိုင်ပါလိမ့်မယ်။မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်းပါလိမ့်မယ်။  ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ ဘဏ်ကိစ္စ များလဲ အထူး ဆောင်ရွက်နိုင်ပါလိမ့်မယ်။

အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း  ရောင်းချခြင်းလုပ်ငန်း၊  အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့ နေ့ ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၁း၂၉)နာရီမှမနက်(၂း၂၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီ နေ့မွေးသူများဟာ စန်းအားကောင်းပြီးလူချစ်လူခင်များပါတယ်။ အများအားဖြင့် လူအများမှတ် မိ လွယ် ကြသူတွေ ဖြစ်ကြ ပါတယ်။ သန့်ရှင်းတောက်ပြောင်တာကိုကြိုက်တာမို့ တနင်္လာ ပုတိဖွားတွေရှိနေတဲ့ အိမ်တွေ ဟာအများအားဖြင့် သန့်ရှင်း တောက်ပြောင်နေလေ့ရှိကြပါတယ်။ငွေကြေးရှာဖွေရလွယ်ကူသူတွေဖြစ်ပေမဲ့ လက်ဖွာတာ ကြောင့် လက်ထဲ ငွေမမြဲကြတဲ့ သူတွေဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အားနည်းချက်များနေပြီးတော့ အရေပြားရောဂါ တွေ၊ ကျောက်တည်တာတွေ၊ သည်းခြေအားနည်းတာတွေ၊သွေးတိုးလွယ်တာတွေ ဝမ်းပျက်လွယ်တာတွေကို အထူးဂရု ပြု ရလိမ့်မယ်ဗျ။ သူတစ်ပါးရဲ့ ဒုက္ခ၊သုက္ခတွေကို ကြားကနေ အစားဝင်ခံစားရတတ်တဲ့သူတွေအဖြစ်လဲ ဒီဇာတာကိုတွေ့ ရ တတ်ပါတယ်။ အသက်၂၄က နေ အသက် ၄၀အတွင်းကာလတွေမှာမှ ဘဝကိုအခြေခိုင်အောင်လုပ်မထားနိုင်ရင် ဒီဇာတာတွေဟာ သက်ကြီးပိုင်းမှာ လွန်စွာဒုက္ခရောက်သွားနိုင်ပါတယ်။

ရောဟဏီနက္ခတ်ဖြစ်တာကြောင့် ရောဟဏီ နက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ် ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဗိမာန် ဆောက်ခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များ အတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝုဒ္ဓိယုဂ် ကျရောက်နေသောကြောင့် “ကြီးပွားခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ အတွက် အထူးကောင်းပါသည်။

ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မဏ၊ မွန်မြတ်သောအကျင့်၊ ဝိဉာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် အထူးသင့်တော်စေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၂၀)နာရီမှ နံနက်(၈း၂၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ပုဗ္ဗဏှသုတ် (၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှောက်သီးသုပ်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

20.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆုတ်(၁၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နေ့စက်(၁၁း၂၇)နာရီအထိ မိတ္တုမြေခံကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။

မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်း တွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၁၃)နာရီအထိ ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁၀)လုံး ကျရောက်နေပြီး လွန်လျှင် ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁၁)လုံး ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၁၀)လုံးအနေဖြင့် ဓနကိုပေးသော ပြည့်စုံခြင်းကိုဖော်ကြူး သော ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက် မှာတော့ ပညာသင်ကြားခြင်းတွေ၊သင်တန်းတွေဖွင့်ခြင်းတွေ ဆောင် ရွက် လို့အထူးကောင်းပါတယ်။ ပညာရှာနေသူ တွေအတွက်လဲ ပညာစတင်သင်ယူခြင်းမျိုးတွေအထူးဆောင် ရွက်နိုင် ပါတယ်။

လုပ်ငန်းသစ်များစတင်ခြင်းတွေ၊ အလုပ်သစ်စတင်လျှောက်ခြင်းတွေအထူးကောင်းပါတယ်။ အသက်မွေးဝမ်း ကြောင်း ပညာပဲဖြစ်ဖြစ်၊ ကျောင်းပညာရေးပဲဖြစ်ဖြစ် ပညာရပ်နှင့်ပတ်သက်သောအလုပ်စီးပွားများအထူးကောင်း ပါတယ်။

ရေနှင့်ပတ်သက်သော ငါးမွေးမြူရေးလုပ်ငန်းများ အထူးအောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်တွေ မှာ တွေးနိုင် လေ စဉ်းစားနိုင်လေ လမ်းမှန်ပေါ်ရောက်လေပါပဲ။ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သံယောဇဉ်ကို ဦးစား ပေးပြီး လုပ်ကိုင်ဆောင်ရွက်မိရင်တော့ အမှားများတတ်ပါတယ်။သတိထားဖို့ပါ။

အလုပ်နဲ့ပတ်သက်ပြီး တိုးတတ်မှုတွေအလွန်ကြုံရတတ်ပါတယ်။ ကြိုးစားတဲ့သူတွေအတွက် အခွင့်အလမ်းကောင်း တွေပေါ်လာတတ်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်း စတဲ့အလှူနဲ့ပတ်သက်သောမင်္ဂလာများ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။အိုးအိမ်နဲ့ပတ်သက် သော ကိစ္စများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကောက်ပဲသီးနှံတွေကို ဓာတ်မြေသြဇာကျွေး ခြင်းများလဲအထူးဆောင်ရွက် လို့ သင့်ပါတယ်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ကာယုဂ်သည် အန္တရာယ်ဟု အဓိပ္ပာယ်ရသည်။ ကုသိုလ်ကံ မကောင်းခြင်း ဖြစ်စေသည်။ဗိဋ္ဌိကရိုဏ်းသည် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၁း၃၃)နာရီမှမနက်(၂း၂၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ဘဝမှာ အပြောင်းအလဲတွေ၊ အချို့ အကွေ့တွေ အလွန်များပါတယ်။အခက်အခဲတွေကို ရင်ဆိုင်နိုင် စွမ်းလဲ မြင့်မားကြပါတယ်။ အားနည်းချက်က သူများ အကြံပေးတာကိုလက်မခံကြသူတွေပါပဲ။ ဒါကြောင့်ကိုယ်တိုင်က ပညာရှိအောင်လုပ်ဖို့အထူးလိုအပ်ပါတယ်။ငွေကံ အားကောင်းနေပြီး သက်လတ်ပိုင်းမှာ ငွေရှာကောင်းမဲ့ဇာတာပါပဲ။ မွေးစကနေ အသက် ၆နှစ်အတွင်း မိဘတွေက မိမိကံနဲ့ဆက်စပ်ပြီး ထီဆုကြီးတွေပေါက်တတ်တာကိုလဲတွေ့ရ တတ် ပါတယ်။ ကံကောင်းတဲ့အချက်က အိမ်ထောင် ရေး သင့်တင့်တဲ့ဇာတာမို့ တော်ရုံအိမ်ထောင်ရေးကံညံ့နေတာမျိုးတော့ မဟုတ်ပါဘူး။ ပညာကိုအခြေခံပြီးတော့ ပညာအရင်းပြုတဲ့အလုပ်တွေကိုလုပ်မှသာ အဆင်ပြေပါလိမ့်မယ်။ နာမည်ကို တနင်္ဂနွေအပိတ်နာမည်နဲ့ ဗုဒ္ဓဟူး အပိတ် နာမည်တွေကို လုံးဝမမှည့်မိဖို့လိုပါတယ်။

ကြတ္တိကာနက္ခတ်ဖြစ်တာကြောင့် ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသော အငြင်းအခုံများ၊ သတ္တုများနှင့်အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၄)နာရီမှ ညနေ(၆း၄၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သတ္တာဒေဝမနုဿာနံ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကိတ်မုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။